29 June, 2015
ဟယ်လီကော်ပတာ
ဟယ်လီကော်ပတာဟာ
တော်တော်နဲ့ ဆင်းမလာ
ငါ့ရဲ့ ရဲဘော်အလောင်းတွေကို
ငါစီပေးလိုက်ရတယ်
H စာလုံးပုံ ။
ဟံလင်း
(၂၀၁၄)
Labels:
တိတိကျကျ
မြန်မြန် ၊ ရှင်မသေခင်
ဒီဟိုတယ်က ကော်ဇောရဲ့
အရောင် အတိအကျကို
ဖွဲ့ပြခဲ့ပါဦး
ဘာ အဓိပ္ပာယ်များလဲ
မညီမညာ အဝါရောင်
လုံးဝန်းသဏ္ဌာန်တွေ ၊ အချို့
ဗလာ
အကွက်လိုက်
ဒီ အိပ်ရာခင်းပေါ်မှာ စုရုံးခဲ့ကြတာ။
ကျမကို ချစ်ရင်၊
ကျမကို ကိုယ်စားပြုအောင်
ပြုလုပ်ထားခဲ့တဲ့
အရာဝတ္တုတွေကို
မြတ်နိုးလေးစားပါ
ကျမ မရှိတော့တဲ့အခါ ။
အဖန်တလဲလဲ
အိမ်တွေရဲ့ အထပ်တို့
ဒီ တောင်စောင်းကနေ
သာသာယာယာ
လွင့်စင်ကုန်တယ်။
ဖြစ်စဉ်တွေကို
ရေတွက်ကြည့်ဖို့တော့
ဖြစ်နိုင်ပါလိမ့်မယ် ။
ဖြူနှင်းဖွေး
( Rae Armantrout - Exact )
Labels: ,
ဖေဖော်ဝါရီပြီးသွားပြန်ပြီ
​အဲ​ဒီ​ေ​လာ​က္ ​မျ​ပတ်​သား​ပါ​ဘူး
Slumdog Millonaire
အ​ရ​င် ​ဆ​င်း​ရဲ​သား​ရ​ပ်​ကွ​က်ေ​လး​ပဲြ​ပ​န်​လြာ​က​ရ​တာ
ငါ​လ​ည်း ​အိ​မ်ြ​ပ​န်​လြာ​ပီး ​အြ​ပ​တ်​ဆြွဲ​ဖဲ​ပ​စ်​လို​က်​တ​ယ်
ြ​ပ​က္ခ​ဒိ​န်​စာ​ရွ​က်ြ​ကီး​ကို။
သု​ခ​မိ​န်​လှို​င်
IDEA May 2009
Labels:
ရောဂါသည်
အဆိပ်ကို မွှေးကြည့်တော့
လူသေရနံ ရတယ်
လက်ထဲမှာ
ကိုယ့် အစွန်းရောက်မှု့များ
တယုတယ ပွေ့ပိုက်လာခဲ့ရ
ရထားဟာ အိမ်ခြေစုများကို ကျော်လွန်လာခဲ့
အထီးကျန်ဘဝ
နေ့ရက်ဒိုင်ယာရီများစွာ
သစ်ရွက်ခြောက်တွေလို
အစိမ်းသေ
ဒီဝသုန်ခက်
Labels:
လောကဓံတရားကြီးရှိခဲ့တဲ့ စကြာဝဋ္ဌာမှာ
မင်းကို ဖတ်ပြချင်တဲ့ ကဗျာတစ်ပုဒ်ရဲ့ နာမည် မင်း သိပါတယ်
မင်းကို ပန်ပေးချင်တဲ့ ပန်းတွေရဲ့ နာမည် မင်း သိပါတယ်
မင်းကို ဖွင့်ပြချင်တဲ့ သီချင်းရဲ့ နာမည် မင်း သိပါတယ်
မင်းကို ချစ်တဲ့ အချစ်ရဲ့နာမည် မင်း သိပါတယ်
တို့ သွားကြမယ့် လမ်းရဲ့ နာမည် မင်း သိပါတယ်
တို့ မက်ကြမယ့် အိပ်မက်ရဲ့ နာမည် မင်း သိပါတယ်
တို့ နေကြမယ့် ကမ္ဘာရဲ့ နာမည် မင်း သိပါတယ်
မင်း သိပါတယ်
မင်း သိပါတယ်
မင်း သိပါတယ် ………။
သုခမိန်လှိုင်
Labels:
တံတား
အခုနဲ့ အခုကြားမှာ
ငါ ဆိုတာနဲ့ မင်း ဆိုတာနဲ့ ကြားမှာ
တံတားဆိုတဲ့ စကားလုံး
အဲဒီထဲ ဖြတ်ဝင်လာတယ်ဆိုတာနဲ့
မင်းဆီကို မင်း ဝင်လာတာပဲ
ကမ္ဘာကြီးက ဆက်တယ်
ပိတ်တယ် ၊ လက်စွပ်လိုမျိုးပေါ့
ကမ်းပါးတဘက်ကနေ တဘက်ကို
ဆွဲဆန့်ဆက်သွယ်ထားတဲ့ ခန္ဓာတခု အမြဲရှိတယ်
သက်တံပေါ့
ငါ အဲဒီ သက်တံတွေအောက်မှာ အိပ်စက်ပါတယ်
ဇေလင်းမောင်
Octavio Paz - The Bridge
Labels: ,
ချစ်သော တောပန်းကလေးများ
ခုနေခါ
ငါ သွားနေတဲ့ မြေလမ်းလေးနံဘေးက
တောပန်းကလေးတွေ
မင်းကို လက်ဆောင်ပေးချင်တယ်
ဘာအလိုဆန္ဒမှ
မများမြောင်ရပါဘူး အချစ်ရယ်
မင်း ကျန်းမာရဲ့လား
မင်း စိတ်ချမ်းသာရဲ့လား
ဒီအတိုင်းသာ
တစ်ကမ္ဘာလုံး ရှိနေဖို့ပဲမဟုတ်လား ။
သုခမိန်လှိုင်
Labels:
ပမာဏ
စကြာဝဠာလား
ပုရွက်ဆိတ်လား
ပမာဏကို ပြောနိုင်လား
ကဗျာ
ပမာဏကို ပြောနိုင်တဲ့အခါ
ကမ္ဘာ
သာယာမည်အစဉ်
ယုံတယ်ခင် ။
သုခမိန်လှိုင်
၁၁၊ မေ ၊ ၂၀၁၄
နှင်းဆီဖြူ။ ဇွန် ။ ၂၀၁၄
Labels:
အစစ် အမှန်
နာကျင်မှုပိုးမွှားကလေးများဟာ
ရှင်းသန့်တဲ့ လေထဲမှာ
အံခဲတွန့်လိမ်ဆဲပါ
တုန်လှုပ်မှုဟာ ချုပ်ငြိမ်းသေဆုံးခဲ့ပြီ
ကျွန်တော်တို့ထဲက တချို့အရာများဟာ
ခွဲစိတ်ခန်းစားပွဲနဲ့ ပတ်သတ်ရင်
ပြတင်းတံခါးနဲ့ ပတ်သတ်ရင်
နေရာနဲ့ ပတ်သတ်ရင်
အသွား(၇)ဖက်ရှိတဲ့ သံမဏိနဲ့ ပတ်သတ်ရင်
သိမ်ငယ်ဦးခိုက်ရဆဲပဲ
ငြိမ်သက်မှုကတော့
မှန်သားမျက်နှာပြင်လို
တည်ကြည်ခိုင်မာနေခဲ့ပြီ
သို့ပေမဲ့
သွေးတွေဟာ ဘယ်မှာ စီးဆင်းနေခဲ့သလဲဆိုတာနဲ့
သင်ကော သေဆုံးဆဲပဲလားဆိုတာ
ကျွန်ုပ်တို့ မေးစမ်းချင်ပါတယ် အချစ်
မြေချစ်သူ
( Miroslay Holub - Reality )
Labels: ,
23 June, 2015
အကျဉ်းသား
မြက်ပင်နဲ့ ပန်းမာလာအငုံအဖူးတို့ရဲ့ အကျဉ်းစံ ငါက
ကမ်းစပ်က သစ်ကိုင်းတွေကို ယှက်ဖောက်ပြီး
ကျွန်းတစ်ကျွန်းကို စိတ်ထဲမှာ ဆောက်တယ်။
သင်္ဘောဆိပ်တွေ ပျောက်ကွယ်သွားတယ်
အနက်ရောင်မျဉ်းတွေလည်း ရက်ထည်ကနေ
ပြုတ်ထွက်သွားတယ်  ။ ငါဟာ
ငါ့ရဲ့ အိပ်မက်ကို ပြုလုပ်တဲ့ အလင်းရောင် စမ်းချောင်းတွေနဲ့
ငါ့ကို ကာဆီးထားတဲ့  စည်းရိုးတို့ကြားမှာ လူးလာခေါက်တုံ့ ။
အသက်ဓာတ်ကုန်ခမ်းနေတဲ့ အတောင်ပံတွေကို တစ်ချက်ခတ်လိုက်တိုင်း
အသက်တစ်ရက်တိုရတဲ့ လိပ်ပြာတွေလို
ချုပ်နှောင်မှုအောက်မှာ အံ့သြတုန်လှုပ်လျက်  ။
မောင်ဒေး
Adonis - The Captive
Labels: ,
ဘယ်သူမှ မပါဘဲ ဘယ်နေရာမှာ
သစ်ပင်တွေကြားမှာ
ဝိညာဉ်တခုတောင်မှ မရှိဘူး
ပြီးတော့ ငါလည်း
ဘယ်တွေ သွားမိမှန်း ငါ မသိတော့ဘူး
ဇေလင်းမောင်
Octavio Paz - Where Without Whom
Labels:
ဈာန
သိပ်ရိုးရှင်းတဲ့ ဓားချက်
အပေါ်ကနေ အောက်သို့
ဦးခေါင်းမှ ခြေဖျားသို့
ကိုးဆယ်ဒီဂရီ ထောင့်မတ်ကျကျ
ပြောတဲ့ အတိုင်း အဓိပ္ပာယ်တိတိကျကျ ထွက်တယ်
တစ်ဒီဂရီ လမ်းကြောင်းစောင်းပြီး မခုတ်ဘူး
အေးစိမ့်တဲ့ အဖြူရောင်ရေခဲပြင်ဆက်စပ်အခြေအနေပေါ်
အနီရောင် အစက် နှစ်စက်
ဟိုဖက် ဒီဖက် အချိုးညီ လဲကျလျက် ။    ။
ဝေးခေါင်
၁၀:၀၆ နာရီ ၊ တနင်္ဂနွေ
၂၁  ဇွန်  ၂၀၁၅
Labels:
တိမ်ဖြူတို့နှင့် အတူ
စိ​တ်ြ​က​မ်း​ဘီ​လူး​တို့ြေ​ခ​ပ​င်မကျူးေ​သာ ​အ​ရ​ပ်၌
ငါ … ​မ​တ်​မ​တ်​တ​ည်​ခဲ့ချြေ​ပီ
အို … အချ​င်းေ​ဆွ​မွ​န်​တို့
သ​င်​တိြု့​ကို​ဆို​မ​ည်​ဆိုလျှ​င်
အေ​မှာ​င်​နံ​န​က်​သို့​ပ​င် ​အ​လ​င်း​ငှ​က်​တိြု့​ဖင့် ​ငါ​လာ​ခဲ့​ပါ​မ​ည်
ထို့ေ​နာ​က်
ငါ​တို့​အား​လုံး ​မိုးမချု​ပ်​မီ ​အိ​မ်​ကြို​ပ​န်ြ​က​မ​ည်။
တာ​ရာ​မ​င်း​ဝေ
Labels:
22 June, 2015
ပုန်းသူရယ်
ဒီဘဝ မလွန်မီ မင်းကို ငါ ရှာလို့တွေ့နိုင်မှာ မဟုတ်တော့ပါဘူး
ပုန်းသူရယ်   ။      ။
အောင်ချိမ့်
Labels:
သူငယ်ချင်းသို့
လျှောက်လွှာစာရွက် စာအုပ်အထူကြီးနဲ့
ဖော်ဝေးဟာ
ကဗျာတွေ ရေးကူးထားတာပေါ့လေ
( သူ ကြိုက်တဲ့ကဗျာတွေပေါ့လေ )
စာအုပ်က အထူကြီး
အဲဒီထဲ ငါ့ ကဗျာတစ်ပုဒ်မှ မပါဘူး
"ကျွန်တော် အကုန်မကူးရသေးဘူးဗျ" ……လို့
သူက ငါ့ကို အားနာနေတယ် ။
အဲဒီတုန်းက အဲ့ဒါကြောင့်
ကျွန်တော် ကြိတ်ပြီး ဝမ်းနည်းခဲ့ပါတယ်
အဲဒီကလွန်ပြီး နောက်နှစ်များမှာ
ဖော်ဝေးနဲ့ ကျွန်တော် ချစ်ခဲ့တယ်  ။        ။
အောင်ချိမ့်
Labels:
12 June, 2015
စီးကရက်တလိပ်အကြောင်း
စီးကရက်တွေလိုပဲ
ငါတို့ဟာ ဘူးလိုက် အတောင့်လိုက် စက်ရုံကနေ စွန့်ပစ်ခံလိုက်ရ
မြို့ရိုးကို လက်နဲ့ ပုတ်ကြည့်ရင် သေးသေးတင် နာနာဘာဝတွေကို မြင်ရတယ်
ဒီလိုအချိန်မှာပဲ မပျော်တယ်လို့လည်း မဟုတ်ပါဘူး ပျော်တယ်လည်း မဟုတ်ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ ဖင်စီခံအတပ်ခံပေးလိုက်ရ နာကျင်မှု့သက်သာစေရန်
ကျောက်စာတွေထဲက အချိန်နာရီတွေနဲ့ အိမ်ပြန်လာခဲ့ရုံသက်သက်သာ
ဟုတ်သည်လည်းရှိ မဟုတ်သည်လည်းရှိ မပြောတော့ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ အလွမ်းသွေးသားကောင်းခဲ့ သွေးသားထဲမှာ လျော့ပြေသွားတဲ့ စိတ်ဟာ စိုက်ဝင်
ဘဝကို ပြန်ပေးပါ အော်နေ အူသံတွေဟာ အာသီသလမ်းမပေါ်မှာ
ပန်းသီးကို စားမလို့လား ဒါကိုလည်း မပြောနိုင်တော့ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ အဆိပ်လည်းရှိ အတိတ်လည်းရှိ ဘယ်တော့မှ ပြန်မလာတော့
တခါတီးကြည့်ရင် ခြောက်သံထွက်လာခဲ့ "တံ တျာ တေ ရှင်" ငါ မေ့တယ်
ခေါင်းစီးမရှိတာကတော့ တောင်းတခဲ့တာ ဖြစ်ခဲ့တယ်
စီးကရက်တွေလိုပဲ
ငါတို့ဟာ ရိုင်းစိုင်းယဉ်ကျေးစွာ နာကျင်အငွေ့ပျံခဲ့ မိုးစက်တွေလိုပဲ
အီသာငွေ့နဲ့ အသက်ဆက်ထားတဲ့ လေယာဉ်ပျံကို မော့ကြည့်ခဲ့တယ်
အခုဆက်လက်ပြီးတော့ တီးလုံးသံက ဘယ်ကမှ မကြားရတော့ဘူး
ခင်ဗျားအခု မက်နေတဲ့ အိပ်မက်ဟာ
မနေ့ကနဲ့ ဒီနေ့ ကျနော်သောက်ခဲ့တဲ့ စီးကရက်တလိပ်ရဲ့ ကျောပေါ်က
သမိုင်းတွေနဲ့ မြို့တမြို့ပါပဲ (ချော်ရည်တွေအောက်မှ ရှိနေမယ်)
အနင်းချေ အဖိနိပ်ခံ တန်ဖိုးနည်းရမှာ သိခဲ့တယ်
ဘယ်အချိန်ကြည့်ကြည့် အကုန်လုံးကို မီးရှို့ပစ်မယ်ဆိုတဲ့ မီးပွားစတွေနဲ့
ဒီဝသုန်ခက်
Labels:
09 June, 2015
ရယ်ရတာတွေများတော့ ကိုယ့်မှာ လူပိုငှားပြီး ရယ်ရ
လူပေါတွေနဲ့ ဆိုသလေ့လေး ဆိုတာကို
ရယ်ရတော့ ရယ်ရတာ နည်းနည်းစိတ်ပိန်ပါတယ်
အတင်းအဖျင်းတွေနဲ့ သတင်းကမွှေးတော့
ရယ်ရတာ နည်းနည်းတော့ စိတ်ခုပါတယ်
ဒီတလိုင်း ဒီတကြောင်းက လွဲရင် ကျန်တာ မရဘူးလားဆိုလို့
ကိုယ့်မှာ ရယ်ရပါတယ်
ဟားတိုက်ရယ်ရခြင်း ဆိုတာ ဘုရားဟောထဲမှာလည်း မပါသလို
မနေ့က ထည့်ခဲ့တဲ့ အသက်ထဲမှာလည်း မပါပါဘူး
သို့သော် ကျွန်ုပ်တို့သည် ရယ်ရပါတယ်
ကိုယ့်ရှေ့က လူက ပုဆိုးအပေါက်နဲ့ဆိုတော့
ကိုယ့်နောက်က လူက ပုဆိုးအပေါက်နဲ့ပဲဆိုတော့
ကျနော့်ခမျာ အဝေးကို ရှောင်ပြေးရင်း ရယ်နေရပါတယ်
ကိုယ့်နာမည်ကို အော်ခေါ်တာက အစ
စဉ်းနီတုံးပေါ်တင်လိုက်တော့မယ့် ဦးနှောဏ်များ အဆုံး ရယ်ရပါတယ်
ရယ်စရာတွေ ကုန်သွားခဲ့ရင် ငါ ဆက်ဟားတိုက်နေပါဦးမယ်
ရယ်စရာဆိုတာ လေရှိသရွေ့ ကုန်ကူးကြတာဆိုတော့
ငါ ဟားတိုက်ပြီး ရယ်နေဦးမယ်
ဆက်၍ ဆက်၍ မင်းတို့အကြောင်းကို အရက်နဲ့မြည်းပြီး ငါဟားတိုက်ရယ်နေမယ်
ဒီဝသုန်ခက်
Labels:
08 June, 2015
ကြေးဝါသော့
ခုြေ​ပာ​ေ​န​တာ​က
​ေတွ့​က​ရာ
အ​န​က်​အ​ဓိ​ပ္ပာ​ယ်​မှ​န်​သမျှ
ဖ​မ်း​ယူမျိုချ
အ​င​မ်း​မ​ရ​နဲ့
ဆွဲ​အာြး​ပ​င်း​ထ​န်​လှ​တဲ့
ဦး​နှော​က်ြ​ကီး​တ​စ်​လုံး ​အြေ​ကာ​င်း​ပါ။
က​တ္တ​ရာ​လ​မ်းေ​ပါ်​မှာ
တဖျ​စ်ဖျ​စ်ြ​မ​ည်​လို့
ေ​အ​ဒီ​သ​က္က​ရာ​ဇ်​ထဲ​မှာ
လူတချို့ ​သူ့​ကိုေ​တွ့​ရှိ​ခြဲ့​က​တ​ယ်။
ပ​ညာ​ရှ​င်​အြ​ကို​က် အ​မှို​က်ေ​တွ
ခ​ပ်များများ
ဒီ​လို ​နား​လ​ည်​ထားနှင့်​ပါ​စို့။
ဘု​ရား​သ​ခ​င်​အ​တွ​က် ​တ​စ်ေ​န​ရာ
အြ​ကိ​မ်ြ​ကိ​မ်​လှဲကျ​င်း​ထား​တဲ့
ပ​ထ​မ​အ​က​န့်​ထဲ​မှာ
ြေ​ကး​ဝါေ​သာ့ ​တ​စ်ချော​င်း
ဦးေ​ခါ​င်း​ခွံ​ထဲ​မှာ
နှ​စ်ေ​ပါ​င်းများ​စွာ ​ပု​န်းေ​အာ​င်းေ​န​ခဲ့​ရ​ဟ​န်​တူ​တဲ့
အ​န​က်​အ​ဓိ​ပ္ပာ​ယ်များ
၁။ ​ေ​ရႊ​ဒ​ဂၤ ါး
၂။  ​ကျွ​န်ေ​တာ်​အ​ရ​မ်းဖျားေ​န​တ​ယ်
၃။ ​အ​ဖ​ဘု​ရား​သ​ခ​င်
၅။ ​အြ​မု​ပ်​တ​စီ​စီ​ထေ​န​တဲ့ ​ဝို​င်​ပု​လ​င်း
၆။ ​သူ​င​ယ်ချ​င်းများ
၇။ ​ဘ​ရိ​တ်​ဓားေ​တွ
၈။ြေ​မွေ​ဟာ​က်​တ​စ်ေ​ကာ​င်
၉။ေ​အာ​င်ြ​မ​င်​မှု
၁၀။ ​အ​တု​လု​ပ်​ထား​တဲ့  ​နံ​န​က်​စာ
အ​န​က်​အ​ဓိ​ပ္ပာ​ယ်ေ​တွ​ဟာ
အ​န​က်​အ​ဓိ​ပ္ပာ​ယ်ချ​င်း​လဲ​လှ​ယ်ြ​က
ထ​ပ်ြ​ပီး ​အ​န​က်​အ​ဓိ​ပ္ပာ​ယ်ချ​င်း​လဲ​လှ​ယ်ြ​က
ပ​ညာ​ရှ​င်ေ​တွ​က ​မှ​တ်ချ​က်ချ​တ​ယ်
င်္ ​အို ​အ​ဖ ​ဘု​ရား​သ​ခ​င် င်္
(နှ​စ်ေ​ပါ​င်းများ​စွာ)
ြေ​ကး​ဝါေ​သာ့​ဟာ
အဲ​သ​လို ​တ​ချွ​င်​ချွ​င်ြ​မ​ည်​ခဲ့​ဟ​န်
တူ​ပါ​တ​ယ်   ။
နေမျိုး
(​ပ​န်းနုေ​ရာ​င် ​ဆံ​ပ​င်များ၏ ချ​ည်​တို​င် …​မှ ..)
