31 August, 2015
အကောင်းမြင်သမားပြန်လာတယ်
နွေ ၊ မိုး ၊ Facebook ၊ ဆောင်း
ရာသီ အလီလီပြောင်းတယ်။
ချောင်းထဲမှာ ရေမရှိတော့ပေမယ့်
မြောင်းထဲမှာ  ဧဝရက်တောင်ပေါ်က နှင်းတွေ ဖွေးဖွေးလှုပ်။
ငါးကြီးဆီ အသည်းနဲ့လုပ်ထားတဲ့ သဲသောင်ပြင်ဟာ
အိပ်ရာတစ်မျိုးဖြစ်တယ် ။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ
အစုံအဆန်ပြေးလွှားကြရင်း ဘေယွန်ဆေးရဲ့ ကြေးခေါင်းလောင်းကို
သူတို့ရဲ့ အက်စစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။
Jay-Z စိတ်လှုပ်ရှားသွားတယ်။
အာကာသယာဉ်တစ်စီး ဝယ်မယ်တကဲကဲ လုပ်နေတယ်။
ကောင်းကင်ပြာပြာမှာ ဧဝရက်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို
ဖြတ်ပြီး မောင်းနှင်သွားမတဲ့လေ။
တံငါသည်ရဲ့ ပိုက်ကွန်ဟာ တောဝက်မရဲ့ လိင်ပြွန်ဝ ဖြစ်တယ်။
ပွေးကွက်လို ဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ
ဘယ်သူကြည့်မိသလဲ ။ လမ်းပေါ်မှာ သွေးသံရဲရဲ သေဆုံးနေတဲ့ အရူးကို
ဝိညာဉ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။
အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ် ။
မောင်ဒေး
Labels:
30 August, 2015
ဘဝတစ်ခု
ဘယ်သူမဆို
ဘ၀တစ်ခုပဲ။
ဒါကိုသိမှတော့
ဘာကိုမှုရမလဲ။
ထီထိုးဖို့စိတ်ကူးခဲ့
ခဏခဏမေ့ခဲ့
ဘောလုံးပွဲကြည့်ဖို့သက်သက်ပဲ
ဂျာနယ်ဖတ်ဖို့သက်သက်ပဲ
အရက်သောက်ဖို့သက်သက်ပဲ
ငါလူဖြစ်လာခဲ့သလား
မေးခွန်းဟာ ခြောက်ကပ်ကပ်။
ငါ ရစရာအညှီများ
ငါ ပေးရမယ့် အတည်ပေါက်များ
အေး... မင်းလစ်တော့
ဒီစကားဟာ ဟာသပဲ
ဒီနှစ်ထဲ။
နိစ္စဓူဝ
ဒါကိုပဲ
ထပ်ကာတလဲလဲ စဉ်းစားရ။
သလင်းဦးရဲ့နှစ်များ
လာလမ်းဖြောင့်ခဲ့ပါသလား။
ခင်ဇော်မြင့်
၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာ
Labels:
မျှော်စင်
အလွမ်းနင့်အောင် မြင်ရတယ်
တိမ်တွေပြာလို့ 
ကောင်းကင်ကဖြူလို့ 
ကျီးကန်းတွေ တ၀ဲလည်လည်ပျံလို့ 
ပြီး၊ သစ်ရွက်တွေ တ၀ဲလည်လည် ကြွေလို့ ။
ဟုတ်ပြီ
လမ်းရဲ့  ရနံ့ ကို မှုတ်ထုတ်လိုက်
ပြီး၊ အားစိုက်လို့ 
ဓာတ်ကြိုးများရဲ့  တွန်ကျူးသံကို ခေါင်းငုံ့ ကာစုပ်ယူလိုက်။
အမှန်တကယ် ကိုယ်လုပ်ရမှာ
မီးခိုးနဲ့ နေရောင်ခြည်ကို အနံ့ ခံဖို့ 
ပြီး၊ ခေါင်းလောင်းတို့ ရဲ့  အသံအိုးကို စူးစမ်းဖို့ ။
ပြောစရာမရှိအောင် အရောင်တွေက လှလွန်းတယ်
မေ့လျော့ခဲ့ရတယ်။
တစ်နေရာရာမှာ
ချွင်းချက်များက သွား၍တူနေပါလိမ့်မယ်။
နွေဦးတဲ့
ကျွန်တော် မဖွဲ့ တတ်ခဲ့ပေါ့
ခြေစုံရပ်ရိုးကျိုးခဲ့ပါတယ်။
ခင်ဇော်မြင့်
Labels:
ကိုယ်နဲ့ ကိုယ့်အသက်နဲ့ အဆက်အသွယ်ရသောနေ့
ဘယ်အရာ ဘယ်ကိစ္စမှ
ငါ သိမ်ငယ်မပေးနိုင်ဘူး
မာမာတင်းပဲ တောင့်ခံမယ်
ချစ်ခဲ့ရတဲ့အရာတွေလည်း များခဲ့ပြီ
မုန်းခဲ့ရတဲ့အရာတွေလည်း များခဲ့ပြီ
အချစ်ခံ ၊ အမုန်းခံ နေ့ရက်တွေလည်း များခဲ့ပြီ
ငါတို့ဟာ ငါတို့ကိုယ်ကို အလိုမလိုက်သင့်ကြတော့ဘူး
ငါတို့ဟာ အလိုလိုက်ခဲ့ကြတယ်
စိတ်ကိုတော့ ချမထားခဲ့နဲ့ကွယ်
ပြန်သဖို့လိုပြီဆိုတာ သိပါရဲ့
ရှင်းပြဖို့ မလိုတာတွေ ရှင်းပြကြရင်း
အသက်တွေလည်း ရင့်ရော်လာခဲ့ကြပြီ
ဘဝကို နောက်ကြောင်းပြန်ကြည့်လိုက်တော့
ကိုယ့်ကို ပြန်ဖမ်းမိတဲ့ အချက်က
"မောင်ချောနွယ်" ဆိုတဲ့နာမည်တစ်လုံးကို
ကောက်ရခဲ့တာမဟုတ်ဘူးလေ ။
မောင်ချောနွယ်
Beauty Max. ဇန်နဝါရီ . ၂၀၀၄
Labels:
29 August, 2015
အချစ်
အစားအစာတွေမှာ
အာဟာရရှိတယ်
လိမ္မာပါးနပ်မှုရှိတယ်
မြင့်မြတ်တဲ့ လုပ်အားတွေ ရှိတယ်
အဝတ်အထည်တွေမှာ
ယဉ်ကျေးမှုရှိတယ်
သွေးဆောင်ဖြားယောင်းမှုရှိတယ်
ပြောင်းလဲတဲ့အဘိဓမ္မာရှိတယ်
အိမ်တွေမှာ
တည်ငြိမ်တဲ့ အလင်းရှိတယ်
သန့်ရှင်းတဲ့ဂီတရှိတယ်
သေခြင်းတရားလည်း ရှိတယ်
သူမ မှာ
နာရီတစ်လုံးရှိတယ်
ကျွန်တော့်မှာ
ဖျာတစ်ချပ်ရှိတယ်
သူမနဲ့ ကျွန်တော့်ရဲ့ ကြားထဲမှာ
အသက်ရှူကျပ်နေတဲ့ ကမ္ဘာကြီးရှိတယ် ။
လှသန်း
ရုပ်ရှင်တေးကဗျာ ။ ဖေဖော်ဝါရီ ။ ၁၉၈၉
Labels:
28 August, 2015
သူငယ်ချင်းများအကြမ်းရုပ်ပုံလွှာ
(၁)
မူကွဲမရှိဘူး
(၂)
အသက်မသေတဲ့ သွေးလည်ပတ်မှုစနစ်လည်း
အတူတူရခဲ့ကြတယ်။ ရှိခဲ့ကြတယ်။
(၃)
သွေးခွဲလို့မရဘူး
နောက်ဘဝရှိရင် နောက်ဘဝများစွာထိ
(၄)
တစ်ကြောင်းတည်းသော စာကြောင်းက
ဆံပင်ရှည်တွေ မဖြတ်ဘူး
(၅)
မတရားမှုကို မုန်းခွင့်ရလို့
လူဖြစ်ခွင့်ကို ချစ်ခဲ့ကြတယ် ။
(၆)
အိပ်မပျော်တဲ့ ညတွေ ရခဲ့တယ်။
(၇)
နှစ်ပေါင်းများစွာကြာမှ
တံခါးကို ခေါက်မိကြတယ်။
(၈)
နာတုန်းကျင်တုန်း
အခန်းလွတ်ကြီးလည်း  ရှိနေတုန်းပဲ ။
ဟိန်းမြတ်ဇော်
19.8.15
Labels:
ယာဉ်ကြောများ အဆက်မပြတ်
၁၂ နာရီ ထိုးတော့မယ်
ဘာအရသာမှ မရှိသေးဘူး။
ကိုယ့်ဖိနပ်အောက်က လမ်းတောင်
ကိုယ့်အားကိုယ် ကိုးသွားပြီ
ပန်းခြံနဲ့ သစ်ရိပ်မှာလည်း
အငွေ့အသက်တွေ
ကိုယ့်မှာ
အဖြေမရှိဘူး
တစ်နေ့ခင်းလုံး
ကိုင်းဖျားကိုင်းနား
ငါစွဲနဲ့ ငါ့လမ်းများ အသွယ်သွယ်
ဘယ်အရပ်မှ မျက်နှာမူလို့ မရအောင် ဖြစ်ရတယ်။
စိုင်းဝင်းမြင့်
Labels:
အဖြေများ
၁။ ရေခဲပြင်ကို တူးဆွတဲ့အခါ
ရေငုပ်သဘောင်္များကို တွေ့ရပါတယ်
၂။ သမိုင်းဝင်ကြက်ခြေခတ်များက
ကမ္ဘာမြေကို နည်းနည်းပိုကောင်းစေပါတယ်
၃။ ကင်းခြေများတစ်ကောင်မှာ
ခြေထောက် ၄၈ချောင်းရှိပြီး
မေရီအင်တွိုင်းနက်ဟာ ကိတ်မုန့်
မဖုတ်တတ်ပါ
၎။ မီးသတ်ကားဥသြဆွဲသံဟာ
ဆွဲဆောင်မှု အရှိဆုံးသံစဉ်ဖြစ်ပါတယ်
၅။ နေမင်းဟာ လေးထောင့်ပုံစံရှိပြီး
အင်္ဂါဂြိုဟ်ပေါ်မှာ
အိပ်မက်များမရှိပါ
၆။ သိပ္ပံပညာမှာ ဦးခေါင်းနှစ်ခုရှိပြီး
လက်တစ်ဘက်မှမရှိပါ။
၇။ ထို့ကြောင့် ကမ္ဘာကြီးဟာ ပြားပါတယ်။ ။
နေမျိုး
(Idea မဂ္ဂဇင်း-မေလ-၂၀၀၃)
Labels:
လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း
အပြင်မှာ မှောင်မည်းနေတဲ့ည
အားနည်းတဲ့ မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောပင်တစ်ချောင်း
သင် ဘာတွေများ ရေးသားနေပါလိမ့်
ဟောဒီမိုးအုံ့နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများ နားထောင်နေပါလိမ့်
ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသော စာမျက်နှာများ
လက်မောင်းသွေးကို ဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့ နစ်နာမှု
အစွန်းအထင်းများတဲ့ ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါ ဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကို ဆယ်ယူဖို့
ပင်လယ်ကို ထွက်ခွာသွားပါပြီ   ။
                                                                         မင်းနိုင်သား
Labels:
27 August, 2015
ကိုယ့်အချင်းချင်း
ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
ငါတို့ဟာ ရှိပြီးသားကစားနည်းတွေပြုပြင်မွမ်းမံ
ရှိပြီးသား အတွေးအခေါ်တွေ ပြုပြင်မွမ်းမံ
ကုသိုလ်တစ်ပဲလည်းရှိ
ငရဲတစ်ပိဿာလည်းရှိ
ငါတို့ဟာရှေးကတည်းက
ရှိပြီးသား အကြောင်းအရာတွေပေါ်မှာ ခေါင်းခါချင်သူ
ငါတို့ဟာ ထစ်ခနဲဆိုလက်ကပါပြီးသား
ထစ်ခနဲဆို မျက်ရည်ကျပြီးသား
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။
ကြည်ဇော်အေး
Labels:
တွေ့ရ တွေးရ
အရက်ခွက်လောက်တောင် အရသာမရှိတဲ့အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့ သောက်ရတာမကောင်းလို့ ဟိုခွက်နဲ့ ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေအများကြီးပါပဲ
စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးက ပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတလော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ရတာ ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကို သောက်ရတာအဆင်မပြေလို့ ဒီပုလင်းပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေအများကြီးပါပဲ
မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့
ဝက်ခေါင်းသုပ်ပြောင်းမှာကြည့်တော့လည်း
ဝက်ခေါင်းသုပ်ဆိုတာလည်း
ကြက်ခွေးတောက်လို အရသာမရှိတာတွေအများကြီးပါပဲ
ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ ။ သို့ရာတွင်
ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာဖြစ်ပါသည်
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ ။ ပါရီတွင် မြင်ခဲ့ဖူးပါပြီ ။
ထိုစဉ်ကမူ ကျွန်တော့်စိတ်သည် စာပေမှာထက်တခြားသို့ရောက်ရောက်နေပါသည် ။
အခြားမဟုတ်ပါ ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ
စိတ်ရောက်နေပါသည်။
ကြည်ဇော်အေး
Labels:
ဘီလျံနာ
ကြီးမြတ်ဟန်ပန်နဲ့
အဲဒီ မျက်တောင် ကော့လန်လန်တွေကို
အားကျပြီး
ကမ္ဘာကြီးကပါ
ခါတိုင်းထက် လူရည်လည်လာတယ်။
မနှစ်မြို့ဖွယ်
မေးရိုးရှည်သွယ်သွယ်ကို
တွယ်တာငေးမောရင်း
ခွဲခွာညနေခင်းတို့ဟာ
ရန်သူတွေ ဖြစ်ဖြစ်လာတယ်။
လိမ္မာပုံရတဲ့
အဲဒီ လှတပတ လက်အစုံကို
မခုံမင်ပါဘဲ
အေးစက်ရင်ခွင်ဟာ
ဘယ့်နှယ်ကြောင့် ပူနွေးလာတယ် မသိဘူး။
မတိကျတဲ့
အဲဒီ နှုတ်ခမ်းနှစ်စကို ဖတ်ရှုရင်း
မယုံကြည်ခြင်းတွေဟာ
သင်းပျံမွှေးကြိုင်လာတယ်။
အဲဒီ ပေါ့ဆ သက်ပြင်းတွေကြားမှာ
ရိုးစင်းတဲ့ လျှာနဲ့ သွားဟာ
ဆောက်တည်ရာမဲ့ လမ်းသလားနေတယ်။
ဟိုဟိုဒီဒီ
စကားများတတ်လွန်းတဲ့
အဲဒီမျက်ဝန်းရဲ့ အရိပ်အောက်
အာကျယ်တဲ့ ပါးစပ်ပေါက်တစ်ခုဟာ
ရင်နာနာနဲ့ ဆွံ့အလာတယ်။
အညိုရောင် ပါးနှစ်ဖက်က
ပထမတန်းစား
ဘီယာလို …
အရက်လို …
အကြီးအကျယ်ကို ခမ်းနားဆဲ
ဟောဒီ အထဲမတော့
ချစ်ခြင်းဟာ
အပူအပင်ကင်းစွာ
ဖြစ်တည်လာတယ်။
အဲဒီ ချစ်ခြင်းပေါ့
ပေးခွင့်မရတော့တဲ့အခါ
အထီးကျန်ခြင်း စည်းစိမ်တွေနဲ့
မိုးတိမ်လို ဘ၀ဇာတ်လမ်းမှာ
ကျိကျိတက် ချမ်းသာလာတယ်။
မိကောက်
ကြိုးညှိခြင်း ကဗျာစာအုပ်မှ
Labels:
အချစ်စစ်
အချစ်စစ်တဲ့၊ ပုံမှန်မှဟုတ်ရဲ့လား
အလေးအနက်လား၊ လက်တွေ့ရောကျရဲ့လား
နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က
ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။
အကြောင်းပြချက် ခြေခြေမြစ်မြစ်မရှိဘဲ
မဏ္ဍပ်တိုင်ထူလိုက်ကြ
သန်းပေါင်းများစွာထဲက တစ်ယောတ်ကို စုံလုံးကန်းရွေးလိုက်ပြီးမှ
ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ယုံကြည်လိုက်ကြ
ဘာအတွက်လဲ - သဲထဲရေသွန်။
ရုတ်တရက် သက်ဆင်းလာတဲ့အလင်းတန်း။
ဘာကြောင့် တခြားသူတွေပေါ်မကျဘဲ ဒင်းတို့နှစ်ယောက်ပေါ်ကျ
ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား - ဟုတ်ပါ့။
ဒါဟာ ကျားကုတ်ကျားခဲထူထောင်ခဲ့ရတဲ့စည်းမျည်းတွေကို ချိုးဖောက်တာ၊
အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွှင့်ပစ်တာ -
ဒါတွေအားလုံးဟုတ်။
အဲဒီစုံတွဲ သဲနေပုံကိုကြည့်။
သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား
သူငယ်ချင်းတွေကို စာနာစိတ်နဲ့စိတ်ဓာတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။
နားထောင်ကြည့် ဒင်းတို့ရယ်သံကိုက- စော်ကားမော်ကား။
ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ယုံနိုင်စရာမရှိ။
ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ၊ အပရိက ထုံးတမ်းစဉ်လာတွေ၊
အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ -
သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့နောက်ကြောက ကလိန်ခြုံမှု။
လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ
တွေးတောင်မတွေးရဲ။
ဘာသာတရားနဲ့ကဗျာကို ဘယ်ပေါ်သွားထားမလဲ။
ဘာတွေကိုတသ၊ ဘာတွေကိုစွန့်ပစ်ရမှာလဲ၊
ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။
 အချစ်စစ်တဲ့၊ တကယ်လိုအပ်လို့လား။
အရှက်ကွဲမှုတစ်ခု ဘဝရဲ့အမြင့်ဆုံးအသိုင်းအဝိုင်းတွေထဲ
လူသူမသိ ကျော်ဖြတ်သွားပုံမျိုး
လိမ္မာရေးခြားရှိမှုနဲ့၊ လူပိန်းတွေးတွေးမှုက  အချစ်စစ်ကိုဖြတ်ကျော်ဖို့
ငါတို့ကို ပြောတယ်။
ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့အချစ်စစ်မလို။
အချစ်စစ်ဆိုတာ ဒုလ္လဘမို့
သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေတိုးတက်မှာမဟုတ်။
အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ
အချစ်စစ်ဆိုတာ လောကမှာမရှိဘူးလို့ပြောကြပါစေ။
အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။
Wislawa Szymborska ၏  Miłość szczęśliwa  ကို  StanislawBaranczak နှင့် Clare Cavanagh က 'true love'
အဖြစ် ဘာသာပြန်ထားသောမူကို  ကိုကိုသက် မြန်မာမှုပြုသည်။
Labels:
မီးခိုးတွေကိုမြင်နေရတုန်းပဲ
ရင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေက
ငြိမ်းချမ်းရေးလိုချင်တယ်ပြောတာ ငါမယုံဘူး
မေတ္တာတရားမရှိရင်
တရားမျှတမှုမရှိရင်
အစာမ၀တဲ့အသွေးအသားတွေဟာ
မနက်မိုးလင်းတာနဲ့ စစ်တိုက်နေကြမှာပဲ
ခင်ဗျားတို့ရဲ့ အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေး
မြွေအလိမ္မယ်ဆန်တဲ့ငြိမ်းချမ်းရေး
ကြေးစားဆန်တဲ့ငြိမ်းချမ်းရေး
ဧည့်ခန်းဆောင်နိုင်ငံရေးရဲ့သားပြောမယားပြောပြက်လုံး
ဇာတ်ခုံပေါ်ကငြိမ်းချမ်းရေး
ဆိုင်းဘုတ်ပေါ်ကငြိမ်းချမ်းရေး
သတင်းစာခေါင်းစီးထဲကငြိမ်းချမ်းရေး
သံချပ်ထဲကငြိမ်းချမ်းရေး
ကျမ်းသံပေသံငြိမ်းချမ်းရေး
လက်ဖက်ရည်ပန်းကန်လုံးထဲကငြိမ်းချမ်းရေး
ပွဲဈေးရှိရင် လူဆူမယ် ဖုတ်ထူမယ် ညှော်နံ့လည်းပူမယ်
ကျောင်းတက်ချင်တယ်
ရုပ်ရှင်ကြည့်ချင်တယ်
လရောင်အောက်ကတောင်ယာတဲလေးမှာ
ချစ်သူသဘက်လေးကိုခဏယူခြုံချင်တယ်
အဲဒီလိုညလေးတညအတွက်
ဘ၀တွေကိုပေးခဲ့ကြတာပါ
တန်ရာတန်ဘိုးတွေပေးခဲ့ကြတာပါ
မြို့ကြီးသားတွေယူလာမယ့်လက်ဆောင်က
ဒီနေရာကိုလမ်းမပေါက်သေးဘူး
လျှိုထဲကိုရေဆင်းခပ်တာ
သူ့ခြေထောက်တဘက်ကျန်ခဲ့တယ်
ပလပ်စတစ်ကလစ်ကလေးတချောင်းဟာ
အဲဒီအပျိုမလေးရဲ့အိပ်မက်ပဲ
လူကြီးမင်းများငြိမ်းချမ်းကြပါစေ
နေလောင်ထားတဲ့ဆံတောက်ကလေးပေါ်မှာ
တောပန်းကလေးပွင့်ပါစေ
နှင်းခါးမိုး
Labels:
အရာရာများ
အချစ်က
ရွှေတစ်ရစ် ငွေတစ်ရစ်နဲ့ ထွန်ရေးငင်နေတဲ့ အချစ်။
ခေတ်က
ကျောပိုးအိတ်ကို လွယ်ပိုးပြနေတဲ့ ခေတ်
တယ်လီဖုန်းက
အဝေးပြော မလွယ်ဘူး
သစ်ပင်တစ်ပင်ရဲ့ ရာဇဝင်အကြောင်း
သိကောင်းစရာ
မြေညှိစက်သို့ မပြောဖြစ်ခဲ့တော့ပေါ့
ခင်ဇော်မြင့်
ရနံ့သစ် ။ အောက်တိုဘာ ။ ၁၉၉၉
Labels:
မိစ္ဆာမြို့သားများ
"ချွတ်မိရင် ငါ့ဓားက သွေးသောက်ရမှ"
ဘီလူးစီးနေတဲ့ ဓားမှာ ဘီလူးစည်း လူ့စည်း မရှိဘူး
ဓားမှာ ဒေါသ ရှိတယ်
ဓားမှာ အမုန်း ရှိတယ်
ဓားမှာ တော်လှန်ရေးတစ်ခုခုတောင် ရှိကောင်းရှိမယ်
နံရံမှာ သေနတ်တစ်လက်ကို ချိတ်ပြထားမိရင်
တစ်ချိန်မှာ ဒီ သေနတ်ကို မင်း ပစ်ပြရတော့မယ်
လက်ညှိုးလေးကွေးညှစ်လိုက်ရုံ
ပယောဂပူးနေတဲ့ ကျည်ဆန်ဟာ
ပစ်ကွင်းဆီ ရန်စွယ်နဲ့ငေါငေါ တိုးဝင်သွားလိမ့်မယ်
ကျည်ဆန်မှာ မျက်စိရှိတယ်
ကျည်ဆန်မှာ နားရှိတယ်
ကျည်ဆန်မှာ SAM 7 လို ကိုယ်ငွေ့ကို
အာရုံခံနိုင်တဲ့ အသိတရားတောင်
ရှိကောင်းရှိမယ်
လူတစ်ကိုယ်လုံး ဗုံးတွေချည်း
အဲဒီဗုန်းတွေက မုန်းသူတွေကို သတ်တယ်
အဲဒီဗုံးတွေက မမုန်းသူတွေကိုလည်း သတ်တယ်
ပြီးတော့ အဲဒီဗုံးတွေက ချစ်သူတွေကို သတ်တယ်
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင် သတ်တယ်
လူဆိုတာ စစ်သွေးကြွ
လူဆိုတာ အကြမ်းဖက်သမား
လူဆိုတာ အသေခံဗုံးခွဲသမားတွေချည်း
ဗုံးဆိုတာ လူတွေနဲ့ ချက်ကြိုးချင်းညှိနေတဲ့ Clone
ဗုံးဆိုတာ ပေါက်ကွဲလိုက်ရင် Clone ဟာ ရောက်ရာအရပ်က Cluster တွေလို
တဝုန်းဝုန်း ဖောက်ခွဲပြလိမ့်မယ်
တစ်လောကလုံး အမှန်ကို ကန်းနေတဲ့ အခါ
လက်နက်တွေဟာ ပိုပြီး နတ်ကြီးလာကြတယ်
တလောကလုံး အမှန်ကို ထိုင်းနေတဲ့ အခါ
လက်နက်တွေဟာ ပိုပြီး ဓာတ်စီးလာကြတယ်
တစ်လောကလုံး အမှန်ကို ဆွံအနေတဲ့အခါ
လက်နက်တွေဟာ လျှပ်စီးတဝင်းဝင်းနဲ့ ပိုပြီး
သရဲမရဲ စီးလာကြတယ်
သွေးပွက်ပွက်ဆူနေချိန်
လက်နက်ဟာ ( မျက်လှည့်ပြလိုက်သလို )
လက်ထဲကို သွေးရူးသွေးတမ်းရောက်မယ့် ခေတ်ဟာ
မဝေးတော့ဘူး
လက်နက်မှာ လောဘရှိတယ်
လက်နက်မှာ မောဟရှိတယ်
လက်နက်မှာ သူ့ကိုယ်ပိုင် ဘုရားနဲ့……
သူ့ကိုယ်ပိုင် ဘာသာတရား တခုခုတောင် ရှိကောင်းရှိမယ်  ။
ကိုသန်းထွန်း
Labels:
ကြည့်ရအောင်
တွေးရင် တွေးသလောက် ရောက်တာပေါ့ကွာ
သက်တံကြီးနဲ့ တို့ ညနေ
မင်း လာခဲ့ပါလား
ဖွယ်ဖွယ်ရာရာ ဘာမှမပါ
ခံစားချက်အပြည့် ကြည့်ရအောင် ။
သုခမိန်လှိုင်
Labels:
ချင်းမိုင်ကဗျာ
ငါ ပြန်လာတဲ့အခါ
မင်းအတွက် လက်ဆောင် ဘာပါမလဲ ။
စိန်မှုန်အပြည့် ကောင်းကင်
လက်ဗလာနဲ့ ငါ
မပြန်နိုင်ပါဘူး ။
သုခမိန်လှိုင်
Labels:
အသံများ
ဒီတစ်ခါ ချစ်သူ ပြန်လာရင်
တစ်ခါမှ မဖတ်ဖူးသေးတဲ့ ကဗျာ ပေးချင်တာပေါ့။
တက္ကစီကား ရပ်သံ ကြားတယ်
ဓာတ်လှေကား တက်သံ ကြားတယ်
အထပ် ၁၀ ရောက်သံ ကြားတယ်
သော့ ၃ ချောင်း မြည်သံကြားတယ်
တံခါး ၂ ထပ် ဖွင့်သံ ကြားတယ်
အားလုံး ငါ့နှလုံးသားကို ဖွင့်တဲ့ အသံတွေ…။
သုခမိန်လှိုင်
Labels:
သက်ပြင်းများ
သက်ပြင်းများ
ကမ္ဘာ့အပြင် လွှင့်ပစ်မလား
ချစ်သူရေ
သက်ပြင်းများနဲ့
တိုင်းပြည်တည်လို့ ရပါပြီ
သုခမိန်လှိုင်
Labels:
လွမ်းချင်း
နေ့တွေ ညတွေ မအားရဘူး အချစ်ရယ်
နောက်ဆုံး
တဝုန်းဝုန်းကျ နေရာကျမှ
ရေတံခွန်တဲ့
အလွန်လှတဲ့ နာမည်နဲ့
ပြောစရာတွေ အများကြီးပဲ အချစ်ရယ် ။
သုခမိန်လှိုင်
Labels:
26 August, 2015
မှတ်စုများ ၁၅
ငါ့ဆီ ရောက်နေတဲ့ ဆောင်းဟာ
မင့်ဆီ ဖြတ်သန်းလာခဲ့တဲ့ ဆောင်းပါပဲ ။
ငါ အခု အိပ်ရာဝင်တော့မယ်
မင့် လက်လွှတ်ခဲ့ရတဲ့ အိပ်မက်ကို ပြန်ရဖို့လေ ။
မိုးဝေး
၁၅၊ ၁ ၊ ၂၀၁၅
Labels: ,
မှတ်စုများ ၁၃
ဘယ်သူ့ကို ဘာပြောရမယ်
လာလမ်းအတိုင်း ပြန်ခဲ့တယ်
စကားလုံးတွေ
တစ်လမ်းလုံး ပြန်ကောက်ခဲ့တယ်
အဓိပ္ပာယ်တွေ ပြောင်းသွားတယ်။
ခရီးရဲ့ အစပါလား
တချို့အက္ခရာတွေ မရှိတော့ပါ
ဝါကျအသစ်တွေ တိုးလာတယ်
သူ့ကိုလည်း အိုမင်းရင့်ရော်သွားတာ မြင်ရတယ်
ကိုယ့်မှာလည်း ခရီးရဲ့ အဆုံးဆိုတာ သိသွားတယ် ။
မိုးဝေး
Labels: ,
မှတ်စုများ ၁၂
အိမ်ထဲကနေ ငေးနေတာ
အိမ်အပြန်မှာလည်း ငါ့ကို ငေးနေတာ
ဘယ်သူပါလိမ့်
စိန်ပုလဲ၊ ထိပ်တန်း ၊ OK Mobile . . . စသဖြင့်
ဆိုင်းဘုတ်များလည်း ငေးမောနေကြ
ဟိုမှာ . . . ကြော်ငြာထဲလည်း
တန်ဖိုးကြီး အိမ်ရာတွေ ငေးမောနေကြ
ဘာတွေကို ဘယ်လောက်
ငေးသမျှ ပြန်ရကြပါစေ
လယ်လုပ်သူများ လယ်ပိုင်စေ
ကမ္ဘာကြီးလည်း ပြန်လည်လာပါစေ ။
မိုးဝေး
Labels: ,
မှတ်စုများ ၁၁
အမြန်ကျရောက်လာပါတယ်
နောက်နား ခပ်ကျကျမှာ ထိုင်လို့၊
မနက်ဖြန်အထိတော့ ဟုတ်နေပါလိမ့်မယ်
တရိပ်ရိပ် ပြေးနေတာ နေ့ရက်တွေပေါ့
တရိပ်ရိပ် ပြတ်ကျန်ခဲ့တာလည်း အဲဒီနေ့ရက်တွေပါပဲ၊
နွေရွက်ဝါကလေးလို့ တင်စားချင်ပေမဲ့
မကြာခင် နှစ်ဆယ့်လေးထပ်ထိ တက်တော့မယ်
မိုးမျှော်တိုက်ကြီးက ကွယ်သွားတယ် ။
မိုးဝေး
၁၂၊ ၁ ၊ ၂၀၁၅
Labels: ,
မှတ်စုများ ၁၀
နှစ်သစ် နှစ်သစ်
နှစ်သစ် နှစ်သစ် နှစ်သစ်
နှစ်သစ်
နှစ်သစ် ဒီစာလုံးတွေ ဒီလိုနှစ်
ဒီလိုပဲ သစ်လိုက်ရတဲ့ နှစ်
သူ့အလိုလို သစ်မလာနိုင်တဲ့
နှစ်တွေကို တည်ဆောက်ကြရမယ်
ဒီလိုအသိနဲ့ ဒီစာကို စီနေတုန်း
ပိတုန်းလေးတစ်ကောင် ၀ဲလာတယ်
ငါ့အနား အရောက်မှာမှ ငါ မြင်မှ
ဝဲပျံနေတယ် ဖြစ်သွားတယ်
ဝဲပျံနေတယ်ဆိုတာ ငါ ရေးလိုက်ပါမှ
ငါ့မိတ်ဆွေ အနားရောက်လာမယ်
ငါ့မိတ်ဆွေ ငြိမ်းချမ်းရေးအကြောင်း
ပြောနေတုန်းမှာပေါ့
ချိုးငှက်ကလေး ဖြစ်သွားတယ်
သံလွင်ခက်ကလေး ဘယ်မှာလဲ
ကဗျာကလေးတစ်ပုဒ် ဖြစ်တော့မယ် ။
မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅
Labels: ,
မှတ်စုများ ၉
ယုံကြည်မှုဟာ
စကားလုံး တစ်လုံးမျှသာ
နွေဦးမရောက်မချင်း ဒီအတိုင်း ယုံကြည်နေပါတယ်။
သူ့ခရီးဟာ ငါ့ခရီးနဲ့ အတော်လှမ်းတာပဲ
ငါ့နေရောင်အောက်မှာ သူ့ အနွေးဓာတ်ရပါစေ။
သူ့ အနွေးဓာတ်နဲ့သူ ငါ့နေရောင်နဲ့ငါ
သူ့ခရီးကို ငါ တစ်နေ့ရောက်သွားတယ်
သူ အိပ်မက်မက်နေတယ်
အိပ်မက်ထဲမှာ သူ မရှိဘူးရယ်
သူ ပြန်လာတဲ့အထိ ငါ စောင့်နေမိတယ် ။
မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅
Labels: ,
မှတ်စုများ ၈
သူ့ ရာသီ
သူနေတဲ့ ဒေသက သူ မပိုင်တဲ့ သူ့ရာသီမှာ
ကျွံကျနေတယ် နေရောင်ကွက်ကွက်ကလေး
သူ့အိမ်နံရံမှာ စွန်းထင်းနေသလို
သူ ရောက်ရှိခဲ့ပါတယ်
ငါပါလေလို့ ပြောရင် ယုံနိုင်ကြပါ့မလား သူ့ကို
သူဟာ စွန်းထင်းမှုသက်သက်ပဲ
သူဟာ လူ့အဖွဲ့အစည်းလို စွန်းထင်းမှုသက်သက်ပါပဲ
အဲသလို ဆီးနှင်းများကျနေတယ်
ဆုလာဘ်များဟု ဆိုပါစို့ ။
မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅
Labels: ,
မှတ်စုများ ၇
မနက် အိပ်ရာကနိုးနိုးချင်း
ရေထဲမှာ တစ်ခုခု ရှိနေတယ်
ဂျပ်ဇ်ဂီတသံ လွင့်နေတယ်
မနက်ဖြန် သူ ပြန်လာမယ်
နှင်းတွေလည်း ကျစပြုနေတယ်
တစ်ဖန် ပြန်အိပ်ပျော်သွားပြန်တယ်
အသက်ရှူသံထဲ ခဏ နားပါရစေ
အသက်ရှူသံထဲ ပြေးလွှားနေရတာ ကြာခဲ့ပြီ  ။
မိုးဝေး
၎ ၊ ၁၂ ၊ ၂၀၁၄
Labels: ,
မှတ်စုများ ၆
ဘ၀ဆိုတာ မသာကို ကျောပိုး လမ်းသွားရသလို
အဖော်ရှိသော်လည်း စကားပြောဖော် မရှိ
ဇာတိရပ်ထံ ဘယ်လမ်းက ပြန်လို့ရပါသလဲ
ရှေ့နားရောက်ရင် မြစ်ကို ခင်ဗျား မြင်ရပါပြီ
ဒါ မြင်ရတဲ့ မြစ်ပေါ့ဗျာ ခင်ဗျားမြင်ရတဲ့ မြစ်ပေါ့
ခင်ဗျား မမြင်ရတဲ့ မြစ်တွေကို သယ်ဆောင်ခဲ့ပါပြီ
ဘ၀အဓိပ္ပာယ်ဟာ မြစ်တွေကို မစိုးမိုးနိုင်ပါဘူး  ။
မိုးဝေး
Labels: ,
မှတ်စုများ ၅
တဖြည်းဖြည်းနဲ့ ပျင်းစရာတွေဟာ
ပျော်စရာ ကောင်းလာတယ်
ဘ၀တည်ရှိမှုကို စည်းတားဖို့ ငါ့မှာ အချိန်မရှိဘူး ။
နေ့ရက်တွေကို ငါလည်း မဖန်တီးဘဲ
ဘာကြောင့် လက်ထဲ ရောက်ရှိနေပါလိမ့်
တစ်နေ့ ပြဇာတ်ထဲမှာ အကုန် ဆုံကြမယ်
ဘယ်သောအခါမှ ပြန်မလာသူကို
ရှေ့ကလူတွေ မျှော်သလိုလေ ။
မိုးဝေး
Labels: ,
မှတ်စုများ ၎
ပြောစရာတွေပဲ ထားခဲ့တယ်
မနားတမ်း ပြောစရာတွေနဲ့ ကျန်ခဲ့တယ်
တစ်နေရာကနေ တစ်နေရာရောက်ဖို့
နေ့စဉ်ဘ၀ဟာ ဘတ်စ်ကားတစ်စီးပမာ
လူသားတစ်ဦးပမာ အာခေါင်တွေ လှန်လှောကြည့်
သစ်ရွက်တွေ ကြွေနေပုံအောက်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်
ဘာသာစကားဖွဲ့ထုံးနဲ့ ဆက်ကြည့်မိပြန်တယ်
ပိုက်ကွက်တွေလို ငါးဖမ်းပိုက်ကွက်တွေလိုထဲ
သူ့ အဓိပ္ပာယ်ကို ကိုယ့်ပစ္စည်းလို
အဘိဓာန်မှာ မျဉ်းသားပြီး
နေ့စဉ်ဘ၀ဟာ
မနားတမ်း ပြန်နေရတယ်လေ ။
မိုးဝေး
၁၉ ၊ ၁၁ ၊ ၂၀၁၄
Labels: ,
မှတ်စုများ ၃
စကားပြေ ပို့ထားတယ် ကြိုက်ရင် သုံးပါ ကဗျာ ပြန်ယူမယ်
မကြိုက်ရင် ကဗျာ ပြန်သုံး စကားပြေ ပြန်ယူမယ်
ဘာကိုမှ မကြိုက်တဲ့အခါ ဘာကိုမှလည်း ပြန်မယူတော့ပါ
စကားလုံးတွေကိုတော့ နောက်တစ်နေရာမှာ သုံးလိုက်မယ်
နောက်တစ်နေရာမှာရော ဆုံကြဦးလေမလား
ဒီလိုဆို ဒီလိုတွေ မှတ်မိအောင်
ဟောဒီ ပင့်သက်ပူပူတွေ ထည့်ပေးလိုက်တယ်
တို့တွေမှာ တိုင်းပြည်တစ်ပြည်စာ စကားလုံးတွေ ရှိတယ်
မင့်မှာလည်း တိုင်းပြည်တစ်ပြည်စာ စိတ်ကူးတွေ ရှိရင်ပေါ့။
မိုးဝေး
၃၊ ၁၁ ၊ ၂၀၁၄
Labels: ,
မှတ်စုများ ၂
လမ်းဟာ
ကွေ့လည်း မသွားဘူး
ဖြောင့်လည်း မနေဘူး
နံရံပေါ်က ကျော်ကြည့်ရင်
လမ်းလိုလို စခန်းလိုလို
တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ ရှိတယ်
တောတန်းရဲ့ အစပ်ရောက်ရင် ပျောက်သွားတယ်
သူလိုကိုယ်လို နေတွေ တစ်စင်းပြီး တစ်စင်း ၀င်သွားတယ်။
မိုးဝေး
၂၇၊ ၇၊ ၂၀၁၄
Labels: ,
မှတ်စုများ ၁
အိမ်ဆီ ပြန်လာကြတယ်
ပြန်လာကြသူတွေအထဲ
ပြန်စရာ အိမ်မရှိသူတွေလည်း ပါတယ်
တချို့ ပြန်စရာအိမ် ရှိပေမဲ့
ပြန်မလာနိုင်ကြသူတွေလည်း ပါတယ်
အိမ်ဆီတော့ ပြန်လာနေကြတာပဲ
ဟေ့လူ . . . ခင်ဗျား အိမ်ပြန်ရောက်ပြီလား  ။
မိုးဝေး
၂၄ ၊ ၇ ၊ ၂၀၁၄
Labels: ,
မောင်ကြိုးစား
အလွန်ကြိုးစား၊ မောင်ကြိုးစား
ကြိုးစား ကြိုးစား
အေး၊ ကြိုးစား
ကြိုးစားကွ ။
အောင်ချိမ့်
လှိုင်းသစ် ၊ ဇူလှိုင် ၊ ၂၀၀၉
Labels:
ချစ်မိတ်ဆွေ ၁၁
ဟ မဟကုတ်ဟကုတ်။
အောင်ချိမ့်
Labels: ,
ချစ်မိတ်ဆွေ ၁၀
ဂျိမ်းဖေါင်ဒါတစ်ယောက် ၊ ဗီယက်နမ်သွား
ဗီယက်နမ်ဝါးခမောက် ဆောင်းခဲ့တယ်။
ငါတို့တွေ ဗမာပြည်မှ ၊ ဗီယက်နမ်ကဗျာတွေ
ရေးခဲ့တယ်။
ဗီယက်ကောင်းများ၏ ဗော်လံတီယာလို
တကယ့်ကို စိတ်ရောကိုယ်ပါရေးခဲ့တယ်
သြော် ၊ ငါတို့ရဲ့ လူငယ်
သြော် ၊ ငါတို့ရဲ့ လူငယ်ဘဝ။
အောင်ချိမ့်
Labels: ,
25 August, 2015
သစ်ပင်အောက်က ကလေးငယ်များ
ငါမြင်နေရ
သစ်သီးထဲက သစ်ပင်ကလေး
အဲဒီသစ်ပင်အောက်မှာ
ပျော်ပျော်ရွှင်ရွှင် ဟစ်အော်ဆော့ကစားနေကြ
ကလေးငယ်များ။ ။
နေမျိုး
၂၀၀၅-၁၁-၀၃
Labels:
ငါ့အိမ်နားက အဘွားအို
ဘုရားစင်ရှေ့မှာ ပုဆစ်တုပ်
နှုတ်မှတတွတ်တွတ်ရွတ်ဆို
