စစ်ပွဲများ ( ၃ )
စစ်ဘိနပ်တွေက ကျွန်တော့်ခါးရိုးပေါ်မှာ
စစ်ချီတေးတွေသီလို့ လျှောက်နေကြတယ်။
အများသူငါ ဆာနေတဲ့လမ်းမတွေပေါ်မှာတော့
သံချပ်ကာတင့်ကားတွေ ဥဒဟို ဖြတ်မောင်းလို့။
နှင်းဆီနံ့ စံပယ်နံ့ ကံ့ကော်ပန်းနံ့တွေအစား
ပတ်ဝန်းကျင်တစ်ခုလုံး ယမ်းခိုးယမ်းငွေ့တွေ ရမ်းကားနေ။
မော့ကြည့်လိုက်တော့
ကောင်းကင်ပြင်ကြီးထဲမှာ
ကားစင်တင်ခံရမယ့် လူ့သမိုင်းကြီးတစ်ခုဟာ စီးမျောလို့။ ။
ခရမ်းပြာထက်လူ
Labels: ခရမ်းပြာထက်လူ, စစ်ပွဲများ ။ ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home