မှတ်စုများ ၇
မနက် အိပ်ရာကနိုးနိုးချင်း
ရေထဲမှာ တစ်ခုခု ရှိနေတယ်
ဂျပ်ဇ်ဂီတသံ လွင့်နေတယ်
မနက်ဖြန် သူ ပြန်လာမယ်
နှင်းတွေလည်း ကျစပြုနေတယ်
တစ်ဖန် ပြန်အိပ်ပျော်သွားပြန်တယ်
အသက်ရှူသံထဲ ခဏ နားပါရစေ
အသက်ရှူသံထဲ ပြေးလွှားနေရတာ ကြာခဲ့ပြီ ။
မိုးဝေး
၎ ၊ ၁၂ ၊ ၂၀၁၄
Labels: မှတ်စုများ ။ မိုးဝေး, မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home