အဘွားအိုဟာ ဘုရားရှိခိုးစာတွေကိုမေ့ပေါ့
ဥာဏ်ထိုင်းလေတော့
ဘယ်တော့မှ စလယ်ဆုံးကို
မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ
ဘုရားရှင်ခွင့်လွှတ်တော်မူပါ။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
ငါးနဲ့ကြောင်
မင်းဘာကြောင့် ငါးကို မစားတယ်
သြော်. . . သံယောဇဉ်ဟာ ဆန်းကြယ် ။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
မိုးရွာနေချိန်
မိုးသားတိမ်တိုက်ကြီးဟာ
လမ်းပေါ်ကိုရောက်လာ
ငါတို့သူ့ကို မမှတ်မိတော့ပါ။
နေမျိုး
၁၃-၁၁-၀၅
Labels:
ညရထားနဲ့ အမှောင်ထဲ ခရီးသွားစဉ်
ဟိုးဝေးဝေးမှာ မြင်ရတဲ့
မီးရောင်ကလေး
တဖြည်းဖြည်းဝေးကွာ ကျန်ရစ်ခဲ့တယ်။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
အမည်မဲ့
ကျွန်တော့် ဖောင်တိန်ထဲက စကားလုံးတစ်လုံး
ထွက်ပြေးသွားတယ်
ကဗျာဘယ်လိုရေးရမယ်
ခုထိသူ့ကိုမတွေ့ပါဘူးကွယ်
ကျွန်တော် စိတ်ပျက်တယ်။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
သူအိုလင်မယား
လမင်းကထိန်လို့
ညထဲ မိုးတိမ်တွေ တရွေ့ရွေ့
လေညင်းကတသုန်သုန်
တံခါးရွက်ကတကျည်ကျည်မြည်
သစ်ရွက်တွေ တရှဲရှဲ
အိပ်ရာထဲမှာ ဆီးဟောင်းအနံ့ ။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
အဖေသို့
ကျွန်တော် ထမင်းစားပြီးပြီ
ဆင်ခြင်တုံတရားနဲ့ သုညကို ရိုက်ခွဲပြီးပြီ
သော့ခလောက်ကြီးကြီးတစ်ခု ၀ယ်ပြီးပြီ
နေကောင်းပါတယ်အဖေ။ ။
နေမျိုး
၁၃-၁၁-၀၅
Labels:
ကြိုးဝိုင်း
လက်ဝှေ့ကြိုးဝိုင်းထဲမှာ
လူနှစ်ယောက်
အိပ်စက်လို့ နှစ်နှစ်ခြိုက်ခြိုက်။ ။
နေမျိုး
၂၅-၁၀-၀၅
Labels:
အလွမ်းများ
လွမ်းမိ
မင်းနဲ့ဆုံခဲ့တဲ့ အချိန်တွေ
မင်းနဲ့ဝေးနေတဲ့အချိန်တွေ
မင်းနဲ့မတွေ့ဆုံသေးမီအချိန်တွေ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
ထရပ်ကားပေါ်က သစ်သီးတွေ
ထရပ်ကားပေါ်က သစ်သီးတွေ
ဖြတ်မောင်းသွားတာ ငါမြင်မိ
ငါရပ်ကြည့်နေမိခဲ့
ထရပ်ကားပေါ်က သစ်သီးတွေ။ ။
နေမျိုး
၅-၁၀-၂၀၀၅
Labels:
အသံ
သတိရတယ် . . . တဲ့
ကြားလား
ကမ္ဘာမြေတစ်နေရာက အပ်ကျတဲ့အသံကလေးပါ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
အရုပ်ဆိုးသော ပန်းကလေး
အရုပ်ဆိုးသော ပန်းကလေး
ကမ္ဘာမြေရဲ့အဝေး တောနက်နက်ထဲမှာ
သူ့ဘာသာပွင့်နေရှာ
ဘယ်သူမှ မသိပါ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
ကဗျာဆရာ့ဇနီး
စာရွက်လွတ်တစ်ရွက်ကို ကြည့်ပြီးငိုရှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်အတွက်ပါ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
မင်း
မြေကြီးအောက်ပေနှစ်သောင်းမှာ
ဘာတွေရှိတာမသိပါ
ငါ့ရင်ထဲမှာ မင်းရှိတာ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
ကန္တာရသား
ပင်လယ်ကိုမမြင်ဖူးခင်ကတည်းက
ပင်လယ်ကိုချစ်ခဲ့တယ်
ကျုပ်လား . . . ပင်လယ်ဆီသွားနေတာပါ။ ။
နေမျိုး
၅-၁၀-၀၅
Labels:
နံနက်ခင်း
နံနက်လင်းပြီ
ပြတင်းပေါက်ကိုဖွင့်ပြီးပြီ
မျက်နှာသစ်ပြီးပြီ
ခန်းဆီးစကို မတင်လိုက်ပြီ
မင်္ဂလာပါလေညင်းကလေး။ ။
နေမျိုး
၅-၁၀-၀၅
Labels:
ဂြိုဟ်ကမ္ဘာတစ်ခုရောက် သက်ရှိမျိုးစိတ်တစ်ခုရဲ့ မှတ်ချက်
ငါတို့ မမှားဘူး
အမှန်တရားနဲ့ သီသီလေး လွဲသွားတာတစ်ခုပါပဲ။ ။
နေမျိုး
၎-၁၀-၀၅
Labels:
သီတင်းကျွတ်
သီတင်းကျွတ်ပြီ
ဆီမီးထွန်းရအောင်
ကြာပန်းတွေ ခူးရအောင်
ငါတို့အရိပ်တွေ ပူးကပ်သွားတဲ့အထိ
ညထဲလျှောက်လည်ရအောင်။ ။
နေမျိုး
၅-၁၀-၀၅
Labels:
သီချင်းတစ်ပုဒ်
နားထိုင်းကြီး
စားပွဲပေါ်က
ဂီတသင်္ကေတတွေကို တစိမ့်စိမ့်ကြည့်လို့
သီချင်းတစ်ပုဒ်ဆိုတာ
သြော် . . . သီချင်းတစ်ပုဒ်ဆိုတာ။ ။
နေမျိုး
၁၀-၈-၀၅
Labels:
နားလည်မှု
ငါပြောတာ မင်း ယုံဖို့ မလိုပါ
မင်းပြောတာလည်း ငါ မယုံပါ
ငါတို့ ခင်မင်နေကြမြဲသာ။ ။
နေမျိုး
၁၉-၁၀-၀၅
Labels:
မြေစိုင်ခဲကလေး
ငါးဒသမရှစ်ကိုး
လေးဆယ့်ကိုးဒသမနှစ်နှစ်
ခုနစ်ရာတစ်ဆယ့်သုံးဒသမရှစ်ခြောက်
ကိုးထောင့်ကိုးရာ့ခြောက်ဆယ်ဒသမသုညတစ်
ခြောက်သောင်းသုံးထောင်ဒသမကိုးငါး
ကုန်းကောက်စရာမရှိဘူးလို့ မပြောပါနဲ့
မြေစိုင်ခဲလေးကိုအားနာပါကွဲ့။ ။
နေမျိုး
၂၀-၁၁-၀၄
Labels:
ကဗျာတစ်ပုဒ်
ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်
အမှားနဲ့အမှန်မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့။ ။
နေမျိုး
၂၁-၁၁-၀၄
Labels:
အာလူးသီး
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကကြီးတယ်
သူဆင်းရဲကိုပေးကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကသေးတယ်
သူဌေးကြီးယူကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကအနေတော်ကွယ်
အဲဒါငါ့ဖို့ရယ်။ ။
နေမျိုး
၂၁-၁၁-၀၄
Labels:
ဧည့်စိမ်း
အဝေးကြီးကလာခဲ့ရတယ်
ဘယ်လောက်ဝေးဝေးကလာခဲ့ရသလဲ
ဂြိုဟ်တွေဆီကလား။ ကြယ်စုကြီးတွေဆီကလား
နေစကြာဝဠာရဲ့အပြင်ဘက်ကလား
မဟုတ်ပါ
မင်းခန္ဓာကိုယ်ထဲက မသိမှုဆီက လာခဲ့တာ။ ။
နေမျိုး
၂၁-၁၁-၀၄
Labels:
ဘယ်လက်ရုံး
ကဗျာတစ်ပုဒ်ရှိတယ်
ဘယ်လက်ရုံးမှာ
ခေါင်းအုံးအိပ်စက်
အိပ်မက်တွေလည်း မက်ပါလှည့်(တဲ့)
မေးခွန်းတစ်ခုရှိတယ်
မင်းမှာဘယ်လက်ရှိသလား။ ။
နေမျိုး
၁၇-၆-၀၅
Labels:
မျှော့
ဦးခေါင်းထဲက မျှော့တစ်ကောင်
ဖမ်းဆီးရမိခဲ့
ငါ့အသိဥာဏ်တွေ သူ့ဆီမှာကွဲ့။
နေမျိုး
၂၁-၁၁-၀၄
Labels:
ဘာမှမရှိတဲ့ သေတ္တာ
ဒီသေတ္တာဟာ
ဘာမှမရှိတဲ့သေတ္တာပေါ့
သေတ္တာထဲမှာ
ဘာမှမရှိဘူး
ဖွင့်ကြည့်လိုက်ပါ
မြင်တဲ့အတိုင်း ဗလာပါပဲ
သေတ္တာထဲမှာ ဘာမှမရှိဘူး
မင်းမှာဘာရှိသလဲလို့ မေးရင်
ငါ့မှ သေတ္တာတစ်လုံးရှိတယ်လို့
ဖြေနိုင်တဲ့သေတ္တာပေါ့။ ။
နေမျိုး
Labels:
အိပ်မက်
ကင်းသမားကြီးဟာ ညညဆိုမအိပ်ဘူး
ဒါကြောင့် သူဟာ အိပ်မက်မမက်ဘူးပေါ့
ဒါပေမယ့် သူမြင်တွေ့ခဲ့ရတဲ့ ညကမ္ဘာကြီးဟာ
တကယ့်အိပ်မက်အစစ်ကြီးတစ်ခုပါပဲ။
နေမျိုး
၂၁-၁၁-၂၀၀၄
Labels:
တွန်သံ
နားထောင်ကြည့်ဖူးလား
ကြက်ဥတစ်လုံးကို
သေသေချာချာ
နားနားကပ်ကာ
နားထောင်ကြည့်စမ်းပါ
ကြက်ကလေးတစ်ကောင်တွန်နေတာ ။ ။
နေမျိုး
Labels:
လူအ
လူတွေက ကျွန်တော့်ကို လူအ လူအလို့
ပြောပြောနေကြတယ်ဆရာ
ကျွန်တော် လူအမဟုတ်ကြောင်း
ထောက်ခံစာရေးပေးပါ
ကျသင့်သလောက် ပေးပါ့မယ်ခင်ဗျာ။ ။
နေမျိုး
၂၁-၁၁-၀၄
Labels:
ကျောင်းပြေး
မေမေမသိအောင်
ဖေဖေမသိအောင်
ဆရာမသိအောင်
ခပ်ဝေးဝေးချောင်ထဲမှာ
မာလကာသီးကတစ်လုံး
ချိုချဉ်ကနှစ်လုံး
ကာတွန်းစာအုပ်ကတစ်အုပ်
မမြင်ဖူးတဲ့ဓာတ်ပုံကတစ်ပုံ။ ။
နေမျိုး
၁၇-၆-၀၅
Labels:
သံပရာသီး
မှတ်မိပါသေးရဲ့
သံပရာပင်အောက်
ရောက်ခဲ့ဖူးတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်က
သံပရာသီးကလေး
ခုထိချဉ်ဆဲပါကလား။ ။
နေမျိုး
၁၇-၆-၀၅
Labels:
ငယ်ငယ်တုန်းက အင်္ကျီ
ကျွန်တော်နဲ့ မတော်တော့ဘူး
ကျွန်တော် ၀တ်လို့မရတော့ဘူး
ရင်ဘတ်မှာ ကာတွန်းရုပ်ကလေးနဲ့
သိပ်ကိုသေးသွားပါပြီဗျာ
ဒါပေမယ့် တစ်ခါတုန်းက ကျွန်တော် ၀တ်ခဲ့တာ။ ။
နေမျိုး
၁၇-၆-၀၅
Labels:
ပေးစာ
နေ့သစ်ကိုရောက်ပြီ
ဘောလ်ပင်အသစ်
စာရွက်အသစ်နဲ့
ဝါကျအသစ်တွေရေးပြီး
ပေးပို့လိုက်တယ်
အိုး ....ငါ့အချစ်ဟောင်း။ ။
နေမျိုး
၅-၁၂-၀၅
Labels:
ကျောက်တုံးကြီး
ကမ်းခြေက ကျောက်တုံးကြီး
တစ်နေ့လုံး
တစ်ညလုံး
အေးစက်စက်တစ်ဆောင်းတွင်းလုံး
ငြိမ်လို့ကမ်းခြေမှာ
လူတစ်ယောက်
ကမ်းခြေကိုရောက်လာပြီး
ကျောက်တုံးကြီးပေါ်ထိုင်နေရင်း
ပင်လယ်ဆီငေးခဲ့
အဲဒီနောက်မှာ
ကျောက်တုံးကြီးဆီက
သွေးနိုးသံတလှုပ်လှုပ်
ခုထိကြားရ။ ။
နေမျိုး
၅-၁၂-၀၅
Labels:
မင်းနဲ့ငါ
ပျင်းရိနေစဉ်မှာ
မင်းကိုသတိရမိတယ်
ပျော်ရွှင်ရယ်မောမိတော့
အဲဒီရယ်ရွှင်ဖွယ်မင်းကို
ပြောပြချင်မိပေါ့
ခုတော့ ငါငြိမ်သက်နေရဲ့
မင်းရော
အေးအေးလူလူပဲမဟုတ်လားကွဲ့။ ။
နေမျိုး
၎-၃-၀၅
Labels:
လူ့ဘဝရဲ့ အရသာ
မီးဖိုခန်းမှောင်မှောင်ထဲမှာ
အဘွားအိုတစ်ယောက်
နို့ဆီဘူးခွံကို
ရေကျင်းပြီးသောက်နေရဲ့။ ။
နေမျိုး
၎-၃-၀၅
Labels:
ဖောက်မလင်ရည်စိမ်ထားတဲ့လူကလေးသို့
လူကလေး
မင်းကိုငါမေးမယ်
အပြစ်ကင်းသူအဖြစ်
မင်းမွေးဖွားလာခဲ့တယ်
ဒါကိုသိပါစကွယ်။ ။
နေမျိုး
Labels:
အဖေ့ ဒိုင်ယာရီ
အဖေ့ဒိုင်ယာရီထဲမှာ
ကမ္ဘာတစ်ခု
အဲဒီကမ္ဘာထဲမှာ
ကျွန်တော်ဟာ
အမြဲတမ်းကလေးငယ်တစ်ယောက်ပါ
ပြေးဆော့နေတယ်။ ။
နေမျိုး
၎-၃-၀၅
Labels:
မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ
(အဘိုးကြီးတစ်ယောက်အတွက်)
၁။ တုတ်ကောက်တစ်ချောင်း(အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး(တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်လေး(သူစားမကုန်တာကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)။ ။
နေမျိုး
၂၄-၅-၀၅
Labels:
မီးရထားများ
မီးရထားများ တစ်စင်းပြီးတစ်စင်း
ခုတ်မောင်းကာ ဘူတာရုံထဲဝင်လာ
ဘူတာရုံထဲမှာ
ဧရာမမီးရထားကြီး
ခုတ်မောင်းဝင်ရောက်လာတဲ့မီးရထားများကို
တင်ဆောင်ပြီး
ဂျုံးဂျုံးဂျက်ဂျက်
ခုတ်မောင်းထွက်သွား
ပို၍ကြီးမားသော မဟာဧရာမမီးရထားကြီးဆီသို့။ ။
နေမျိုး
၁၂-၆-၀၅
Labels:
ကန္တရသားတို့ရဲ့ ဝေါဟာရ
လေနီကြမ်း၊ သဲမုန်တိုင်း၊ တံလျှပ်
ဆူးကြမ်းပင်၊ ပူးပြင်းခြောက်သွေ့မှု
ဘယ်ဆီဘယ်ဝယ်၊ ရေဘူး၊ သစ်သီးခြောက်
ကုလားအုပ်၊ အော်သံ၊ တိတ်ဆိတ်မှု
မျက်စိလည်ခြင်း၊ ဟိုးအဝေး၊ မျက်စိတစ်ဆုံး
ဟင်းလင်းပြင်၊ လမ်းပြကြယ်များ
တရွေ့ရွေ့ဖြတ်သန်းခြင်း။ ။
နေမျိုး
၆-၁၀-၀၅
Labels:
ဆင်ဖိုနီနံပါတ်(၄၃)
ဗလာစာအုပ်တစ်အုပ်ဟာ
ကျုပ်အကြောင်းရေးထားတာပါဗျာ
ခရုခွံကလေးတစ်ခုကတော့
ကျုပ်ဝယ်ထားတဲ့နိုင်ငံငယ်လေးတစ်ခုပေါ့
အားကုန်နေတဲ့ဓာတ်ခဲက
ကျုပ်ကိုပုံတူထုထားတာဆိုပဲဗျ
ပိုက်ဆံနည်းနည်းလောက်ချေးပါ
အဲဒါကျုပ်ပြဇာတ်ကတုန်းကပါ
ရော့ဒါတွေမင်းယူလိုက်တော့
အဲဒါကျုပ်စစ်စစ်ပေါ့။ ။
နေမျိုး
၁၄-၅-၀၅
Labels:
လူသိနည်းနည်း အင်တာဗျူး
တိုက်ပိုင်ရှင်ကြီးက ကြိမ်လုံးကိုင်ပြီးမေးတယ်
မင်း ငါ့သားကိုလွမ်းရဲသေးသလားတဲ့
အိမ်ဖော်မလေးက ဖြေတယ်
ကျွန်မ မလွမ်းရဲပါဘူး ဘဘကြီးတဲ့
ဒါပေမယ့် ကဗျာဆရာငါက အသေအချာပြောဝံ့ပါတယ်ကွယ်
အိမ်ဖော်မလေးရဲ့ရင်ထဲမှာ
အဲဒီကောင် အမြဲရှိနေလိမ့်မယ်။ ။
နေမျိုး
၅-၁၀-၀၅
Labels:
စာရေးသူ
ကောင်းကောင်းအသက်ရှူမယ်
စကားကောင်းကောင်းပြောမယ်
အစားကောင်းကောင်းစားမယ်
ကောင်းကောင်းနေမယ်
ကောင်းကောင်းနိုးထမယ်
ကောင်းကောင်းအလုပ်လုပ်မယ်
ငါတို့ဖတ်ရှုခဲ့ရသော ဆိုးတဲ့ပုံပြင်များ
ကောင်းကောင်းအသစ်ပြင်ရေးမယ်ကွယ်။ ။
နေမျိုး
၃၁-၁-၀၅
Labels:
ထိုသုံးဦး
တရားကိုသိသူက
စာအုပ်တစ်အုပ်ကိုဖတ်တယ်
အားကိုသိသူက
ဓားတစ်လက်ကိုသွေးတယ်
ဘာမျှမသိသူက
လမ်းပေါ်လေချွန်ပြီး လျှောက်နေလေရဲ့။
နေမျိုး
၂၃-၁၂-၀၂
Labels:
ငါ
စွန့်ပစ်ခဲ့ကြပြီ
ပိုးလောက်တဖွားဖွား
ဝမ်းဗိုက်ကြီးရောင်ကိုင်းဖောင်းကားလို့
အပုပ်နဲ့တထောင်းထောင်း
ဘင်္ဂအရည်တွေယိုစီးကာစိမ့်စိမ့်
ငါဟာခွေးသေကောင်ပုပ်ပါ
ခွေးသေကောင်ပုပ်ဟာ ငါပါ
လင်းတတွေသာ ငါ့ကို အရသာခံတတ်ကြပေလိမ့်
တောမှီရဟန်းတွေသာ ငါ့ခန္ဓာကို
ဓမ္မဥာဏ်ပွင့်အောင် ရှုနိုင်စွမ်းပေလိမ့်။
နေမျိုး
၂၁-၂-၀၃
Labels:
စကားလက်ဆောင်
လူ့ဘ၀ရဲ့
ညအသင်္ချေမှာ
အိပ်မက်နှောက်ယှက်မှုကင်းတဲ့
အိပ်စက်ခြင်းဆိုတာ
ဘယ်ခါကမှ မရှိခဲ့ပါ။
သေခြင်းရဲ့အဆုံးစွန်
တမလွန်ရှိသည်ဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အလင်းရောင်သစ္စာရှာတဲ့
ကဗျာဆရာဟိုးမားတို့နှင့်
သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊
သေခြင်းရဲ့အဆုံးစွန်
တမလွန်မရှိဘူးဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အိပ်မက် အနှောက်အယှက်ကင်းတဲ့
အိပ်စက်ခြင်းပင်။
သေရမှာကို
ငါဘယ်လိုမှ မကြောက်တကား၊
ငါကြောက်တာက
ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး
ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့်
သီလကြောင်ဒီလောကရဲ့
နေ့ လ ရက်များ။ ။
အောင်ချိမ့်
Labels:
ရန်ကုန်သား
ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက
ရန်ကုန်မြို့က ထွက်ပြေးတဲ့သူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
ပြည်တွင်းစစ်ဖြစ်လို့
ရန်ကုန်မြို့ကို နယ်ကရောက်လာသူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
