30 August, 2015

ကိုယ်နဲ့ ကိုယ့်အသက်နဲ့ အဆက်အသွယ်ရသောနေ့

ဘယ်အရာ ဘယ်ကိစ္စမှ
ငါ သိမ်ငယ်မပေးနိုင်ဘူး
မာမာတင်းပဲ တောင့်ခံမယ်

ချစ်ခဲ့ရတဲ့အရာတွေလည်း များခဲ့ပြီ
မုန်းခဲ့ရတဲ့အရာတွေလည်း များခဲ့ပြီ
အချစ်ခံ ၊ အမုန်းခံ နေ့ရက်တွေလည်း များခဲ့ပြီ

ငါတို့ဟာ ငါတို့ကိုယ်ကို အလိုမလိုက်သင့်ကြတော့ဘူး
ငါတို့ဟာ အလိုလိုက်ခဲ့ကြတယ်
စိတ်ကိုတော့ ချမထားခဲ့နဲ့ကွယ်
ပြန်သဖို့လိုပြီဆိုတာ သိပါရဲ့

ရှင်းပြဖို့ မလိုတာတွေ ရှင်းပြကြရင်း
အသက်တွေလည်း ရင့်ရော်လာခဲ့ကြပြီ
ဘဝကို နောက်ကြောင်းပြန်ကြည့်လိုက်တော့
ကိုယ့်ကို ပြန်ဖမ်းမိတဲ့ အချက်က
"မောင်ချောနွယ်" ဆိုတဲ့နာမည်တစ်လုံးကို
ကောက်ရခဲ့တာမဟုတ်ဘူးလေ ။

မောင်ချောနွယ်
Beauty Max. ဇန်နဝါရီ . ၂၀၀၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home