မှတ်စုများ ၎
ပြောစရာတွေပဲ ထားခဲ့တယ်
မနားတမ်း ပြောစရာတွေနဲ့ ကျန်ခဲ့တယ်
တစ်နေရာကနေ တစ်နေရာရောက်ဖို့
နေ့စဉ်ဘ၀ဟာ ဘတ်စ်ကားတစ်စီးပမာ
လူသားတစ်ဦးပမာ အာခေါင်တွေ လှန်လှောကြည့်
သစ်ရွက်တွေ ကြွေနေပုံအောက်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်
ဘာသာစကားဖွဲ့ထုံးနဲ့ ဆက်ကြည့်မိပြန်တယ်
ပိုက်ကွက်တွေလို ငါးဖမ်းပိုက်ကွက်တွေလိုထဲ
သူ့ အဓိပ္ပာယ်ကို ကိုယ့်ပစ္စည်းလို
အဘိဓာန်မှာ မျဉ်းသားပြီး
နေ့စဉ်ဘ၀ဟာ
မနားတမ်း ပြန်နေရတယ်လေ ။
မိုးဝေး
၁၉ ၊ ၁၁ ၊ ၂၀၁၄
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home