မှတ်စုများ ၃
စကားပြေ ပို့ထားတယ် ကြိုက်ရင် သုံးပါ ကဗျာ ပြန်ယူမယ်
မကြိုက်ရင် ကဗျာ ပြန်သုံး စကားပြေ ပြန်ယူမယ်
ဘာကိုမှ မကြိုက်တဲ့အခါ ဘာကိုမှလည်း ပြန်မယူတော့ပါ
စကားလုံးတွေကိုတော့ နောက်တစ်နေရာမှာ သုံးလိုက်မယ်
နောက်တစ်နေရာမှာရော ဆုံကြဦးလေမလား
ဒီလိုဆို ဒီလိုတွေ မှတ်မိအောင်
ဟောဒီ ပင့်သက်ပူပူတွေ ထည့်ပေးလိုက်တယ်
တို့တွေမှာ တိုင်းပြည်တစ်ပြည်စာ စကားလုံးတွေ ရှိတယ်
မင့်မှာလည်း တိုင်းပြည်တစ်ပြည်စာ စိတ်ကူးတွေ ရှိရင်ပေါ့။
မိုးဝေး
၃၊ ၁၁ ၊ ၂၀၁၄
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home