အပြင်မှာ မှောင်မည်းနေတဲ့ည
အားနည်းတဲ့ မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောပင်တစ်ချောင်း
သင် ဘာတွေများ ရေးသားနေပါလိမ့်
ဟောဒီမိုးအုံ့နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများ နားထောင်နေပါလိမ့်
ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသော စာမျက်နှာများ
လက်မောင်းသွေးကို ဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့ နစ်နာမှု
အစွန်းအထင်းများတဲ့ ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါ ဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကို ဆယ်ယူဖို့
ပင်လယ်ကို ထွက်ခွာသွားပါပြီ ။
မင်းနိုင်သား
No comments:
Post a Comment