နေဝါရီ


အဲဒီသစ်ခြောက်ပင်လေးက
နေ့စဉ် မုန့်ဖုတ်သတဲ့
ပြီးတော့ ကဗျာလည်း ရေးသတဲ့


သူ့ကဗျာထဲမှာ
ကားတွေအတက်အဆင်းများလှတယ်
လှိုင်းအတွန့်တွေလည်း မေ့လျော့နေလွန်း

အိမ် မ ရှိ ဘူး ကွယ်

နှင်းတစိုစိုနဲ့ ကလေးနှစ်ယောက်တောင်
ရနေပါပြီဆိုတဲ့ မနက်ခင်းလေး

သူဆွတ်ဖို့ ငါ့ အသံတွေ ပေးခဲ့ ၊၊

မောင်သိန်းဇော်

No comments:

Post a Comment