21 August, 2015

မြစ်ဆိပ်


နွားတွေက
သူ့ခြေရာပေါ်နင်း
သူက
နွားခွာရာတွေပေါ်နင်းနဲ့
အဲဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကိုဆင်းသွားလိုက်ကြတာ
လူကဦးဆောင်တာလား
နွားတွေကဦးဆောင်တာလား။

နှင်တံကိုထောက်မှီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့
ကမ်းပေါ်က သူ့ရုပ်ပုံ
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။

ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။

မောင်အောင်ပွင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home