ငါ့စုဗူး ၈
အဖန် ၊ ဖန်ခါး
ကျစိမ့်၊ အခါး
ချိုမယ် စသဖြင့် လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်မှာကြတာပေါ့လေ
'ချိုမယ်' . . .လို့ ငါမှာတယ်
ချိုမှာလား။
တချို့များ ('ကျောက်ပန်းတောင်း'လို့ အားရပါးရ အော်မှာတယ်)
ချိုသလား
မချိုပါဘူး
မှာသာမှာ
မသေချာလှပါဘူး ။
ဒီလို လောကသေးသေးလေးမှာပင်
လွဲနိုင် ၊ ချော်နိုင်
ကွဲနိုင် ၊ ရှနိုင်တာ မဟုတ်လား။
ပြင်ပြီး ဖျော်တဲ့ လက်ဖက်ရည်ဟာ
သောက်လို့ မကောင်းတော့ပါဘူး ။
အောင်ချိမ့်
တစ်ခါက ကျွန်တော်နဲ့ မုတ်သုန်နဲ့ ခရီးလှည့်ခဲ့ကြတော့ . . .
မူးမူးတို့ မေမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် သင်ပုန်းမှာ
လက်ဖက်ရည်မှာနည်း ၁၆ ခု၊ ၁၇ ခုလောက် ရေးပြထားပါတယ်။
ကျွန်တော် အဲဒါ အခုသတိရပြီး ပြုံးမိပြီး ဒီကဗျာရေးဖြစ်တာပေါ့လေ။
အခ
Labels: ငါ့စုဗူး ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home