မြို့တော်မဟုတ်တော့လို့
ရန်ကုန်မြို့ကိုစွန့်ခွာသွားကြသူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
တရုတ်အမျိုးသား အဘိုးအိုတစ်ယောက်က
ကျွန်တော့်ကို အဲဒီလိုပြောပြဖူးတယ်။  ။
လှသန်း
Fashion မဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၁၁
Labels:
ညရထား
လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။
ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။
ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။
လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။
အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။
လှသန်း
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇ ခုနှစ်
Labels:
ဂြိုလ်သား
တားမြစ်ထားတဲ့သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေတစ်ညလုံး မက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာ တခြားကမ္ဘာက ဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။ ။
နေမျိုး
၂-၃-၀၄
Labels:
ဒုတိယအကြိမ် ဖတ်ရှုရန် မလိုအပ်တဲ့ကဗျာ
ကျွန်တော် မယုံတာ (၃)ခုရှိတယ်။
၁။ ကျွန်တော်။ (၂)ခင်ဗျား၊ (၃) အခြားတစ်ယောက်
ကျွန်တော် ယုံတာ(၃)ခုရှိတယ်။
(၁) ကျွန်တော်၊ ၂။ ခင်ဗျား၊ (၃) အခြားတစ်ယောက်။ ။
နေမျိုး
၁၆-၁၁-၀၅
ည ၁၁ နာရီ
Labels:
စက္ကူ
ကျွန်တော် ညအခါ အိပ်ရာထဲလဲလျောင်းလိုက်ရာ
အိပ်မက်တလိမ့်တုံးကြီးက တဒီးဒီးကြိတ်လေတော့တာ
အဲဒီအခါ ကျွန်တော်ဟာ စက္ကူတစ်ရွက်ဖြစ်လို့သွား
လေလွင့်စက္ကူရွက်ပေါ် မင်းနာမည်ရေးလိုက်ပါလား။ ။
နေမျိုး
၂၉-၁၁-၀၅
ည ၉း၂၀ နာရီ
Labels:
အိမ်ရှေ့က သစ်ပင်
ချိန်းဆိုထားပြီး ရောက်မလာသူတစ်ယောက်ကို
စောင့်ဆိုင်းနေသလို ရပ်လို့ ပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်
ငါ့အိမ်ရှေ့တွင်
သစ်ပင်အောက်မှာ တစ်ခါတလေ ကောင်လေးတစ်ယောက်
တစ်ခါတလေ အဘွားအိုတစ်ယောက်
တစ်ခါတလေ ခွေးကလေးတစ်ကောင်
ရပ်လို့။ လမ်းမကို ငေးလို့။ ။
နေမျိုး
၂၉-၁၁-၀၅
ည ၈း၀၅ နာရီ
Labels:
အိပ်ပျော်နေတဲ့ ခဲတံ
ခဲတံ ခဲတံ မင်းဘာကြောင့် အိပ်နေတာလဲ
ခဲတံ ခဲတံ မင်းဇာတိဟာ ဘယ်ကလဲ
ခဲတံခဲတံ အခုမင်းအိပ်မက်မက်နေတာလား
ခဲတံခဲတံ အိပ်ရာကနိုးလာတဲ့အခါ
အားလုံးကိုပြန်ရေးပြပါ
ငါသိချင်နေမိတာ။ ။
နေမျိုး
၂၉-၁၁-၀၅
ည ၉း၀၅ နာရီ
Labels:
24 August, 2015
အလောင်းမြင်ဝါဒီ
ကျုံးထဲ အလောင်းပေါ်တယ်ဆိုလို့
သွားကြည့်ကြ ၊
လှိုင်းတွန့်ရေပြင်ထဲ
ကိုယ့်အရိပ်တွေသာ ကိုယ်ပြန်တွေ့ခဲ့ရ ။
သူဝေး
Labels:
သတိရခြင်း
အိပ်မပျော်တဲ့ ညတစ်ည
ကုန်းရုန်းပြီး ထလာသလို ထလာခဲ့တယ်
စာရွက်တွေ တစ်ရွက်ချင်း လှန်နေတဲ့
အသံတွေ ကြားနေရတယ်
ငါ့ကဗျာကို
အသံများကြားက ဖြတ်လျှောက်လာခဲ့ဖို့
ငါ ပြောလိုက်တယ်  ။
ဟိန်းမြတ်ဇော်
၁၉-၃-၁၄
Labels:
ဗန်ဂိုး
အ၀ါရောင် စိတ်ထွက်ပေါက် စုတ်ချက်တစ်ချက်
ကန္တာရထဲက အပူလို ပန်းချီကားထဲက ကိုယ်တိုင်ရဲ့အပူ
လောင်ကျွမ်းတောက်လောင်နေတဲ့ မီးလျှံရဲ့မျက်လုံး
ဂျုံခင်းတွေ၊ နေကြာပန်းတွေ၊ ဆိုက်ပရပ်စ်လမ်းတွေ
ဂျုံခင်းပေါ် ဖြတ်ပျံနေတဲ့ ကျီးကန်းတွေ
စိတ်ဓာတ်ကျဆင်းမှု အမည်းရောင်စီးကြောင်း
'ဘ၀မှာ ပန်းချီရေးချိန် နောက်ကျခဲ့သလို
အသက်ရှင်သန်ချိန်ရော ငါ့အတွက် လုံလောက်ပါ့မလား'
ပါရီမှာ ဘယ်တော့မှ သေဆုံးတော့မှာမဟုတ်တဲ့ ဒတ်ခ်ျပန်းချီဆရာ
ခန္ဓာကိုယ်တစ်ခြမ်းက အနုပညာလက်စွမ်းနဲ့ တောက်ပနေတယ်
မျက်လုံးတွေဟာ
ပန်းချီကားပေါ် ဆာလောင်စိတ်နဲ့ အမြဲစူးရှနေတာပဲ
လင်းလက်နေတာပဲ
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ အနုပညာအပေါ် တပ်မက်စိတ်
ပြတ်ထွက်သွားတဲ့ နားရွက်တစ်ဖက်က ချစ်မေတ္တာအတွက်
သူ့ရဲ့လက်ဆောင်
ဒုက္ခတရားတွေက ဘယ်တော့ အဆုံးသတ်မှာလဲ
အနုပညာသမား တစ်ယောက်အတွက် ကမ္ဘာဟာ နာကျင်စရာတွေပဲ ပေးတယ်
မီးညွှန့်တွေလို ထိုးတက်နေတဲ့ ဆိုက်ပရပ်စ်ပင်တွေ
ကြယ်စုံညတွေမှာ ကြယ်တွေမကြွေဖို့ ဆုတောင်းရင်း
ပန်းချီကားထဲ ၀င်ရောက်ပျောက်ကွယ်သွားသူတစ်ယောက်။
လင်းသဏ်ညီ
ရုပ်ရှင်တေးကဗျာ
စက်တင်ဘာ၊ ၂၀၁၂။
Labels:
ဘာကိုမှကြိုတင်စဉ်းစားမထားပါဘူး
ရေဒီယိုခလုတ်ကို ဟိုရွှေ့ဒီရွှေ့မလုပ်ဖြစ်တာ
ဘယ်လောက်ကြာပြီလဲ ကြားစမ်းပါစေ ဘယ်လောက်ကြာကြာ
ကြာပန်းကလေးတွေ ဖူးပွင့်နေတာ မြင်ချင်တွေ့ချင်စမ်းပါဘိ
ဒီညမှာမှ ခါတိုင်းထက် အအေးပိုလာတယ် ထင်ရ
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။
မန်ယူနဲ့ချယ်လ်ဆီး ဘယ်သူနိုင်မယ်ထင်သလဲ
ခင်ဗျား ဖတ်ချင်နေတာကရောဘယ်လိုကဗျာမျိုးလဲ
ဒီနေ့ဟာ တနင်္ဂနွေနေ့တွေထဲက တနင်္ဂနွေနေ့တစ်နေ့
မေ့လို့မရ မုန်းလို့မရခဲ့တာတွေက ဘယ်သူတွေလဲ ဘာတွေလဲ
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။
သူအပြာရောင် ဂျင်းန်ဘောင်းဘီကို ၀တ်ထားရဲ့
ကျွန်တော်စီးကရက် မီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်တယ်
ခင်ဗျားသီချင်းဆိုချင်တယ် ဆိုလည်းခင်ဗျားသဘော
မူးပြီးပြောတာတွေက နည်နည်းတော့အစွန်းရောက်တယ်
ဘာကိုမှ ကြိုတင် စဉ်းစားမထားပါဘူး။
မီးရောင် ပြိုပြက် ဧည့်ခံပွဲ သွားရမှာပျင်းစရာကြီးဆို
အခန်းထဲ စကားလုံးတွေနဲ့ ကစားချင်လည်း ကစားနေပေါ့
အားအားယားယား တောင်တွေမြောက်တွေနေတာလား
အားအားယားယား အဓိပ္ပာယ်တွေ မရှာချင်စမ်းပါနဲ့
ဘာကိုမှကြိုတင်စဉ်းစားမထားပါဘူး။
ဒူးရွန့်ဟာ သူ့ချက်စ်ကွက်ကို သူအတိအကျ ရွှေ့ခဲ့သူပေါ့
ကမ္ဘာကြီးဟာ အမြဲပဲ ပြောင်းလဲနေတာ ငါတို့လည်းပြောင်းလဲ
အရေးမပါတာတွေနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားရ
ငြီးငွေ့မှုတွေ အဆုံးသတ်ဖို့ရာ မလုံလောက်နိုင်သေးဘူးလား
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။ ။
မင်းထက်မောင်
သရဖူ၊ ဒီဇင်ဘာ၊ ၂၀၀၇
Labels:
လိုချင်တာကဗျာ မဟုတ်ဘူး
သစ်ပင်တွေပေါ်မှာ နွေဦးပေါက်ပြီလား
လက်ဖက်ရည်ဆိုင်ထောင့်ချိုးမှာ
ထောင့်မကျိုးတဲ့ သီချင်းဟာ ခုန်ဆွခုန်ဆွ
ကျနော်ကတော့ ထုံးစံအတိုင်း နောက်ကျမြဲ။
လမ်းမပေါ်မှာ မော်တော်ကားတွေ သိပ်မြန်တယ်
ကောင်းကင်ထဲ လေယာဉ်ပျံတစ်စင်း ပျံသန်းသွားပုံ
နှေးကွေးလေးလံလွန်းစွ။
မွန်းတည့်ချိန်နေရောင်ထဲ အရိပ်ရှည်တွေ
တစ်ခုပေါ်တစ်ခု တရိပ်ရိပ် ဖြတ်သန်း
အဆန်းတကြယ်ပ
“ ဘတ်ထရီအိုးအဟောင်းတွေ ဝယ်တယ် ” တဲ့
ဦးနှောက်အဟောင်းကို ရောင်းချင်တယ်။
လူတွေ။ လူတွေ။ လူတွေ။
သူတို့ဘာကို လိုချင်နေကြတာလဲ
လူတစ်ယောက်က ခွေးတစ်ကောင်ကို
သူ စားပြီးသား အရိုးအရင်းတွေ ချကျွေးနေတယ်
ခင်ဗျားရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး ချကျွေးယင်လည်း
အဲဒီခွေးဟာ စားမှာပဲ။
ယောင်္ကျားတစ်ယောက် က အချစ်ကို ဆာလောင်နေတုန်း
မိန်းမတစ်ယောက် က ငွေကြေးကို ဆာလောင်နေတယ်။
ကမ္ဘာမှာ ကလေးငယ်တွေ
ကယ်တင်ရှင်ကို ဆာလောင်နေကြချိန်
မသိသားဆိုးရွား၊ ရက်စက်လှစွာ
ကျနော် ကဗျာတစ်ပုဒ်ရေးနေမိ။
ကျနော်လိုချင်တာ ကဗျာ မဟုတ်ဘူး
ကျနော် ဆာလောင်နေတာ နွေဦးပေါက်ရာသီ
ရွက်နုကလေးတွေ စိမ်းဖန့်နေတဲ့ နွေဦးပေါက်ရာသီ ။
မင်းထက်မောင်
ပိတောက်ပွင့်သစ် - စာပေအနုပညာမဂ္ဂဇင်း ၂၀၀၈၊ ဇန်နဝါရီ
Labels:
အဖြေများ
၁။ ရေခဲပြင်ကို တူးဆွတဲ့အခါ
ရေငုပ်သဘောင်္များကို တွေ့ရပါတယ်။
၂။ သမိုင်းဝင်ကြက်ခြေခတ်များက
ကမ္ဘာမြေကို နည်းနည်းပိုကောင်းစေပါတယ်။
၃။ ကင်းခြေများတစ်ကောင်မှာ
ခြေထောက် ၄၈ချောင်းရှိပြီး
မေရီအင်တွိုင်းနက်ဟာ ကိတ်မုန့်
မဖုတ်တတ်ပါ။
၎။ မီးသတ်ကားဥသြဆွဲသံဟာ
ဆွဲဆောင်မှု အရှိဆုံးသံစဉ်ဖြစ်ပါတယ်။
၅။ နေမင်းဟာ လေးထောင့်ပုံစံရှိပြီး
အင်္ဂါဂြိုဟ်ပေါ်မှာ
အိပ်မက်များမရှိပါ။
၆။ သိပ္ပံပညာမှာ ဦးခေါင်းနှစ်ခုရှိပြီး
လက်တစ်ဘက်မှမရှိပါ။
၇။ ထို့ကြောင့် ကမ္ဘာကြီးဟာ ပြားပါတယ်။ ။
နေမျိုး
(Idea -မေလ-၂၀၀၃)
Labels:
မြို့လည်ခေါင်
မင်းမို့လို့
ဒီဈေးနဲ့ ပေးလိုက်တာ ဆိုတဲ့ စစ်ဖိနစ်တစ်ရံကို ငါ စီးလို့
အနော်ရထာလမ်းမကြီး ပလက်ဖောင်းပေါ်က
ဟန်းဆက်တွေ ရီမုတ်ကွန်ထရိုးတွေ ကွန်ဒုံးတွေ
အရိုးခေါင်းပုံတီရှပ်တွေ
ငါ ငေးလို့
"ဒီမိုကရေစီ ပုလင်းခွံထဲ အာမီရမ်ထည့်သောက်ကြည့်တော့
ဘာအရသာရှိပါလိမ့်"
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးကို ဖြတ်မကူးမှီ
မီးပွိုင့်မှာ ငါ တွေးလို့
ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ
ငါ ဆွေးလို့
ကြည်ဇော်အေး
22 Aug 15
Labels:
23 August, 2015
ငါ့စုဗူး ၂၈
ငါ့စိတ်နဲ့ အမျှ
ငါ့ကိုယ်နဲ့ အမျှ
ငါရှိခဲ့သမျှ
ငါရှိနေသမျှ ငါ့အော်သံ
ငါ အကြိမ်ကြိမ်
ငါ အကြိမ်ကြိမ်
ငါ ပြန်ကြားရ ငါ ပြန်အောင်မိ
ငါ ပြန်ရှိ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၇
အနုဂမ္မီက ပစ္စည်းအထိ
ငါတို့ရဖို့ မရှိသလိုပဲ။
ဘယ်ဝယ်မြောက်တောင်
မြောက်တောင်ဘယ်ဝယ်
မှုန်ပြာရီ ရာသီတွေပြောင်း
ရာသီတွေပြောင်း ။
သြော် မှုန်ပြာရီမှ
နေ့ပူ ညချမ်းခဲ့ပြီ။
ဘယ်ကိုတမ်း၍ လွမ်းပါရ
ဘယ်ကို တမ်းရတမ်းရ လွမ်းချင်လှ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၆
ငါ တော်တော်ကြီး စဉ်းစားပြီး
စဉ်းစားပြီးတာကို အစီအစဉ်ချ
အစီအစဉ်ချ အသက်ခိုးရှူ
အသက်ခိုးရှူ အားယူ
အားယူပြီး သန်မာလာကာ
သန်မာကာ ငါ ဖြစ်လာခဲ့
အဲဒီ ငါ ဖြစ်လာခါ
အဲဒီ ငါ ဖြစ်လာပုံ
မှတ်ရန် တစ်ချက်
၁၉၄၈ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၅
ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ်
ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့ လုံးဝန်းနေကြောင်း
လုံးကြောင်း
သေချာ ရေရာအောင်
ငါ ပြောနိုင်ခဲ့တာပဲ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး၂၄
၆ နာရီထိုးဖို့
၆ နာရီတောင် လိုသေးတယ်
မင်းဟာ သိပ်စောနေတယ်
၆ နာရီတောင် လိုသေးတယ်။
သိပ်စောနေတယ် ဆိုပေမဲ့
မစောပါဘူး ။
ကျွန်တော်တို့ နေနေကျ
ကျွန်တော်တို့ တိုင်းပြည်အကြောင်း
ကျွန်တော်တို့ သိပါတယ်
ကျွန်တော်တို့က စောင့်နေကျမို့ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၂
အိပ်ရာထလျှင် မျက်နှာသစ်လို့
မညစ်ပတ်အောင် နေပါ့မယ်
အဲဒါ ကောင်းပါတယ်
တကယ် ကောင်းပါတယ်
တစ်နေ့လုံးပေါ့လေ
အဲဒါ ကောင်းပါတယ်
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၁
ဧရာမ ကျောက်ကျောတုံးကြီးလိုပဲ
ဧရာမ အနက်ရောင်
အနက်ရောင် ကျောက်တုံးကြီး
အဲဒီ အနက်ရောင် ကျောက်တုံးကြီးပေါ် အမည်များ
ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့
အမေရိကန်စစ်သားများ အမည်များ။
ဗီယက်နမ်စစ်ပွဲမှာ
ငါတို့လည်း ပါဝင်ခဲ့
ကဗျာနဲ့
ငါတို့ကဗျာနဲ့။
ဒါပေမဲ့ ကျောက်တုံးကြီးပေါ်မှာ ငါတို့အမည်
မပါဘူး
ဗီယက်နမ်ပြည်သူ ကျဆုံးစာရင်းမှာလည်း ငါတို့ အမည်
မပါဘူး
အခု ဒီမှာ
ငါ ဒီမှာ ဒီကဗျာကိုရေးတယ်။
နောက်ထပ် ဘယ်သူ့အမည်မှ
အဲသလို မပါစေချင်ဘူး။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၉
စက္ကန့်တိုင်း မိနစ်တိုင်း
အကြိမ်တိုင်း အချိန်တိုင်း
အချိန်တိုင်း
မိနစ်တိုင်း စက္ကန့်တိုင်း
ဝင်လာပါစေ
ဝင်လာတာကို သိပါလေ
မလွတ်စေနဲ့
ကဗျာဟာ အဲ့သလို ဝင်လိမ့်မယ်
မလွတ်စေနဲ့
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၈
အမှောင်ရိပ်ရိပ်ရှိသေး
နံနက် မလင်းတက်သေး
ရေဒီယို ခလုတ်ကို လှမ်းစမ်း
မပီမသ
ဂျစ် ၊ ဂျစ် ၊ ဂျစ် ၊ ဂျစ် ရေဒီယို
ရေဒီယို ဂျစ် ၊ ဂျစ် ၊ ဂျစ် ၊ ဂျစ်
စစ်ကြီးတုန်းကလိုပဲ။
ရေဒီယိုမှာ
ဘာတဲ့လဲ
ကြားလား
လေယာဉ်သံများ ကြားလား။
အောင်ချိမ့်
Labels: ,
အခန်းရှင်းခြင်း
ထော့နဲ့ ထော့နဲ့ စကားလုံးတွေက
အဓိပ္ပာယ်မရှိသယောင် ဆောင်ပြီး
ယူနီဖောင်းအပြည့်အစုံဝတ်ဆင်လိုက်မှ
အကြီးအကဲမှန်း သိရတယ်။
စုံစမ်းမှု့တဲ့
နိစ္စဓူဝ၊ အဲဒီဥထဲက
ဘာအကောင်ပေါက်မလဲဆိုတာ
အခွံခွာကြည့်လိုက်မှ
အသက်ဓာတ်က ပါမလာတော့တာမျိုး။
ပိတ်မိနေခြင်း
သစ်ရွက်တွေတဖျောက်ဖျောက် ပစ်ခတ်ခြင်း။
ကိုယ်ကတော့ တည့်တည့်ရှောင်တာပဲ
စိတ်တွေက ကွေ့ဝိုက်လာတော့
မျိုချလိုက်ရတာပဲ။
သူ့ဦးခေါင်းထဲကို
ချောင်းပြီး နားထောင်နေတဲ့ နား
နှစ်ဖက်
တစ်စက်ချင်း လိုက်သုတ်နေလို့ ပြီးမလား။
ဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ။ ၂၀၁၄
Labels:
အမုန်းနဲ့ နှင်းများ
ကျွန်တော့်ဒဏ်ရာနဲ့ ဆယ့်ခြောက်လက္မအကွာမှာ
သူမ ရပ်နေတယ်
ယမ်းငွေ့တွေ တလူလူထွက်နေတဲ့ စက်သေနတ်ကြီးကို
'မာသာထရီဇာ'က ကိုင်ပြီး ရပ်နေသလိုပေါ့
မင်းမပေးနိုင်တဲ့ အရာကို
သူများဆီကလည်း ရနိုင်တယ်ဆိုတာ တွေးမိပြီး
အဲဒီ အမတ်လောင်းရဲ့ မိန့်ခွန်းပေါ်
ငါ တက်ရပ်လိုက်တယ်
မောင်ဖီလာ
Beauty ။ ဖေဖော်ဝါရီ ။ ၂၀၁၄
Labels:
ငါ့စုဗူး ၁၇
တစ်ကမ္ဘာလုံး နှစ်သစ်ကူးပြီ
ခင်ဗျား မကူးသေးဘူးလား ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၆
မျက်နှာချင်းဆိုင် ရင်ဆိုင်မိမှ
အလုပ်တွေများ
အလုပ်တွေကြား ငါ မေ့နေမိခဲ့တာ
ငါ မေ့နေပါလား။
သူမ ကို မေ့ခဲ့မိတာ
ငါ့မှာ စိတ်သက်သာရမိ။
ငါ့စိတ် သက်သာရာရခဲ့တာ
အလို ကျေးဇူးတမိ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၅
အကောင်းတွေပဲ ရကာ
အကောင်းတွေပဲ ရေးဖို့
ပြုဖို့
ကျွန်တော် ကြိုးစားခဲ့ပါတယ် ။
ကျွန်တော်ကံမကောင်းပါဘူး
အခု ၊ မိတ်ဆွေဟာ
ကျွန်တော့်ကဗျာ
ဖတ်နေရပြီ။
ဘယ်သို့ရှိစွ စာမျက်နှာပေါ်
အဖြူပေါ် အနက်တင်ခဲ့ပြီ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၄
လက်ဖက်ရည်သောက်
ဆံပင်ညှပ်
ပြီး၊ တစ်ချက် မမေ့မလျော့
မှန်ထဲ ပြန်ကြည့်လိုက်စမ်း။
မနေ့က ငါ ၊ ခုနက ငါ
မဟုတ်တော့ဘူး။
အထူးသဖြင့်
ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာစဉ်က ငါ
မဟုတ်တော့ပါဘူး
မဟုတ်ပါဘူး။
အသစ်မွေးဖွားလာသည့်အလား
မြို့တစ်ပတ်လောက် ပတ်လိုက်စမ်း ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၃ (အနုပညာ စားသုံးမှု)
ပစ္စတို သေနတ်ပြောင်းကို
ကြိုးလို
ထုံးချည်ထားတဲ့ ပန်းပုရုပ်
ကုလသမဂ္ဂ အဆောက်အဦတစ်ခုရှေ့မှာ ( ထင်တယ် ) ရှိတယ်။
ဟစ်ပီခေတ်တုန်းက
ဟစ်ပီတွေဟာ
သေနတ်ပြောင်းတွေမှာ ပန်းပွင့်တွေ
လိုက်ထိုးစိုက်ခဲ့ကြတယ်။
( သေနတ်တွေ
အခိုက်အတန့်တော့ ပန်းနံ့မွှေးသွားတော့တာပဲ)
'နှင်းဆီပန်းများနဲ့ သေနတ်များ' အမည်ရှိ
Rcok ဂီတအဖွဲ့ရဲ့ 'လိုဂို'ဟာ
နှင်းဆီပန်းပွင့်များ ပန်းခက်အပေါ်
သေနတ်ကို တင်ထားတယ်။
( စဉ်းစားမိတိုင်း
ပန်းနံ့ မမွှေးဘူးလား )
ပန်းနံ့များ မွှေးပါစေ သေနတ်များ
သေနတ်များ ပန်းနံ့ မွှေးပါစေ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၂
သူတို့ချည်းပဲ ပြောတယ်
သူတို့ပဲ ပြောတယ်။
ပြောလို့ ပြီးလား
သမိုင်းမှာ စကားအရှည်ကြီးတွေ
ပြောခဲ့တယ်။
ကကြီး ခခွေး
ဂငယ် ဃကြီး
င . . .
သူတို့က ပြောတယ်
ငါတို့မှာ မပြောရ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၁
'ပီကာဆို'လို
ပန်းချီကားများများ ရေးမယ်တဲ့
တစ်ကားထက်တစ်ကား ဈေးများများ ရစေမယ်တဲ့
သူဌေးလို နေမယ်တဲ့
ပင်လယ်ကမ်းခြေမှာ ထီးအကြီးကြီးနဲ့
ဆန့်ကျင်ဘက်လိင်နဲ့
ကျန်းမာရေး ညီညွှတ်စေမယ်တဲ့။
ဒီလိုဆို
အနုပညာကို ပိုအားစိုက်
စုတ်ချက်သေးသေးလေးတွေ စုဆောင်း
ဘ၀နဲ့ သဘာဝကို ခံယူ
ဒုက္ခ ဆင်းရဲမှုနဲ့
ပိုကောင်းတဲ့ အနုပညာပန်းချီကားများ။
ကျီးကန်းတွေ အော်ပါစေ
ချစ်သူထံ နားရွက်တစ်ဖက်ဖြတ် လက်ဆောင်ပို့ခဲ့
အဲသလို
'ဗန်ဂိုး'ကော မဖြစ်ချင်ဘူးလား ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁၀
အချိန်တိုင်း တွေ့တိုင်း
မြင်တိုင်း
နှစ်တိုင်း ခေတ်တိုင်း
အားရစရာပါပဲ။
ဒီပုဂ္ဂိုလ်နဲ့ တွေ့ရတာ၊
အခု အသက်အရွယ်မှာ တွေ့ရပြန်ပြီ
ကျန်းမာပကတိ
ချမ်းသာစွာရှိလို့
သူ့မှာ ။
သြော် . . .
အဲဒီ ကုသိုလ်
အဲဒီ ကျမ်းမာပကတိ
ချမ်းသာစွာရှိပုံ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၉
မနက်ဖြန်ခါဟာ
စိတ်ဝင်စားစရာအပြည့်
လှို့ဝှက်မှုအပြည့်
ဆန်းကြည်မှု့အပြည့်။
ဒါ့အပြင်
ကံစမ်းမဲ အပြည့်
ပေါက်မဲ အပြည့်
မျှော်နိုင်စရာ အပြည့်။
ရွှေ အပြည့်
ငွေ အပြည့်
ဖြစ်နိုင်တာ အပြည့်
ရနိုင်တာ အပြည့်။
မနက်
မလင်းချင်ဘူးလား
ညက တစ်ညလုံး
ညက အိပ်ရေးပျက်ခဲ့တယ် ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၈
အဖန် ၊ ဖန်ခါး
ကျစိမ့်၊ အခါး
ချိုမယ် စသဖြင့် လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်မှာကြတာပေါ့လေ
'ချိုမယ်' . . .လို့ ငါမှာတယ်
ချိုမှာလား။
တချို့များ ('ကျောက်ပန်းတောင်း'လို့ အားရပါးရ အော်မှာတယ်)
ချိုသလား
မချိုပါဘူး
မှာသာမှာ
မသေချာလှပါဘူး ။
ဒီလို လောကသေးသေးလေးမှာပင်
လွဲနိုင် ၊ ချော်နိုင်
ကွဲနိုင် ၊ ရှနိုင်တာ မဟုတ်လား။
ပြင်ပြီး ဖျော်တဲ့ လက်ဖက်ရည်ဟာ
သောက်လို့ မကောင်းတော့ပါဘူး ။
အောင်ချိမ့်
တစ်ခါက ကျွန်တော်နဲ့ မုတ်သုန်နဲ့ ခရီးလှည့်ခဲ့ကြတော့ . . .
မူးမူးတို့ မေမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် သင်ပုန်းမှာ
လက်ဖက်ရည်မှာနည်း ၁၆ ခု၊ ၁၇ ခုလောက် ရေးပြထားပါတယ်။
ကျွန်တော် အဲဒါ အခုသတိရပြီး ပြုံးမိပြီး ဒီကဗျာရေးဖြစ်တာပေါ့လေ။
အခ
Labels: ,
ငါ့စုဗူး ၇
မီးခလုတ်ကို ပိတ်လိုက်တဲ့အခါ
မှောင်သွားတာပဲ ။
သင် အလိုရှိပါက
မီးခလုတ်ကို ပိတ်လိုက်ပါ
တစ်ယောက်မက တစ်ယောက်ယောက်ကတော့
မီးကို ပြန်ဖွင့်မှာပဲ
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၆
ဖွားရာ ဂတိ
လားရာ ဂတိ
တွားသွား ကြီးပြင်း အစာရှာ
ရုန်းကန်ပြီး ရုန်းကန်
သံသရာ . . .
ဒါကို ဘဝ
ဘ၀ဆိုတာ ဒီလို
'ငါ ပြင်းလာသလို'
အဲသလိုလား  ။
မပူပါနဲ့ ။
'အိုဟင်နရီ' တစ်ပုဒ်ပုဒ်
လာပါလိမ့်မယ်
အံ့သြလို့ မဆုံး ကြုံရပါလိမ့်မယ်
twist တော့ ပါတာပေါ့လေ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၅
ကျွမ်းဘား၊ ဆပ်ကပ်တွေ
မျက်လှည့်တွေ
ပြဇာတ်တွေ
မငြီးခဲ့ဘူး ၊ မပြီးခဲ့ဘူး
လောကကြီးဟာ မပြီးဆုံးဘူး။
အင်တာနက်၊ ၀က်ဘ်ဆိုက်
ဖေ့စ်ဘွတ်ခေတ်ရောက်
ကျွန်တော်တို့ဟာ ပွဲကြည့်ရဦးမှာပဲမို့
ရင်ခုန်လို့
ပွဲကြည့်ရဦးမှာပဲမို့
ရင်ခုန်လို့ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၎
အပြစ်ဟူသမျှ
မြူမျှ မထင်
ညကြီးသန်းခေါင်နက်နက်
ရေတွင်းနက်နက် အဆုံးတိုင် ပဲ့တင်လို့
ငါတို့ တစ်ခါက ရခဲ့ပြီ
ငါတို့ ဘယ်တော့မှ ပြန်မရပြီ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၃
တဖြည်းဖြည်း စဉ်းစားလို့ ပေါ်လာတာက
ဒီလို ။
သူက 'အိုးရွဲ့'တဲ့
ဒီဘက်က 'စလောင်းရွဲ့'တဲ့
'မောင်အိုးရွဲ့' နဲ့
'မောင်စလောင်းရွဲ့'ပေါ့လေ။
ညီအစ်ကိုနဲ့ တူပါရဲ့
ကောင်းကင်ပြာကြီး နောက်ခံလျက် ။
သိပြီမဟုတ်လား
သိပြီမဟုတ်လား
သိပါပြီ . . . တဲ့ ။
အကျေနပ်ကြီး ကျေနပ်ချင်သူအတွက် ကျေနပ်ပါစေ
ကျေနပ်ပါစေ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂
အဲဒီစကားလုံးတွေကို
ငါ လိမ်ချိုးထားတာပေါ့
အဲဒီကောင် ဆန့်ငင်ဆန့်ငင်။
အမှန်ကို ပြောချင်ဆိုချင်ရင်
လိုင်စင်ယူရမယ်
(အလကားမရဘူး)
ဆိုလိုချက် အကြမ်းထည်ကို တင်ပြရမယ်
ပြီး၊ ကိုက်ညီရမယ် ။
အဲဒီတော့ အဖြေကိုရှာကြ
'လူပါ မသိုးရုံဖြင့် မှာလိုက်ချင်သည်'
လေဘာတီမမြရင် သီချင်းကို ဆိုချင်သလိုလို
ဆိုချင်သလိုလို ။
ကျောက်ခေတ်မှ ယနေ့အထိ
ရောက်ခဲ့ပြီပဲ
မဝေးတော့ပါဘူး
မျှော်လင့်နိုင်ပါသေးတယ် . . . ။    
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၁
ဘယ်သူက ဘယ်သူလည်း မသိဘူး ။
အောင်ချိမ့်
Labels: ,
22 August, 2015
ငါ့စုဗူး ၂၀
အခု ငါတို့ရောက်နေတာ
အရင်တုန်းက အဝေးကြီးမှာ
အဝေးကြီးတွေ နီးလာပေါ့။
အခု၊ ငါ့အသက်
အသက် ဘယ်လောက်ရှိပြီလဲ။
အဝေးကြီးတွေ
အနီးလေး ရောက်လာတာပေါ့လေ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၂၅
ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ်။
ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့
လုံးဝန်းနေကြောင်း၊ လုံးကြောင်း
သေချာရေရာအောင်
ငါပြောနိုင်ခဲ့တာပဲ။ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၃၁
တစ်ယောက်ယောက် လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက် တစ်ဝက်
နှစ်ယောက် တစ်ခွက်ပေါ့။
ချစ်ခင်မှုနဲ့ စိတ်ရွှင်လန်း
လူရွှင်လန်းစေဖို့။
လာစေချင်သူ လာခဲ့ရင်
ကောင်းတာပေါ့။ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၃၄
မတွေ့တာ ကြာခဲ့
ခုတော့ တွေ့ကြ။
ငါတို့ကြားမှ သစ်ရွက်လှုပ်သံများ
ဖြတ်ပြီး …
မင်းအော်သံဟာ
ငါ့ဆီ လာတော့မယ်။
စိတ်မကောင်းစရာကဗျာ
ငါ မစပ်တော့ပါဘူးကွာ။ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၃၈
စာရွက်တွေ
မြေပုံတွေ
သက်သေပြချက်တွေ
ဖြစ်ပုံ ပျက်ပုံတွေ
ဒါ များလွန်းတယ်။
ကိုယ့်အမှန်ကို
ဒီလိုပြလို့ လိုအပ်သလား။
ဒီလိုဆို
မှားနေပြီ။ ။
အောင်ချိမ့်
Labels: ,
ငါ့စုဗူး ၄၈
နံနက် ၁ နာရီမှာ အရက်စသောက်တယ်
အဖော်မရှိ
အခြားမရှိ
သေရသလိုပဲ။ ။
အောင်ချိမ့်
Labels: ,
စန္ဒယားရှုမျှော်ခင်း
ဇနီးသည်က မူကြိုကျောင်းဖွင့်ပြီး
လူသားဘ၀ကို ချီးမြှောက်တယ်။
ကျွန်တော်က သစ်ပင်စိုက်ပြီး
၂သိန်း ၄သောင်း အထုရှိသောမြေကို
ချီးမြှင့်တယ်။
ကိုယ်ထူကိုယ်ထ ပျိုးဥယျာဉ်ထဲမှာ
ကံ့ကော် ၂၀၊ ချယ်ရီ ၁၀ပင်၊
ပိတောက် ၅ပင်၊ နှင်းဆီ ၄ရုံ၊
ခေတ်ပေါ်ကဗျာနည်းနဲ့
စာအုပ်ထဲမှာ ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးတယ်။
ကျွန်တော့်ဥယျာဉ်လေးက
၎သိန်း ၈သောင်း အထုရှိသော ရေနဲ့
၉သိန်း ၆သောင်း အထုရှိသော လေကို
သန့်စင်နိုင်ပါစေ။
ဇနီးသည်က
သူ့ကျောင်းသားကျောင်းသူတွေထဲမှာ
နိုင်ငံတော်သမ္မတတစ်ယောက်ဖြစ်နိုင်ရဲ့လို့
ရည်ရွယ်ထားတယ်။
ကျွန်တော်က
ဘီသိုဗင်စကားကို ပြန်ပြောမိတယ်။
ကမ္ဘာကြီးထဲမှာ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေက အများကြီးပါ
ဒါပေမယ့်
ဘီသိုဗင်ကတော့ တစ်ယောက်တည်းပါလို့။
ပြေမြင့်
ရနံ့သစ် အောက်တိုဘာ ၂၀၁၃
Labels:
အချစ်ရနံ့များဝတ်ဆင်ခြင်း
ကမ္ဘာကြီးရဲ့. . .တစ်နေရာ
ညီငယ်တစ်ယောက်
လက်ဆောင်ပေးခဲ့တဲ့ အင်္ကျီလေးတစ်ထည်
ခုနေခါ ကျွန်တော့်ခရီးဆောင်အိတ်ထဲ
ဘယ်လို ခွေခေါက်နေမှာပါလိမ့်။
အင်္ကျီတစ်ထည်က
စကားတွေ ပြောမလား
သူ့မှာ ဘ၀အမောတွေရှိမလား
ကျွန်တော် နားထောင်ချင်ပါဘိ။
အင်္ကျီတစ်ထည်က
သီချင်းတွေဆိုမလား
သူ့မှာ ဒဏ်ရာအပိုဒ်တွေရှိမလား
ကျွန်တော် ခံစားချင်ပါဘိ။
အင်္ကျီတစ်ထည်က
ကဗျာတစ်ပုဒ်လား
အမေကိုချစ်တဲ့ သားတွေလား
ကျွန်တော်ဖွင့်ဖတ်ချင်ပါဘိ။
အလွမ်းတွေ မှုန်မှိုင်းကျဆင်းတဲ့ နေ့ကလေးတစ်နေ့
မာဘွန်ခရောင်မှ ဗိုလ်ချုပ်လမ်းမကြီးပေါ်
လက်ဆောင်အင်္ကျီလေးနဲ့
ကျွန်တော် ဖြတ်ကူးခဲ့တယ်။
ရာဇ၀င်တွေ ပြိုးပြိုးပြက်ပြက်
လက်ဆောင်အင်္ကျီလေးထဲ
ကမ္ဘာကြီးတစ်ခုလုံး ပါလာခဲ့
သုခမိန်လှိုင်
ရုပ်ရှင်တေးကဗျာ-၂၀၀၆-ဖေဖော်ဝါရီ
Labels:
နှင်း
ဟမ္ဘာဂါ စားသလို
မင်းလည်း ခံစားချင်တဲ့ အရာ
ဝီစကီသောက်သလို
ငါလည်း မှောက်မှားချင်တဲ့ အရာ။
သကြားဓာတ်လိုသလို
မင်းလည်း လိုအပ်နေတဲ့အရာ
ရေငတ်သလို
ငါလည်း လိုအပ်နေတဲ့အရာ။
ချည်မျှင်နဲ့ အဝတ်အထည်တွေ ခြားထားလို့
ငါတို့ တယောက်ကို တယောက် မမြင်ရဘူး။
ဆိတ်ကွယ်ရာဟာ ဝေးလံခေါင်းပါးလွန်းနေလို့
ငါတို့ တယောက်နဲ့ တယောက် မနီးရဘူး။
ဒီဘဝကိုတော့
မင်းလမ်းကိုပဲ မင်းလျှောက်သွားပါလေ
နောင်ဘဝကျ
ငါတို့ ချစ်ခွင့်ရချင်ရမှာပေါ့။
အမှန်တရားဟာ
သုခဘုံနဲ့ လွဲခဲ့တယ်။ ။
မိုဃ်းဇော်
Labels:
ရင်သွေး
စိတ်လေသူ အဖေ့ရဲ့အိပ်ရာ
လူချစ်လူခင်ပေါတဲ့ စပါးခင်းလေး
လင်ဆိုးမယားများရဲ့ မြနန်းဥယျာဉ်တော်  ။
ခရမ်းပြာထက်လူ
Labels:
အိပ်ပျော်သွားတဲ့ ခြင်္သေ့
ကျူပင်က ကျူသီး သီးမိသော် ကျူပင်သေပေးရအံ့
ဝါးပင်က ၀ါးသီး သီးမိသော်  ၀ါးပင်သေပေးရအံ့
ဟမ္မူရာဘီ ကိုဓဥပဒေ သည်
မျက်လုံးတစ်လုံးဆုံးက မျက်လုံးတစ်လုံးပေးလျှော်စေ
သွားတစ်ချောင်း ကျိုးက သွားတစ်ချောင်းအလျော်ရစေ
ခိုးယူမိသော ပန်းတစ်ပွင့် အတွက်
 တစ်ပင်လုံး ခုတ်လှဲပေးရမှာလား
စာအိတ်ထောင့်လေးကို မီးရှို့ပြီး
အိတ်ပေါ်မှာတော့
ဘာမှ မရေးလီုက်ဖြစ်ဘူး
မီးခိုးခေါင်းတိုင် ဆေးပြန်သုတ်သူက သုတ်နေကြ
ထပ်ခိုးပေါ်တက်သူက တက်သွားကြ
ခြင်္သေ့တစ်ကောင် တစ်နေ့(19)နာရီလောက် အိပ်တာကို
ကိုရွှေဘုန်းလူ ဆိုသူက
လီလီပန်းရောင်းတဲ့ ဆိုင်ထဲမှာ ပြောနေတယ် ။
          ကွယ်လွန်သူကဗျာဆရာ(တာရာမင်းဝေ).