Labels:
သိပ်ကို ရောမန္တိကဆန်ချင်တဲ့ ဖဲချပ်
အသက်ကယ်သွေးကြောတွေက တယ်လီဖုန်းထဲကနေ ပျံသန်းလာကြတယ်
ဒီဘ၀မှာမှ ဒီ ပန်းကလေးကို ရူးသွပ်စွာ နမ်းမရှိုက်ရဘူးဆိုရင်
ဘယ် သံသရာတိုင်အောင် ဘယ်လောက်တောင် အော်ခေါ်နေရမှာလည်း
တကယ်တော့ ရင်ခုန်တယ်ဆိုတာ စိတ်ကြွဆေးဝါးတစ်မျိုးပါ
သေမင်းရဲ့ အာခံတွင်းကို စောင့်ကန်ပြီး ပန်းကလေးကို နမ်းခဲ့ရတာပေါ့
ဘယ်လိုပြောပြော တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေဖို့ လိုအပ်တယ်
ဘာပဲဖြစ်ဖြစ် တစ်ယောက်နေ့စဉ်ဘ၀ထဲ တစ်ယောက် မိုးကြိုးပစ်လိုက်ချင်တယ်
ငါ ကိုယ်ပူနေတာကို သူ့အနမ်းက လွဲပြီး မကုစားချင်တော့ဘူး
တစ်ရက်ပြီး တစ်ရက် ငါ တယ်လီဖုန်းကြိုးတွေကြားထဲ လမ်းသလားပျံသန်းပြီး
အချစ်ဆိုတာ စိတ်ကူးနဲ့ ခိုးခိုးနမ်းနေရတဲ့ အသစ်လွင်ဆုံးကမ္ဘာစစ်ပေါ့ ။
ဒီဝသုန်ခက်
22Apr2015
0345pm
Labels:
မျက်လုံးများ မှိတ်ပြီး
ကိုယ့်ကိုယ်ကို စောက်မြင်ကပ်လို့
စိတ်ပျက်ဖို့ အကောင်းဆုံး သီချင်းကို
Ring Tone လုပ်ထားတာ
ငါ့ ဖုန်းမြည်တိုင်း ငါ့ သူငယ်ချင်းတွေ
မျက်လုံးများမှိတ်ပြီး ဖီးအပြည့်နဲ့
ခေါင်း တညိတ်ညိတ် ရှိကြတာ  ။
ဟံလင်း
၁ ၊ ၄၊ ၂၀၁၅
Labels:
ခြေတစ်ဖက်ချိတ်လျက်
ရပ်ကွက်တွေမှာ
လမ်းတွေ
လမ်းတွေမှာ
ကွမ်းယာဆိုင်တွေ
ကွမ်းယာဆိုင်တွေမှာ
ခုံတန်းလျားလေးတွေ
ခုံတန်းလျားလေးတွေမှာ
အရွယ်စုံယောက်ျားတွေ
ခြေတစ်ဖက် ချိတ်လျက်   ။     ။
ဟံလင်း
၁၂၊ ၃ ၊ ၂၀၁၅
Labels:
မှတ်စုများ ၁၄
မီးတိုင်အောက်မှာ
ပိုးကောင်လေးတွေ ၀ဲနေ ပျံနေကြတယ်
ငါ ငယ်ငယ်က ယုံခဲ့တဲ့ အတိုင်းပါပဲ ။
မီးရောင်တွေက မှုန်ပျပျရယ်
အချိန်တွေနဲ့ ကာရံထားတဲ့ ဘ၀ရယ်
ငါ့ကို ငါ့ သူငယ်ချင်းတွေပဲ တွေ့နိုင်ခဲ့တယ်
မိုးဝေး
၂၄-၁-၂၀၁၅
Labels: ,
ဓားတစ်ချောင်းကဗျာ
ငါပာာ စောင်တစ်ထည်ဖြစ်ရင်လည်း
ခံစားချက်တော့ ရှိချင်တယ်။
ဓားတစ်ချောင်းရဲ့ ထိုးသွင်းမှုကို
အဆုံးအထိ သိချင်တယ်။
နွေးထွေးတဲ့ ခြုံလွှမ်းမှုကို
တစ်ဘ၀လုံး အောက်မေ့ချင်တယ်။
မဖြစ်နိုင်တဲ့ အိပ်မက်ကို
တစ်သက်လုံး မက်ချင်တယ်။
သမုဒ္ဒရာ အလယ်မှာ
ငါစပ်မိတဲ့ ကဗျာပါ။
သုခမိန်လှိုင်
Labels:
အချစ်
သူက ငါ့ကိုပေးပေး မပေးပေး
ငါ့နှလုံးသားက ရပြီးသား။
မဖြစ်နိုင်ဘူးဆိုတာတွေ
ဖြစ်ခဲ့တယ်။
မတုန့်ပြန်သောအချစ်ဟာ
သြဇာ အရသာလေးနက်မြဲ။
ငါ့မှာ မရသေးပေမယ့်
ရခဲ့ပါပြီ        ။
အောင်ချိမ့်
[ ပြဇာတ်မင်းသား စာအုပ် . . . . . မှ ]
Labels:
ဖက်ထဲက ကဗျာ
ရှေ့မှာ စံပယ်ပန်းတွေ သွားနေတော့
နောက်မှာ ဆွတ်ပျံ့ကျန်ခဲ့ပြီ။
ဒီနံနက်ခင်းလေး
ဒီဆုံဆည်းမှုလေး
စောစော အိပ်ရာထရုံနဲ့ ရခဲ့တာလား
ဘ၀များစွာ လာခဲ့ရတာလား။
ဒီအသက်လေး
ဖက်နဲ့ထုပ်ထားပါရစေ။
သုခမိန်လှိုင်
Labels:
ပြန်ရောက်တဲ့ ကဗျာ
နှလုံးသားကို မေ့ဆေးပေးရင်တောင်
အတိတ်မမေ့နိုင်ပါဘူး။
မွှေးပျံ့တဲ့ အဓိပ္ပာယ်
သယ်ဆောင်လို့ပါလား
ကိုယ့်ချစ်သူ ကိုယ်မှတ်မိ
ကိုယ့်လမ်း ကိုယ်မှတ်မိ
ကိုယ့်ဖိနပ် ကိုယ်မှတ်မိ
ကိုယ့်အမာရွတ် ကိုယ်မှတ်မိ
ကိုယ့်ခေါင်း ကိုယ်ရိုက်ပြီး
အတိတ်မမေ့သူတစ်ယောက်
ပြန်ရောက်လာပါပြီ။
သုခမိန်လှိုင်
Labels:
အိမ်အပြန်ကဗျာ
ဘ၀ထဲမှာ မျက်ရည်ထည့်ထားလို့
ရုပ်ရှင်ထဲမှာ လူဆိုးတွေ ထည့်ထားလို့
ပင်လယ်ထဲမှာ ဆားထည့်ထားလို့
အသက်ထဲမှာ သေခြင်း ထည့်ထားလို့
ကမ္ဘာထဲမှာ
အလေးချိန်တွေရှိခဲ့တာ။
ကြွပ်ကြွပ်အိတ်ထဲမှာ
ကမ္ဘာကြီးကိုဆွဲပြီး
ငါလည်း အိမ်ပြန်ခဲ့ပါပြီ ။
သုခမိန်လှိုင်
Labels:
လေယာဉ်ပျံပေါ်က ကဗျာ
လေယာဉ်ပျံတစ်စီးမှာ
ကဗျာနှစ်ပုဒ် ရှိပါတယ်။
တစ်ပုဒ်က
ခရီးသည်တွေကို ရောက်အောင်ပို့မယ့်ကဗျာ
တစ်ပုဒ်က
ခရီးသည်တွေကို ပျက်ကြပြမယ့်ကဗျာ
ကဗျာနှစ်ပုဒ်ရှိပါတယ်။
အခေါက်တိုင်း အခေါက်တိုင်း
ဘယ်ကဗျာ ဖတ်ရမှာလဲဆိုတာ
ရင်ခုန်စရာ။
အခု ကျွန်တော်
လေယာဉ်ပျံပေါ်မှာပါ။
သုခမိန်လှိုင်
Labels:
ပိတောက်တွေပွင့်ပြီးမှပို့တဲ့ ကဗျာ
ပိတောက်တွေပွင့်ပြီးမှပို့တဲ့ ကဗျာ
ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားပာာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ ။
ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို   ။
သုခမိန်လှိုင်
Labels:
07 June, 2015
ကစားပွဲ
လခြမ်းလို
ဓားချက်တွေက လှလွန်းတော့
ငေးကြည့်မိ ။
သွေးတွေ ဖြာစင်းသွားပုံက အစ
လှလွန်းတော့
ငါ့ကို ထိသွားလား
ငါ သေဆုံးသွားခဲ့ပြီလား
မစဉ်းစားတော့ဘူးကွယ်
လောကရယ် . . . . . . ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
ငါတို့ရဲ့ အနုပညာ
သူ့ အသံက
ပြာနှမ်းနှမ်း
သူ့ အလွမ်းက
အနက်ရောင်
အမှိုက်ပုံပေါ်
ဝင်းပြက်လာတဲ့ အမှောင် ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
အရိုးခေါင်း
ဒါဟာ
အတိတ်တုန်းက
လူတစ်ယောက်
ဦးခေါင်းခွံတစ်ခု  ။
အဲဒီ အထဲ
အနာဂတ်ကို ထည့်ထားတယ် ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
ပုံပြင်
ဒဿနဆရာက
သဲပွင့်လေးကို ကျောက်ဆောင်တစ်ခု
လုပ်လိုက်တယ်
ကဗျာဆရာက
ကျောက်ဆောင်ကို သဲပွင့်လေး
လုပ်လိုက်တယ်
ကဗျာဆရာရဲ့ ဒဿနကြောင့်
ဒဿနဆရာ ရူးသွားပြီး
ဒဿနဆရာရဲ့  ကဗျာကြောင့်
ကဗျာဆရာ သေဆုံးခဲ့ရတယ် ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
ဒီလိုနဲ့ ဒီလိုနေ့တွေ
ကျင်းယက်နေတဲ့ ခွေးကလေးလို
တစ်ခုခု တွေ့လိမ့်နိုးနိုး
ဒါမှမဟုတ် အပျော်သက်သက်
ငါတို့ဟာ
အနံ့ခံလို့
ခေါင်းထိုးလို့
လက်တစ်ဆုံး နှိုက်လို့
အသံတစာစာ  ။
ဒီလိုနဲ့ ဒီလိုနေ့တွေ
သဲတွေလို ဒို့ နောက်မှာ ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
အိုး
ဘာဖြစ်လို့ သူ့မှာ
ထုရှိနေတာလဲ
ဇောက်ရှိနေတာလဲ
ဘာဖြစ်လို့
စက်ဝိုင်းလို ပြားချပ်ချပ် ဖြစ်မနေတာလဲ။
ဘာဖြစ်လို့
သုညလို အကုန်မဆန့်ရတာလဲ ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
ကားစီးခြင်း
အရာရာရိပ်ခနဲ
မသဲမကွဲ ။
အရှိန်မြင့်ပြီး
ဇိမ်ရှိခြင်းက
ငိုက်မျဉ်းမှု့ကို ဖြစ်စေတယ် ။
လမ်းကြမ်းကြမ်းကတော့
အသိနဲ့ သတိကို ဖြစ်စေမယ် ။
တောလမ်းကလေးသာ
တမ်းတမိတော့တယ် ။
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
ခွေးသန်း
ခွေးသန်းတကောင်ဟာ
ခုန်ဆွခုန်ဆွ လုပ်တယ်
အကကျင့်နေတာ မဟုတ်ဘူး
ပိုးပန်းနေတာ မဟုတ်ဘူး
ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေတာ မဟုတ်ဘူး
လွတ်မြောက်ဖို့ မဟုတ်ဘူး
ဒါ သူ့သဘာဝပဲ ။
ခွေးသန်းဟာ
တခါတရံ ငြိမ်သက်နေတက်တယ်
သမထ လုပ်နေတာ မဟုတ်ဘူး
သူ့ကို ဖိသတ်ဖို့ လုပ်တော့
သူ ခုန်ထွက်သွားတယ်
သဘာဝ အတိုင်းပဲ ။
ခွေးသန်းမှာ အိပ်မက်တစ်ခု ရှိတယ်
ခွေးသန်းမှာ ကောင်းကင်ဘုံ ရှိတယ်
ညီမွန်
[ ကျားရဲရာ . . . . . . ကဗျာစာအုပ်မှ ]
Labels:
လက်ခလယ်အသစ်
ငါ မမိုက်ရိုင်းချင်လို့
ငါ့ လက်ခလယ်တွေကို ခုတ်ဖြတ်ပစ်လိုက်တယ် ။
အိမ်မြှောင်အမြီးပြတ်လို
လယ်ခလယ်ဟာ ဆတ်ဆတ်ခါတုန်နေတယ်။
ပြီးတော့ အိမ်မြှောင်အမြီးသစ်လိုပဲ
ဖြူထွားဝင်းမွတ်ကြံ့ခိုင်သော လက်ခလယ်အသစ်ကို
ထပ်မံရရှိလိုက်ပါတယ်
မှူးနေ၀န်း
Labels:
ဓာတ်တိုင်
ငါ့ဟာ ငါ လမ်းဘေးမှာရပ်နေတာကို
အဲဒီလိုင်းကားကြီးက လာတိုက်တယ်
ဟေ့ . . . ငါ့ခေါင်းပေါ်က ဓာတ်ကြိုးလေးတွေ
မင်းတို့ရော . . . ခါးပြတ်သွားသေးလား   ။     ။
နရီမင်းထက်
[ အော်သံ . . . . မှ ]                      
Labels:
ကျွန်တော့်သူငယ်အိမ်
ခုနက
လမ်းညွှန်ဆိုင်းဘုတ်ပေါ် နားနေတဲ့ ငှက်
ဘယ်အရပ်ဆီ ပျံသွားလဲ
ဟိုး . . . . မှာ
မေမေ့မျက်နှာနဲ့ တူတဲ့ တိမ်တစ်ခု
သနပ်ခါးလိမ်းပေးချင်သလို အပြုံးမျိုးနဲ့
ငုံ့ကြည့်နေ
ကျွန်တော် ကြီးလာသလို
လှောင်ချိုင့်တစ်ခုလဲ ကြီးလာတယ်
ကျွန်တော်က ဘာမှ မကိုင်ထားပေမယ့်
ကျွန်တော့် အရိပ်က တစ်ခုခုကိုင်ထားတယ်
ငယ်ငယ်က ပိုက်ဆံမလောက်ငှလို့ မ၀ယ်ခဲ့ရတဲ့
သံပတ်ရထားရုပ်လေးကို ပြန်ဝယ်ဖို့သွားတော့
အဲဒီနေရာက
တကယ့်ဘူတာရုံကြီး ဖြစ်နေပါပြီပကော
. . . . ဘော် .  . . . . . . . . . . . . . .
မီးလုံးဝါမျက်လုံးနဲ့ ပြေးလာတဲ့ ရထားဟာ
ကျွန်တော့်ကို အပိုင်းပိုင်းဖြစ်အောင်
ဖြတ်ကြိတ်သွား . .. .
အခု ကျွန်တော်
အသားစလေးတွေ တစ်ဖတ်စီလိုက်ကောက်လို့
ကိုယ့်ကိုကိုယ်ပြန် ဂျစ်ဆောနေရပါပြီ
ဒါပေမယ့် . . . .
ပျော်ပါတယ်ဗျာ  ။
သူဝေး
2013
Labels:
သူပုန်ကလေး
အဝေးက လူတစ်ယောက်အတွက်
နီးတယ်ဆိုတဲ့ စကားဟာ အဓိပ္ပာယ်မရှိတော့ပါဘူး
အညံ့ဖျင်းဆုံးတိမ်တိုက်ဟာ ငါ ဖြစ်မှာပါ
ခေါင်းအုံးကလေးကလည်း သူ့ အိပ်မက်နဲ့သူပဲ၊
ဗလာဖြစ်နေတဲ့ စာရွက်ပေါ်မှာ
ဘောပင်တစ်ချောင်းဟာ suicide လုပ်သွားပြီ၊
အင်တာနက်ဟာ ထစ် ထစ် ထစ် နေတုန်း
ငါ့မှာဖြင့် ပူလောင်လိုက်ရတာ
ဒါနဲ့များ
ဆောင်းရာသီတဲ့လားကွယ် ။
နရီမင်းထက်
Labels:
ဒိုင်ယာရီစာအုပ်
လက်ထဲမှာ စာအုပ်တစ်အုပ်
စာအုပ်ထဲမှာ လက်ရေးများ
လက်ရေးပိုင်ရှင် မိန်းကလေးတစ်ယောက်
သူမ၏ ၀ဲနေသော မျက်ရည်စများ ။
မျက်ရည်စများအတွင်းက ကောင်လေးတစ်ယောက်
ကောင်လေး၏ မျက်လုံးအိမ်ထဲက
မီးရောင်ပြင်းပြင်းနဲ့ ကားတစ်စင်း
"ကျွီ " ဘရိတ်အုပ်သံများ
"၀ုန်း" ကားနှင့်တိုက်မိသံ
"အား" ခနဲ အော်သံတစ်ခု။
ဖန်ခွက်လို အပိုင်းပိုင်းအစစ ကွဲသွားသော အချစ်
ကျိုးပဲ့ကြေမွနေသော နှလုံးသား
ထို နှလုံးသားထဲတွင် မျှော်လင့်ချက်များ
မျှော်လင့်ချက်များထဲတွင် စိတ်ကူးစိတ်သန်းများ
စိတ်ကူးထဲတွင် ဒိုင်ယာရီအတူတကွ ရေးကြရန် ကတိထားခဲ့မှု့များ။
ယခုအခါ . . .
လက်ထဲမှာ စာအုပ်တစ်အုပ်
စာအုပ်ထဲမှာ တစ်ဖက်တစ်မျက်နှာ တစ်ခြမ်းထဲသာ ရေးထားသော လက်ရေးများ
ထို လက်ရေးလက်သားများအပေါ်က မျက်ရည်စက်များ . . . . . . . . . ။
နရီမင်းထက်
Labels:
ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းသိပ်များတယ်
မင်းက ဓားထက်ထက်နဲ့တောင် မချိန်ဆဘဲ
ပန်းပွင့်ကလေးတွေနဲ့ ငါ့ကို လာလာရှလို့
မင်းက မျက်ရည်ယိုဗုံးတောင်မသုံးရပဲ
ငါ့မြတ်နိုးရခြင်းတွေက တသွင်သွင်ယိုစီးကျလို့
သိပ်ရှုပ်တဲ့ကလေးမလေးက
ဘာမှမဟုတ်ဘဲနဲ့ နေလိုခြစ်ခြစ်တောက်ပူပြလို့
တစ်ခါတစ်လေတော့လည်း
မီးစကလေးတွေကို မြိုမြိုချရတာ သိပ်လှတယ်။
မက်ဆေ့ခ်ျတစ်စောင် missed call တစ်ခု
သွေးနုသားနု စိတ်ကောက်မှုမျိုးနဲ့
မင်းက ငါ့ကို အဝေးဂိုးတွေ တဒိုင်းဒိုင်းသွင်းလို့
ငါကလည်း တန်ပြန်တိုက်စစ်နဲ့ အလစ်ဝင်ဝင်တိုက်လို့
ငါတို့်ဟာ ရင်ချင်းအပ်ထားလျက်နဲ့
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းကြည့်ကြ
ဘာကြာလို့လဲ
အချိန်တန်တော့လည်း ငါ့မေးရိုးတွေဟာ
မင်းပုခုံးသားပေါ် ပြိုပြိုကျရတော့တာပါပဲ။
ဘာတွေလဲ !
