အချစ်
အစားအစာတွေမှာ
အာဟာရရှိတယ်
လိမ္မာပါးနပ်မှုရှိတယ်
မြင့်မြတ်တဲ့ လုပ်အားတွေ ရှိတယ်
အဝတ်အထည်တွေမှာ
ယဉ်ကျေးမှုရှိတယ်
သွေးဆောင်ဖြားယောင်းမှုရှိတယ်
ပြောင်းလဲတဲ့အဘိဓမ္မာရှိတယ်
အိမ်တွေမှာ
တည်ငြိမ်တဲ့ အလင်းရှိတယ်
သန့်ရှင်းတဲ့ဂီတရှိတယ်
သေခြင်းတရားလည်း ရှိတယ်
သူမ မှာ
နာရီတစ်လုံးရှိတယ်
ကျွန်တော့်မှာ
ဖျာတစ်ချပ်ရှိတယ်
သူမနဲ့ ကျွန်တော့်ရဲ့ ကြားထဲမှာ
အသက်ရှူကျပ်နေတဲ့ ကမ္ဘာကြီးရှိတယ် ။
လှသန်း
ရုပ်ရှင်တေးကဗျာ ။ ဖေဖော်ဝါရီ ။ ၁၉၈၉
Labels: လှသန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home