ဆွေးနွေးခန်း
မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ အစာအိမ် ဖြစ်ပါတယ်
မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ လျှာ ဖြစ်ပါတယ်
မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ နားရွက် ဖြစ်ပါတယ်
မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်
ဖြေ။ ။ ဖိနပ် ဖြစ်ပါတယ်
မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါတယ်
မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မှန် ဖြစ်ပါတယ်
မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည်
မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည်
မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည်
မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည်
မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်း
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည်
မင်းလူ
Labels: မင်းလူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home