......သို့
သူရနီ
Labels:
ကျန်ရစ်သူ
ထွက်ခွာသွားတာလား
ကျန်ခဲ့တာလား
သေချာတာတစ်ခုကတော့
ငါတို့အားလုံး
သင့်ရဲ့ဓါးကိုနမ်းနေကြမှာပါ။
သူရနီ
Labels:
အသည်းကွဲသူများနေ့
ပန်းခြင်းလေးထဲ မိုင်းဗုံး မထည့်ခဲ့ပါဘူး
ကမ်းခြေဆီလည်း ကက်ထရီနာ ခွေးလေးခေါ်မလာခဲ့ပါဘူး
သဲအိမ်လေးလည်း မင်းထားခဲ့တဲ့ အတိုင်းပါပဲ ။
ကြိမ်ဒဏ် ဝေစုရတဲ့
တံခါးမှူးတစ်ယောက်ရဲ့ ဝေဒနာမျိုး နဲ့ပါ
တစ်ခါတစ်ခါ
ကိုယ့် ကိုယ်ကို မေ့လောက်အောင်
မင်းကိုမှ သတိရနေမိတယ်
အချစ်ရယ် …
မမေ့အပ်ဘူး ဆိုပေမယ့်
မေ့ပစ်ဖို့ ကောင်းတဲ့နေ့ပါ
ဒီတစ်ခါ
နှင်းများ လှနေပုံကို မသင်္ကာတော့ဘူး ။
သူရနီ
Labels:
မြစ်ကောက်ကြီး
ပုဏ္ဏားဖြူလေးသည် မြစ်ကမ်းနဖူး၌ ထိုင်၍
မြစ်အတွင်းသို့ ကျူရိုးလေးများ နေ့တိုင်းနေ့တိုင်း မျှောချလေ၏
ကျူရိုးလေးတွေမှာ
ပန်းတွေကိုတော့ သီမပေးလိုက်ဘူး
ပြီးတော့ သစ္စာပြုတယ်
ကျွန်ုပ်တို့အချစ်များ မပျက်ယွင်းသေးက
ကျွန်ုပ်ချစ်ခဲ့ရပါသော ပုဏ္ဏေးမလေးသည်
ဤမည်သော ကျူရိုးလေးတို့အား တွေ့ရှိပါစေသား…။
ပုဏ္ဏေးမလေးသည် ဘူးသီးခြောက်ရေဘူးလေးဖြင့်
နေ့စဉ်နေ့တိုင်း မြစ်စပ်၌ ရေဆင်းခပ်လေ၏
မြစ်အတွင်းမျောလာသော ကျူရိုးတို့အား
ဆယ်ယူကာ ရေချိုး၍
(တစ်လွမ်းစာတေးလေးကို ညည်းလေသည်)
ကျူဖျာလေးများ ရက်ရောင်းပြီး
လင်တော်သူ ပုဏ္ဏားအိုကြီးကို ပြုစုလုပ်ကျွေး၏
ပြီးတော့ သစ္စာပြုတယ်
ကျွန်တော်မျိုးမသည် လင်ယောကျာ်းပုဏ္ဏားအိုကြီးအပေါ်၌
ဝတ္တရား မပျက်ခဲ့ပါ
ဤသစ္စာမှန်ကန်ပါက
ကျူရိုးများသည် မြစ်အတွင်းမှ
အလိုက်သင့် ဆယ်ယူခွင့်ရနေပါစေသား . . .။
မြစ်ကြီးကလည်း သစ္စာပြု၏
‘ကျွန်ုပ်သည် ပုဏ္ဏားဖြူလေး မျှောချလိုက်သော
ကျူရိုးတို့ကို မကွယ်မယှက် သယ်ဆောင်လာခဲ့ပြီး
ပုဏ္ဏားမလေးဆီသို့ ပို့ဆောင်ပေးခဲ့သူဖြစ်ပါ၏
ဤမှန်သော သစ္စာစကားကြောင့်
သဲကိုးဖြာသော မိန်းမတို့အတတ်များ
ရရှိပါစေသား . . .။             ။
သူရနီ
ရတီ မေ ၂၀၁၀
Labels:
ညလုံးပေါက်ကဖေး
ရင်ဘတ်ကြယ်သီး
ပြုတ်ထွက်သွားအောင်ပြောလို့
မစ္စတာကိုလက်ထပ်ခဲ့
ညစ်ပေနေတဲ့ ဘွတ်ဖိနပ်အကြောင်းပြောပြီး
မစ္စစ်ကို လမ်းခွဲခဲ့
ဘုရားကျောင်းနဲ့ မလုံလောက်လို့
ညလုံးပေါက်ကဖေးတွေ
ဖွင့်ခဲ့ရတယ်.....။
သူရနီ
Labels:
ဦးမင်းလူ ကောင်းမှု
န​တ်​လူ​သာ​ဓု​ေ​ခၚ​ေ​စ​ေ​သာဝ်
ကု​က္ကို​ပ​င်၏
ေ​ကာ​င်းေ​သာ ​အ​ရိ​ပ်ေ​အာ​က်​တွ​င်
တ​ည်​ထား​ေ​သာ
ြ​ဖ​စ်​ပါ​သ​ည်
ေ​လး​တို​င်​စ​င်ေ​ထာ​င်ြ​ပီး
ဝါး​က​ပ်​ကာ ​သ​က်​က​ယ်​မိုး၍
ပွ​တ်​လုံး​လ​က်​ကို​င်​တ​ပ်​ထားေ​သာ
ချော​မွ​တ်ေ​န​သ​ည့်
အု​န်း​မှု​တ်​ခွ​က်ေ​ရ​ခွ​က်​ကေ​လး​လဲ​ရှိ​ပါ​သ​ည်
အ​ပူ​ရှို​န်ြ​ပ​င်းေ​သာ ​နွေ​ခ​ရီး​ကို
ြ​ဖ​တ်​သ​န်း​လာ​သ​ည့် ​မ​ည်​သူ​မ​ဆို
​ေ​ရ​ခြ​က္​က​ေ​လး​ကို​မူ
ခိုး​ယူ၍ ​မ​သွာြး​က​ပါနှ​င့်
သ​တ္တ​ဝါ​အေ​ပါ​င်း
ကျ​န်း​မာ ချ​မ်း​သြာ​က​ပါေ​စ
မ​င်း​လူ
Labels:
ဆိုဖီယာ
ကျွန်မဆီလာတဲ့အခါ
ရှင့်ခေါင်းထဲမှာ  တစ်လက်လက်တောက်ပနေတဲ့   အတွေးအခေါ်တစ်ခု
ဒါမှမဟုတ်  ထိလိုက်တာနဲ့  ငြိသွားမယ့်  ဓားမြှောင်တစ်ချောင်း ရှိဖို့  လိုလိမ့်မယ်
ကျွန်မ  သဘောမကျရင်
ကျွန်မ  ဆိုးထားတဲ့  နှုတ်ခမ်းနီမှာ  ဆိုင်ယာနိုက်အဆိပ်ရှိတယ်
ကျွန်မ  စိတ်လိုလက်ရရှိရင်
ရယ်မောနေတဲ့ ကျွန်မကိုယ်ပေါ်မှာ  ကမ္ဘာသစ်တစ်ခုကို  ရှင်တွေ့မယ်
ကျွန်မ  မကြိုက်တာ  ရှင်တို့ယောက်ျားတွေက
စိတ်ထဲရှိတဲ့  အကြိတ်အခဲမှန်သမျှ
လူရှေ့ သူရှေ့ မရှောင်ထုတ်ပြတတ်တဲ့
ဖောက်ခွဲရေးသမားတွေ  ဖြစ်နေတာပဲ
အခုကိုပဲ  ရှင်ဟာ  မျက်လုံးနဲ့
ကျွန်မကိုယ်ပေါ်က  အ၀တ်တွေကို  တစ်လွှာချင်း  ဆွဲဖြဲပြီး
ကျွန်မခန္ဓာကိုယ်ကို  တစ်စခြင်း  စုပ်ယူနေပြီလေ
တကယ်တော့  ကျွန်မတို့ရွေးရမှာ  နှစ်ခုထဲက  တစ်ခု
ကျေးဇူးပြုပြီး  ကျွန်မ  ကံကြမ္မာနဲ့  ကျွန်မရွာအကြောင်းမပြောပါနဲ့
ကျွန်မဆံပင်တွေ  စိမ်းချင်စိမ်း  ပြာချင်ပြာမယ်
ကျွန်မ  ပါးပေါ်ကမှဲ့  နီချင်နီ  နက်ချင်နက်မယ်
တစ်ခုပဲ
ကျွန်မဆီလာတဲ့အခါ  အခန်းတံခါးကိုဖြည်းဖြည်းပိတ်ဖို့  မမေ့ပါနဲ့
ကျေးဇူးပြုပြီး  မီးခြစ်ကလေး  လှမ်းလိုက်စမ်းပါ
ကျွန်မနာမည်  ဆိုဖီယာ . . .။                        ။
အေးမင်းစော
ပန်းအလင်္ကာ၊ မေ၊ ၂၀၁၀
Labels:
ဒီမိုးကရေစီးတယ်
အဖေလည်း ပါသွားပြီ
ဒီမိုးက ရေစီးတယ်
အဖေ့တိုက်ပုံ အင်္ကျီလေးက အရင်အတိုင်း
ဒီမိုးက ရေစီးတယ်
လျှပ်စီး အပြက်မှာ မြင်လိုက်ရတာ အစ်ကို့ လက်တစ်ဖက်လား
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်ထဲမှာ ဘောပင်လေး တစ်ချောင်း
ဒီမိုးက ရေစီးတယ်
အစ်ကို့လက်ကို စွန်းနေတာ မင်နီတွေလား
ဒီမိုးက ရေစီးတယ်
ကျည်ဆန်တွေလို ဆက်တိုက်ကျနေတဲ့ မိုးစက်တွေကြား
ထီးရှာ ထွက်သွားတဲ့ ညီလေးရဲ့ ဖိနပ်တစ်ဖက်က
ပလက်ဖောင်းပေါ် မှောက်လျက်
ဒီမိုးက ရေစီးတယ်
အဲ့ဒီဘေးမှာ သူငယ်ချင်းရဲ့ဖိနပ်
ဒီမိုးက ရေစီးတယ်
မိုးကြိုးတစ်ခု
ညီမလေးနဲ့
သူ့သူငယ်ချင်းကို တည့်တည့်မှန်တယ်
ဒီမိုးက ရေစီးတယ်
ညီမလေးလွယ်အိတ်ထဲက စာအုပ်တွေ
မိုးရေထဲ လမ်းမပေါ် မီးထတောက် နေတုန်း
ဒီမိုးက ရေစီးတယ်
စိမ်းပြီး မှောင်နေတဲ့
ကောင်းကင်ဆီက ထစ်ချုန်းသံကို လန့်ပြီး
သမီးလေးလည်း ငိုရဦးမယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးကို လက်ခုပ်နဲ့ ခံပြီး
ကိုယ့်ကိုယ်ကိုယ် သရဏဂုံ တင်တော့
အမေ မျက်ရည်ကျတယ်။ ။
မင်းထင်ကိုကိုကြီး
Teen ၊နိုဝင်ဘာလ ၂၀၁၁
၂၀၁၁ခုနှစ် အလယ်ရိုးမခေတ်ပေါ်ကဗျာဆု
Labels:
ကြာဖက်အိမ်
တဖွဲဖွဲ
အသံတိတ်မိုးရွာနေလိမ့်မယ်
ကန်ရေမျက်နှာပြင်လည်း ခဲသွားပြီ
မြက်ရိုင်းတွေ ငြိမ်ငြိမ်သက်သက် ယိမ်းနွဲ့နေစဉ်
ပြတင်းမှန်ကိုသွားခေါက်နေတဲ့ သစ်ရွက်လေး
လျှပ်အပြက်မှာ
အခန်းထဲက စာအုပ်နဲ့ဖောင်တိန်ကိုမြင်လို့
မျက်ရည်ကျတယ်။
မင်းထင်ကိုကိုကြီး
ပိတောက်ပွင့်သစ်
အမှတ်(၁)၊ ဖေဖော်ဝါရီ၊ ၂၀၀၆
Labels:
အမျှင်
ညှို့မယ့် ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ . . .။
ကိုယ်ကလွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့။
တစ်ယောက်အခွေဟာ တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ . . .။
တစ်ယောက်အမြီးကို တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုကိုယ် တွေ့တယ်။
ဖြေဆေးအတွက် ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ . . .။
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
သည်မှာတွင် အသက်ကိုအပ်ခဲ့မယ်
ကိုယ့်တွန်သံကြားလည်း လှည့်မကြည့်နဲ့တော့။
မင်းထင်ကိုကိုကြီး
Labels:
တစ်ခဲနက်
ပျံသန်းခြင်း နဲ့ စိမ်းလန်းခြင်းရဲ့
အသက်
အမွှေးအတောင်မရှိတော့တဲ့ ငှက်တွေက
သစ်ရွက်တစ်ရွက်မှ မရှိတော့တဲ့ သစ်ပင်မှာ
ဆက်နားနေတယ် ။ ။
မင်းထင်ကိုကိုကြီး
Labels:
စေ့စပ်ပွဲ
တစ်ခုခုတော့မှားနေပြီ
ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာ
အပေးအယူနဲ့ အယူအစွဲနဲ့
မူကွဲတွေ ညှိရဖို့
မစဉ်းစားခြင်း သေတ္တာဖွင့်ရအောင်း။
ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀
ဗိုလ်အောင်ဒင်ကလဲ ဗိုလ်အောင်ဒင်
ဦးဘချစ်ကလည်း ဦးဘချစ်
ခေါင်းနဲ့ပန်း ဒင်္ဂါးပြားလို
အမှန်တရားကို ဖန်ခွက်ထဲထည့်
စန္ဒယားနဲ့သေနတ်တလက်
မုန်တိုင်း နဲ့ ပန်းပွင့်
မြမြ၀င်းကို ဘယ်သူ ပိုချစ်သလဲ။
ကိုယ့်လူ
လူတိုင်းမှာ ရေစိးရေလာပုစ္ဆာတွေနဲ့
စပိတ်တစ် တစ်ချပ်နဲ့ ရှိုးရဲသလို
ပြေးရဲတာလည်း သတ္တိပဲ ။
အထုပ္ပတ္တိဆိုတာ
သူများရေးလို့မရဘူး
သီအိုရီဆိုတိုင်းလဲ
အမြဲမမှန်ဘူး
သေချာတယ်
တစ်ခုခုတော့မှားနေပြီ ။
 မင်းဆွေနှစ်(မုံရွာ)
Labels:
ပန်းချီကားများကို အမှတ်ရခြင်း
ဆေဇန်းရဲ့ ပန်းသီးတွေကိုသာ
ဗန်ဂိုးစားခွင့်ရရင်
အာလူးစားသူများ ပန်းချီကား
ဖြစ်ချင်မှ ဖြစ်လာမှာ
တဟီတီကျွန်းပေါ်
ဂေါ်ဂင် မရောက်ဘဲ
ဆူရတ်သာ ရောက်ခဲ့ရင်
ကျွန်းပေါ်က နေ့လယ်စာ ပန်းချီကား
ရေးဖြစ်ချင်မှ ရေးဖြစ်မှာ
ဆာဗေဒိုဒါလီရဲ့
အရည်ပျော်နေတဲ့ နာရီတွေကိုတွေ့လို့
အက်ဒဝပ်မွန့်ခ်ျက လန့်အော်ခဲ့တာလား
အက်ဒဝပ်မွန့်ခ်ျရဲ့ အော်သံကြားလို့
မာဆယ်ဒူးရွှန့်ရဲ့ မိန်းမပျိုလေး
လှေကားပေါ်က ပြေးဆင်းလာတာလား
ပီကာဆိုရဲ့
ငြိမ်းချမ်းရေး ချိုးငှက်များ
အရက်ဆိုင်မှာ အမြည်းဖြစ်ခဲ့ရ
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးရဲ့ မကြားဝံ့မနာသာတွေအတွက်
ဗန်ဂိုးက သူ့နားရွက်သူ ဖြတ်ခဲ့တာ
နှစ်တွေ ရာစုချီကြာခဲ့ပေါ့  ။
လှသန်း
Labels:
ရူးနေတဲ့ကမ္ဘာ
မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။
ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး
ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး
ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး
ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး
ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး
ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ
ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ
ကမ္ဘာက
ခုချိန်ထိပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ
ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့
ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ
ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ
ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်းအသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ
အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ
ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး
ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေမကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး
“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့
တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ
ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို
ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်
ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်
“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး
အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့
ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး
ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်
ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ
ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
ဟစ်တလာ”တွေက အများကြီးပဲ
တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့
ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့
ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်
“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။
လူအိမ်
ပန်းအလင်္ကာမဂ္ဂဇင်းဧပြီ၊ ၂၀၀၇
Labels:
21 August, 2015
မမလီဆာ လိုင်ဇာ ရောက်ဖူးလား
မမလီဆာဟာ “ဒိုင်းနမိုက်” ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကိုစွဲခဲ့တာ
ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့အိပ်ပျက်ခဲ့ရတယ်
မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာ မိသွားတယ်
“ဒိုင်းနမိုက်”၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ “ဒိုင်းနမိုက်”
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားက မတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
“ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ၊သေနတ်နဲ့ပစ်မယ် ချစ်သူရယ်”
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည်းပဲ
တောင်းတခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေး ယင်လုံအိမ်သာလေး
“ဒိုင်းနမိုက်”၊မမလီဆာဟာ ကျွန်တော်ရဲ့ sex symbol ပဲ
တစ်ခါ၊ “ပြည်ဝ” မှာမမလီဆာက ကျွန်တော်ကိုပဲ လက်ညှိုးထိုးပြီး
“မောင်” သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အငြိုးနဲ့ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက်၊အချောဖက်၊ငွေဖက်၊အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက်၊ ကျွန်တော်ပေါက်ကွဲပေါ့၊ဒိုင်းနမိုက်
“သေနတ်နဲ့ပစ်မယ်ချစ်သူဖရယ်”
လက်နက်ကြီးတွေ၊စစ်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ၊တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဖက်နိုင်ငံထဲ ခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ဖောရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး၊
ဒိုင်းနမိုက်။မာလာဆောင်ပြည်လမ်းရဲ့ရှေ့မှာ၊ဒိုင်းနမိုက်
မမလီဆာ၊ကျွန်တော်လက်နက်ချလို့အလင်းဝင်ခဲ့ပါပြီ
ခြေတု၊လက်တုကအစ အတုတွေတပ်ဆင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်းတင်ဆက်ဖျော်ဖြေပေးရတယ်၊ချစ်ကြည်ရေး
စင်အောက်လည်းတင်ဆက်ရပြန်တယ်၊ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ၊သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ်၊ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင်း ပြည်ထောင်စုအထွတ်အထိပ်
ရောက်မလား၊ဒိုင်းနမိုက်၊အိပ်ရာထဲမှာ ဒိုင်းနမိုက်
ဖောရင်းကလာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဖိုးနည်း တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့၊ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ်၊ ချစ်လို့ပါကွယ်
မမလီဆာ၊ ကျွန်တော့်နှလုံးသားထဲက
ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စားဒိုင်းနမိုက်၊ တဒိုင်းဒိုင်းနဲ့မိုက်တဲ့ ဒိုင်းနမိုက်။           ။
 ဇေယျာလင်း
Labels:
ငါး
ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ
ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ
အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ
ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ
ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ
အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
မြင့်မိုးအောင်
Labels:
တစ္ဆေလွမ်းတဲ့အိမ်
အတောင်စုံပြီလား
အမြဲစိမ်းဂီတတွေနဲ့ ငါ့ရဲ့လွင်ပြင်ဝါကလေးရေ...
