မှတ်စုများ ၂
လမ်းဟာ
ကွေ့လည်း မသွားဘူး
ဖြောင့်လည်း မနေဘူး
နံရံပေါ်က ကျော်ကြည့်ရင်
လမ်းလိုလို စခန်းလိုလို
တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ ရှိတယ်
တောတန်းရဲ့ အစပ်ရောက်ရင် ပျောက်သွားတယ်
သူလိုကိုယ်လို နေတွေ တစ်စင်းပြီး တစ်စင်း ၀င်သွားတယ်။
မိုးဝေး
၂၇၊ ၇၊ ၂၀၁၄
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home