ငါတို့ဟာ တစ်ယောက်သေသွားမှာကို
ကျန်တဲ့တစ်ယောက်က စိုးရိမ်ပူပန်တတ်မှုမျိုးနဲ့
တစ်ယောက်ကိုတစ်ယောက် ပစ်ခတ်ချေမှုန်းနေကြ
ဟောဒီကမ္ဘာကြီးပေါ်က
ကျည်ဆန်မပါဘဲ ပစ်ခတ်နေကြတဲ့ သေနတ်တိုင်းဟာ
ချစ်ခြင်းမေတ္တာရဲ့ မျက်လှည့်ဆန်တဲ့အပိုင်းပဲဖြစ်ရမယ်။
ခက်တယ် ကလေးရယ်
ငါကနင့်အပေါ်မကောင်းပါဘူးဟာလို့ ငါကပြောတော့
နင်ကငါ့အပေါ်သိပ်ကောင်းပါတယ်လို့ နင်ကပြန်ပြောလို့
ငါကနင့်အပေါ်သိပ်မကောင်းပါဘူးဟယ်လို့ နင်ကပြောတော့
နင်က ငါ့အပေါ်သိပ်ကောင်းတာပါဟာလို့ ငါကပြန်ပြောလို့
တကယ်တော့ ငါတို့ဟာ အရူးတွေပဲ
ဒါကြောင့်မို့လဲ ဘုရားအဆူဆူနဲ့ လွဲခဲ့တယ်။
ဘ၀ဆိုတာ သိပ်မသေချာပါဘူး
ဒီလိုပဲပေါ့
ငါကလည်း သိပ်မသေချာပါဘူး
ဟော  ကြည့်လေ
နင်နေသလိုလည်း လိုက်မနေနိုင်
နင်သေသလိုလည်း လိုက်မသေနိုင်
နင်စားသလိုလည်း လိုက်မစားနိုင်
နင်သွားသလိုလည်း လိုက်မသွားနိုင်
ယုတ်စွအဆုံး နင်မုန်းသွားရင်တောင် လိုက်မမုန်းနိုင်
ဒါနဲ့များ ငါနင့်ကိုချစ်တယ် တဲ့
ခပ်ဖွဖွလေသံနဲ့ ပြောလိုက်တဲ့စကားမှာ
နင့်လို မိုက်ရူးရဲကောင်မလေးကို
ငါက သေသေချာချာချစ်ဖို့ ကြိုးစားနေခဲ့ပြီးသားဆိုတာ ယုံပါ။
တစ်ချို့ကိစ္စတွေဟာ ရှင်းပြဖို့မလိုအပ်ဘူးလို့ ငါယုံကြည်တယ်။
ဒူးရင်းသီးမကြိုက်တာရှင်းပြဖို့ မလိုအပ်သလို
အိမ်သာတက်ချင်တာရှင်းပြဖို့ မလိုအပ်သလို
ငါနင့်ကို သေလောက်အောင်ချစ်တယ်ဆိုတာ
ရှင်းပြဖို့ မလိုအပ်ဘူးလို့ ငါယုံကြည်ပါတယ်
နင်မယုံကြည်ဘူးဆိုရင်တောင်
ငါ့ကို ဘယ်တော့မှ မရှင်းပြပါနဲ့။
နင်သိရဲ့လား
တစ်ခါတစ်ခါ မီးခိုးငွေ့တွေကိုမြိုချရတာ သိပ်ချိုတယ်ဆိုတဲ့အကြောင်း
ငါ နင့်ကို နူးနူးညံ့ညံ့လေး စာလုံးပေါင်းပြချင်တယ်။
ငါ့ကို စွဲလမ်းစေတတ်သော
ငါ့ကို မူးယစ်ရီဝေစေတတ်သော
ငါ့ကို သေစေတတ်သော စီးကရက်မလေးရဲ့
နင်က စီးကရက်ကိုသိပ်မုန်းတယ်ပြောတဲ့အခါ
ငါ့မှာ ဘာပြောရမှန်းမသိအောင်ဆွံ့အလို့
မီးခိုးငွေ့တွေကို သက်ပြင်းနဲ့ရောပြီး မှုတ်ထုတ်လို့
ငါ တွေးလို့ ငေးလို့ ဆွေးလို့…………။
ငါ့မှာ မြေကြီးတွေ ခဏခဏတုန်တိုင်း
နင့်ခြေအစုံကို ဂရုတစိုက်ကြည့်ကြည့်နေရ၊
နင်နဲ့ငါ ငါနဲ့နင်
နင့်ကိုငါ ငါ့ကိုနင်
နင့်ရဲ့ငါ ငါ့ရဲ့နင်
နင့်အားငါ ငါ့အားနင်
ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းတွေ သိပ်များလှပေါ့။
ခဏနေရင် မိုးရာသီစိုက်ခင်းမှာ
ချစ်ခြင်းမေတ္တာတွေ သီးပွင့်ကြဦးမယ်
ငါကလည်း ငါ့ကဗျာနဲ့ငါ
နင်ကလည်း နင့်အထာနဲ့နင်
တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်ချင်နေကြတာကို
ဘယ်ဥတုရာသီနဲ့ ဆွဲဖြည်ကြမလဲ။
နင်က အိပ်မက်တွေခဏခဏမက်တယ်
ပြီးတော့ အိပ်မက်ထဲမှာ ငါတို့ဝေးသွားကြတယ်လို့ ပြောတယ်
နင်က ငါ့လက်မောင်းသားတွေကိုလည်း ခဏခဏဆွဲဆိတ်တယ်
ပြီးတော့ ဘယ်တော့မှမခွဲကြေးနော်လို့ ပြောပြန်တယ်
အဲဒီတော့လည်း
ငါ့မှာ အိပ်မက်ပါကလေးရယ်ဆိုပြီး နှစ်သိမ့်လိုက်ရ
အသားနာတော့လည်း အားခနဲဆိုပြီး အော်ပြလိုက်ရနဲ့
နင့်ရဲ့ ဒွိဟတွေအကြားမှာ
ငါကိုယ်တိုင်တောင် အိပ်မက်လားတကယ်လားဖြစ်နေရနဲ့……..၊
ငါ့ရင်ဘတ်ကို ဒီထက်ပိုပြီး နယ်ချဲ့ပစ်လိုက်စမ်းပါ
အရင်းရှင်စနစ်ကို မုန်းတဲ့ကောင်ဟာ
ကျွန်တစ်ယောက်လိုဖြစ်မနေချင်ဘူးလို့ ဘယ်သူကပြောလဲ
နင်အပြင်သွားချင်တဲ့အခါ ငါ့ကိုလိုက်ပို့ခိုင်းပါ
နင်တစ်ခုခုစားချင်တဲ့အခါ ငါ့ကိုလှမ်းမှာခိုင်းမှာ
နင်နေပူတယ်ဆိုတဲ့အခါ ငါ့ကိုထီးမိုးခိုင်းပါ
ငါ့ကို ချစ်ခိုင်းပါ မြတ်နိုးခိုင်းပါ ယုယကြင်နာခိုင်းပါ
တစ်ခုပဲ ကလေးရယ်
ငါ့ကို ဘယ်သောအခါမှ မမုန်းခိုင်းပါနဲ့။
လူကြီးလူကောင်းတော်တော်များများလို
ဆုတောင်းခြင်းကို ယုံခဲ့ရင်လည်း အကောင်းသားပေါ့
အဲဒီလိုသာဆိုရင် နင်နဲ့မဝေးရဖို့
ဗုဒ္ဓမြတ်စွာဆီမှာ ငါဆုတောင်းမယ်
ယေရှုခရစ်ဆီမှာ ငါဆုတောင်းမယ်
တမန်တော်မိုဟာမက်ဆီမှာ ငါဆုတောင်းမယ်
ငါဆုတောင်းမယ် ကလေးရယ်
လက်ဆယ်ဖြာကိုထပ်မှာမိုးပြီး ဆုတောင်းမယ်
လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဆုတောင်းမယ်
လက်ဖ၀ါးနှစ်ဖက်ကိုဖြန့်ကားထားပြီး ဆုတောင်းပါမယ်
သိပ်လွယ်လွန်းနေလို့လားမသိဘူး
ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်လာရင်
နင့်လက်သန်းကလေးကို ဆုပ်ကိုင်ထားရတာလောက်
ဘယ်ဘာသာတရားအပေါ်မှ ငါအယုံအကြည်မရှိခဲ့ဘူး။
တစ်ချို့က ပြောကြလိမ့်မယ်
မယုံကြည်တဲ့လူဟာ ဒဏ်ခတ်ခံရလိမ့်မယ်တဲ့
ဟုတ်လောက်တယ် သိလား
ခု နင်ကတစ်နေရာ ငါကတစ်နေရာ
အဲဒီအနေအထားဟာ ငရဲခန်းထက်ပိုခါးပါတယ်။
အခက်သားလား ကလေးရယ်
တစ်ချို့ပုစ္ဆာတွေဟာ မေးခွန်းလွယ်ပြီး အဖြေခက်တယ်
တစ်ချို့ပုစ္ဆာတွေကျတော့ မေးခွန်းခက်ပြီး အဖြေလွယ်တယ်
ဟောဒီ ကမ္ဘာကြီးက အကျယ်ကြီး
ဆုန်သင်းပါရ်ပါးစပ်ထဲရောက်မှ ကျဉ်းသွားတာကို
ငါ နားလည်ကြည့်လို့ကို မရခဲ့ဘူး။
ကျေးဇူးပြုပြီး ငါ့ကို အရူးလို့ခေါ်ပါ
ဒါမှမဟုတ် “ကိုကို” လို့ ခေါ်ပါ။
ဘာရယ်မဟုတ်ပါဘူး
ဝေဒနာတင်းကြမ်းနဲ့ လူတစ်ယောက်
လောကကြီးထဲက သက်သက်သာသာထွက်သွားချင်သလို
မနာမကျင် အနာရွတ်မရှိ
အသံသာသာလေးနဲ့ သေကြည့်ချင်မိရုံသက်သက်ပါ။
ဘာမှပိုမထူးပါဘူးကွယ်
သူများတွေလိုပဲ အစာစားတယ်
သူများတွေလိုပဲ အိပ်တယ်
သူများတွေလိုပဲ အိပ်မက်မက်တယ်
သူများတွေလိုပဲ ရှင်သန်နေထိုင်တယ်
ဘာမှမထူးတဲ့လူတွေကြားမှာ နေထိုင်ရင်း
ထူးခြားချင်စိတ်ပြင်းပြနေတဲ့ လူငယ်
မင်းရဲ့ ပါးချိုင့်ကလေးကို ဈေးမဆစ်ပဲဝယ်ချင်ပါတယ်။
မင်းက ပြောလိမ့်မယ်
ငါက တစ်ခါတစ်ခါ သိပ်ကြောက်ဖို့ကောင်းလိုက်တာ တဲ့
ဘ၀ဆိုတဲ့ စာသားကို
အရှုံးမပါဘဲ မရေးတတ်ခဲ့တဲ့ ဆူးတွေအပြည့်နဲ့လူသားမှာ
ပြောစရာစကားတွေ ရှားပါးခဲ့ရပေါ့။
မင်းကိုတွေ့မလားဆိုပြီး
ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်တယ်
ငါ့ကိုယ်ငါ မေးခွန်းပြန်ထုတ်ကြည့်တယ်
ငါကရော ဘာကိုကြောက်နေသလဲ
ငါ ဘာကို ကြောက်သင့်သလဲပေါ့
ငါ့အကြည့်တွေထဲမှာ ငါချော်လဲတယ်
ငါ့မေးခွန်းတွေအောက်မှာ ငါလမ်းပျောက်တယ်
ငါကြောက်တယ်
ငါကြောက်တယ်
ငါသိပ်ကြောက်နေပါတယ် ကလေးရယ်။
တကယ်တော့ အနတ္တဆိုတဲ့စကားလုံးဟာ
ငါကိုယ်တိုင်ကိုယ်ကျ ၀တ်ဆင်ထားမိခဲ့တဲ့ ဗုံးတစ်လုံးပါပဲ။
ဖြစ်နိုင်မယ်ဆိုရင်
ပန်းကလေးတွေကို မကြွေကျစေချင်သလို
စမ်းရေကလေးတွေကိုလည်း ဘယ်ခန်းခြောက်စေချင်ပါ့မလဲ
ခက်တာက
ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းက သိပ်များလှပေါ့။
အံ့သြဖို့မကောင်းဘူးလား
နင်လည်းငါ့ကိုနားမလည်နိုင်
ငါလည်းနင့်ကိုနားမလည်နိုင်
အဲဒီလို တစ်ယောက်ကိုတစ်ယောက်က နားမလည်နိုင်ကြတာကို
တစ်ယောက်နဲ့တစ်ယောက်က နားလည်ကြ
ငါတို့ဟာ တစ်ခါတစ်ခါ သိုးတွေလို သိပ်အတယ်
ငါတို့ဟာ ငါတို့ဖြစ်ကြောင်း ငါတို့ကိုယ်တိုင်မသိခဲ့ကြသလိုပေါ့။
ဘာမှမထူးသလို ဘာမှလည်းမဆန်းပါဘူး
ဟုတ်တယ် ငါတို့ဟာ မထူးဆန်းဘူး
ချစ်ခြင်းမေတ္တာကပဲ ရူးနှမ်းနေခဲ့တာ……….၊
လွမ်းတယ် ကလေးရယ်
လမ်းတွေလျှောက်ရင်း လွမ်းတယ်
စီးကရက်တွေသောက်ရင်း လွမ်းတယ်
ကဗျာတွေရေးရင်း လွမ်းတယ်
သေခြင်းတရားကိုငေးရင်း ငါနင့်ကို ဆွေးဆွေးနင့်နင့် လွမ်းပါတယ်
ငါနင့်ကို လွမ်းတယ်
စိတ်ဆိုးနေသယောင်ဆောင်ပြီးလွမ်းတယ်
နာကျည်းနေသယောင်ဆောင်ပြီးလွမ်းတယ်
မုန်းချင်ယောင်ဆောင်ပြီးလွမ်းတယ်
မေ့ပစ်ချင်ယောင်ဆောင်ပြီးလွမ်းတယ်
တစ်ခုတည်းပါပဲ
ချစ်သယောင်ဆောင်ပြီး မလွမ်းခဲ့ဘူး။
ဘယ်လွမ်းလို့ရလိမ့်မလဲ
ချစ်ခြင်းတရားက အယောင်ဆောင်လို့မှ မရတာ ။
ငါ နင့်ကို ချစ်တယ်
တွေ့လား အိတ်ကပ်ထဲမှာ ပိုက်ဆံအပြည့်ဆိုပြီး
ရင်ဘတ်ကြီးကို တဘုန်းဘုန်း ထုပြနေသလိုမျိုး မဟုတ်ဘူး
သွေးတရဲရဲ သံတရဲရဲနဲ့ ဒဏ်ရာကို
အနာဖေး ဆတ်ခနဲ ဆွဲခွာလိုက်သလိုမျိုး
ငါ့မျက်လုံးတွေကို တိုးပြီးစိုက်ကြည့်စမ်းပါ
ပွင့်လင်းမြင်သာမှုဟာ ဒီမိုကရေစီမှာ မသေချာဘူး
ငါ့ရဲ့ချစ်ခြင်းမှာ သေရာပါခဲ့တယ်။
ဒါဟာ ငါပစ်လိုက်တဲ့မြားပေါ့
အတိမ်းအစောင်းသိပ်များလှတဲ့လောကကြီးမှာ
သံထုထည်ကြီးဟာ ၀ါဂွမ်းစလေးလို ဆင့်ကဲပြောင်းလဲလို့
ငါ ဖျစ်ညှစ်အန်ထုတ်လိုက်ရတဲ့စကား
နင့်ရဲ့နှလုံးသားမှာ ပိုးသားပမာ နူးညံ့သာယာပါစေ ။       ။
ဆစ်ခ်
5.5.2014
Labels:
ကင်မရာ
ငါ့ အမူအရာ အဆင်သင့် မဖြစ်သေးချိန်မှာ
နေလုံးကြီး တစ်စစီ ပြိုကွဲသွားသည့် နှယ်
မည်သူ့ကိုမျှ
သွား ပြောပြရန်
ဘာသာစကား မရှိတော့ပါ ။
သုခမိန်လှိုင်
Labels:
ကျွန်တော့်ရဲ့ သော့ချက်
နေ့တာတိုတတ်တဲ့
တို့ မြို့လေးထဲ
စပယ်ပွင့်တွေမှာ
ဘယ်တော့မှ အဖြူမပီဘူး ။
တို့ ဖွဲ့နွဲတဲ့ ကြယ်တွေကလည်း
ကြယ်မဟုတ်တော့ဘူး ဆိုတော့
အလင်းနှစ်သန်းပေါင်းများစွာထဲ
ကောင်းကင်ကလည်း
ကောင်းကင် မဟုတ်နိုင်တော့ဘူး။
စိတ်ကူးနဲ့
လက်တွေ့ လွဲပြီး
အိမ်ပြန်လာခဲ့ရတယ်
ကျွန်တော်လည်း လူ မဟုတ်တော့ဘူး  ။
ဝင်းမြင့်
Labels:
ရန်ကုန်ည
ဆု​ပ်​ကို​င်နို​င်​သမျှ ​ဆု​ပ်​ကို​င်
ရ​ပ်​တ​ည်နို​င်​သမျှ​ရ​ပ်​ထား
ဘာ​မှ ​အ​လ​ကား ​မ​ရ​ဘူး​ဆို​လို့
စ​တိုး​ဆို​င်ေ​ရှ့​က ​လ​မ်ြး​ဖ​တ်​ကူး​ခဲ့​တ​ယ်
​ဒီ​မွာ​ေ​လ
ကျပ်​မြ​ပ​ည့်​တဲ့​ည​ဉ့်​ငှ​က်ေ​တွ
တ​စ်​ဖ​န်ြ​ပ​န်​လ​ည်​ရှ​င်​သ​န်​ထြေ​မာ​က်​လြာ​က​တဲ့
ရ​န်​ကု​န်​ဆို​တဲ့ ​ရ​န်​ကု​န်​ည​မှာ
ပ​န်း​ဆိုး​တ​န်း​တ​စ်ဝို​က်
လ​မ်း​သ​လာြး​က​ည့်​လို​က်ေ​တာ့
ရ​န်​ကု​န်​ည​ဟာ
ကား​မီးေ​ရာ​င်​နဲ့​တု​န်ေ​န​ရဲ့
ဒီေ​ခ​တ်​မှာ
​ေ​ဆးျ​မီး​တိုနဲ့ ​ကုသချ​င်​လို့ ​မြ​ဖ​စ်​ဘူး။
အမ်ိဳး​ေ​ကာ​င္း​သ​မီး​ေ​လး​ရယ်
ဘ၀​ဆို​တာ
ဂွ​ဒ်ေ​မာ​န​င်းေ​ပါ​င်​မု​န့်​စိ​မ်​ထား​တဲ့ နို့​တ​စ်​ခွ​က်ေ​ပါ့
​ေ​သျ​ခ​င္း​တ​ရား​ဆို​တာ​ေတာ့
သ​တ္တ၀ါ​တို​င်း ​ရ​ရှိ​မ​ယ့် အချိ​န်​ပို ​လု​ပ်​အား​ခ​ပဲ
လ​န့်နိုး​ခဲ့​တဲ့ ​အိ​မ်​မ​က်​အ​တွ​က်
ေ​ဒါ​သ​ထွ​က်ေ​န​လို့​လ​ည်း ​အ​ပို
ရှ​ယ်​လီ​ကို​ရွ​တ်​ဆို
ဘိုနို​ကို ​ဂု​ဏ်ြ​ပု
မ​သ​မာ​မှု​မှ​န်​သမျှ
လ​က်​တ​က​မ်း​က ​ရ​င်​ဆို​င်​ထား​လို​က်​မ​ယ်
ဒီ​ကေ​န့ ​ည ​မိုးေ​ကာ​င်း​က​င်​မှာ
မိုး​သား​တိ​မ်​လိ​ပ်ေ​တွ ​က​င်း​စ​င်​ပါ​ရဲ့​လား
သံ​သ​ရာ ချား​ရ​ဟ​တ်​ထဲ​မှာ
​ေ​ငြၾ​က​ယ္​က​ေ​လး​ေ​တြ​ပြင့်​ခဲ့​လို့
ကို​ယ့်​ဘ၀​ကို​ယ် ​မ​က်ေ​မာ​မြိ​ပ​န်​တ​ယ်
တ​က​ယ်​ဆို​ရ​င်
တို့ေ​သွး​သား​ဟာ
အ​မှ​န်​တ​ရား​နဲ့​သာ ​တ​ည်ေ​ဆာ​က်​သ​င့်ေ​ပ​ရဲ့
ြေ​သာ် …
အေ​နာ်​ရ​ထာ​လ​မ်း​မြ​ကီး​က
ြေ​ခ​သံေ​တွ​ကို ​ထ​မ်း​ထား​ဆဲ
ချွေး​တ​စို​စို ​လူ​တ​န်ြး​ကီးေ​တွ​နဲ့
ခုံးကျော်​တံ​တား​ေ​တြ​ေ​အာ​က္
​ဘ၀​ေ​တြ ​စီး​ဆ​င္း​ေ​န​ေ​လရဲ့
ဘ​ယ်​ဆီ​ဘ​ယ်ဝ​ယ်​မ​သိ
​ဘ၀​ေ​တြ ​စီး​ဆ​င္း​ေ​န​ေ​လရဲ့
စ​စ်ြ​ကီး ​အ​တွ​င်း​တု​န်း​က
ရ​န်​ကု​န်​ည​မှာ
ဗုံး​ခိုကျ​င်းေ​တွ ​တူး​ခဲ့​တ​ယ်
စ​စ်ြ​ကီး​အ​တွ​င်း​တု​န်း​က
ရ​န်​ကု​န်​ည​ကို
ြ​ဗိ​တိသျှ​စ​စ်​သားေ​တွ ​ဆု​တ်​ခွာ​ခြဲ့​က​တ​ယ်
စ​စ်ြ​ကီး​အ​တွ​င်း​တု​န်း​က
“​က​င်ေ​ပ​တို​င်” ​ရုံး​ခ​န်း​ဟာ
“ေ​ရွှ​ဂုံ​တို​င်” ​မီး​ပွို​င့်​နား​မှာ ​ရှိ​ခဲ့​တ​ယ်
စ​စ်ြ​ကီြး​ပီြး​ပ​န်ေ​တာ့
ရ​န်​ကု​န်​ည​မှာ
အ​င်း​စိ​န်​တို​က်​ပြွဲ​ဖ​စ်​ခဲ့​တ​ယ်
ဒီ​လို​နဲ့
ရ​န်​ကု​န်​ည​မှာ
“​မိုေ​ရှ​ဒါ​ယ​န်း” ​အိ​ပ်​စ​က်​ခဲ့
“ချူ​အ​င်​လို​င်း” ​အိ​ပ်​စ​က်​ခဲ့
“ချာ​ဗ​လ​စ်ေ​ယာ​င်ချို​င်​ယု” ​လ​ည်း ​အိ​ပ်​စ​က်​ခဲ့။
အ​ခုေ​တာ့ ​ရ​န်​ကု​န်​ည​ဟာ
ြ​ပီး​ခဲ့​တဲ့​စ​စ်ြ​ကီး​ကိုေ​မ့​လို့
“​အေ​ဖာ်” ​ကို ​ဟို​တ​ယ်ေ​ပါ်​မှာ ​ဝေ​ငှ​လို့
လူ​င​ယ်ေ​တွြ​က​ယ်​လို ​က​ခု​န်​လို့
မေ​ရ​ရာ​တဲ့ေ​ဆာ့(​ဖ)၀ဲေ​တွ​နဲ့
ရ​န်​ကု​န်​ည​ဟာ ​သ​က်ဝ​င်​လှု​ပ်​ရှား​လို့
ဟဲ​လို … ​ရ​န်​ကု​န်​ညေ​ရ
သ​င်​နဲ့ နှ​စ်​ဥိး​သ​ေ​ဘာ​တူ ​ေပွ့​ဖ​က်ြ​ပီး
သ​င်​နဲ့ နှ​စ်​ဦး​သေ​ဘာ​တူ ​အိ​ပ်​စ​က်​ခဲ့​ရ​တာ
အ​ကု​န်အကျ များ​လွ​န်း​လှေ​ပ​မ​ယ့်
​အခု​အ​ထိ ​မျ​ငီး​ေငွ့နို​င်​တာ ​ဘ၀ေ​ပါ့
အ​နာ​ဂ​တ်​ကို ​မျှော်ြ​ပီး ​တ​က်​လို​က်​တ​ယ်။
ခုံးကျော်​တံ​တာြး​ကီး​ေ​တြ​ေ​အာ​က္
​ဘ၀​ေ​တြ ​စီး​ဆင်း​သွား​ရြှာ​ပီ။
မိုဃ်းဇော်
ရု​ပ်​ရှ​င်ေ​တးကဗျာ ​ဒီ​ဇ​င်​ဘာ ၂၀၀၆။ 
ရွှေ​အျ​မဳ​ေ​တ ​စာ​ေ​ပ​ဆု ၂၀၀၇
Labels:
06 June, 2015
အချစ် (၄)
