အသည်းကွဲသူများနေ့
ပန်းခြင်းလေးထဲ မိုင်းဗုံး မထည့်ခဲ့ပါဘူး
ကမ်းခြေဆီလည်း ကက်ထရီနာ ခွေးလေးခေါ်မလာခဲ့ပါဘူး
သဲအိမ်လေးလည်း မင်းထားခဲ့တဲ့ အတိုင်းပါပဲ ။
ကြိမ်ဒဏ် ဝေစုရတဲ့
တံခါးမှူးတစ်ယောက်ရဲ့ ဝေဒနာမျိုး နဲ့ပါ
တစ်ခါတစ်ခါ
ကိုယ့် ကိုယ်ကို မေ့လောက်အောင်
မင်းကိုမှ သတိရနေမိတယ်
အချစ်ရယ် …
မမေ့အပ်ဘူး ဆိုပေမယ့်
မေ့ပစ်ဖို့ ကောင်းတဲ့နေ့ပါ
ဒီတစ်ခါ
နှင်းများ လှနေပုံကို မသင်္ကာတော့ဘူး ။
သူရနီ
Labels: သူရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home