မှတ်စုများ ၁၀
နှစ်သစ် နှစ်သစ်
နှစ်သစ် နှစ်သစ် နှစ်သစ်
နှစ်သစ်
နှစ်သစ် ဒီစာလုံးတွေ ဒီလိုနှစ်
ဒီလိုပဲ သစ်လိုက်ရတဲ့ နှစ်
သူ့အလိုလို သစ်မလာနိုင်တဲ့
နှစ်တွေကို တည်ဆောက်ကြရမယ်
ဒီလိုအသိနဲ့ ဒီစာကို စီနေတုန်း
ပိတုန်းလေးတစ်ကောင် ၀ဲလာတယ်
ငါ့အနား အရောက်မှာမှ ငါ မြင်မှ
ဝဲပျံနေတယ် ဖြစ်သွားတယ်
ဝဲပျံနေတယ်ဆိုတာ ငါ ရေးလိုက်ပါမှ
ငါ့မိတ်ဆွေ အနားရောက်လာမယ်
ငါ့မိတ်ဆွေ ငြိမ်းချမ်းရေးအကြောင်း
ပြောနေတုန်းမှာပေါ့
ချိုးငှက်ကလေး ဖြစ်သွားတယ်
သံလွင်ခက်ကလေး ဘယ်မှာလဲ
ကဗျာကလေးတစ်ပုဒ် ဖြစ်တော့မယ် ။
မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home