23 August, 2015

ငါ့စုဗူး ၂၁


ဧရာမ ကျောက်ကျောတုံးကြီးလိုပဲ
ဧရာမ အနက်ရောင်
အနက်ရောင် ကျောက်တုံးကြီး
အဲဒီ အနက်ရောင် ကျောက်တုံးကြီးပေါ် အမည်များ
ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့
အမေရိကန်စစ်သားများ အမည်များ။

ဗီယက်နမ်စစ်ပွဲမှာ
ငါတို့လည်း ပါဝင်ခဲ့
ကဗျာနဲ့
ငါတို့ကဗျာနဲ့။

ဒါပေမဲ့ ကျောက်တုံးကြီးပေါ်မှာ ငါတို့အမည်
မပါဘူး
ဗီယက်နမ်ပြည်သူ ကျဆုံးစာရင်းမှာလည်း ငါတို့ အမည်
မပါဘူး

အခု ဒီမှာ
ငါ ဒီမှာ ဒီကဗျာကိုရေးတယ်။

နောက်ထပ် ဘယ်သူ့အမည်မှ
အဲသလို မပါစေချင်ဘူး။

အောင်ချိမ့်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home