အလွမ်းတွေနဲ့မာကျောမတ်စောက်နေတဲ့ကမ်းပါးပေါ်မှာ
တပ်မက်သူမဲ့အက္ခရာများ လွန်းထိုးပျံသန်း
ခြေထောက်ရဲ့ဇက်ဝကိးကို နိုင်နင်းပါလျက်နဲ့
လမ်းမှားခဲ့ကြရတယ်။
သန့်သက်အောင်ခါချခဲ့တဲ့မျက်ရည်စက်တွေ
ခရီးသွားတောင်တန်းပြာတွေနဲ့ရောယှက်
အဆိပ်ခွက်တစ်ခွက်ကတော့ ဖိတ်စင်သွားခဲ့ရပြီ
ညီခွင့်မရခဲ့ကြပါဘူး
ဆူးရစ်သဖူတစ်ခု၊ ကားတိုင်တစ်ခု၊ ပုန်းရည်တစ်ခွက်နဲ့
ထွက်ပေါက်မဲ့ဝါကျတွေကသာ
ဆွေးမြေ့ရင့်အိုလို့ ။
နေသားကျခွင့်တွေကတော့ အလိုမတူဘဲ တဖွေးဖွေးရွာကျလာခဲ့ပြီ
အမိုးအကာမဲ့ ခိုက်ခိုက်တုန်အားတင်းရင်း
နံနက်ခင်းပြတင်းပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက်
အရူးတစ်ယောက်လို လိုက်ဖွင့်နေခဲ့မိတယ်
ဘယ်လိုမှဆောက်တည်လို့မရတဲ့အတူတူတော့
မြက်ခင်းလေးတွေစိမ်းနေပါစေလေ
တစ်ခုပဲ မှတ်ထားပေးပါ
တစ္ဆေတွေလည်း လွမ်းတတ်ကြပါသေးတယ်။ ။
မနော်ဟရီ
Labels:
လက်ကားယားခြေဆန့်
ခြေနှစ်ဖက်ကတော့ လှုပ်နေတယ်
ဒါဟာသေသူ ဟုတ်ရဲ့လား
ခြေလှုပ်တဲ့အလောင်းကို ကျွန်တော်
မကိုင်ဖူးဘူးဗျာ
ခြေနှစ်ဖက်က လှုပ်နေတယ်
ဒါဟာဖြစ်တတ်တယ်
အအေးခန်းထဲ အကြောဆွဲကြတယ်
ဒါဟာဖြစ်တတ်တယ်
တချို့များ
တစ်ကိုယ်လုံးမတ်ထပြီး
အော်ကြတယ်
မသေချင်သေးဘူး မသေချင်သေးဘူးတဲ့
ပြီးတော့လည်း အိပ်မက်ဆိုးမက်သလို
ပြန်အိပ်သွားကြတယ်
ဟုတ်ကဲ့
ကျွန်တော်ဟာ ရင်ခွဲရုံတာဝန်ခံပါ
ဒါတွေ ကျွန်တော့်အတွက် ရိုးနေပါပြီ
သြော့့်   ဒါနဲ့
အဲဒီခြေထောက် ဘာကြောင့်လှုပ်နေတာပါလဲရှင်
သူလှုပ်ချင်လို့ လှုပ်တာပါပဲ
ပြီးရင်လှုပ်ရင်လှုပ်
မလှုပ်ရင် ထ ပဲ့ 
ဒါမျိုးတွေ ရိုးနေပါပြီလေ
ဇေယျာလင်း
၁၀ နိုဝင်ဘာ ၂၀၀၃
Labels:
လက်တဖက်ကိုမြဲနေအောင်ကိုင်ထား
မင်းနေနေတဲ့ ကမ္ဘာကြီးက လည်တယ်
မထင်ရတဲ့ကောင်တွေက လည်တယ်
ဟိုသွားဒီလာသမားတွေ လည်တယ်
ကံအကြောင်းတရားတွေ လည်တယ်
လက်တဖက်ကို မြဲနေအောင် ကိုင်ထား၊
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
တိုးရင်းနဲ့ကလိုက် ကရင်းနဲ့တိုးလိုက်
လက်တစ်ဖက်ကိုတော့ မြဲနေအောင်ကိုင်ထား၊
ဂါတွေက ဘလပ်ွထက် ပိုနူးနေတယ်
အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ်
လက်တစ်ဖက်ကိုအပြင်မထုတ်နဲ့
တစ်ခုခုကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို တန်ဖိုးရှိရှိ အသုံးချ
ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်
ဝှက်ယူလာတဲ့ ဓါးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား
ကိုယ့်အသက်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို အလိုမလိုက်နဲ့
နားညည်းလိုက်တာ ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ခပ်သွက်သွက်လှုပ်ရှား
အရောင်းအ၀ယ်စာချုပ်ကို မြဲနေအောင်ကိုင်ထား
လက်တစ်ဖက်ကို လက်တစ်ဖက်အလျော်ပြန်ပေး
ချစ်စွာသော ဇနီးလေးကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက်
ရေဗူးနဲ့ ဖိနပ်ကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်လိုပဲ ဆက်ဆံ
ကိုယ့်လမ်းကိုယ်သွားကို မြဲနေအောင်ကိုင်ထား၊
မှတ်ထား
လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား။       ။
မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၅
Labels:
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
တချို့ငိုလိမ့်မယ် တချို့ရယ်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ပြီးရင် ဘယ်သူမှယုံကြမှာမဟုတ်ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဝံပုလွေအိုကြီးတွေအူလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
နီယွန်မီးရောင်တွေ စူးစူးရဲရဲလင်းနေလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
မြို့ကြီးပေါ် မိုးတစိမ့်စိမ့်ရွာလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ခွေးသွားစိတ်တွေ တ၀ီဝီလည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သော့တွေအားလုံး ပွင့်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ညနေခင်းကြယ်ကို လူတွေမြင်တွေ့ရလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဗုံတစ်လုံး (၀က်ဝံအရေပြားနဲ့ ကျက်ထားတာ)
သူ့အလိုလိုမြည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သူကတော့ နားနှစ်ဖက်ကိုပိတ်ထားမှာပဲ
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ငါတို့ဟာ ငါတို့မဟုတ်တော့ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
အသံလှိုင်းသက်သက်သာ ကျန်ရစ်ခဲ့မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
နေမျိုး
Labels:
အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့
နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။
နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။
နေမျိုး
Labels:
ချေဂွေဗားရား
လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့ ဘာဆန်းလို့တုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။
လူဆိုတာ ကျည်ဆံနဲ့မသေလည်း
နောက်တစ်နည်းနဲ့သေချာပေါက် သေရမှာ သေချာ။
ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတစ်အိုး ပြူတ်ကျလာပြီး သွေးအိုင်ထဲ နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။
ဥပမာ
ပင်လယ်ရဲ့ ညနေဆည်းဆာကိုထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့ ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။
ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ ဒဏ်ခံကြိုးတစ်ချောင်းဆီကပြတ်ထွက်
ညဘက် ဒေတာတစ်ခုလုံး နံရံတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။
ရပါတယ်။
မရတာက
ခင်းဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲကဆေးထိုးအပ်ကို လွတ်ကျစေခဲ့တာပဲ။
ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။
လူဆိုတာ လူကိုကာကွယ်ရမယ်။
ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာသက်သေခံအထောက်အထား အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။
ဒီ့နောက်မှာ ကျုပ်ဦးထုပ် ခင်ဗျားတို့ခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည် ဟာ တော်လှန်ရေးရဲ့သင်္ကေတတစ်ခုဖြစ်သွားမှာကို ကျုပ်မသိ။
လူငယ်တို့
အရေပြားပေါ် ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့ တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တစ်ချက်ခြင်းသွားနေတဲ့ နာရီတစ်လုံးထဲက စက္ကန့်တံတစ်ချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတစ်ဦးအဖြစ် ကမ္ဘာထဲ ဆက် သွာနေလိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။
ကျုပ်ဇနီး အလိုင်ဒါ ကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်း နောက်အိမ်ထောင်ပြုလိုက်လို့။
ကဲ တစ်ချက်တည်းနဲ့ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို့
တစ်ချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတို့ကို အော်ပြောလိုက်တဲ့ အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ ပြန့်ကျဲ နေဆဲလေ၊ မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။ ။
                                                                                             ခရမ်းပြာထက်လူ
                                                                                              ၂   ၀   ၁   ၂
Labels:
ပါကေးခင်းခြင်း
မူလဖွဲ့စည်းမှုတွေထဲက ပေါ့ဆမှုနဲ့ပျင်းရိမှု
ကံအားလျော်စွာ ပထမစာကြောင်းကို အထက်ပါအတိုင်း
ကိုးကားထားတာတွေထဲက တင်ဆက်မှုဆိုတာအမျိုးမျိုးနဲ့
ကုန်စည်ဝန်ဆောင်မှုတွေကြား၊ အခြားပေးချေမှုတွေလို
ရွေးချယ်ခြင်းဟာ အရမ်းမျှော်လင့်လို့မရတဲ့ ရှင်ကိန်းသဘော
ထိုအခါ မျက်လုံးအတန်ငယ်ပြူးသွားရာမှ မျက်နှာတွင်
အပြုံးရိပ်သန်းလာတဲ့ အင်အားနည်းငလျင်တခု
အမှတ်မထင်ပြုလုပ်သွားတာကို မိမိတို့မသိလိုက်ဘူးပေါ့
ဖြစ်တည်မှုအိပ်ပျော်တဲ့အခါ လူဟာမနီးဘူးဖြစ်နိုင်တယ်
ပူဆွေးတောက်လောင်မှုတွေထဲက လင်းလက်နေတဲ့
ဘဝတဲ့လား
ဘာသာဘာဝ ပုတီးစိတ်နည်းတွေသင်ယူခဲ့စဉ်က တစ်လုံးချင်း
လိုက်မှတ်ရတဲ့ သက်ဆိုင်ရာစိတ်စောကြောမှု
အခြားဖွဲ့စည်းခြင်းတွေ
မိမိနဲ့စတင်လိုက်တယ် ပန်းတိုင်ပေါက်မြောက်မှသာ သူ့အလိုလို
ပြန်လာမှ၊ အချိန်မတန်သေးဘဲ ပေါက်ချလာမှ မဟုတ်ပါဘူး
သေချာပါတယ် ဒီအတောအတွင်း ဖုန်းဆက်ရင်
အိမ်ပြန်ဖို့ မပြန်ဖို့ကိစ္စ၊
ကိစ္စတွေ ဘာမှမပြောဘဲ ဇက်ကြောမတက်ရေးကိုသာ
အဓိက ပေးလိုက်ပါတယ်၊
အနာဂတ်အခြေပြ တတိယနဲ့ စတုတ္ထကွက်လပ်
ဖလားနံပတ်ကို ကိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်နေတဲ့
ဝပြောပြည့်စုံမှု၊ ပူးတွဲခြင်းထဲ အချက်အလက်အပြင်မှာ မဖွင့်လို့
ဘာမှမတွေ့ရဘူး၊
အခြားပြစ်မှု ဖြစ်တတ်တာတွေရဲ့ လိုင်းခွဲတိုင်းမှာ
ရွေးချယ်ခြင်းဟာ ဖျူးစ်၊ လိုအပ်ရင်
သူက ဦးဆုံးဖြတ်တောက်ပေးရတယ်
ဖျူးစ် ဟာ အရမ်းတင်းမာနေရင် လျှပ်စီးကူးပြီး ရှော့ခ်ရှိတယ်
ဝါယာ တဆက်တည်းပဲ
စောကြောမေးမြန်းမှုပြုလိုက်ပါတော့မယ်
ညှော်နံ့
ပိုက်ဆံဖြုန်းရန်မဟုတ်ဘဲ ဖျူးစ်တွေနဲ့ ဖူးသစ်ခြင်းပါ
ဒီစာကြောင်းကိုတော့ ဘာမှမပြုလုပ်လိုတော့ဘူး ... ဖျူးစ်
ကျွန်တော်တို့အရှိတရားထံပါး ပြန်သွားကြရန်
ကိုယ့်မှာ ဘာမှလည်း
မရှိဘူးဆိုရင် မျက်ရည်တွေကျနေတဲ့စက်လိုအထပ်ထပ်
ပြုပြင်ပြောင်းလဲခံစားမှုကြီး သတိထားမိရင် ပြန်မတ်သွားတယ်
မပြောပါနဲ့မပြောပါနဲ့ပြော ပြော နေရတဲ့ ပြောသာပြော
ဖျူးစ်အသစ်လဲရမယ်၊ ကိုစိန်သာ ကဗျာရေးသူမဖြစ်ခဲ့ရင်ပေါ့
အစွန်းရောက် နှစ်ကောင်ကွေးသွားရင်
သုညတစ်လုံးထပ်တိုးလာတယ်
မိမိရဲ့ တစုံတရာ တစ်စချင်းဆီကနေ ပုံစံဒီဇိုင်းဆင်ထားတဲ့
ပါကေးခင်းခြင်းဖြစ်ပါစေ။ ။
ဝင်းမြင့်
Labels:
ဇန္နဝါရီ(၄)ရက်
အဲဒီနေ့ဟာ
သူကိုယ်တိုင်ကလဲ လှနေသလို
အများသူငါကိုလဲ လှစေချင်တဲ့နေ့။
အဲဒီနေ့ဟာ
သူကိုယ်တိုင်ကလဲ ရဲစွမ်းသတ္တိရှိသလို
အများသူငါကိုလဲ ရဲစွမ်းသတ္တိရှိစေချင်တဲ့နေ့။
အဲဒီနေ့ဟာ
ပန်းပုထုခံရတဲ့ သစ်တုံးတတုံးလိုတော့
အသေမခံချင်ပဲ
အသီးအပွင့်တွေဝေဆာနေတဲ့ ပင်စည်တခုလို
ရှင်သန်ကြီးထွားချင်တဲ့နေ့။
အဲဒီနေ့ဟာ
အဖိုးအဖွား အဖေအမေ
ညီအစ်ကိုမောင်နှမတွေအားလုံးက ချစ်တဲ့နေ့
တောင်ကုန်းတောင်တန်းနဲ့ မြေပြန့်လွင်ပြင်တွေအားလုံးက
ချစ်တဲ့နေ့
မြစ်ချောင်းအင်းအိုင်နဲ့ စိမ့်စမ်းတွေအားလုံးက ချစ်တဲ့နေ့
နေရောင်လရောင်နဲ့ကြယ်ရောင်တွေအားလုံးက ချစ်တဲ့နေ့
ခင်ဗျားလဲ ချစ်တဲ့နေ့
ကျွန်တော်လဲ ချစ်တဲ့နေ့
သူလဲ ချစ်တဲ့နေ့။
အဲဒီနေ့ဟာ
လှောင်ချိုင့်ထဲက ကြက်တူရွေးတကောင်လိုတော့
အိပ်ငိုက်မနေချင်ဘဲ
ကောင်းကင်ထဲက ချိုးငှက်တကောင်လို
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်
တောင်ပံခတ် ပျံသန်းချင်နေတဲ့နေ့။ ။
ကွန်စစ်ကောင်း
Labels:
မြစ်ဆိပ်
နွားတွေက
သူ့ခြေရာပေါ်နင်း
သူက
နွားခွာရာတွေပေါ်နင်းနဲ့
အဲဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကိုဆင်းသွားလိုက်ကြတာ
လူကဦးဆောင်တာလား
နွားတွေကဦးဆောင်တာလား။
နှင်တံကိုထောက်မှီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့
ကမ်းပေါ်က သူ့ရုပ်ပုံ
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။
မောင်အောင်ပွင့်
Labels:
ဇာတ်လိုက်
သူ့ကိုယ်သူ အစအဆုံးမရှိ ဖြန့်ခင်းထားပုံက စနစ်တကျနဲ့ ပရမ်းပတာ ဆန်နေလွန်း …
သီအိုရီ အဟောင်းအမြင်းတွေကို ထားခဲ့လိုက်ဖို့ နည်းနည်းတော့ အချိန်တန်နေပြီ …
ဖျတ်ကနဲ ကွဲအက်သွားတဲ့ မှန်ပြင်က ရေစီးကမ်းပြိုရာသီဥတု
အားလုံး အကုန် အတုဖြစ်ကြောင်းဆိုတယ်
ဒါဆို ဘာက အစစ်လဲ … ကိုယ်က အစစ်လား …သူကအစစ်လား . . .
အတု ဆိုတာကရော ဘာလဲ ….?????
မေးခွန်းတွေကို ခင်ဗျား မကြားလိုက်ဘူး မဟုတ်လား … ရှိစေတော့ …
ခင်ဗျားမှာ နားအစစ်တွေ မရှိတဲ့အကြောင်း  ဘယ်သူ့မှ လိုက်ပြောဖြစ်မှာမှ မဟုတ်တာ …
ကိုယ်ကိုယ်တိုင်တောင် မကြားနိုင်တဲ့နောက် …
ဘယ်သူ့နှလုံးသားကိုမှ မထိရှနိုင်တော့တာ ဆန်းသလား . . .?????