အေးစက်နေတယ်
ဆောင်းမနက်စောစောရဲ့
ကြမ်းခင်းတွေလို
အေးစက်နေတယ်
အဘွားရဲ့ မီးဖိုချောင်လိုမျိုး
မနွေးထွေးဘူး
အခန်းရဲ့ ပြတင်းတံခါးကို
နေရောင်ကျတဲ့ အခါ
ရွှံ့မီးဖိုဆီက ကိုယ်ယောင်ဖျောက် မီးခိုးတွေ
ကိုယ်ထင်ပြမယ်
နေ့ ချဉ်းကပ်လာတဲ့ အခါ
မနက်ခင်း အိမ်ကပြင်မှာ
ဖြာကျတဲ့ နေခြည်လို
နွေးထွေးလာလိမ့်မယ်
မဟုတ်ဘူးလား
အိုင်းဒီး
၂၈ ၁၁ ၂၀၁၃
Labels:
အချစ် (၃)
မြဲမြံကျစ်လစ် ၊ သိပ်သည်းစွာ
ချည်နှောင်ထားတဲ့
ပျော့ညံ့ကြိုးနွယ်
မဖြတ်တောက်ရက်တယ်
စွန့်ခွာပစ် ၊ လမ်းလွှဲလည်း မရပါလား
ထိတွေ့ရှိုက်နမ်းမရတဲ့
ကျွန်မရဲ့ မည်းနက်အရိပ်
အိုင်းဒီး
၂၄ ၁၀ ၂၀၁၃
Labels:
အချစ် (၂)
နက်ရှိုင်း ၊ မည်းမှောင် ၊ ပိန်းပိတ်
တိတ်ဆိတ် ၊ အေးစက်
တွင်းနက်
ကြိုးတစ်ချောင်း ချပေးပါလား
သနား ကရုဏာစိတ်လေးနဲ့
ကြိုးချည်းသက်သက်မဟုတ်ဘဲ
ကြိုးတစ်ချောင်း ချပေးပါလား
အိုင်းဒီး
၁၀ ၉ ၂၀၁၁
Labels:
လူဖြစ်ရတာ ကောင်းတယ်
မွန်းကျပ်မှုတွေကို တောက်ထုတ်ပစ်လိုက်တယ်
တပ်မက်မှု့က နယ်ကျယ်လွန်းတော့
အပေါ်မှာ ကိုယ်ဖော့ထားလည်း
အောက်မှာ ပိပြားနေတာ
ငါ့ အသိ ငါ့ အမှတ်အသားနဲ့
တစုံလုံး ဖြုတ်ချလိုက်တော့
လွတ်လပ်သွားတာ
ယုံကြည်ရာမှာ
တကယ် ယုံကြည်သလားပဲ မေးဖို့ လိုမယ်
အခု ငါ
ပျော်ရွှင်နေကြောင်း
အဝေးကပင် မြင်နိုင်တယ်
ထွန်းကို
Labels:
နှစ်များ
ဓာတ်တိုင်ပေါ်က မီးသီးကလေးလည်း ကျွမ်းလို့
နွယ်ပင်တွေတောင် တက်နေပြီ
အဲဒီအောက်က အုတ်ခုံကလေးပေါ်
မထိုင်ဖြစ်တာတောင် နှစ်တွေ ကြာပေါ့
ထွန်းကို
Labels:
ရင်ပြင်တော် ညနေခင်း
ဘဝတွေက တိမ်တွေလို
ဆည်းလည်းသံကလေးတွေက သစ္စာတရားကို ပြလို့
ရေလိုအေးတဲ့ အရိမ်မှာ ။
နွမ်းသွားတဲ့ ပန်းကလေးတွေက အမှိုက်ပုံးထဲမှာ
သံသရာကိုတော့ ဆုံးအောင် မပတ်နိုင်ခဲ့
ကုသိုလ်စိတ်ကို ခေါင်းလောင်းထိုးပြီး ဖိတ်လိုက်တယ် ။
ငှက်ကလေးတွေ ဘယ်လိုများ ပျံကြမှာပါလိမ့်
ခြင်္သေ့ကြီးနှစ်ကောင်လို ကျောခိုင်းပြီး ဆင်းလာခဲ့တယ်
စောင့်နေတဲ့ အမှောင်ထဲကို
ထွန်းကို
Labels:
ဘီအာရ်……
ဆိုင် မဆိုင်တော့
မသိဘူး
မင်းကို
ပြောဖို့ လို မလိုလည်း
မသိဘူး
( ကိုယ်
နေမကောင်းဘူး  )
အဲဒါ
အဲဒါ လှမ်းပြောတာပါ
ခင်အောင်အေး
Labels:
ကြိုးတန်းလျှောက်သူ
ဝါးတစ်လုံးနဲ့ ဖောင်ဖွဲ့ခဲ့သူ မဟုတ်ပါဘူး
ဖောင်ဖျက်ခဲ့သူရဲ့
ဝါးလုံးဖက် ဆုတ်ခွာခြင်းပါ
ဆုံးရှုံးစရာ
ဝါးလုံးတစ်လုံးသာ ရှိတော့တဲ့ အချိန်မျိုးမှာ
အချိန်တိုင်းမှာ
ဝါးလုံးဟာ ငါ့အသက် ဖြစ်တယ်
ဝါးလုံးဟာ ငါ့လက်နက် ကိရိယာ ဖြစ်တယ်
ခြေလှမ်းတစ်ချက်တိုင်းမှာ
အသက်ဟာ
ဝါးလုံးကို ဖက်လို့
အသက်ဟာ
သူ့အသက်ကို သူ့လက်ထဲ အပ်ထားရတယ်
သူ့လက် သူ့ခြေ မဟုတ်ရပါဘူး
အသက်ဟာ
သူ့ခြေ သူ့လက်ထဲမှာ
ခုလို
ဝါးလုံးတစ်ချောင်းရဲ့ သွန်သင်ချက်မှာ
ကိုယ့်အသက်ကို ကိုယ်လက်နဲ့ ထုပ်ပြီး
ဘယ်သူလျှောက်နေချင်ပါ့မလဲ
ဆိုပါစို့
မင်းဟာ ငါ့လို
ဝါးလုံးတစ်လုံးကို စုံကိုင်လမ်းလျှောက်နေရပြီ ဆိုပါစို့
မင်းဟာ ငါ့လို
ကြိုးတန်းပေါ် လျှောက်နေရပြီ ဆိုပါစို့
ဆိုပါစို့
ဝါးလုံးတစ်လုံးကို
အဓိပ္ပာယ်အသစ်တစ်ခု ဖွင့်ဖို့ လိုအပ်လာပြီ ဆိုပါစို့
ကိုသန်းထွန်း
idea ဂျွန် ၂၀၁၅
Labels:
နေတန်မျုယာ ။ ရှင့်သွေးတွေဟာ ကျမကိုယ်ထဲ စီးဆင်း
ဒီလို အချိန်ဆို တံခါးခေါက်သံကြားရပြီ
လုပ်ကြနေ ထုံးစံ အတိုင်း မိတ်ကပ်ကို လိမ်းခဲ့တယ်
အီဖယ်မျှော်စင်ကို မျက်စောင်းပစ်ပြလိုက်တယ်
ဇီမာလမ်းဆုံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ ဒေါက်မြင့်ဖိနပ်ကလေး
မြင်းနှစ်ကောင်ကတဲ့ ရထားလုံးအတွက် လဲလှယ်လိုက်ရ
မီးအားက လင်းတယ် ၊ အလင်း နည်းနည်းလျော့
ဒီလောက်တော့ ဘယ်လို ပွင့်လင်းဖို့ ကောင်းနိုင်မလည်း
ဇာတ်လမ်းက ဇာတ်ညွှန်းအတိုင်းဆိုရင် 2 By 1 ပဲ
လက်ချောင်းတွေဟာ စတင်လှုပ်ရှားလာနေပြီ
နဖူး၊ နှာခေါင်း၊ နှုတ်ခမ်း ၊ လျှာ ၊ လည်ပင်း
ဟာ! ဒီလို မဟုတ်သေးဘူးလေ . . . .
ခေါင်းရင်းမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကို ဖယ်လိုက်
ကင်မရာထဲမှာ ဆိုရင် ကျမဟာ ဘုရင်မတပါး
ကျမဟာ သေနတ်ကို ထုတ်လုပ်နေပေမယ့် ဘာသာရေးကို မပစ်ခတ်ဘူး
အဆင်ပြေတယ်ဆိုရင် . . . . . ကွန်ဒိုလီဇာရိုက်ဇ်ကို ပြောလိုက်ပါ
အဆင်ပြေတယ်ဆိုရင် . . . . . မိုဟာမက်အလီကို ပြောလိုက်ပါ
အဆင်ပြေတယ်ဆိုရင် . . . . . ကတ်စထို ကို ပြောလိုက်ပါ
ဒီမှာ ကျမရဲ့ တကိုယ်တော် ရုပ်ရှင် စတင်ရိုက်ကူးတော့မယ်လို့
OK! ခေါင်းတစ်ချက် ညိတ်ပြ
ဘ၀ဟာ ရေပန်းတွေ ပန်းထွက်လာသလို
မီးတောင်တစ်ခုလို ဒေါသထွက်နေတဲ့ မြင်းရိုင်းတွေ တာဝေးပြေးနေသလို
ဆွဲဆုတ်လိုက်ရတဲ့ နိုင်ငံကူးလက်မှတ်တွေ သတိရနေသလို
တီဗွီကလာတဲ့ နှစ်သစ်ကူး မိန့်ခွန်းဟာ ဘာလုပ်လို့ရမှာလဲ
ကျမ ရင်ဘတ်ထဲမှာ အစိမ်းရောင် သစ်တောတစ်ခုရှိတယ်
ကျမဟာ ဒဏ်ရာရနေတဲ့ ကျားတကောင်
မိခင်တစ်ယောက်ရဲ့ ဇာတိကို ပြနိုင်ဖို့
ချွေးပျံနေတဲ့ ရေခဲရေတစ်ခွက်ကို အငတ်ပြေသောက်လိုက်ရရဲ့
အိမ်သာကြွေခမုတ်ထဲ ထိုးထည့်လိုက်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းလို
နေတန်မျုယာ ။ ရှင့်သွေးတွေဟာ ကျမကိုယ်ထဲ စီးဆင်း ။
ဒီ ၀ သုန် ခက်
2014
ကဗျာ့အသံ ။ အစီအစဉ် ၃
Labels:
စေတန်ကိုယ်တိုင်မသိလိုက်တဲ့ဝှက်ဖဲရဲ့ရနံ့ (သို့မဟုတ်) မာရီယာ
နင်ဟာ ငါကိုယ်တိုင်ကိုယ်ကျစိတ်နဲ့လှမ်းလှမ်းဟပ်နေရတဲ့ ငါးစာပဲ။ ကိုလံဘတ်စ် အမေရိကတိုက်ကိုတွေ့ရှိသလိုမျိုး ငါတို့အချစ်ကိုတွေ့ရှိခဲ့ကြ။ မြေပုံမဲ့။ ငါဟာ ညကိုဆာသလိုနင့်ကိုဆာတယ် မာရီယာ။ ဟုတ်တယ်။ နင်ဟာ စေတန်ကိုယ်တိုင်မသိလိုက်တဲ့ဝှက်ဖဲရဲ့ရနံ့ပဲ။ ဒါမှမဟုတ် နေရောင်ခြည်ဟာနင့်ပါးပြင်ကိုဖြတ်ပြီးကျမှ မြေကမ္ဘာကအဓိပ္ပါယ်ပိုပြည့်စုံသလိုမျိုးပေါ။့ ငါ့မှာ နင့်ကိုယုံကြည်လိုက်ရ / ကိုးကွယ်လိုက်ရ / ပူဇော်ပသလိုက်ရ အတ္တကိုချွန်နေအောင်မြပြီးမှ ခွဲခွာခြင်းရဲ့ဟင်းလင်းပြင်ထဲကို ကျွံဝင်လိုက်ကြ။ လွှတ်လှတယ်။ နင်မသိတဲ့ အမှောင်ဘက်ခြမ်းမှာ ပန်းတွေကလောင်ကန်းပြီးပွင့်လားပွင့်ရဲ့။နင်မပါတဲ့ကမ္ဘာမှာ မိုးစက်တွေက မြေကြီးကိုထိုးခွဲပြီးတက်တက်လာတာ ရင်နဲ့မဆန့်။လန့်တယ်မာရီယာ။ စကြ၀ဠာတစ်ဖက်စွန်းကနေတွန်းချခံလိုက်ရသလိုမျိုး သေရေးရှင်ရေး။ဟုတ်တယ်။ နင်ဟာသေရေးရှင်ရေးပဲ။ တိတိကျကျပြောရရင် နင်ဟာ အသက်ဓာတ်ပဲ / ၀ိညာဉ်ပဲ / ဓာတ်ကြီးလေးပါးပဲ / ဥပါဒ်နဲ့ဘင်အကြားက ဌီခဏငယ်လေးပဲ။ ရဲရဲဆွဲထုတ်လိုက်။လက်ထဲပါလာမယ့်ကဒ်က The Fool ကိုယ်စားပြု သင်္ကေတချည်းပဲဖြစ်ဖြစ်နေရ။ ခပ်ပြင်းပြင်းရေရွတ်လိုက်တယ်။ ဘူးလ်ရှစ်ထ်။နင်ဟာအထာကိုင်မှုတွေကြားထဲ ငါ့ကိုဆွဲနှစ်။ အချစ်စိတ်ဆိုတာ ဘာဘာညာညာ။ အတ္တဟာအနန္တမေတ္တာတော်ထဲ စိမ့် ၀င် သွား ။အရူးတို့ရဲ့တေးချင်းနဲ့ကခုန်။ တကယ်တော့အချစ်က ပြောမယုံကြုံဖူးမှသိဆိုတဲ့ဇာတ်ညွှန်းမျိုး။ လွန်ကိုလွန်လွန်းတယ်။ ချွန်ပြီးတွန်းတိုင်းလည်း ထက်ရှစွာအရှေ့ကိုရောက်မလာပြန်တော့ ကြောက်တယ်။ပွဲသိမ်းမျက်ဝန်းတွေနဲ့ တစ်ကျွန်းပို့ခံရမှာလည်းကြောက်တာပဲ။ စိတ်ရဲ့ဆာလောင်မှုမှာ ဘူးသီးနုနုလေးအခူးခံလိုက်ရမှာလည်းကြောက်တာပဲ။ နင်ရယ်ပစ်လိုက်စမ်း မာရီယာ။ ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်။နင်က နဂါးမှန်းသိအောင်အမောက်ထောင်,ထောင်ပြ / ဘီလူးမှန်းသိအောင်အစားကြူး,ကြူးပြ / ကြောက်မှန်းသိလို့ပို,ပိုဖြဲခြောက်ပြ။ငါကတော့ ငြင်းပယ်ခြင်းနဲ့ထုဆစ်ခံလိုက်ရတဲ့ပန်းပုရုပ်တစ်ရုပ် (၀ါ) တစ်ရှူးစဖြူဖြူပေါ်မှာချရေးလိုက်ရတဲ့ကျားနာစိတ်ဆိုတဲ့စကားလုံး (၀ါ) ခဲအမှန်မခံရတော့ဘဲတစ်ခါတည်းတန်းသေသွားရတဲ့ငှက်တစ်ကောင်ရဲ့ဇာတ်ကြောင်း။ငါ နာတယ်။ ငါ ဖျားတယ်။ ငါ နာဖျားတယ်။ ဒါဟာ အင်တာနေရှင်နယ်ဘာသာစကား။အမုန်းဆိုတာ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ရင်ဝကိုဆောင့်ကန်ခံလိုက်ရတဲ့ကစားပွဲသာဖြစ်တယ် မာရီယာ ။ ။ဆစ်ခ်
Labels:
ဝမ်းနည်းဖို့ သိပ်ကောင်းတဲ့ အခြင်းအရာ
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာကြည့်ပြီး
စောက်ရူးပါကွာ လို့ စိတ်ထဲက အော်ဟစ်ရေရွတ်မိနေတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
သောက်လက်စကော်ဖီခွက်ထဲ
ဘ၀တစ်ခုလုံး ထိုးမွှေဖျော်ထည့်ထားရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ဘ၀ဟာ နာတာရှည်ရောဂါကြီးပါပဲလို့
စာရွက်ခေါက်ကလေးထဲမှာ ချရေးဖြစ်နေတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ဟိုး မိုးပေါ်ကပြုတ်ကျလာတဲ့ ရာသီဥတုသာယာခြင်းတွေမှာ ဘာစောက်အဓိပ္ပာယ်မှ ရှိမနေခဲ့သလိုမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ပန်းတိုင်အကြောင်း သဲ့သဲ့လေးကြားလိုက်ရုံနဲ့
ခြေထောက်တွေ အေးစက်ထုံကျင်သွားရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ဘာမှမဟုတ်ပါဘူးကွာ လို့
လူတွေကို အရေးတကြီး လိုက်ရှင်းပြနေရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ခင်ဗျားမသိအောင် ပါးချင်းအပ်ငိုခဲ့ပြီးမှ
ကျုပ်ပါးပေါ်ကဟာတွေက ခင်ဗျားမျက်ရည်တွေပေနေတာပါဗျာလို့
လီဆယ်ပြောဆိုနေရသလိုမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ရင်ထဲက မီးပုံကြီးကို အရေပြားနဲ့ ဖုံးအုပ်ပြီး
ချမ်းစီးနေသယောင် တဆတ်ဆတ် တုန်ပြနေရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
လူတစ်ယောက်ရဲ့ငိုရှိုက်သံကို စနစ်တကျအသေးစိတ်နားထောင်ပြီးမှ
ကိုယ်တိုင်ကိုယ်ကျ ဗရမ်းဗတာ အော်ဟစ်ငိုယိုမိနေတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ကိုယ် ဘယ်ဘာသာဝင်လဲဆိုတာ ခဏမေ့ထားပြီး
တနင်္ဂနွေနေ့မှာ ချာ့ခ်ျကျောင်းကလေးထဲဝင်
ခံစားနေရသမျှကို ဖွင့်ထုတ်ပြောပြချင်မိတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
အနှေးပွင့်ပန်းကလေးကို မေးခွန်းတွေ တစ်သီတစ်တန်းထုတ်ပြီးမှ
အမြန်လမ်းမပေါ်က အကြောင်းပြချက်မဲ့ ခြေချော်ပြိုလဲကျခဲ့တာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
နွေခေါင်ခေါင်မှာ လက်ရှည်ဝတ်ပြီး
ကိုယ့်ဖြစ်တည်မှုကို တတ်နိုင်သလောက် ဖုံးကွယ်ဖျောက်ဖျက်ပစ်ရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
မောင်သိန်းဇော်ကဗျာလေးကို တစ်ယောက်တည်း ခိုးဖတ်နေခဲ့ပြီးမှ
တက်ကျမ်းထဲက စာသားတွေကို ဟောင်ဖွာဟောင်ဖွာ ထရွတ်ပြရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
နှလုံးသားမှာ ရေတိမ်စွဲကပ်လို့
ချစ်ခြင်းမေတ္တာကို ခပ်မွဲမွဲပဲမြင်ရတော့တဲ့ ကံဆိုးမိုးမှောင်ကျမှုမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
“ငါ့ကိုနားလည်လိုက်ကြစမ်းပါ“ လို့
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ကျီးကန်းတွေကို အော်ဟစ်ကြိမ်းမောင်းပစ်မိတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာအိမ်နောက်ဖေးလမ်းကြားလေးထဲသွားထိုင်ရင်း
“ကျနော် အခု ချောင်းသာမှာဗျ”လို့ ဖုန်းဆက်ပြီး ဖြီးဖြန်းဝမ်းသာပြလိုက်ရတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ကြေကွဲရိပ်သန်းနေတဲ့ နှင်းဆီပန်းကလေးကိုပြပြီး
“သိပ်လှတာပဲနော်”လို့ စောက်ရှက်မရှိ  ပြောဆိုနေမိတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
အတွင်းဒဏ်ရာတွေ အနာကျက်မြန်မယ်အမှတ်နဲ့
အရက်ပြန်တွေကို မက်မက်စက်စက် သောက်သုံးနေမိတာမျိုး။
ဝမ်းနည်းဖို့သိပ်ကောင်းတဲ့ အခြင်းအရာဆိုတာ
ကိုယ့်ကိုအမြဲတမ်း ၀မ်းနည်းစေသူတစ်ယောက်ကို
ကိုယ်က တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ၀မ်းမြောက်ဝမ်းသာဖြစ်စေချင်နေတာမျိုး။
ဆစ်ခ်
Labels:
ရွှေတောင်ကြား
ကျဉ်းလွန်းတော့
လမ်းက လမ်းနဲ့ မတူ
မွှေးလွန်းတော့
ပန်းက ပန်းနဲ့ မတူ
လျှံကျလာသော စန္ဒရားသံအကျိုးအပဲ့တွေ
လမ်းပေါ်မှာ မွမွကြေလို့
လေဖြတ် သေလိမ့်မယ်
အိမ်ထဲမှာ အိမ်မြှောင်အသေတွေ
ဘယ်ညာ ယိမ်းခဲ့၊ ခြေလှမ်းတွေ
ဝေ့ခနဲ
ဝဲကျလာတဲ့ စွန်က
ဖြတ်ချခံလိုက်ရတာပါ
ပတ္တမြားကျောက်စီဓားကလည်း နံရံမှာ
ကျွန်တော်တို့
ရွှေရှာဖို့ လူဖြစ်လာခဲ့ကြတာပါ ။
