မှတ်စုများ ၁၃
ဘယ်သူ့ကို ဘာပြောရမယ်
လာလမ်းအတိုင်း ပြန်ခဲ့တယ်
စကားလုံးတွေ
တစ်လမ်းလုံး ပြန်ကောက်ခဲ့တယ်
အဓိပ္ပာယ်တွေ ပြောင်းသွားတယ်။
ခရီးရဲ့ အစပါလား
တချို့အက္ခရာတွေ မရှိတော့ပါ
ဝါကျအသစ်တွေ တိုးလာတယ်
သူ့ကိုလည်း အိုမင်းရင့်ရော်သွားတာ မြင်ရတယ်
ကိုယ့်မှာလည်း ခရီးရဲ့ အဆုံးဆိုတာ သိသွားတယ် ။
မိုးဝေး
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home