ငါ့စုဗူး ၉
မနက်ဖြန်ခါဟာ
စိတ်ဝင်စားစရာအပြည့်
လှို့ဝှက်မှုအပြည့်
ဆန်းကြည်မှု့အပြည့်။
ဒါ့အပြင်
ကံစမ်းမဲ အပြည့်
ပေါက်မဲ အပြည့်
မျှော်နိုင်စရာ အပြည့်။
ရွှေ အပြည့်
ငွေ အပြည့်
ဖြစ်နိုင်တာ အပြည့်
ရနိုင်တာ အပြည့်။
မနက်
မလင်းချင်ဘူးလား
ညက တစ်ညလုံး
ညက အိပ်ရေးပျက်ခဲ့တယ် ။
အောင်ချိမ့်
Labels: ငါ့စုဗူး ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home