20 August, 2015

လှိုင်း


တက်လာတာလည်း မြင်လိုက်ရတယ်
ကျသွားတော့လည်း တွေ့လိုက်ပြန်တယ်။

ချစ်တဲ့စိတ်ကလေးရဲ့ ဘဝ
အပိုင်းပိုင်းဖြတ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်။

လင်းအားကြီးပြန်တော့
ဖြစ်ပျက်ခဲ့သမျှ
သူမဟုတ်သလို
ငြိမ်လို့ ...။


နေဆူးသစ်
(အိုင်ဒီယာ၊ ၂ဝ၁ဝ ဖေဖော်ဝါရီ)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home