ကြည်ဇော်အေး
သပြေ ။ မတ်လ ။ ၂၀၀၃
Labels:
မီးခိုးငွေ့များ
ပုံနှိပ်စာလုံးတွေနဲ့ အရည်ဖျော်ထားတဲ့
စာရွက်တွေကိုလှန်တိုင်း
သူမ ရဲ့ သွေးခုန်နှုန်းလေးကို စမ်းမိတယ်
အဝေးပြေးလမ်းမဆိုတာ
အခုခံရခက်ဆုံး တောင်ကုန်းခံတပ်တခုပါ
အသေအပျောက်အများဆုံးကတော့ သက်ပြင်းတွေပါပဲ
ကိုယ့်ရဲ့ မြူနှင်းတွေ တခုလုံးဟာ
သူမဆီက ပြန်လာတဲ့ စာတစောင်အောက်မှာ
သဘာဝကျစွာ ရုပ်ထုတခု ဖြစ်သွားပြန်
မြေပေါ်ကို တခါပြန်လာဦးမယ်တဲ့
လွမ်းနေတဲ့အချိန်ဆို
နှစ်ယောက်လုံး လကို သေနတ်နဲ့ ချိန်ပစ်လိုက်ကြတယ်
"အချစ် ကိုယ်တို့ ဘယ်နေရာရောက်နေတာလည်း"လို့
ကျနော် က မေးတော့
"စစ်ပွဲထဲမှာ" လို့ သူက ပြန်ဖြေတယ်
မရည်ရွယ်ပါဘူး
ခတ္တာပန်းတွေနဲ့ ပင်လယ်ဝေခြင်းမှာ
"ငါတို့ အတူတူရှိနေကြမယ်နော်"လို့ ပြောပြီး
ပင်လယ်ထဲကို [ပန်းချီကား ထဲက အတိုင်း] ခုန်ချလိုက်တယ်
လမ်းမပေါ်က ခြေသံတွေ ကုန်သွားတဲ့ အခါမှာ
ညဟာ အောင်မြင်စွာ ရှင်သန်ထမြောက်လာခဲ့ရ
သေဆုံးခါစ ဝိညာဉ်တွေ အပြေးအလွှားပဲ
"ကောင်းကင်ဘုံ ဘယ်မှာလည်း။ ကောင်းကင်ဘုံ ဘယ်မှာလည်း" လို့ ကမူးရှူးထိုးမေးကြ
"ဒါက ငါ့တို့ နှစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာလေ"လို့ ဖြေမိတယ်
သူတို့ နားမလည်ကြဘူး
ဝိညာဉ်တွေက ပြန်ပြောတယ်
"ငါ မေးတဲ့ မေးခွန်းကို မင်းနားမလည်ဘူး"'
ကိုယ်က ပြန်ပြောလိုက်တယ်
"မင်းတို့ ချစ်ခြင်းမေတ္တာ ကို နားမလည်ကြဘူး"
မနက်ခင်းလင်းပြီတဲ့လား
အနမ်းမပေးရသေးပါဘူး
နှုတ်ဆက်စကားမဆိုရသေးပါဘူး
ပုံရိပ်တွေရောဂါဖြစ်
"တနင်္လာနေ့မှ အစ"ဆိုတဲ့ ဂါထာကို ရွတ်ဆို
ဘဝရဲ့ အိမ်လေးမှာ ဓါတ်တူနံတူ ဘုရားကို ပူဇော်ရဦးမယ်
နွေဦးဟာ နောက်ကျမယ့် အကြောင်း
ကြေးနန်းပါးပါတယ်
နောက်ဘဝဆိုတာ မသေချာမှတော့
သစ်ပင်တွေရဲ့ သဘောထားကို မစူးစမ်းတော့ပါဘူး
လေထဲက စွန်တွေ
လေထဲကို ပြန်ရောက်လာပါလိမ့်မယ်
ဒီဝသုန်ခက်
Labels:
ရုပ်သံအစီအစဉ်
အစီအစဉ်များအရ
ကိုယ့် အသက်ဟာ လေထဲမှာပဲ ကုန်တော့မယ်
ဘာလို့များ မိုင်နှုန်းမြင့် မောင်းနှင်နေမလည်း
တလမ်းမောင်းလမ်းမမှာ
သေတော့လည်း သေလို့
နေတော့လည်း နေလို့
သွေးသားအစိုင်အခဲတွေမှာ ယာဉ်တိုက်မှု့မရှိ
ရိပ်ခနဲ ရိပ်ခနဲ မိုင်တိုင်တွေမှာ ယဉ်ကျေးမှု့မရှိ
ပျံသန်းလာတဲ့ တယ်လီဖုန်းခေါ်ဆိုခြင်းအတိုင်း
အနာဂါတ်ဟာ ဆက်သွယ်မှု့ ဧရိယာပြင်ပ
ပုတ်ပွနေတဲ့ အလောင်းရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်လို့
မင်းသားနဲ့ မင်းသမီးက ကိုလိုနီခေတ်က ပန်းခြံထဲပတ်ပြေးလို့
မှန်ထဲကို လက်နှိုက်ကြည့်မှ
ကိုယ့် အဖြစ်ဟာ မီးလောင်နေတဲ့ အဝေးပြေးလမ်းမ
ဒဏ်ရာတွေက သွေးထွက်လာမှ
ကိုယ့်ကိုယ်ကို သက်ရှိတယောက်မှန်း သိတယ်
စီးကရက်ကို မီးခြစ်ကြည့်တော့
လောင်နေတဲ့ ပြာက ကိုယ့် ဘဝကို ပြန်တိုက်စားသွားတယ်
စကားပြေ နဲ့ ဖွင့်လို့ မရတဲ့ တံခါးတွေကို
ကဗျာနဲ့ လိုက်ဖွင့်ကြည့်တယ်
ညနေခင်းကို အရည်ဖျော်ပစ်ပြီး
တိမ်တွေနဲ့ လိင်ဆက်ဆံ
ကိုယ့် ဘဝအတွင်းသားထဲ စိုက်ဝင်လာတဲ့ နေရောင်ကို
အစွန်းရောက်တယောက်လို မက်မောမိတယ်
ကိုယ့် အကျီ င်္လက်ဖျံမှာ ရှိတဲ့ မျက်ရည်တစ်စက်
သေနတ်ဒဏ်ရာတချက်လည်း ဖြစ်နိုင်တယ်
မတော်တဆမှု့တွေဟာ
လမ်းထောင့်ချိုးတိုင်းမှာ ရှိတယ်
လေထဲကဖုန်မှုန့်တွေက ပြောတယ်
ဓါးဟာ သွေးရဲ့ အရသာကို မသိဘူး
အဲဒီနေ့က ရုပ်သံထုတ်လွှင့်မှု့ အစီအစဉ်မအောင်မြင်
မှု့ခင်းသတင်းမှာ ကိုယ့် နာမည်မပါတာကိုပဲ
ကျေးဇူးတင်ရတော့မယ်
 ဒီဝသုန်ခက်
သရဖူ ။ မေ ။  ၂၀၁၅
Labels:
ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ ( ဒီဝသုန်ခက် ။ ခရှက်ရှ် )
ကံစမ်းမဲ မဲလိပ်တွေ နှိုက်နှိုက်မိတိုင်းမှာ
မူးယစ်ဆေးဝါးအကြောင်းပြောတတ်တဲ့ ခွေးတွေအကြောင်း သတိရတယ်
နတ်ဖုရားမတစ်ပါးရဲ့ အမည်နာမတော်မှာ
သစ်ရွက်အသေတွေရဲ့ နုပျိုခြင်းကို စားသုံးတယ်
အီကွေတာနဲ့ ဘယ်လောက်ဝေးလဲ ငါမသိဘူး
ဖွင့်ဖွင့်ချင်း အထဲကမြွေတစ်ကောင် ကားယားကြီးထွက်လာတဲ့
ကန်းလောင်မှုကို သွေးလွှတ်ခန်းအထိ ဆွဲချလိုက်တယ်
ဂျက်ပင်ထိုးမရတဲ့ အရောင်တွေနဲ့  ငါဟာ ပြောမကောင်းတဲ့ ကောင်
အဆင်မပြေမှုကို အင်္ကျီတစ်ထည်လို ၀တ်ထားတယ်
ရူးသွပ်ခြင်းကို လည်မှာဆွဲထားလိုက်တယ်
တရားသောအားဖြင့် မတရားခြင်းဟာ ကျောမှာကပ်ပါလာတယ်
နေ့ ရက်စွဲ ၊ လရက်စွဲ ၊ နှစ်ရက်စွဲ နဲ့ 
တကလောက် တကလောက် မြည်နေတဲ့ နာရီအော်သံတွေ
ဆာလောင်ပြောင်တင်းခြင်းနဲ့ အတူ  ပိန်းပိတ်နံစော်တဲ့ ဆုတံဆိပ်တွေ
ရယ်တီမိတ်တံဆပ်ကပ်မှု နဲ့  အောက်တန်းစား အဘိဓမ္မာများ
ကြည့်လိုက်ရင် အခုပဲ ခွေးကိုက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ မုဒိမ်းကျင့်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ လက်ဆွဲနှုတ်ဆက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ ပိုက်ဆံကောက်ရလာတာလိုလို နဲ့ 
အားလုံးဟာ အရူးတွေ မိမွေးတိုင်းဖမွေးတိုင်း အရူးများ
ချစ်ခြင်းမေတ္တာ ဒါ ငါ့နောက်ဆုံးမူးယစ်ဆေးပေါ့
ငါ တပ်မက်စွာ တစ်ဘ၀လုံး နမ်းရှိုက်ဖက်တွယ်ခဲ့ရပေါ့
ဂီတဟာ ခွေးဝဲစားကို ဘာဂါ ပစ်ကျွေးလိုက်သလို
ငါ တယုတယ အသက်ရှိသမျှ ရှိခိုးခဲ့ရပေါ့
သိပ်ဖြူစင်ရှင်းသန့် တဲ့ အညှီအဟောက်တွေ
ငါ ရိုးသားစွာ လမ်းတစ်လျှောက် စီးနင်းမိပေါ့
ငါ လောကထဲက ဘာမှ မရခဲ့ပါဘူး
ငါ မိမွေးတိုင်းဖမွေးတိုင်း ဘာမှ မသိခဲ့ပါဘူး
တစ်ချိန်တည်းမှာပဲ ငါ ဘာမှ မဟုတ်ပါဘူး
ငါ့မှာ ဘာမှမရှိ  ဒါဟာ ငါ့နောက်ဆုံးပိုင်ဆိုင်မှုပဲ
သူလိုကိုယ်လိုတွေကြားထဲ လူလိုသူလို ဘယ်လိုလွင့်မလဲပျံမလဲ
ငါ့အိုးပုတ်လေး ဘယ်သူလုသွားလဲ ယူသွားလဲ
လက်စ်စဘီယံတစ်ကောင်ကို ၀ိုင်းတိုက်ခိုက်သလို
ငါဟာ ပြောမကောင်းတဲ့ အနုမြူဗုံးတစ်လုံး
ငါရဲ့စိတ်ဓာတ်ကို တစ်ဒုန်းဒုန်းနဲ့  ချကြ
ပြန်ကြည့်လိုက်ရင်
ငါဟာ ဘယ်သူမှမလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
ခရီးထွက်ခိုက် ဘုရားပန်းအိုးကျကွဲတာမျိုး
ထမင်းပန်းကန်ထဲ ဆံပင်မွှေး ဆူးသလိုမျိုး
ငါဟာ ဘယ်သူမှ မလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
ဒဏ်ရာဆိုတာ အမြင့်ပေဘယ်လောက်ရောက်ရောက်
ပျောက်မသွားနိုင်တဲ့ ပျယ်မသွားနိုင်တဲ့ အနံ့ မျိုး
နေ့ တိုင်းသောက်နေရတဲ့ဆေးက ရောဂါပဲ
ငါ့အတွက် ငါ့မှာ အဆိပ်တစ်ခုခု ရှိနေသလား
သုညတစ်လုံးဟာ မျက်ရည်ဝဲတက်လာတာ မဆန်းပါဘူး
ဗန်ဂိုးရေးတဲ့ ကားချပ်ထဲက အမည်းစက်ကလေးတွေက ငါပေါ့
မာရေကျောရေနိုင်မှုဟာ သံပတ် မကုန်သေး
နားလည်တယ် ၊ နားမလည်ဘူး ကြားမှာ
ငါ့ရင်ဘတ်တည့်တည့်ထဲ အနန္တသုည၀ါဒတွေ မြုပ်နှံထားပေါ့
ကျေးဇူးတရားဟာ မတရား ကျေးဇူးကြီးလာပေါ့
အမှောင်ဟာ မည်းနေအောင် လင်းလာပေါ့
ငါ ဘာတွေ လုပ်ရမှာလဲ
ငါ့ကို ဘယ်သူက လာနှုတ်ဆက်မှာလဲ
ငါ့နာကျင်မှု ဘယ်သူတွေက သိမှာလဲ
နာကျင်မှုဟာ ကိုယ့်ကို တယုတယ ပွေ့ ဖက်ထားတဲ့အချိန်
ကာ့ဒ်ကိုဘိန်းက အဆိပ်ရှစ်အောင်စ သောက်ခဲ့တာလား
ဘယ်သူ့ ကို စောင့်နေရမှာလဲ
ဘယ်သူ့ အတွက် ငါ့ကိုယ်ငါ ထမ်းထားရမှာလဲ
ပြဿဒါးဟာ ခေးအော့ခ်ခေတ်ထဲ A Cake ကြီး
မေးစရာတွေ တင်းကြမ်းနေပေမယ့်
အဖြေမသိနိုင်တဲ့ မေးခွန်းမျိုးတွေ
ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ
သေချာတဲ့အဖြေက ငါဟာ ၀ိတ်လျော့ရမယ်ဆိုတာပါပဲ ။
၂၀၁၄
ဒီဝသုန်ခက် ၊ ခရက်ရှ်
Labels:
ဆေးဝါး
ပေးလိုက်တဲ့စာက ပြန်လာသော အသက်ပါ မလာတော့
သူပေးတဲ့ ပါဆယ်ဘူးကို ဖွင့်ရမှာလည်း ရှက်ရပါတယ်
ရုပ်ဖျက်ပြီး မိုးခိုလည်း
ကိုယ့်ကို ငေးမျှော်နေတဲ့ သတ္ထုစများမှ
ဘာအသံမျှ မကြားရ
ဒီကုထုံးမှာ သစ်ရွက်ကြွေသံလေးတွေကလည်း နေမကောင်းဘူး
နင်းမိခဲ့တဲ့ ရေကလည်း နှစ်တွေသာကြာသွားတယ်
တခါမှ ဝေလငါးကို မမိဖူးတာ ကံတရားအတိုင်းသာ
စိတ်ကို စိတ်ခြင်း ထပ်ထားတော့
ဆံပင်တွေ ကျွတ်ထွက်လာတယ်
မူးယစ်ဆေးဝါးနဲ့နီးမှ ဘုရားကို သွားမြင်တယ်
ကျနော့်ကို သိရင် သူမ ကို သိလိမ့်မယ်
ရေခဲပြင်ခွဲသော သင်္ဘောများ
အနာဂါတ်ဟာ သော့တန်းလန်းနဲ့ လမ်းမပေါ် ကျန်ခဲ့ပြီ
သွေးလွှတ်ကြော သွေးပြန်ကြောများဆီသို့
ပျံသန်းလာနေသော အိပ်မက်များဆီ
သတိတရပါပဲ
ကောင်းကင်ဘုံမှ ပျံသန်းခဲ့ကြသော ကျွန်ုပ်တို့သည်
ဒီဝသုန်ခက်
၂၀၁၅
Labels:
နေထိုင်မှု့
အကျီစားသန်တဲ့ စကားများ
အဝတ်လျှော်နေတဲ့ တနင်္လာနေ့
ပြန်လည် တပ်ဆင်ထားသော ရုပ်ခန္ဓာ
ဟောင်းနွမ်းသွားသော မီးအိမ်များ
ခန္ဓာကိုယ်ထဲ ခပ်မှောင်မှောင် ထောင့်တခု
ငြိမ်သက်စွာ ထိုင်နေတဲ့ မင့် ရုပ်ပုံ
ဒီဝသုန်ခက်
Labels:
ငါနဲ့လမ်း
ခြေတစ်လှမ်း ချလိုက်တိုင်း
ပို၍ဆန့်ကား ရှည်ထွက်သွားတဲ့ လမ်းမ
အဲဒီ လမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီ တစ်ဦးတစ်ယောက်ဟာ ငါ ဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါ လျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း
နေမျိုး
Labels:
မိသားစု
ြ​မ​င်​ရ​တဲ့​မီး​က ​မ​ပူ​ပဲ
မြ​မ​င်​ရ​တဲ့​မီး​ကြ​ပာ​အ​တိကျေ​န​တ​ယ်
ဝ​တ္ထု​နာ​မ​ည်​က City of Joy
အင်္ကျီ​ထဲ​က​နံရိုးေ​တွ ရု​န်း​က​န်​ထွ​က်ေ​နြ​က
ငါ​တို့​နဲ့​သွာြး​က ​ငါ​တို့​နဲ့​လြာ​က
ြ​မို့ေ​တွ​ဟာ ​ငါ​တို့​နဲ့ ​အ​စာချ​က်ြ​က​တ​ယ်
​ေ​န​ေ​ရာင်​ထဲ ​ကူး​ခ​တ်​ေ​န​တဲ့​ငါး​ေ​တြ
တ​စ်​ခု​ပဲ ​ငါ​တို့​မှာ
တ​စ်​ခု​ပဲ ​ငါ​တို့​မှာ
တ​စ်​ခု​ပဲ ​ငါ​တို့​မှာ
ကျေး​ဇူး​တ​င်​ပါ​ရဲ့
ဖေ​ယာ​င်း​တို​င် ​မီး​အ​လ​င်းေ​အာ​က်
​ငါ့​ပု​ခုံး​ေ​ပၚ​ခြ​စီး
ကျေး​ဇူး​တ​င်​ပါ​ရဲ့
မိ​န်း​မ​ရဲ့
ည​မှာ ​မ​င်း​က​ပြုံ​ပ​င်ေ​တွ​လှ​န်း​လို့
ဘု​ရား​မှာ ​ဆီ​မီးေ​တွ​ဆ​မ်း​လို့
ငါ့​အိ​မ်​အြ​ပ​န်​လ​မ်း​ကို ​မ​င်းမျ​က်​လုံးများ​နဲ့ ​ထွ​န်း​ညှိ​လို့
ငါ​က
ကျိုး​ပဲ့​သွား​တဲ့​အေ​တာ​င်​ပံ​တ​စ်​စုံ​ကို
ကျော​က်ေ​ဆာ​င်ေ​အာ​က်ဝှ​က်​လို့
ည​စ​ဉ်​ည​တို​င်း
ချ​ည်​တို​င်​ဆီ​အ​မိ​အ​ရြ​ပ​န်​လို့၊လျှို့ဝှ​က်​စွာ
ကို​ယ့်​အ​သ​က်​ကို​ယ်ေ​မွး၊လျှို့ဝှ​က်​စွာ
က​မ္ဘြာ​ကီး​ရဲ့​သွာြး​ကို​သွာြး​ကား​မှာ ​ငါ​တို့​ရေ​အာ​င်ပျော်​ခြဲ့​က  ။
ခ​ရ​မ်ြး​ပာ​ထ​က်​လူ
Labels:
ခင်ခင်ပျိုရေ
ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇ၀ါပန်းများ မွှေးခဲ့လို့
ငါ့စိတ်  ထိန်းနိုင်ခဲ့
မိုးတဖျောက်ဖျောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်
မဖြောင့်ဖြူးခြင်း အချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ ငါ စောင့်ခဲ့တယ် ။
အောင်ချိမ့်
Labels:
ရန်ကုန်
ခေါင်မိုးပေါ်က ကြည့်တော့လည်း
ခေါင်မိုးတွေပဲ ပြန်မြင်ရတယ်
အဲဒီနေ့
မီးခိုးမဆုံး မိုးမဆုံး အ၀ါရောင်
အဲဒီနေ့က
သင်္ဘောပျက်ကို တွေ့ရှိခဲ့သူ ရေငုတ်သမားနှယ်
အရာရာဟာ
ရွှေနှင့် ယိုးမှားဖွယ် ။
ကြည်ဇော်အေး
Labels:
မျဉ်းကွေး
တံလျှပ်တွေ
အပေါ်က ဆင်းလာကြ
ငါ့ကို  ဖိထားတယ်
မှန်တာပြောရဲဖို့ထက်
ပြောတာ မှန်ဖို့သာ
ငါ ချဉ်းကပ်ခဲ့ ။
ဘေဘီရေ
ညီမလေးရေ
ပစ္စုပ္ပန်တည့်တည့်ပဲ
အဲဒါ တစ်ခုသာ
ငါ့ကို ပေးတော့
ကိုဆွေ
Labels:
05 June, 2015
ချည်တိုင်
ဆင်ကိုချည်ခဲ့ရင်
ဆင်ချည်တိုင် ။
မြင်းကို ချည်ခဲ့ရင်
မြင်းချည်တိုင် ။
အေးအေးနေ
အေးအေးစား
ဝေလငါးတွေမှာ
ချည်တိုင်မရှိဘူး  ။
ခင်ဇော်မြင့်
Labels:
ဖွယ်ဖွယ်ရာရာ……ပူပူ
ဂတ်စ်မီးဖိုမီးတောက်ပြာပေါ်မှာ
မင်းကို ငါ ချစ်နေခဲ့၊
အလွယ် မ၀ယ်လိုက်ဘူး ။
သက်သာလို သက်သာငြား
အသံထွက် ယောင်ယမ်းရ
လက်ဖျားခါခါ
နားရွက်ဖျားနဲ့ လက်ညှိုး ပွတ်သပ်ရ၊
အချိန်အဆ၊ အချိန်အခါ
ခေါင်းမီးတောက် စဉ်းစားရနဲ့
ခက်ပါတယ် ။
မင်း လှလှပပ သုံးဆောင်ပါ
ဒါဟာ
ငါ့ရဲ့ ဖွဲ့နွဲ့မှု့ပါပဲ  ။     ။
မောင်ပြည့်မင်း
ရနံ့သစ်၊ ဇူလှိုင်၊ ၂၀၀၃
[ လူဆန်း ။ မောင်ပြည့်မင်း……"အခုန်" စာအုပ်မှ]
Labels:
သိမ်းစွန်ငှက်အပြန်လမ်း
နောက်ဆုံးအခေါက်ပါပဲ
ကျနော် ရွာကို ပြန်လာခဲ့ပါတယ် အမေ။
ရွာဆိုတာ
တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနှံချုံပုတ်၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတလုံးပါ။
အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ ...
