ငါ့စုဗူး ၁၄
လက်ဖက်ရည်သောက်
ဆံပင်ညှပ်
ပြီး၊ တစ်ချက် မမေ့မလျော့
မှန်ထဲ ပြန်ကြည့်လိုက်စမ်း။
မနေ့က ငါ ၊ ခုနက ငါ
မဟုတ်တော့ဘူး။
အထူးသဖြင့်
ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာစဉ်က ငါ
မဟုတ်တော့ပါဘူး
မဟုတ်ပါဘူး။
အသစ်မွေးဖွားလာသည့်အလား
မြို့တစ်ပတ်လောက် ပတ်လိုက်စမ်း ။
အောင်ချိမ့်
Labels: ငါ့စုဗူး ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home