အကောင်းမြင်သမားပြန်လာတယ်
နွေ ၊ မိုး ၊ Facebook ၊ ဆောင်း
ရာသီ အလီလီပြောင်းတယ်။
ချောင်းထဲမှာ ရေမရှိတော့ပေမယ့်
မြောင်းထဲမှာ ဧဝရက်တောင်ပေါ်က နှင်းတွေ ဖွေးဖွေးလှုပ်။
ငါးကြီးဆီ အသည်းနဲ့လုပ်ထားတဲ့ သဲသောင်ပြင်ဟာ
အိပ်ရာတစ်မျိုးဖြစ်တယ် ။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ
အစုံအဆန်ပြေးလွှားကြရင်း ဘေယွန်ဆေးရဲ့ ကြေးခေါင်းလောင်းကို
သူတို့ရဲ့ အက်စစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။
Jay-Z စိတ်လှုပ်ရှားသွားတယ်။
အာကာသယာဉ်တစ်စီး ဝယ်မယ်တကဲကဲ လုပ်နေတယ်။
ကောင်းကင်ပြာပြာမှာ ဧဝရက်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို
ဖြတ်ပြီး မောင်းနှင်သွားမတဲ့လေ။
တံငါသည်ရဲ့ ပိုက်ကွန်ဟာ တောဝက်မရဲ့ လိင်ပြွန်ဝ ဖြစ်တယ်။
ပွေးကွက်လို ဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ
ဘယ်သူကြည့်မိသလဲ ။ လမ်းပေါ်မှာ သွေးသံရဲရဲ သေဆုံးနေတဲ့ အရူးကို
ဝိညာဉ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။
အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ် ။
မောင်ဒေး
Labels: မောင်ဒေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home