ကျနော် ရောက်လာပြီ အမေ
အမေ့ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျနော် ငိုတယ်။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့
ကျနော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား၊
ကျနော့်ကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား၊
ထ ကြည့်ပါဦး
စကားပြောပါဦး အမေရယ်။
ဟော ... အမေ ...
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့
ကျနော် မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ။
အမေ့မြေးကလေးလေးတွေ
ကျနော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ။
အမေ့သား သူတို့ရဲ့အဖေ
ကျနော့်အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျနော့်အစ်မ
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ။
အမေ့အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ။
ကျနော်ကတော့
နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ။
“အမေ နေကောင်းပါစေ ...
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏”
ညအိပ်ရာဝင်၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ။
မနေ့ကတော့
“အမေဆုံးပြီ။ အမြန်လာ” တဲ့
ကုသိုလ်ကြမ္မာ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ။
အမေက မွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ။
အဲသည်လို နောင်တတရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။
ကျနော် မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။
ဟော ...
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစင်းဟာ
အဝေးကို ထွက်သွားပြီ။
ဟိုး ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတယောက်
သည်ရွာကို ပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။
သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့
ပြောဆိုအမှတ်ရသူ
တစုံတယောက်မျှ မရှိတော့။
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတချက်ကြားလိုက်ရ။
အဖေရေ ...
အဖေရေ ... ...
ကျနော်တို့မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့။
လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲခေတ်ကြီးထဲ
လူဖြစ်ခဲ့ရတဲ့ ကျနော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်မဟုတ်လား အမေ။
စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ၊ တချို့လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ်မဟုတ်လား အမေ။
အဖေ မရှိတဲ့နောက်
အမေရယ်၊ အစ်ကိုကြီးရယ်၊ အစ်မရယ်၊ ကျနော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့။
အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျနော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။
ကျနော်ကတော့
သျှောင်တစောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး၊ ဆိတ်၊ နွားကျောင်း
ကျနော်တို့တတွေ
ဟိုသပြေပင်တောင်စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ်၊ ပတတ်တူး
ဟင်းရွက်ခူး၊ ယုန်ရှာ
တောင်ယာလုပ်သူ၊ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ၊ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပားဆိုတဲ့ တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ ယာတောတွေကြား
အစ်ကိုကြီးက ထန်းလှီး
ကျနော်က ထန်းရည်အိုးသယ်
အမေရယ်၊ အစ်မရယ်က
ထန်းလျက်ကျို၊ ရက်ကန်းခတ်၊ ထင်းခွေ
တခါတလေ မြေပဲကောက်
တခါတလေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့။
“မြို့ရွာနိဂုံး၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့၊ တိုက်ခိုက်ပူလောင်
ဝ သ လ၊ မှတ်ကြ သူယုတ်ကောင်”
“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့ တောင်”
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ၊ သံပေါက်တွေ
ကျနော့်မှာ အမွေရခဲ့ပေါ့။
“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ ... ”
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့။
အမေရေ ...
ကြေးစည်ကို ရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။
အမေခေါင်းချခဲ့တဲ့ တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေ့ကို
တယောက်တည်း မထားရက်ပါဘူး အမေ။
အမေ့အမေ ကျနော့်အဘွား
ကျနော့်အဘွားရဲ့ အမေ့အမေ ... စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျနော်တို့ ပို့မှာပေါ့။
လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ၊ လှုပ်ယမ်းလှချည့်။
ဖြည်းဖြည်း ... ဖြည်းဖြည်း ...
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။
ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျနော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေ ...လို့
ကျနော် အမျှဝေမယ်။
ကျနော့်ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားပဲ။
မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တလမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားပဲ။
ဟိုသုဿာန်ကို ရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျနော့်ကို ကြည့်ပြီး
အံ့သြနေလိမ့်မယ်။
ညရောက်တဲ့အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တနှစ်တခါ ပြန်လာပါနော်
ကျနော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ မနှစ်က နှစ်တန်းကျတယ် ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့ မျက်စိတဘက်ကလည်း ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့ ဆေးရုံကို နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျနော် ဘာများ တာဝန်ယူနိုင်မလဲ။
မင်းတို့အတွက်၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေး စဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ်။
တစုံတရာ
ကတိတွေ ပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတခုမှာ
ငှက်တကောင်လို ပျံပြေးသွားမယ်။
ဟိုတခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
“ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာလုပ်ရမယ်
ကဗျာဆရာလုပ်မှဖြစ်မယ် အမေ”
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျနော့်ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။
ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။
ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင်၊ ပတတ်တူး၊ ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်။
လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။
သူငယ်ချင်းတွေ
လက်ပြနေဆဲ၊ ဥသြဆွဲပေါ့
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။
မြို့ပြဘဝရဲ့
ခံစားမှုမြစ် ရသသစ်ထဲမှာ
ပလက်ဖောင်းတလျှောက်
ဓာတ်တိုင် မီးတိုင်တွေအောက်
တယောက်ကို တယောက်
ဖြတ်ကျော်လျှောက်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို ... အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။
နေညိုချိန်အိမ်အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ ... တစ္ဆေကို ကျနော် ကြောက်လှချည့်”
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။
လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါအမေ။
ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ။
အမေ့ထံ ကျနော်ပြန်မလာနိုင်တော့ဘူး
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို
ဟော ...
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ၊
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကလေး၊
နောက်တယောက်က
သားကြီးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင် မျောက်နဲ့တူမလားပဲ။
သူတို့မောင်နှမတတွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျနော်လာချင်ပါရဲ့ ... ဒါပေမယ့် ... အမေ။
ဟော ...
ကျနော်တို့အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား။
ကျနော့်အစ်မ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား အမေ။
အမေ ... သည်တောသည်တောင်ထဲမှာ
အမေ့သားသမီးတွေနဲ့
အနေဝေး၊ အသေဝေးခဲ့ကြရသော်လည်း
အမေတယောက်တည်းမဟုတ်လား။
အမေ့မြေးတအုပ်နဲ့
ထန်းလျက်ကျို၊ ထင်းခွေ၊ ရေခပ်
ကျနော် တပြားတချပ်မှ
မထောက်ပံ့နိုင်ပေမယ့်၊ ငတ်မသေခဲ့ဘူး
အမေ သေရတာ
ငတ်လို့ မဟုတ်ဘူး အမေ။
မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။
ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် ... မင်းတို့ အဖွားသေတဲ့ ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်။
ငယ်သေးတဲ့ ကလေးလေးတွေပဲဆိုတာက တကဏ္ဍပေါ့။
မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့ အတွေးတွေက တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ
ခံစားရပြီပေါ့
ကျနော် ခံစားရပြီပေါ့ အမေ။
ကျနော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ
ကျနော်ဟာ
မာဆိုးမှ မဟုတ်ဘဲ
အခက်အခဲတွေ ရှိပေမယ့်
ကျနော်ဟာ
ဗုဒ္ဓဘာသာ ဗမာယဉ်ကျေးမှုထဲက
လူတယောက်အဖြစ်နဲ့ပဲ
အသက်ရှင်နေဆဲပါ အမေ။
အမေရေ ...
အမေရေ ... ...
အမေရေ ... ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြာသာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့အကောင်တွေ
တကျည်ကျည်မြည်လို့။
အမေ့မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့
အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေဘဲလို့
ဆိုချင်သလား မသိပေဘူး အမေ။
ကုန်တန်ချိန်အပြည့်နဲ့ ကားတစီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ...။ ။
ပိုင်စိုးဝေ
Labels:
ယုတ္တိမတန်လမ်းများ
စိတ်ကိုကြည်အောင် ထားတယ်ဆိုတော့
ဒီလောက် နောက်ကျိမှုထဲမှာ ထားတယ်ဆိုတော့
ယုတ္တိတော့ မရှိဘူးပေါ့
ယုတ္တိမတန်တဲ့ လမ်းများ
နာမည်အမျိုးမျိုး မှည့်ပြီးပြီ
ကော်ဖီနဲ့၊ ဘားနဲ့၊ သစ်သီးနဲ့ ၊ပန်းဆိုင်နဲ့၊ အရှုပ်နဲ့၊ အထုပ်နဲ့
ထိုင်ရင်း ၊တွေးရင်း ၊ ငေးရင်း၊ ရေးရင်း
လမ်းသလားရင်း
သုခမိန်လှိုင်
[ အားလုံး ပီကာဆို……စာအုပ်မှ ]
Labels:
ပြင်ပအသွင်အပြင်များကို တင်ပြရုံသက်သက်
ကုတင်တစ်လုံး
သစ်သားကုတင်တစ်လုံး
သစ်သား နှစ်ယောက်အိပ် ကုတင်တစ်လုံး
နှစ်လက်မထူ မွေ့ယာ
စောင်နှစ်ထည် တစ်ထည်သပ်သပ်ရပ်ရပ် ခေါက်သိမ်း
တစ်ထည် ဖရိုဖရဲ ကစဉ့်ကလျား
ခေါင်းအုံးသုံးလုံး နှစ်လုံးဆင့် ညာဘက်
ဘယ်ဘက်မှာ တစ်လုံးတည်း အိပ်ရာ မပေါ်
ခြင်ထောင် အမိုးပေါ် ဘေးသားတွေ ပစ်တင်ထား
လူယောက်ျားတစ်ယောက်
ကုတင်ပေါ် လှဲပြီး ဗလာစာအုပ်ထဲ
စာတွေ ရေးနေတယ်
ဘယ်ဘက်က ကွက်လပ်ကိုကြည့်လိုက်
စာတွေ ရေးလိုက် ကြည့်လိုက်
လမ်းမကြီးပေါ်က ဘတ်စ် ကားသံတွေ
ကားဟွန်းသံတွေ အော်သံတွေ အိပ်ခန်းထဲ ၀င်ဝင်လာပြီး
ထွက်ထွက်သွားတယ်
ထမင်း ဟင်းချက်သံ အိုးခွက် ပန်းကန်ဆေးသံ
တိတ်ဆိတ်
အဲဒီ တိတ်ဆိတ်သံကို သူ နားစွန့်နေတယ်
ဒီ ကဗျာထဲမှာ သူ ထည့်ရေးတယ်
သူ့ကိုသူ မပါတာ သူ ထည့်ရေးတယ် . . . . . . . ။
ဇေယျာလင်း
ပထမဆုံးလိပ်စာမှ
Labels:
ဆင်ခြေဖုံး
ဆင်ခြေဖုံးဟာ
ဆင်ခြေဖုံး မဆန်တော့ဘူး ဆိုပေမယ့်
ဆင်ခြေဖုံး ဆန်သလောက်လည်း ဆန်သေးတဲ့
ဆင်ခြေဖုံး ပေါ့။
လူတွေ
ကြံဖတ်လို ညနေခင်းတွေကို
မူးဝေမှု့ထဲ ပစ်ချနေကြ။
တချို့က
တနင်္ဂနွေမပါတဲ့ ရက်သတ္တပတ်တွေကို
ရေတွက်။
တချို့က
အလည်လွန်ညနေစာတွေကို ရေတွက်လို့။
ဓာတ်ပြားလိုမိန်းမတွေ
မွှေးရနံ့ရှိရာဆီ သူတို့အာရုံတွေနဲ့ပစ်ပေါက်
ကြပ်ခိုးစွဲ ဒိုင်ယာရီတစ်အုပ်လုံး
“မသိမှု” နဲ့ “မရှိမှု” စာလုံးတွေ ပြည့်သိပ်
မှောင်ရိပ်ထဲမှာ
ငယ်ရွယ်သူတွေရဲ့
မေတ္တာတရားနဲ့ လူဆန်ချင်တဲ့စိတ်ပေါ့။
ကလေးတချို့ကတော့
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုအဝေး
ခပ်ပါးပါးအလင်းအိမ်ကလေးဆီ ငေးလို့။
                                                                   မောင်ဆေးရိုး(မုံရွာ)
  ကလျာ၊ အောက်တိုဘာ၊ ၁၉၉၅
