20 August, 2015

ဒီကမ္ဘာ နဲ့ ဇီဇဝါ


ဒီကမ္ဘာမှာ မနေလို့
ဘယ်ကမ္ဘာမှာ သွားနေရမှာလဲ။

ဒီအသက်အရွယ် ရောက်ခဲ့
ဒီဆံပင် ဖြူခဲ့
ဒီမျက်ရည် ပူခဲ့
ဒီကျီးမည်းပြီး နောက်ထပ်ကျီးမည်းများ။

ဒီကမ္ဘာမှာ ဇီဇဝါပင်တွေ ရှိတယ်
ဇီဇဝါပင်တွေက ကြွေလည်းမသေတဲ့ ကဗျာကို ရေးကြတယ်။ ။

ခင်ဇော်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home