ဦးမင်းလူ ကောင်းမှု
နတ်လူသာဓုခေါ်စေသောဝ်
ကုက္ကိုပင်၏
ကောင်းသော အရိပ်အောက်တွင်
တည်ထားသော
ဝေနေယျသုခ ရေချမ်းစင်ကလေး
ဖြစ်ပါသည်
လေးတိုင်စင်ထောင်ပြီး
ဝါးကပ်ကာ သက်ကယ်မိုး၍
မြက်ပင်စိမ်းကလေးများ ပေါက်နေသော
သဲပြင် သန့်သန့် ဖွေးဖွေးပေါ်တွင်
စစ်ကိုင်းရေအိုးလေးရှိပါသည်
ပွတ်လုံးလက်ကိုင်တပ်ထားသော
ချောမွတ်နေသည့်
အုန်းမှုတ်ခွက် ရေခွက်ကလေးလဲရှိပါသည်
အပူရှိုန်ပြင်းသော နွေခရီးကို
ဖြတ်သန်းလာသည့် မည်သူမဆို
ငြိမ်းချမ်းသောရေကို
အမောပြေ ချွေးသိပ်ရင်း သောက်သုံးကြပါလှည့်
သို့ရာတွင် တစ်ခုတော့ တောင်းပန်လိုပါသည်။
အသည်းနှလုံးနှင့်တူသော
ရေခွက်ကလေးကိုမူ
ခိုးယူ၍ မသွားကြပါနှင့်
သတ္တဝါအပေါင်း
ကျန်းမာ ချမ်းသာကြပါစေ
မင်းလူ
Labels: မင်းလူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home