အသံများ
ဒီတစ်ခါ ချစ်သူ ပြန်လာရင်
တစ်ခါမှ မဖတ်ဖူးသေးတဲ့ ကဗျာ ပေးချင်တာပေါ့။
တက္ကစီကား ရပ်သံ ကြားတယ်
ဓာတ်လှေကား တက်သံ ကြားတယ်
အထပ် ၁၀ ရောက်သံ ကြားတယ်
သော့ ၃ ချောင်း မြည်သံကြားတယ်
တံခါး ၂ ထပ် ဖွင့်သံ ကြားတယ်
အားလုံး ငါ့နှလုံးသားကို ဖွင့်တဲ့ အသံတွေ…။
သုခမိန်လှိုင်
Labels: သုခမိန်လှိုင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home