အမုန်းနဲ့ နှင်းများ
ကျွန်တော့်ဒဏ်ရာနဲ့ ဆယ့်ခြောက်လက္မအကွာမှာ
သူမ ရပ်နေတယ်
ယမ်းငွေ့တွေ တလူလူထွက်နေတဲ့ စက်သေနတ်ကြီးကို
'မာသာထရီဇာ'က ကိုင်ပြီး ရပ်နေသလိုပေါ့
မင်းမပေးနိုင်တဲ့ အရာကို
သူများဆီကလည်း ရနိုင်တယ်ဆိုတာ တွေးမိပြီး
အဲဒီ အမတ်လောင်းရဲ့ မိန့်ခွန်းပေါ်
ငါ တက်ရပ်လိုက်တယ်
မောင်ဖီလာ
Beauty ။ ဖေဖော်ဝါရီ ။ ၂၀၁၄
Labels: မောင်ဖီလာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home