23 August, 2015

ငါ့စုဗူး ၁၁


'ပီကာဆို'လို
ပန်းချီကားများများ ရေးမယ်တဲ့
တစ်ကားထက်တစ်ကား ဈေးများများ ရစေမယ်တဲ့
သူဌေးလို နေမယ်တဲ့
ပင်လယ်ကမ်းခြေမှာ ထီးအကြီးကြီးနဲ့
ဆန့်ကျင်ဘက်လိင်နဲ့
ကျန်းမာရေး ညီညွှတ်စေမယ်တဲ့။

ဒီလိုဆို
အနုပညာကို ပိုအားစိုက်
စုတ်ချက်သေးသေးလေးတွေ စုဆောင်း
ဘ၀နဲ့ သဘာဝကို ခံယူ
ဒုက္ခ ဆင်းရဲမှုနဲ့
ပိုကောင်းတဲ့ အနုပညာပန်းချီကားများ။

ကျီးကန်းတွေ အော်ပါစေ
ချစ်သူထံ နားရွက်တစ်ဖက်ဖြတ် လက်ဆောင်ပို့ခဲ့
အဲသလို
'ဗန်ဂိုး'ကော မဖြစ်ချင်ဘူးလား ။

အောင်ချိမ့်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home