26 August, 2015

မှတ်စုများ ၉


ယုံကြည်မှုဟာ
စကားလုံး တစ်လုံးမျှသာ
နွေဦးမရောက်မချင်း ဒီအတိုင်း ယုံကြည်နေပါတယ်။

သူ့ခရီးဟာ ငါ့ခရီးနဲ့ အတော်လှမ်းတာပဲ
ငါ့နေရောင်အောက်မှာ သူ့ အနွေးဓာတ်ရပါစေ။

သူ့ အနွေးဓာတ်နဲ့သူ ငါ့နေရောင်နဲ့ငါ
သူ့ခရီးကို ငါ တစ်နေ့ရောက်သွားတယ်
သူ အိပ်မက်မက်နေတယ်
အိပ်မက်ထဲမှာ သူ မရှိဘူးရယ်
သူ ပြန်လာတဲ့အထိ ငါ စောင့်နေမိတယ် ။

မိုးဝေး
၃ ၊ ၁ ၊ ၂၀၁၅

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home