မှတ်စုများ ၈
သူ့ ရာသီ
သူနေတဲ့ ဒေသက သူ မပိုင်တဲ့ သူ့ရာသီမှာ
ကျွံကျနေတယ် နေရောင်ကွက်ကွက်ကလေး
သူ့အိမ်နံရံမှာ စွန်းထင်းနေသလို
သူ ရောက်ရှိခဲ့ပါတယ်
ငါပါလေလို့ ပြောရင် ယုံနိုင်ကြပါ့မလား သူ့ကို
သူဟာ စွန်းထင်းမှုသက်သက်ပဲ
သူဟာ လူ့အဖွဲ့အစည်းလို စွန်းထင်းမှုသက်သက်ပါပဲ
အဲသလို ဆီးနှင်းများကျနေတယ်
ဆုလာဘ်များဟု ဆိုပါစို့ ။
မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home