                                                                   ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ
Labels:
ထူးခြားသည့်နေ့အပူချိန်များ
လမ်းမတွေ အရည်ပျော်လုမတက်
နာ့ဗ်ကြောတွေ ရုန်းထ ပြတ်ထွက်လုမတက်
မရိုတဲ့အသံ မသိတဲ့အသံ မကြားတဲ့အသံ မပြောတဲ့အသံ
ယုံကြည်ကိုးကွယ်မှု ၀န်ရိုးများအပေါ် လည်ပတ်
ပါးလွှာလွန်းလို့ တိုက်တိုက်ထုတ်လွှင့်နေရတဲ့ ကွန်ရက်တွေ
နည်းပညာဟာ ခုဆို
ခရီးတွင်လာပါပြီ
ဘယ်လောက်အထိ ကြိမ်နှုန်းတွေ များလာသလဲဆိုရင်
၁၉၇၀ သဘာဝပတ်ဝန်းကျင်
၂၀၁၀ သဘာဝပတ်ဝန်းကျင်
မင်းဘူး ၄၄
ရေနံချောင်း ၄၅
ချောက် ၄၅
မကွေး ၄၄
မုံရွာ ၄၄
ညီညီညွတ်ညွတ် ကြွပ်ကြွပ်ရွရွ
ကျွန်ုပ်တို့သည် ခုန်ဆွခုန်ဆွ ။
ကြည်ဇော်အေး
Labels:
လူရွှင်တော်
မ​ရ​ယ်​ရ​တြဲ့​ပ​က်​လုံးေ​တွ​နြဲ့​ကီြး​ပ​င်း​ခဲ့​ရ​သူ​ကေ​လး
ကို​ယ်​မ​င်း​ကို
ရ​ယ်​ရွ​င်​ဖွ​ယ်ေ​တွြေ​ပြာ​ပ​မ​ယ်
ကိုယ့်ကဗျာေ​တွ​ဖ​တ်ြ​ပီး​အ​န​ည်း​ဆုံး
ရ​ယ်ေ​မာ​နို​င်ေ​အာ​င်​ပြဲ​ဖ​စ်ြ​ဖ​စ်
ကျွ​န်​မ​မ​ရ​ယ်​ဘဲေ​န​မ​ယ်​လို့​က​တိ​မေ​ပး​နဲ့
ကို​ယ်​ဟာ​မ​င်း​အ​တွ​က်​ရ​ယ်​စ​ရာ​တ​စ်​ခု​ထ​က်
ပို​ပါ​တ​ယ် ။
မ​င်း​ကို​ရ​ယ်​စ​ရာေ​တွြေ​ပြာ​ပ​တဲ့​အ​ခါ
နား​နှ​စ်​ဖ​က်​ပိ​တ်​ထားချ​င်​ထား
မ​င်း​မြ​ကား​နို​င်ေ​ပ​မယ့်
ရ​ယ်ချ​င်​မှာ​ပါ​ကွာ
​ေ​ရွး​လူ​ရြ​င္​ေ​တာ္ႀ​ကီး​ေ​တြ​ဟာ
ဘာ​စ​ကား​မှ​မြေ​ပာ​ဘဲ
စ​င်ေ​ပါ်​မှာ​ရ​ပ်​လိြု့​ငိ​မ်ေ​န​ရ​င်ေ​တာ​င်
ရ​ယ်​စ​ရာေ​ကာ​င်း​သ​တဲ့
ကို​ယ်​မြ​မ​င်​ဖူးေ​ပ​မယ့်
အဲ​သ​လို
မ​င်း​ကို​ရ​ပ်ြ​ပ​မ​ယ်
အေ​ဆွး​သ​မာြး​ကီး​တ​စ်ေ​ယာ​က်
အို​က်​တ​င်မျိုး​နဲ့​ပြဲ​ဖ​စ်ြ​ဖ​စ်ေ​ပါ့
ကို​ယ်​ဟာ​ရ​ယ်​စ​ရာေ​ကာ​င်း​တဲ့​ည​စာ​တ​စ်​န​ပ်​ကို​က​မ္ဘာ​မှာ
ပ​ထ​မ​ဆုံး​စား​ဖူး​သူ​ပါ
ဒီ​အြေ​ကာ​င်း​မ​င်း​ကိုြေ​ပြာ​ပ​မ​ယ်
ရ​ယ်​ရွ​င်​ဖွ​ယ်
မ​င်း​က​နား​နှ​စ်​ဖ​က်​ကို​ပိ​တ်ချ​င်​ပိ​တ်​ထား
မ​ရ​ယ်​ရ​တြဲ့​ပ​က်​လုံးေ​တွ​နြဲ့​ကီြး​ပ​င်း​ခဲ့​ရ​သူ​ကေ​လး
မ​င်း​ရ​ယ်​တာ​သိ​ပ်​လှ​တ​ယ်​လို့
ကို​ယ်ြ​ကား​ဖူး​တ​ယ် ။
တ​စ်​ခု​ပဲ​ကွယ့်
ရ​ယ်​ရွ​င်​ဖွ​ယ်ေ​တွ​ကို​ယ်​က
ြေ​ပြာ​ပ​တဲ့​အ​ခါ​မှာ
ကိုယ့်​ကြို​ကည့်ြ​ပီး
မ​င်းမျ​က်​ရ​ည်​မ​လ​ည်​စေချ​င်​တာ ။ ။
နေမျိုး
(​လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်ကဗျာ​စာ​အု​ပ်​မှ)
Labels:
မအောင်နြင်တဲ့ကဗျာ
ရှာ​ရာ​ပို​ဗာ​က
တ​င်း​န​စ်ဝ​တ်​စုံ​နဲ့
စ​ကား​လ​က်ဂျို​ဟ​န်​ဆ​င်​က
ပွဲ​တ​က်ဝ​တ်​စုံ​နဲ့
ချား​လ်​မ​င်း​သား​က
န​န်း​တ​က်ဝ​တ်​စုံ​နဲ့
က​မ္ဘြာ​ကီး​က
နု​က​လီး​ယား​အင်္ကျီ
ဆ​င်း​ရဲ​သားေ​ဘာ​င်း​ဘီ
အိ​ပ်ခ်ျ​အို​င်​ဗီ ​လ​က်​ပ​တ်​နာ​ရီ
ေ​လာ​က​ဓံ ​တို​လီ​မို​လီ​နဲ့
ငါ့ကဗျာ​မှာ
အ၀​တ်​အ​စား​မှ ​ပါ​ရဲ့​လား။
သု​ခ​မိ​န်​လှို​င်
Apr 06, Idea Magazine
Labels:
လေညှင်းကလေး
မင်းဟာ အေးမြအောင်လည်းလုပ်ပေးတယ်
ငါတို့ခံစားရတယ်။
နှလုံးသားကတဆင့်ပေါ့။
မင်းဟာ အဆင်းလည်းရှီတယ်
ငါတို့မြင်ရတယ်
တိမ်ဆိုင်ကလေးတွေကတဆင့်ပေါ့။
မင်းဟာ စကားလည်းပြောတယ်
ငါတို့ကြားရတယ်
သစ်ရွက်ကလေးတွေကတဆင့်ပေါ့
ဒါပေမယ့်
မင်းရဲ့မျက်နာကိုတော့
ဘယ်တော့မှ မပြဘူး။
ငါတို့ရဲ့မေတ္တာတရားကို
မုန်းတီးလို့လားကွယ်။ ။
မောင်ဒီ
၁၉၇၁-လုပ်သားကောလိပ်။ဓာတုဗေဒမဂ္ဂဇင်း
Labels:
04 June, 2015
သတိရခြင်းဆိုတာ
လွ​တ်​လ​ပ်​တ​ယ်
တိကျ​သေချာ​တ​ယ်
သိုဝှ​က်​ဟ​န်ေ​ဆာ​င်​မှု​က​င်း​တ​ယ်
လြုံ​ခုံ​တ​ယ်
အချ​က်​အ​လ​က်ြ​ပ​ည့်​စုံ​တ​ယ်
ဒါေ​ပ​မ​ယ့် ​အ​ထီးကျ​န်​ဆ​န်​တ​ယ်
ဝ​မ်း​န​ည်း​စ​ရာေ​ကာ​င်း​တ​ယ်
မေ​ရ​ရာ​တဲ့​မျှော်​လ​င့်ချ​က်​ရှိ​တ​တ်​တ​ယ်
​အ​ဆိုး​ဆုံး​က​ေ​တာ့…
တ​စ်​ဖ​က်​သ​က်​ဆ​န်​တ​ယ်
အ​ယ်ြ​ဖူ
Labels:
မီးတောက်ရစ်သမ်
(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။
လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။
လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။
(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …။
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။
ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။
ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။
တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…။
“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။
(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်။
ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။
အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ပြန်ခေါ်ခဲ့ရတယ်။
၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။
ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။
ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။
ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။
“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။
ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။
(၅)
အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။
“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။
ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။
ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။
တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။
ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။
(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး … ငါပြောမယ် …
… … အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။
“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …။
သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။
အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။
အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။
ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။
အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။
လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…။
(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။
အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ “ည”…ဖြစ်တယ်။
မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။
တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင် …
မင်း …ငါ့ကို မေ့သွားမှာပါ …။
ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။
တာရာမင်းဝေ
Labels:
အကြောင်းတစ်မျိုးမျိုး
အ ကြောင်း အ မျိုး မျိုး ပေါ့ လေ
ခင် ဗျား မှာ အ ကြောင်း တစ် မျိုး မျိုး တော့ ရှိ မှာ ပဲ
ကျွန် တော့် မ လဲ
အ ကြောင်း တစ် မျိုး မျိုး တော့   ရှိ တာ ပဲ
အဲ သ လို အ ကြောင်း တစ် မျိုး မျိုး နဲ့
အဲ သ လို အ ကြောင်း တစ် မျိုး မျိုး ဆုံ တဲ့ ကြုံ တဲ့ အ ခါ
" တစ် ဦး ကို တစ် ဦး နား လည် လာ တယ် " ……လို့
အဲ သ လို ပြော ကြ တာ ပဲ ပေါ့ လေ
အောင် ချိမ့်
Labels:
ဒီဇင်ဘာ၂၅ရက်၊ညနေ ၅ နာရီ
အုံ့ဆိုင်းတဲ့တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ
သစ္စာတရားကိုဖက်တွယ်လိုတဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့
လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကိုမရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ
ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်းထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားရင်းပြန်ထိုင်
အော်..……မစိမ်းမြ၊မစိမ်းမြ
အချောမသပ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲပစ်ထားရက်လေခြင်းနော်..……
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာကိုမစိုင်းရဲလို့
ဒိအတိုင်းပဲဆက်ထိုင်နေရတယ်။  ။
ပိုင်စိုးဝေ
Labels:
ဂီတနေစက်ဝန်း
ကာဖီတစ်ကွက် နှင့် စီးကရက်တလိပ်လောက် ရမလား
လမ်းထက် ငွေငန်းယာဉ်ကလေး ဖြတ်သွားတော့
စိတ်လည်ပုံတချို့ ရေသဖန်းပင်အောက်မှာ ဖုတ်ပူမီးတိုက်
လွမ်းရမယ်
လွမ်းလိုက်ရင်
အဆွေးဆွေးနဲ့ အမြည့်မြည့်တွေချည်း
မြစ်ရေကြီးခြင်းကို အပူမရှပ်နိုင်စေတဲ့
ရေချိုးဆိပ်က အစ
ချစ်တာ ပဓာန အသစ်စက်စက်အထိ
ဇာတ်လမ်းတခုတလေလောက် ပြောပြမလား
ယောက်ျားဘသားကြီးခမျာ ငိုဦးတော့မယ်
ဖြစ်ရမယ်
ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းတွေချည်းပဲ
ဒါလဲ
အရေးပေါ်ကိစ္စ တစ်ခုတစ်လေ မဟုတ်ခဲ့ပါဘူး
ခင်ဇော်မြင့်
ဂျူလှိုင် ။ ရနံ့သစ် ။  ၁၉၉၇
Labels:
ဆန္ဒ
လွတ်သွားတဲ့ငါးက ပိုကြီး
မမှီတဲ့ ဘတ်စ်ကားက လူချောင်
မစားရတဲ့အသားက ပိုချို
သူများချိုးသွားတဲ့ ပန်းက ပိုမွှေး
ငါတို့ရဲ့ လူ့ဘဝတိုတိုမှာ  ။
အောင်ဘညို
Labels:
နေသည် လူကိုမစောင့်
နေထွက်လာမှာကို
ငါတို့ စောင့်နေကြရတယ်
ဟော……အရှေ့မိုးကုပ်စက်ဝိုင်းဘက်က
နေထွက်လာပြီ
ဟာ……မြန်လှချည်လား
လိုက်မမီဘူးလေ
နေ အနောက်ဘက် ရောက်သွားပေါ့
ကိုဆွေ
[ သြဂုတ် ။ ၁၉၇၂ ရေး ]
ရုပ်ရှင်တေးကဗျာ ။ မေ ။ ၁၉၉၅
Labels:
လူဖြစ်ရတာ ကောင်းတယ်
လြူ​ဖ​စ်​ရတာေ​ကာ​င်း​တ​ယ်
လြူ​ဖ​စ်​ရ​တာ​ဟာ ​ဒု​က္ခ​ဘုံ​ထဲေ​ရာ​က်​လာ​တာ​ပဲ​တဲ့
အဲ​ဒီ​ဒု​က္ခ​ဘြုံ​ကီး​အြေ​ကာ​င်း ​ငါ​တို့
ဒါြေ​ကာ​င့် ​လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
ငါ ​အ​စ​တုန်းက ​ဒီေ​လာ​က်​မ​သိ​ဘူး
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
ဒါြေ​ကာ​င့်​ငါြေ​ပာ​တာေ​ပါ့
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
တ​စ်​ခါ​တ​စ်ေ​လ ​ဘ၀​င်​န​ည်း​န​ည်ြး​မ​င့်၊ ​တ​စ်​ခါ​တ​စ်ေ​လ ​အ​ရှ​က်​ရ
တ​စ်​ခါ​တ​စ်ေ​လ ​စိ​တ်​တို
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
သူ​မ​ဟာ ​လူ​သား​မိ​န်း​မ​တ​စ်ေ​ယာ​က်
ဒါြေ​ကာ​င့် ​ငါ ​ရဲ​ရြဲ​ကီးြေ​ပာ​ပါ​တ​ယ်
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
ေ​ဆး​ရုံ​တ​က်​မ​လား၊ ​ရု​ပ်​ရှ​င်​ရို​က်​မ​လား
ဘီ​ယာ​ဆို​င်​သွား​မ​လား၊ ​အြေ​ပး​လေ့ကျ​င့်​မ​လား
အိ​မ်ေ​ထာ​င်ြ​ပု​မ​လား၊ ​နေမျိုြး​ကီးကဗျာေ​တွ​ဖ​တ်​မ​လား
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
ယ​ဉ်ကျေး​ပါ၊ ​သ​င်​ယူ​ပါ၊ ​ရိုးြေ​ဖာ​င့်​ပါ
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
​ေ​လာ​ကၾ​ကီး​ကို ​အ​ရွံဴး​ေ​ပး​ခဲ့​ပါၿ​ပီ​ဆို​ပဲ
လူ​တ​စ်ေ​ယာ​က်​ရဲ့ေ​နာ​က်​ဆုံးဝါကျ​ကို ​ငါ​ဖ​တ်​ခဲ့​ရ​တ​ယ်
ဒါေ​ပ​မ​ယ့် ​လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်
လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်​လို့
ငါ​ပို​သိ​လာ​တဲ့အချိ​န်​မှာ ​ငါ​ဟာ ၀ံ​ပုေ​လွ​တ​စ်ေ​ကာ​င်ြ​ဖ​စ်ေ​န​ခြဲ့​ပီ​ကွဲ့။
နေမျိုး
(​လြူ​ဖ​စ်​ရ​တာေ​ကာ​င်း​တ​ယ်ကဗျာ​စာ​အု​ပ်​မှ)
Labels:
အောက်မေ့တက်သူ
ည​ည
အိ​မ်​အြ​ပ​င်​ဘ​က် ​လ​မ်း​လျှော​က်​ထွ​က်​တ​ယ်
ဘ​ယ်​ဘ၀​ရဲ့ ​အ​ဆ​က်​အ​သွ​ယ်​လဲ ​မ​သိ​ဘူး။
မိုး​အ​လ​င်း ​လ​က်​ဖ​က်​ရ​ည်​ဆို​င်​မှာ
ေ​ကာ်​ဖီ​တ​စ်​ခွ​က်​မှာ
စီး​က​ရ​က်ေ​လး​ဖြွာ​ပီး
ြ​ပ​န်​မ​လာေ​သး​သူ ​အြေ​ကာ​င်းေ​မး​တ​ယ်။
ေ​ရ​နွေး​တ​စ်​ခွ​က်နှ​စ်​ခွ​က်​ငှဲ့
ြ​ပ​န်​မေ​ရာ​က်နို​င်​သူ​အြေ​ကာ​င်းြေ​ပာ​တ​ယ်။
ြ​ပီး​မှ
အေ​မှာ​င်​ကို ​တွ​န့်​တို​သ​လြို​က​ည့်
အိ​မ်​မ​က်​ထဲ ​လ​မ်း​ထ​လျှော​က်​သူ ​တ​စ်ေ​ယာ​က်
မ​န​က်ေ​ရာ​က်ေ​တာ့
ည​က ​ဘာ​မှ​မ​သိြေ​ကာ​င်းြေ​ပြာ​ပ​န်ေ​ရာ  ။    
ခို​င်ြ​မဲကျော်​စွာ
စိမ်းရောင်လွင်မဂ္ဂဇင်း ။ ၂၀၀၄
Labels:
လေကို ရှူရှိုက်ခြင်းဒုတိယပုံစံ
အဲ​သ​လို​နဲ့
ခ​င်ဗျား​ဟာ​နံ​ပါ​တ်​ဘ​ယ်ေ​လာ​က်ြ​ဖ​စ်​ခဲ့​ပါ​သ​လဲ
​ေ​လာ​က​မွာ…
​လူ​ေ​တြမ်ား​တယ်
ဖိ​န​ပ်ေ​တွများ​တ​ယ်
ကာ​ဘွ​န်ဒို​င်ေ​အာ​က်​ဆို​ဒ်ေ​တွများ​တ​ယ်
လူ​ဆို​တာ…
ေ​ဘာ​င်း​ဘီဝ​တ်​တ​ယ်
အ​မဲ​သား​စား​တ​ယ်
အိ​မ်ေ​ထာ​င်ြ​ပု​တ​ယ်
စီး​က​ရ​က်ေ​သာ​က်​တ​ယ်
(​ကို​ယ်​မ​လု​ပ်​တဲ့​အ​လု​ပ်တချို့ေ​ပါ့)
လူ​ဆို​တာ​သ​တ​င်း​စာ​ဖ​တ်​တ​ယ်
ပိ​ရ​မ​စ်ေ​ဆာ​က်​တ​ယ်
စ​ပါး​စို​က်​တ​ယ်
အာ​ကာ​သ​ထဲ​မှာ​လ​မ်း​လျှော​က်​တ​ယ်
(​ကို​ယ်​မ​လု​ပ်​တဲ့​အ​လု​ပ်တချို့ေ​ပါ့)
လူ​ဆို​တာ..