ခါးခါးသက်သက် အတွေးတွေနဲ့ အနည်ကျ နေထိုင်ရတာ ကြာလာတော့
ကိုယ့်ကို ဖြတ်ဖြတ်ရိုက်လာတဲ့ လက်ဝါးတွေကိုပဲ
နာရီချိန်သီးတစ်ခုလို ချစ်မြတ်ရိုကျိုးချင်လာခဲ့ … … …
ဟေ့လူ… နည်းနည်း ငြိမ်ငြိမ်နေလို့ မရဘူးလား … ခင်ဗျား အသက်ပြင်းပြင်း ရှူလိုက်တိုင်း …
စိတ်တွေလှိုင်းထ … ပစ္စကကို ပြန်ပြန်ရောက်လာရတာ သိပ်အရသာ မတွေတော့ဘူး …
မီးရောင်အောက်က ဇာတ်ညွှန်းအတိုင်း ကရမယ့် အခန်းစဉ် … အမှတ်တစ်ဆယ့်သုံး …
မိတ်ကပ်အမြန်ဆုံးလိမ်းမယ် … သေနတ်မှန်း သိသာထင်ရှားစေမယ့်
သေနတ်တစ်လက်ယူမယ် …
ဆွတ်ပျံ့ တမ်းမောဖွယ်ရာ လွမ်းသူ့နှင်းဆီဖြူလေး တစ်ခင်းလည်း လင်းနေပစေ …
သီချင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ကိုတော့ ထားခဲ့လိုက်တော့
(ပျင်းစရာကောင်းလောက်အောင် အက်ကြောင်းတွေ ထပ်နေခဲ့ပြီ …)
ပြီးရင် … လူတွေ ပြောကျန်နေခဲ့ရမယ့် ဇာတ်အနာဆုံး ဇာတ်ညွှန်းတစ်ကွက်
အားလုံးစုံရင် … နားထင်မှာ ထောက်ထားတဲ့လက်ကို ဖြုတ်ချပစ်လိုက်တော့မယ် …
ငါကမ္ဘာလုံး ပြန်ဆုံခွင့်မရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်နဲ့တင်
ထိုက်တန်လွန်းနေခဲ့လိမ့်မယ် …။
                                                                             မနော်ဟရီ
Labels:
အသည်းကွဲဝက်ဘ်ဆိုက်
သူ့ အပြုံးဟာ တံတားကြီးတစ်ခုဖြစ်မယ်လို့ ငါ မသိခဲ့ဘူး
ငါ မသိတာတွေ အများကြီးနဲ့ ကမ္ဘာကြီးပါ
ငါဟာ ကြီးကြီးကျယ်ကျယ် ကဗျာတွေတော့ ရေးတက်တယ်
ရိုးရိုးလေးပဲ တွေးပြီး
လွယ်လွယ်လေးပဲ အဆုံးသတ်လေ့ရှိပါတယ်
ချစ်တယ်ဆိုတာ ခက်လို့လား
သုခမိန်လှိုင်
IDEA။ ဖေဖော်ဝါရီ ။ ၂၀၁၁
Labels:
20 August, 2015
စစ်ပွဲများ ( ၆ )
လှည်းအစီး ၅၀၀ ကိုတစ်ကောင်တည်းနဲ့ဆွဲနိုင်တဲ့ ခွန်အား
ငါတို့မှာရှိတယ်။
ဖရုဿဝါစာတွေ မပြောပါနဲ့။
တိုင်းပြည်တစ်ပြည်ကို တိုင်းပြည်တစ်ပြည်ပေါ်ထပ်တင်နှိင်တဲ့
တစ်ယောက်ကို စစ်သည် ၁သိန်းနဲ့ညီမျှတဲ့အင်အား ငါတို့မှာရှိတယ်
သေနတ်တွေနဲ့ ချိန်မထားပါနဲ့။
ငါတို့မှာ
သမိုင်းရှိတယ်
သာသနာရှိတယ်
ဘယ်တော့မှ သုံးမကုန် ဖြုန်းမကုန်တဲ့ သယံဇာတတွေနဲ့
ယဉ်ကျေးမှုအမွေအနှစ်များစွာရှိတယ်။ ပြီးတော့
အချိန်မရွေး ထွန်းလွယ် ဖွားလွယ်တဲ့ ထွန်းကားတဲ့လူ့အရင်းအမြစ်တွေရှိတယ်။
ငါတို့မှာ ဆယ်သက် ဆပ်မကုန်တဲ့ဒဏ်ရာဒဏ်ချက်တွေရှိရင်တောင်
ငါတို့ရဲ့သွေးဆာမှုအစာအိမ်က ကျေလွယ် ပျောက်လွယ် ပျက်လွယ်။
အသံတွေ စစ်ချကြည့်ပါလား
စစ်မလိုဘဲ အချစ်လိုနေတဲ့ ရွှေတုံးရွှေခဲတွေ၊
ငရဲနဲ့ဖောင်းကားပြီး
လေခိုနေတဲ့ပေါင်မုန့်လို လူသေဆန်နေတဲ့ငါတို့ကိုတွေ့ရမယ်။
ဘယ်နေရာနင်းနင်း
သနားစရာ သေဆုံးသွားလေတဲ့ ဘိုးဘွားတွေရဲ့ ညည်းညူးသံတွေနဲ့
သနားစရာ ဆက်လက်ရှင်သန်နေရတဲ့ သား မြေး မြစ်တွေရဲ့ငိုသံတွေကို ကြားရမယ်။
ဂျပန်နဲ့ရတယ်
အင်္ဂလိပ်နဲ့ရတယ်
ဇာတ်တူသား မစားချင်တဲ့ ငါတို့ရဲ့ မီးရိုးဖလာစိတ်ကိုမှ
(ခင်ဗျားတို့)
အပျိုရည်ပျက်အောင် ၀ိုင်းဖျက်ခဲ့လေခြင်း ။ ။
                                                                                       ခရမ်းပြာထက်လူ
Labels: ,
စစ်ပွဲများ ( ၅ )
တစ်ယောက်နဲ့တစ်ယောက်မသိကြပဲ လှံစွပ်နဲ့ပြေးထိုး
ပြီးမှတစ်ယောက်အိပ်ကပ်ထဲက မိသားစုဓါတ်ပုံ တစ်ယောက်
ထုတ်ကြည့်ပြီးဝမ်းနည်းကြရတယ်။
ပစ်ကွင်းထဲမှာ
ဒါ သူ့သားလေးနမ်းနေကြ နဖူးလေးများလား။
ပစ်ကွင်းထဲမှာ
ဒါ သူ့သမီးလေးနမ်းနေကြ နဖူးလေးများလား။
မစဉ်းစားနဲ့
ငါတို့က လက်ဖြောင့်သေနတ်သမားတွေ။
မနေ့က ပန်းအိုးကျကွဲတယ်။
ညက အိပ်မက်ဆိုးတွေမက်တယ်။
ဘုရားစင်ရှေ့အလီလီထိုင်ကာ အိမ်ရှင်မ ငါးသက်စေ့ သွားသွားလွှတ်နေခဲ့ရပေါ့။ ။
                                                                                              ခရမ်းပြာထက်လူ
Labels: ,
စစ်ပွဲများ ( ၄ )
အာဖရိကရဲ့မြက်ခြောက်ပင်တွေပေါ်မှာ
အရေပေါ်အရိုးတင်ထားတဲ့ ကလေးငယ်တစ်ယောက်ထိုင်နေတယ်။
သူ့နောက်ကျောမှာ လင်းတငှက်တစ်ကောင်
သူ့ရဲ့ညစာကို စိတ်ရှည်လက်ရှည်စောင့်လို့။
တ၀ုန်းဝုန်းပေါက်ကွဲသံတွေထဲကပြေးထွက်လာတဲ့လျှာတစ်ချောင်းက
သူ့ခန္ဓာကိုယ်ပေါ်က အ၀တ်စတွေကိုစိတ်ကြိုက်စားသောက်လို့။
မီးတောက်များတန်းလန်းနဲ့ပြေးထွက်လာတဲ့
အဲ့ဒီ ဗီယက်နမ်ကလေးမလေးရဲ့ကိုယ်လုံးတီးဓါတ်ပုံ
နယ်ခြားမျဉ်းတွေကိုခုန်ကျော်လို့ ကမ္ဘာပေါ်ပုံလဲကျသွားတယ်။
ဘုရားသခင်
မိုးရိပ်မိုးငွေ့တွေသန်းလာတဲ့အခါ ဘာလို့မှန်းမသိ
ကျွန်တော်ငိုချင်လာမိတယ်။
စစ်ရိပ်စစ်ငွေ့တွေသန်းလာတဲ့အခါမှာတော့
ကျွန်တော်ဟာ
အဖိုးအဖေနဲ့အမေတို့ရှိရာသင်္ချိုင်းမြေဆီတဟုန်တိုးပြေး
သူတို့အုတ်ဂူတွေကို
ခွေးတစ်ကောင်အမဲရိုးရှာသလို အသည်းအသန်ယက်ကန်ကာဖွင့်
တစ်ကိုယ်လုံးတစ်ဘ၀လုံးပစ်ဝင်
စစ်ကိုအပြီးဝင်ရှောင်ပုန်းနေလိုက်ရတာ
ဒီနေ့အထိ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ထုတ်လို့မရတော့ဘူး။ ။
                                                                                         ခရမ်းပြာထက်လူ
Labels: ,
စစ်ပွဲများ ( ၃ )
စစ်ဘိနပ်တွေက ကျွန်တော့်ခါးရိုးပေါ်မှာ
စစ်ချီတေးတွေသီလို့ လျှောက်နေကြတယ်။
အများသူငါ ဆာနေတဲ့လမ်းမတွေပေါ်မှာတော့
သံချပ်ကာတင့်ကားတွေ ဥဒဟို ဖြတ်မောင်းလို့။
နှင်းဆီနံ့ စံပယ်နံ့ ကံ့ကော်ပန်းနံ့တွေအစား
ပတ်ဝန်းကျင်တစ်ခုလုံး ယမ်းခိုးယမ်းငွေ့တွေ ရမ်းကားနေ။
မော့ကြည့်လိုက်တော့
ကောင်းကင်ပြင်ကြီးထဲမှာ
ကားစင်တင်ခံရမယ့် လူ့သမိုင်းကြီးတစ်ခုဟာ စီးမျောလို့။ ။
                                                                     ခရမ်းပြာထက်လူ
Labels: ,
စစ်ပွဲများ ( ၂ )
အဲ့ဒီ ဂစ်တာလေး မ၀ယ်ပေးရင်လည်းနေတော့
မုန့်ဖိုးမရှိလို့မပေးနိုင်ရင်လည်းရပါပြီ၊ အမေသာပြန်လာခဲ့ပါတော့။
ညီလေး ရပါတယ်ကွ
အစ်ကို့ဗလာစာအုပ်တွေ မင်းကြိုက်သလောက်ဖြ၊ဲ လာလေကွာ လာပါ။
အဖေ
ကျွန်တော် နောက် ဘယ်တော့မှကျောင်းမပြေးတော့ဘူး ဟုတ်လား။
နွေရာသီ ကျောင်းပိတ်ရက်တွေရောက်ရင်
အဖေ့လယ်နဲ့ကိုင်းတွေကိုဝင်ကူပေးဦးမယ်။
အဖေလည်းပြန်လာပါ။
ကျွန်တော်တစ်ယောက်တည်း
ကန်စင်းရိုးတွေအတိုင်း အဲ့ဒီလိုအော်လိုက်ရင်
ကျွန်တော့်အသံ သတင်းစာတွေထဲရောက်သွားနိုင်မလား။
ဂျပန်ပြည်က ဆူနာမီလှိုင်းကြီးအော်တက်လာသလို
ကျောင်းစာအုပ်မျက်နှာဖုံးပေါ်ကပါလာတဲ့
အက်ဝပ်ခ်ျမွန့် ပန်းချီကားထဲကအော်သံအတိုင်း၊
ကျွန်တော်
နေ့တိုင်း သူတို့ကို ပြန်လည် အော် ခေါ်ယူနေခဲ့ မိတယ်။ ။
                                                                          ခရမ်းပြာထက်လူ
Labels: ,
စစ်ပွဲများ ( ၁ )
အဖေ ရှေ့တန်းတိုက်ပွဲကပြန်လာပြီဆို
ကျွန်တော်တို့တစ်အိမ်လုံး မီးကုန်ယမ်းကုန်ပျော်ကြတယ်
ဘာဘီကျူးမီးပုံကြီးအောက်မှာ
အဖေ့ပခုံးပေါ်ကကြယ်တွေ တလက်လက်တောက်ပ
အမေက
အဖေ့ဦးထုပ်ကိုအသာအယာလှမ်းချွတ်ကာ
ခြေဖျားလေးအသာထောက် အဖေရဲ့ နဖူးကိုညင်ညင်သာသာလေးမော့နမ်းလို့
ကျွန်တော်တို့က
အဖေ့ပေါင်ပေါ်ကိုအလုအယက်တက်ထိုင်ကာ
အဖေ့ရင်ဘတ်ထဲတိုးဝင် အဖေ့အောင်ပွဲတွေကိုအငမ်းမရတူးစွခဲ့ကြတယ်
ဘေးအိမ်ကရေဒီယိုထဲမှာတော့
ခြေပြတ်လက်ပြတ်တွေ
မိဘမဲ့သွားတဲ့ကလေးတွေ
ပျောက်ဆုံးနေတဲ့အလောင်းတွေနဲ့
အပျက်အစီးတွေအကြောင်း တစ်ညလုံးတင်ဆက်လို့ ။
                                                                 ခရမ်းပြာထက်လူ
Labels: ,
သေတမ်းစာ
ငါသေရင်
ငါ့မိန်းမကပဲ ငိုငို
ငါ့သားသမီးတွေကပဲ ငိုငို
ငါ့ညီအစ်ကိုမောင်နှမတွေကပဲ ငိုငို
ငါ့အသိမိတ်ဆွေတွေကပဲ ငိုငို
မင်းကငိုလို့မဖြစ်ဘူး
စိတ်ကိုခိုင်ခိုင်ထားပါ
ကျန်းမာအောင်နေပါ
ရှေ့ရေးကိုပဲတွေးပါ
မင်းမှာ
ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေ
အများကြီးရှိနေသေးတယ် ငါ့ကဗျာ။   ။
ကွန်စစ်ကောင်း
 ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ၊ ၂၀၀၉
Labels:
ပန်းတိုင်
မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တစ်ထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာဘာမှမရှိဘူး။
မောင်သိန်းဇော်
Labels:
နေဝါရီ
အဲဒီသစ်ခြောက်ပင်လေးက
နေ့စဉ် မုန့်ဖုတ်သတဲ့
ပြီးတော့ ကဗျာလည်း ရေးသတဲ့
သူ့ကဗျာထဲမှာ
ကားတွေအတက်အဆင်းများလှတယ်
လှိုင်းအတွန့်တွေလည်း မေ့လျော့နေလွန်း
အိမ် မ ရှိ ဘူး ကွယ်
နှင်းတစိုစိုနဲ့ ကလေးနှစ်ယောက်တောင်
ရနေပါပြီဆိုတဲ့ မနက်ခင်းလေး
သူဆွတ်ဖို့ ငါ့ အသံတွေ ပေးခဲ့ ၊၊
မောင်သိန်းဇော်
Labels:
တစ်နေ့မှ မေ့မရသူလေးသို့
လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။
မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း
တောင့်ခံထားရသူပါ။
ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။
   ပိုင်စိုးဝေ
  ကလျာဒီဇင်ဘာ၊ ၁၉၉၇
Labels:
ပင်လယ်
သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။
နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း
Labels:
ကျွန်တော်နှင့် မဝင်းမေ
သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်
သူ့ငိုသံတစ်ဝက် ကျွန်တော်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက် ဖြစ်သွားတယ်
သူ့ပိုက်ဆံတချို့ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးက မြို့လေးတစ်မြို့
သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။
နေမျိုး
Labels:
ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့
စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။
မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ
Labels:
ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး
စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။
မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။
တာရာမင်းဝေ
မိုးခေါင်လို့တီးတဲ့ဗုံသံမှ
Labels:
မျက်နှာကြက်
ငါ အပေါ်ကို မော့ကြည့်တယ်
မျက်နှာကြက်က ငုံ့ကြည့်တယ်
ငါ အိပ်တယ်
မျက်နှာကြက်က မအိပ်ဘူး
ငါ တရေးနိုးတယ်
မျက်နှာကြက်က သင်္ချာတွက်နေတယ်
ငါ အိမ်အောက် ရေဆင်းသောက်တယ်
မျက်နှာကြက်က လှေကားရင်းအထိ လိုက်ပို့တယ်
ငါ နောက်ဖေးတံခါးကို ဖွင့်တယ်
ပန်းရနံ့တစ်ခုခု ရတယ်
အဓိပ္ပာယ်ရှိရှိ
အူနေသောခွေးကို အပြစ်ဆိုစရာ မရှိ
ငါ လှေကားအတိုင်း ပြန်တက်လာတယ်
မျက်နှာကြက် မရှိတော့ဘူး။
ခင်ဇော်မြင့်
Labels:
ဒီကမ္ဘာ နဲ့ ဇီဇဝါ
ဒီကမ္ဘာမှာ မနေလို့
ဘယ်ကမ္ဘာမှာ သွားနေရမှာလဲ။
ဒီအသက်အရွယ် ရောက်ခဲ့
ဒီဆံပင် ဖြူခဲ့
ဒီမျက်ရည် ပူခဲ့
ဒီကျီးမည်းပြီး နောက်ထပ်ကျီးမည်းများ။
ဒီကမ္ဘာမှာ ဇီဇဝါပင်တွေ ရှိတယ်
ဇီဇဝါပင်တွေက ကြွေလည်းမသေတဲ့ ကဗျာကို ရေးကြတယ်။ ။
ခင်ဇော်မြင့်
Labels:
သင့်‌မှာ‌ကော်‌ဖီတစ်‌ခွက်‌ရှိသည်‌ဆိုပါစို့
နံရံ‌ပေါ်‌လောင်းချမလား
အ‌ငွေ့တ‌ထောင်း‌ထောင်းပန်းချီကားအဖြစ်‌
နှင်းဆီပန်းအိုးထဲသွန်‌မလား
ဆူး‌တွေအိပ်‌ငိုက်‌မ‌နေ‌စေဖို့
ခန်းဆီး‌နောက်‌က‌သေနတ်‌သမားကိုလှမ်းပက်‌လိုက်‌
‌မွှေးပျံ့ပြင်းရှ‌သောသိုင်းကွက်‌
စမ်း‌ချောင်းထဲတစ်‌စက်‌ချင်းချကြည့်‌
ငါးမျှားချိတ်‌‌တော့မပါ‌စေနဲ့‌ပေါ့
‌ကောင်းကင်‌ဆီ‌မြှောက်‌ကြဲလိုက်‌‌လေ
အညို‌ရောင်‌မိုးစက်‌‌တွေ
ခွက်‌ကိုလက်‌နဲ့‌တောက်‌ကြည့်‌
ဂယက်‌‌တွေဂယက်‌ရိုက်‌သွားပုံ
မီးလုံးတစ်‌လုံးနှစ်‌ထားကြည့်‌ပါလား
ရှင်‌ပြန်‌ထ‌မြောက်‌ခြင်းအလင်းဆန်‌ဆန်‌
ပါဆယ်‌ထုပ်‌၊ တွင်းတူးပြီး‌မြေကြီးထဲမြှုပ်‌
သူ့အရိုးစုကို‌လေ့လာမယ်‌
အဆိပ်‌ခတ်‌ပြီး‌ရေခဲ‌သေတ္တာထဲထည့်‌ထား
ဘယ်‌သူဖွင့်‌‌သောက်‌သွားမလဲ အပျင်း‌ပြေကစားနည်း။
ကိုယ်‌တုံးလုံးချွတ်‌ထားတဲ့ မီရီဒို ဟာ
သူ့အ‌ဖေကဗျည်းတိုင်‌‌ရှေ့မှာထိုင်‌ပြီး
သူ့ခန္ဓာကိုယ်‌အစိတ်‌အပိုင်း‌တွေကိုလက်‌ညှိုးနဲ့‌ထောက်‌ပြ
-အ‌ဖေ‌ရေ ဒါက…ဘာ ဒါက…ဘာ
ဒါ‌တွေအားလုံးမှာအ‌ဖေ့ဗီဇ‌သွေးတစ်‌၀က်‌စီပါ-
အဲ့ဒီ့မြင်‌ကွင်း‌ကြောင့်‌‌ခြောက်‌ခြား‌နေတဲ့သူ့ညီမကို‌တော့
‌တော်‌‌တော်‌ကွန်‌ဆာ‌ဗေးတစ်‌ဆန်‌တဲ့‌ကောင်‌မ‌လေး တဲ့။
ဒီလိုပါပဲကွယ်‌
‌ကော်‌ဖီတစ်‌ခွက်‌ရှိတိုင်း‌မော့‌သောက်‌ပစ်‌ရမယ်‌ဆိုတာ
‌သိပ်‌ကို ကွန်‌ဆာ‌‌ဗေးတစ်‌ဖြစ်‌လွန်းတယ်‌။
မှူး‌နေ၀န်း
*** မီရီဒို = မူရာကာမိ၏ ‌နော်‌‌ဝေ‌တောအုပ်‌၀တ္ထုမှဇာတ်‌‌ကောင်‌
Labels:
ကြောင်ကလေးရဲ့ မေမေ
ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့
ကျွန်တော့်ကို မေမေက မွေးခဲ့တယ်
တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်.....
ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့
ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး
မေမေကသိပ်ပြီးချစ်စရာကောင်း
ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်.....
တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ
ကျွန်တော်ဟာသန်စွမ်း
ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ
ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ်
ဒီလိုနဲ့ ထိုထိုသောအရပ်မှာ
ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း
ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော
ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး
ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန်
မေမေနဲ့ပြန်တွေ့တယ်
မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့
မေမေကပါးကို အသာဆွဲလိမ်
ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ
အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး
ဘယ်လောက်သာယာပါသလဲ.....
တစ်လောကလုံးအိပ်မောကျနေချိန်မှာ
အဲဒီနေ့က
ကြောင်ကလေးတစ်ကောင်နိုးလာပါတယ်
ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ်
မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။
အေးမင်းစော
Labels: