ငါ့စုဗူး ၂
အဲဒီစကားလုံးတွေကို
ငါ လိမ်ချိုးထားတာပေါ့
အဲဒီကောင် ဆန့်ငင်ဆန့်ငင်။
အမှန်ကို ပြောချင်ဆိုချင်ရင်
လိုင်စင်ယူရမယ်
(အလကားမရဘူး)
ဆိုလိုချက် အကြမ်းထည်ကို တင်ပြရမယ်
ပြီး၊ ကိုက်ညီရမယ် ။
အဲဒီတော့ အဖြေကိုရှာကြ
'လူပါ မသိုးရုံဖြင့် မှာလိုက်ချင်သည်'
လေဘာတီမမြရင် သီချင်းကို ဆိုချင်သလိုလို
ဆိုချင်သလိုလို ။
ကျောက်ခေတ်မှ ယနေ့အထိ
ရောက်ခဲ့ပြီပဲ
မဝေးတော့ပါဘူး
မျှော်လင့်နိုင်ပါသေးတယ် . . . ။
အောင်ချိမ့်
Labels: ငါ့စုဗူး ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home