စန္ဒယားရှုမျှော်ခင်း
ဇနီးသည်က မူကြိုကျောင်းဖွင့်ပြီး
လူသားဘ၀ကို ချီးမြှောက်တယ်။
ကျွန်တော်က သစ်ပင်စိုက်ပြီး
၂သိန်း ၄သောင်း အထုရှိသောမြေကို
ချီးမြှင့်တယ်။
ကိုယ်ထူကိုယ်ထ ပျိုးဥယျာဉ်ထဲမှာ
ကံ့ကော် ၂၀၊ ချယ်ရီ ၁၀ပင်၊
ပိတောက် ၅ပင်၊ နှင်းဆီ ၄ရုံ၊
ခေတ်ပေါ်ကဗျာနည်းနဲ့
စာအုပ်ထဲမှာ ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးတယ်။
ကျွန်တော့်ဥယျာဉ်လေးက
၎သိန်း ၈သောင်း အထုရှိသော ရေနဲ့
၉သိန်း ၆သောင်း အထုရှိသော လေကို
သန့်စင်နိုင်ပါစေ။
ဇနီးသည်က
သူ့ကျောင်းသားကျောင်းသူတွေထဲမှာ
နိုင်ငံတော်သမ္မတတစ်ယောက်ဖြစ်နိုင်ရဲ့လို့
ရည်ရွယ်ထားတယ်။
ကျွန်တော်က
ဘီသိုဗင်စကားကို ပြန်ပြောမိတယ်။
ကမ္ဘာကြီးထဲမှာ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေက အများကြီးပါ
ဒါပေမယ့်
ဘီသိုဗင်ကတော့ တစ်ယောက်တည်းပါလို့။
ပြေမြင့်
ရနံ့သစ် အောက်တိုဘာ ၂၀၁၃
Labels: ပြေမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home