မျှော်စင်
အလွမ်းနင့်အောင် မြင်ရတယ်
တိမ်တွေပြာလို့ 
ကောင်းကင်ကဖြူလို့ 
ကျီးကန်းတွေ တ၀ဲလည်လည်ပျံလို့ 
ပြီး၊ သစ်ရွက်တွေ တ၀ဲလည်လည် ကြွေလို့ ။
ဟုတ်ပြီ
လမ်းရဲ့  ရနံ့ ကို မှုတ်ထုတ်လိုက်
ပြီး၊ အားစိုက်လို့ 
ဓာတ်ကြိုးများရဲ့  တွန်ကျူးသံကို ခေါင်းငုံ့ ကာစုပ်ယူလိုက်။
အမှန်တကယ် ကိုယ်လုပ်ရမှာ
မီးခိုးနဲ့ နေရောင်ခြည်ကို အနံ့ ခံဖို့ 
ပြီး၊ ခေါင်းလောင်းတို့ ရဲ့  အသံအိုးကို စူးစမ်းဖို့ ။
ပြောစရာမရှိအောင် အရောင်တွေက လှလွန်းတယ်
မေ့လျော့ခဲ့ရတယ်။
တစ်နေရာရာမှာ
ချွင်းချက်များက သွား၍တူနေပါလိမ့်မယ်။
နွေဦးတဲ့
ကျွန်တော် မဖွဲ့ တတ်ခဲ့ပေါ့
ခြေစုံရပ်ရိုးကျိုးခဲ့ပါတယ်။
ခင်ဇော်မြင့်
Labels: ခင်ဇော်မြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home