ဘီလျံနာ
ကြီးမြတ်ဟန်ပန်နဲ့
အဲဒီ မျက်တောင် ကော့လန်လန်တွေကို
အားကျပြီး
ကမ္ဘာကြီးကပါ
ခါတိုင်းထက် လူရည်လည်လာတယ်။
မနှစ်မြို့ဖွယ်
မေးရိုးရှည်သွယ်သွယ်ကို
တွယ်တာငေးမောရင်း
ခွဲခွာညနေခင်းတို့ဟာ
ရန်သူတွေ ဖြစ်ဖြစ်လာတယ်။
လိမ္မာပုံရတဲ့
အဲဒီ လှတပတ လက်အစုံကို
မခုံမင်ပါဘဲ
အေးစက်ရင်ခွင်ဟာ
ဘယ့်နှယ်ကြောင့် ပူနွေးလာတယ် မသိဘူး။
မတိကျတဲ့
အဲဒီ နှုတ်ခမ်းနှစ်စကို ဖတ်ရှုရင်း
မယုံကြည်ခြင်းတွေဟာ
သင်းပျံမွှေးကြိုင်လာတယ်။
အဲဒီ ပေါ့ဆ သက်ပြင်းတွေကြားမှာ
ရိုးစင်းတဲ့ လျှာနဲ့ သွားဟာ
ဆောက်တည်ရာမဲ့ လမ်းသလားနေတယ်။
ဟိုဟိုဒီဒီ
စကားများတတ်လွန်းတဲ့
အဲဒီမျက်ဝန်းရဲ့ အရိပ်အောက်
အာကျယ်တဲ့ ပါးစပ်ပေါက်တစ်ခုဟာ
ရင်နာနာနဲ့ ဆွံ့အလာတယ်။
အညိုရောင် ပါးနှစ်ဖက်က
ပထမတန်းစား
ဘီယာလို …
အရက်လို …
အကြီးအကျယ်ကို ခမ်းနားဆဲ
ဟောဒီ အထဲမတော့
ချစ်ခြင်းဟာ
အပူအပင်ကင်းစွာ
ဖြစ်တည်လာတယ်။
အဲဒီ ချစ်ခြင်းပေါ့
ပေးခွင့်မရတော့တဲ့အခါ
အထီးကျန်ခြင်း စည်းစိမ်တွေနဲ့
မိုးတိမ်လို ဘ၀ဇာတ်လမ်းမှာ
ကျိကျိတက် ချမ်းသာလာတယ်။
မိကောက်
ကြိုးညှိခြင်း ကဗျာစာအုပ်မှ
Labels: မိကောက်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home