အခန်းရှင်းခြင်း
ထော့နဲ့ ထော့နဲ့ စကားလုံးတွေက
အဓိပ္ပာယ်မရှိသယောင် ဆောင်ပြီး
ယူနီဖောင်းအပြည့်အစုံဝတ်ဆင်လိုက်မှ
အကြီးအကဲမှန်း သိရတယ်။
စုံစမ်းမှု့တဲ့
နိစ္စဓူဝ၊ အဲဒီဥထဲက
ဘာအကောင်ပေါက်မလဲဆိုတာ
အခွံခွာကြည့်လိုက်မှ
အသက်ဓာတ်က ပါမလာတော့တာမျိုး။
ပိတ်မိနေခြင်း
သစ်ရွက်တွေတဖျောက်ဖျောက် ပစ်ခတ်ခြင်း။
ကိုယ်ကတော့ တည့်တည့်ရှောင်တာပဲ
စိတ်တွေက ကွေ့ဝိုက်လာတော့
မျိုချလိုက်ရတာပဲ။
သူ့ဦးခေါင်းထဲကို
ချောင်းပြီး နားထောင်နေတဲ့ နား
နှစ်ဖက်
တစ်စက်ချင်း လိုက်သုတ်နေလို့ ပြီးမလား။
ဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ။ ၂၀၁၄
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home