24 August, 2015

မြို့လည်ခေါင်


မင်းမို့လို့
ဒီဈေးနဲ့ ပေးလိုက်တာ ဆိုတဲ့ စစ်ဖိနစ်တစ်ရံကို ငါ စီးလို့

အနော်ရထာလမ်းမကြီး ပလက်ဖောင်းပေါ်က
ဟန်းဆက်တွေ ရီမုတ်ကွန်ထရိုးတွေ ကွန်ဒုံးတွေ
အရိုးခေါင်းပုံတီရှပ်တွေ
ငါ ငေးလို့

"ဒီမိုကရေစီ ပုလင်းခွံထဲ အာမီရမ်ထည့်သောက်ကြည့်တော့
ဘာအရသာရှိပါလိမ့်"

ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးကို ဖြတ်မကူးမှီ
မီးပွိုင့်မှာ ငါ တွေးလို့

ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ
ငါ ဆွေးလို့

ကြည်ဇော်အေး
22 Aug 15

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home