အ​ကု​သို​လ်​ကို​အြေ​ကွးဝ​ယ်နို​င်​တ​ယ်
ေ​လ​ခွ​န်​မေ​ဆာ​င်​ရ​ဘူး
ေ​သ​ရ​င်သင်္ချို​င်း​ရှိ​တ​ယ်
သ​င်​ဟာ
ေ​အာက်​စီဂျ​င်​နဲ့ ​ထို​က်​တ​န်​ပါ​ရဲ့ ​လား။
သ​စ္စာ​နီ
​ဂီ​တ​ပ​ေ​ဒ​သာ ၁၉၈၄
Labels:
လက်ထဲမှာ လေတွေကို တိုးမိတိုက်မိ
ဇ​ရ​ပ်​လို ​ငါ​သာ
တ​သီး​ပု​ဂ္ဂ​လ ​လဲကျ​န်​ခြဲ့​ခ​င်း​မှာ
​ဒီ​ေ​လာ​က​ဟာ
အ​နှော​င်​အ​ဖွဲ့ေ​တွ များ​တ​ယ်
တ​န်​ဖိုး​က
ေ​ရ​စို​ရ​င် ​စု​တ်ြ​ပဲ​သွား​မှာ​လား။
လူ​မ​ရှိ​တဲ့​အ​ရပ်​မှာ
​မီး​ေ​တြ​လ​င္း​ေ​န​ေ​တာ့
ရ​င်​ထဲ ​ထွ​န်း​မ​ထားချ​င်ေ​တာ့။
ကျိ​န်​စာ​လို ​ငါေ​န​လို့ ​မြ​ဖ​စ်​တဲ့​အ​ခါ
သ​တ္တ​ဝါ​လို ​ငါေ​န​တ​ယ်။
ဖိ​န​ပ်​ချွ​တ်​မှာ ​ချွ​တ်​လို့ ​ထား​ခဲ့​တာေ​တွ
ြေ​ကာ​င်​လိ​မ်ေ​လှ​ကား​လိုြ​ပ​န်​ယူ​သွား​ခဲ့​တာေ​တွ
ဝ​င်ြး​မ​င့်
Labels:
03 June, 2015
တောင်ခြေရွာ
အဲ​ဒီ​မှာေ​လာ​င်​ကျွ​မ်းေ​နြ​က​တာ
သူ​တို့​ရဲ့ နှ​လုံး​သားေ​တွ ​မ​ဟု​တ်​ဘူး​ထ​င်​ပါ​ရဲ့
ေ​တာ​င်ြေ​ခ​အိ​မ်​ရဲ့ ​အေ​နာ​က်​ဘ​က်​မှာ
စ​မ်းချော​င်း​တ​စ်​ခုေ​တွ့​လို​က်​ရ
အဲ​ဒီ​မှာ ​စီး​ဆ​င်းေ​နြ​က​တာ
သူ​တို့​ရဲ့ မျ​က်​ရ​ည်​စေ​တွ ​မ​ဟု​တ်​ဘူး​ထ​င်​ပါ​ရဲ့
စ​မ်းချော​င်းေ​လး​ရဲ့ ​အ​ထဲ​ကို
လူတချို့ ​ပ​စ်ချ​လို​က်ြ​က
ဖာေ​ထး​ရာ တချို့​နဲ့ ​သူ​တို့​ရဲ့ ​ပို​က်​ကွ​န်ေ​တွ
အဲ​ဒီ​မှာ ​သူ​တို့ ​ဆ​ယ်​ယူေ​နြ​က​တာ
တ​စ်​ခါ​တု​န်း​က ​န​စ်ြ​မု​ပ်​သွား​ခဲ့​တဲ့
သူ​တို့​ရဲ့ ​အိ​ပ်​မ​က်ေ​တွ ​မ​ဟု​တ်​ဘူး​ထ​င်​ပါ​ရဲ့    ။
ြ​မင့်​မိုးေ​အာ​င်
Labels:
မြက်ခင်းပေါ်မှာ
ဝေး​ဝေး​လံ​လံ
သိ​ပ်​မေ​တွး​ပါ​နဲ့ဗျာ
​ေ​ဟာ​ဒီ​ေရှ့​က
ြ​မ​က်​ခ​င်း​စိ​မ်း​စိ​မ်ြး​ကီး​အြေ​ကာ​င်း
ေ​တွး​စ​မ်း။
ဘာ​အ​တွ​က်
ြ​မ​က်ေ​တွ ​စိ​မ်း​တာ​လဲ ​ဆို​တာမျိုး
ဟို​မှာ
ေ​တွ့​လား
​လူႀ​ကီး​ေ​တြ​က ​ေ​လ​ဟု​န္​စီး​ေ​န​တယ်
ဝ​င်ြး​မ​င့်
Labels:
သြော်……
ဘ​ယ်ေ​လာ​က်ပျော်​လဲ
အ​ရ​ည်ပျော်ေ​အာ​င်
ပျော်​ပါ​တ​ယ်
သု​ခ​မိ​န်​လှို​င်
 (Idea Magazine, October,2014)
Labels:
ဗီလိန်
ဗို​က်ြ​ပ​ည့်​မှ​ဘု​ရား​သ​ခ​င်​ကြို​မ​င်နို​င်​မ​ယ်
လှဲ​ထား​တဲ့​အ​သံ​ကို ​သွာြး​ပီး​တ​က်​န​င်း​လို​က်​မိ​တ​ယ်
ပျော်​ရွှ​င်​မှု​မှာ ​သွ​ပ်​နဲ့​သံ​နဲ့
ေ​ရ​နံချေး​သု​တ်​ထား​တဲ့နှ​စ်​ထ​ပ်​အိ​မ်ေ​လး​နဲ့
ေ​တာ​င်​ယာ​စို​က်​ခ​င်း​နဲ့​ငှ​က်ေ​အာ်​သံ​နဲ့
အေ​ရ​ခွံ​သ​ပ်​ထား​တဲ့​စ​မ်းချော​င်း​နဲ့
စိ​တ်​ကူး​ထား​တဲ့​အ​တို​င်း ၀​ရ​န်​တာ​ကေ​န ​လ​မ​င်း​ဆီ​စီး​ဆ​င်းေ​န​တ​ယ်
အိ​မ်ေ​ခါ​င်​က​ယိုကျ​လာ​တဲ့ ​အ​လ​င်းေ​ရာ​င်​ဟာ
ြ​က​ယ်ေ​တွ​ရဲ့​ပူ​နွေးေ​န​တဲ့​ကို​ယ်​နံ့ေ​ပါ့ ။
အ​စာ​အိ​မ်​ကိုြ​ပ​န်ြ​ဖ​ည်ချ​လို​က်ေ​တာ့
ပ​န်း​သီး​ဟာြေ​မြ​ကီးေ​ပါ် ကျော​က်​ခဲေ​တွ​လိုကျ​လာ​တ​ယ် ။
ဝ​မ်း​န​ည်ြး​ခ​င်း​မှာ
ြ​ပ​တ​င်းေ​ပါ​က်ေ​ဘာ​င်​နဲ့
ေ​ပါ​က်ြ​ပဲေ​န​တဲ့ `​လ´​နဲ့
ြေ​ခ​သ​လုံး​အိ​မ်​တို​င်​နဲ့
ေ​သွး​သွ​င်း​ထား​တဲ့​ည​နဲ့ ။
ဒီ​ဇ​င်​ဘာ​ထဲ ​ကားေ​တွ​မီး​ထိုြး​ပီးဝ​င်​လြာ​က​တ​ယ်
ြေ​မ​ပုံ​ပါ​တဲ့​ကွ​မ်း​တ​စ်​ယာ​နဲ့ ​သူ့​ဆာေ​လာ​င်​မှု​ကို
ေ​တာ​က်ေ​ရွှ့​ထား​လို​က်​တ​ယ် ။
ေ​မာ​င်​ဖီ​လာ
(၂၀၀၇-​မ​တ်​လ-​ဟ​န်​သစ်)
Labels:
02 June, 2015
ဟမ္ဘာဂါစားသူ
မင္းလားကြ ဟမ္ဘာဂါ
မင္းလားကြ ဟမ္ဘာဂါ
မင္းလားကြ ဟမ္ဘာဂါ
မင္းလားကြ ဟမ္ဘာဂါ
အောင်ချိမ့်
Labels:
ကဗျာတစ်ပုဒ်
မအောင်မြင်တဲ့ တပုဒ်တဲ့
အောင်မြင်တဲ့ တပုဒ်တဲ့
ငါ နားမလည်ခဲ့ပါဘူး
ငါ့ တသက်လုံး
ငါ့ တသက်လုံး
ငါ့ သစ်ရွက်တွေကြွေခဲ့ပေါ့
အခု ငါပေးပို့လိုက်ပါတယ်
ကဗျာတစ်ပုဒ်   ။
အောင်ချိမ့်
[ ကဗျာ့အသံ အစီအစဉ် (၁) မှ]
Labels:
ရွှင်ပျော်မြူး ပြဇာတ်
ေ​ရ​တံ​ခွ​န်​လို ​တ​ဝေါ​ဝေါ ​စ​က်ေ​လှ​ကား​မှာ
တ​စ်​ရ​က်ေ​ရှ့​တိုး ​တ​ရ​က်ေ​နာ​က်​ဆု​တ်​လို့ ​ရ​သ​လြို​ကီး
ငါ​တို့ မျ​က်နှာချ​င်း​ဆို​င်​မြိ​က
နီး​ရာ​ဆို​င်​တ​စ်​ဆို​င် ၀​င်​ထို​င်ြ​က
ငါ​က ​အ​ရ​က်ေ​ကာ​င်းေ​ကာ​င်းေ​တြွ​ကို​က်
သူ​က ‘ေ​မာ်’ ​စီး​က​ရ​က်ြ​ကို​က်​သ​လို ​စီး​က​ရ​က်ြ​ကို​က်
​ခု​ေ​တာ့ ​ဒီ​မွာ။
တ​စ်ေ​ယာ​က်​ကို​တ​စ်ေ​ယာ​က် ​မြ​ကို​က်​တာ​ကို​က ‘​လွ​မ်း​စ​ရာ’
ငါ​က ကဗျာ​ဆ​န်ြ​ပေ​တာ့ ​သူ့​ခ​ပ်မျှ​င်းမျှ​င်း ​အ​လာ​ပ ​သ​လ္လာ​ပ
ဟို​တု​န်း​က​လို ​လိ​င်​ဆွဲေ​ဆာ​င်​မှု​မ​ရနို​င်ေ​တာ့​တဲ့ ​ကု​န်​လွ​န်​မှု
ငို​လ​ည်း ​ရ​ယ်​လ​ည်း ​အ​ငို​အ​ရ​ယ်ေ​တွ​က ​ရ​ယ်​စ​ရာ​မ​ဟု​တ် ချော​က်ချား​စ​ရာ
ထို​င်ြ​ကည့်​နေချ​င်​စ​ရာ​မ​ဟု​တ် မျ​က���နှာ​လွှဲ​ပ​စ်​စ​ရာ
နာ​ရီဝ​က်ေ​လာ​က်​သာ​သာ​မှာ
စ​ကား​လုံးေ​တွ​လိုချ​င်
အ​တိ​တ်​ကို​လိုချ​င် ​ပ​စ္စု​ပ္ပ​န်​ကို​လိုချ​င် ​အ​နာ​ဂ​တ်​ကို​လိုချ​င်
အဲ​ဒီ​အ​ရာေ​တွြ​ပ​ည့်ေ​ဖာ​င်း​လာ​ခဲ့
ြေ​ကာ်ြ​ငာ​ပူေ​ပါ​င်း​အြ​ကီြး​ကီး​လို
ကျီး​အာ​သီး​လို။
သူ​က ​သူ့​လ​က်​ပ​တ်​နာ​ရီ​ကြို​က​ည့်
ငါ​က ​ဆို​င်​က ​နံ​ရံ​က​ပ်​နာ​ရီ​ကြို​က​ည့်ြ​ပီး
ဖ​က်​ငို​သ​လို
ငါ​တို့ ​ရ​ယ်ေ​မာ​လို​က်ြ​က​တ​ယ်။ ။
ေ​အာ​င်ချိ​မ့်
Labels:
နှလုံးအိမ်ထဲ ရေငတ်ခြငိး
ငါ့လျှာမှထွန်ကြောင်းအရစ်ရစ်
တစစ်စစ်နာကျင်ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး
မြစ်ရေလုံးလုံးခန်းပြီ။
နှုတ်ခမ်းမွေးထောင်ထောင်
နှာယောင်ကောက်မျက်လုံးပြူးပြူး
ဆူးတောင်နှင့် အသံမှုံဝါးဝါး
ပရစ်များတွားတက်လာတယ်။
သံယောဇဉ်ကြိုးတစ်စ
အမှိုက်တစ်ပုံ
သပွတ်အူတို့ တွေ့ဆုံပေါင်းစည်းသောည
ပါးစပ်လှလှလေး ဖွင့်ဟသောအခါ
ငါ့အတ္တဟာရူးသွပ်ပြေးထွက်လာရဲ့။
လူခြေတိတ်လျှင်
အိပ်ခြင်းကိုအောင်နိုင်သူ
ပြိုကွဲပူလောင်ရာသွေးစများကိုနင်း၍
ကိုယ့်ကျင်းကိုယ်တိုင်တူး
တွင်းနဖူးမှာညစဉ်ရပ်ခဲ့ပေါ့။
မပင့်ဖိတ်သော
အရိပ်ပေါင်းစုံတို့၏ အစည်းအဝေး
ဆွေးနွေးသံများခြိမ်းခြောက်
မျက်လုံးဟောက်ပက် လောက်တဖွားဖွား
အပူတိုင်းကိရိယာများ ကျွမ်းသွားပြီ။
မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ပုံတူတစ်ခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များအငွေ့ပျံ
ခါတစ်ရံ မိုးရွာစေသတည်း။ ။
ဖော်ဝေး
၁၀-၅-၇၅
မိုးဝေ၊ ၁၉၇၈၊ သြဂုတ်။
ဖော်ဝေးငှက်များ ပျံသန်းချိန်။
ပကြိမ်၊ ၂၀၀၄၊ အောက်တိုဘာ။ နှစ်ကာလများ။
Labels:
အဲဒီအဖြစ်အပျက်များ
ကို​ယ့်မျ​က်နှာ​ကို
လြူ​မ​င်​မှာ​စိုး​တာ​နဲ့
ရေချိုး​ခ​န်း​ထဲ ​ဝ​င်​ငို​ခဲ့
ရှို​က်ြ​ကီး​တ​င​င်။
ငို​သံ​ကို ​အြ​ပ​င်​လြူ​ကား​မှာ ​စိုး​တာ​နဲ့
ေ​ရ​ပို​က်ေ​ခါ​င်း​ကို ​ကို​ယ်​ဖွ​င့်​ခဲ့။
ပါြး​ပ​င်​မှာ ​ပူ​နွေး​နွေး
ေ​ရ​သံ​မှာ ​တ​စ်​စ​က်​ကေ​လး​မှ ​ခံ​စားချ​က်​မ​ရှိ​ဘူး။
လြူ​ဖ​စ်လျ​က်​နဲ့​လုံး​လုံး
အ​ဆုံး​အ​ရှုံြး​ကီး​ခဲ့​ပါ​တ​ယ် ​ဘ​ဝ​ရ​ယ်
ကို​ယ်​မြ​မ​င်​ရ​တဲ့ေ​တာ​င်​စွ​ယ်​မှာ
နှ​င်း​ေ​တြ ​ေ​ဝ​တုန်း​မို့​လား။ ။
မို​ဃ်းေ​ဇာ်
Labels:
မနက်ခင်းရဲ့ အသက်ရှူမှု့များ
         (၁)
အလင်း၏လက်
နံနက်ကိုကျောသပ်
လောကဓာတ်ရှုခင်း
အချစ်သီချင်းများ ကြားစပြုပြီ။
အသစ်သစ်များတည်ဆောက်
တံတားအောက်က ချောင်းရေ
“နေဖွဲ့” ဂါထာရွတ်ဖတ်နေ။
ကမ္ဘာထဲက “အချိန်”
မြစ်ထဲမှာရေစိမ်ဆဲ။
          (၂)
အိမ်တံခါးလာခေါက်
အံ့လောက်ဖွယ် “နှင်း”
သူငယ်ချင်းလော ရန်သူလော
ထွေပြောဟန်မူ အင်္ကျီဖြူနှင့်။
အောင်ပွဲခံသွေးသစ်
သစ်ရွက်၏ရင်ခုန်သံ
မြေယံမှာပြေးလွှား
နိမိတ်ပုံများ ထွားထွားဝေသနဲ့။
အရုဏ်၏လှေကား
ကျေးငှက်များဝိုင်းဖွဲ့
နေရဲ့အလံတော် တင်လေပြီ။
          (၃)
ဒဏ်ရာမရှိပဲ
ကြွေသွားတဲ့ ညဥ့်အလောင်း
လှည်းလမ်းကြောင်းမှာ
ရတနာဖြစ် ရွှေငွေဖြစ်ပြီ
သက္ကရာဇ်စောင်းသံ ခတ်လေလော့။
အမှောင်မိစ္ဆာ
ဇီးပင်မှာချိတ် အတိတ်မှန်စ
ကွဲကြေမွပေါ့
နောင်တများစွာ ချိုပေစွ။
          (၄)
သစ္စာမဲ့အိပ်မက်များ
အလွှားလွှားပြေးကြ
ဘ၀၏သင်ဖြူးဖျာ
အလင်္ကာများဆေးကြော
စင်ကြယ်သောခန္ဓာဗေဒ
တပ်မက်ဖို့ကောင်းလှသည်။
          (၅)
မိုးလင်းပြီးစ တစ်နာရီ
အရည်ရွှမ်းတဲ့အသက်ဓာတ်
မြင့်မြတ်ခြင်းရဲ့စံနှုန်းတစ်ခု
ရတုတစ်ပုဒ်ရဲ့နောက်ခံကား
ထမြောက်မူ တောလားပါ
ဒါဟာ . . .
အားလုံးရဲ့အိပ်ယာထမူကို
ဥခွံအသစ်တစ်ခု လဲပေးပါလိမ့်မယ်။     ။
                                                                             မြေချစ်သူ                                                                            မိုးဝေ၊ စက်တင်ဘာ၊ ၁၉၇၇
   မြေချစ်သူ ကဗျာများ ကဗျာစာအုပ်မှ
Labels:
သစ်ငုတ်တစ္ဆေ
ယခင်ကဆို
ရွှေအိုရောင်ကြွ၊ ပြတင်းဝမှာ
ငွေလသရမ်း၊ တိုးဝင်နမ်းမှ
လူကြမ်းပက်ကျိ ၊ ပြုံးပြီးကြည့်သည်
ချောင်းသည့်အိမ်မြှောင်၊ ပြူးမျက်ကြောင်ပဲ
သန်းကောင်စုတ်ထိုး၊ ကြက်ဖနိုး၏
ပုဆိုးတိုမ၊ ငါလျှင်ထ
အကတစ်ကြိမ်၊ ဖြစ်သွားပြီ။
လကွယ်ပျောက်ဆဲ
ပျော်မြူးမြဲ၊ ကြက်ဘဲထုသံ
ဝက်ထုသံမှာ၊ ရစ်သမ်ချိုမြ
ဘ၀သစ်ပင် ၊ ဆက်လက်ရှင်မြဲ
အဲ့အဲ့ကလေး၊ သားချော့တေးက
အဝေးလန့်ပျံ၊ နံရံကြားက
ပင်ကူးကြားလ၊ ချည်ဖွားကိုရက်
အကွက်ကိုဆင်၊ လုပ်ငန်းတွင်ဆဲ
ထူထဲကြပ်ခိုး၊ ဓနိမိုးမှာ
မိုးဝကောင်းကင်၊ တိမ်ခဲမျှင်တို့
ခြင်ထောင်အစုတ်၊ လေအမှုတ်မှာ
ငုတ်တုတ်ငါပင်၊ အသက်ဝင်သည်
မြို့ရင်ခွင်က ပျော်သည့်ည ။
တဲအိမ်ကုတ်မှာ
အပျော်ရှာသည်၊ ကဗျာသေးနုတ်
ထုတ်မည့်ကဗျာ၊ ဘာပါလဲ
ကာရန်ဆင်းရဲ၊ လူနေမွဲနှင့်
ခဲ၏အရောင်၊ မပြောင်လက်ဘူး
ဘာမထူးဘူး၊ ရူးခဲ့သည်ပဲ
လောက၀ဲမှာ၊ လှော်လဲနစ်လိုက်
ထပ်လှော်လိုက်နှင့်၊ အမိုက်ထိပ်သီး
ထိပ်ခေါင်ကြီးပါ၊ ရတာနှင့်စား
ရတာနှင့်သွား၊ ခေတ်ရထားပေါ်
ခုန်လွှားကျော်ကာ၊ ပျော်ခဲ့ပါ၏
ခါးကချိ ။
တဲအိမ်ကုပ်မှာ
လဆုတ်လဆန်း၊ အံ့ဖွယ်ခန်းပဲ
ဟင်းကျဲချိုသောက်၊ ငါးပိန်ခြောက်လှော်
ပဲလျှော်နှင့်လွေး၊ ငါ သူဌေး
အကြွေးတင်လျှင်၊ အရှင်ဆပ်မည် ။
တနပ် မညည်း၊ ရွှေမန်းကျည်ရွက်
ချဉ်ချိုချက်လေ၊ မြက်မြက်စားလှ
တစ်ဘ၀မှာ၊ ကဗျာဆရာ
ငါဖြစ်လာ၊ ဇာတာထဲက
မောင်ကဲထ ။
အို - ရုတ်တရက်
မိုးကုတ်စက်မှ၊ လက်ခနဲလှ
လောင်မီးကျသည်၊ ကံထအိမ်မှာ
မီးကျွမ်းပါပြီ၊ ပြာပုံဖြစ်သွားတော့၏။
မီးလောင်ငုတ်တို
ခေါင်းတိုင်အိုသည်၊ ညဆို တစ္ဆေ
နေ့ တစ္ဆေ၊ လူတွေ ခြောက်လှန့်နေလေပြီ ။
နေသွေးနီ
မိုးဝေ ၊ ဧပြီ ၊ ၁၉၈၇
Labels:
သတိရကြပါ
ငါတို့တွေ ကခဲ့ကြ
ပြန်လည် သတိရမှု့မှာ
အနုပညာမပါရင်
အရာရာ သေသွားပါလိမ့်မယ်
သတိရကြပါ ။
အောင်ချိမ့်
Labels:
ပုံတူပန်းချီကား
သ​စ်ေ​တာ​ထဲ​မှာ ​သ​စ်​စေ့ေ​တွ​ရှိ​တ​ယ်
သ​စ်​စေ့ေ​တွ​ထဲ​မှာ ​သ​စ်ေ​တာ​ရှိ​တ​ယ်
ရှဥ့်​တ​စ်ေ​ကာ​င်
သ​စ်​ပ​င်ေ​ပါ်​မှာ ​သ​စ်​စေ့​ကို​ကို​က်ြ​ပီး
လွှ​တ်ချ​လို​က်​တ​ယ်။
ပု​လ​င်း​ထိ​ပ်​မှာ ​ဘူး​ဆို့​ရှိ​တ​ယ်
ဘူး​ဆို့​တ​စ်​ဖ​က်​မှာ ​ပု​လ​င်း​ရှိ​တ​ယ်
လူ​င​ယ်ေ​လး​တ​စ်ေ​ယာ​က်
ပု​လ​င်း​ဖုံး​ကို ​ကို​က်​ဖွင့်ြ​ပီး
စာ​တို​က်​ပုံး​ထဲ​မှာ ​စာ​တ​စ်ေ​စာ​င်ရှိ​တ​ယ်
စာ​တ​စ်ေ​စာ​င်​ထဲ​မှာ ​မီး​ရ​ထား​တ​စ်​စ​င်း​ခု​တ်ေ​မာ​င်းေ​န​တ​ယ်
ြ​မိြု့​ကီး​ဟာ ​မီး​ရ​ထား​တွဲေ​ပါ်​တ​က်ြ​ပီး
အိ​ပ်​စ​က်​ရ​င်း ​လို​က်​ပါ​သွား​တ​ယ်။
ေ​အး​စ​က်​တဲ့ ​နံ​ရိုး​ထဲ​မှာ
ငိုေ​န​တဲ့ ​မိ​န်း​မ​တ​စ်ေ​ယာ​က်​ရှိ​တ​ယ်
သြူ​ပုံး​ရ​ယ်ေ​အာ​င် ​လု​ပ်နို​င်​ဖို့
တ​စ်​စုံ​တ​စ်ေ​ယာ​က်​ဟာ ​စွ​မ်းနို​င်​မ​ယ်
ဒါေ​ပ​မဲ့ ​သိ​ဖို့​ခ​က်​လှ​တ​ယ်။
နေမျိုး
Labels:
နွေဦးပေါက်ရင် သူနဲ့ငါ
နွေ​ဦးေ​ပါ​က်​ရ​င်
(ကဗျာ​ဆ​ရာ​စိ​တ်​ကူး)
နွေ​ဦးေ​ပါ​က်​ရ​င်
ြ​က​က်​တူေ​ရွး​တ​စ်ေ​ကာ​င်ေ​မွး​မ​ယ်
သူ့​ကို ​စ​ကား​တ​စ်​ခွန်း​တ​ည်း​သ​င်ေ​ပး​မ​ယ်
“​ဆာ​တ​ယ် ​ဆာ​တ​ယ်”​လို့။
နွေ​ဦးေ​ပါ​က်​ရ​င်
ဟ​စ်​တ​လာ​မိ​န့်​ခွ​န်းြေ​ပာ​သံ​ကို
ကား​ဟွ​န်း​သံ​အြ​ဖ​စ်​တ​ပ်​ဆ​င်​ထား​မ​ယ်
ေ​တာ​င်​ဘ​က်​ပ​င်​လ​ယ်ေ​တွ​ဆီ ​ခ​ရီး​ထွ​က်​မ​ယ်
နွေ​ဦးေ​ပါ​က်​ရ​င်
သ​စ်​ရွ​က်ြေ​ကွေ​တွ​လို​က်ေ​ကာ​က်​မ​ယ်
အ​င်္ဂ​လိ​ပ်​ဘာ​သာ​နဲ့
မ​င်း​နာ​မ​ည်​ကို ​ငါေ​ရး​မ​ယ်
နွေ​ဦးေ​ပါ​က်​ရ​င်
ြ​ပ​တ​င်းေ​ပါ​က်ေ​တွ ​အ​ကု​န်​ဖွ​င့်​မ​ယ်
စိ​တ်ေ​ကာ​င်း​လ​ည်း ၀​င်​မ​ယ်။
နွေ​ဦးေ​ပါ​က်​ရ​င်
ြ​ပ​ဇာ​တ်​တ​စ်​ပု​ဒ်ေ​ရး​မ​ယ်
စု​ဘူးေ​လး​ကို​ခွဲ​မ​ယ်
ြ​ပား​စေ့​ေ​လး​ေ​တြ ​ေ​ရ​တြက်​မ​ယ်။
တ​က​ယ်​လို့ေ​တာ်ေ​တာ်​နဲ့​နွေ​ဦး​မေ​ပါ​က်ေ​သး​ရ​င်​လ​ည်း
ကိ​စ္စ​မ​ရှိ​ပါ​ဘူး
ဒီကဗျာ​ကို ​လ​မ်း​ထိ​ပ်​က ​အေ​ပါ​င်​ဆို​င်​မှာ​သွားေ​ပါ​င်​မ​ယ်
ြ​ပီးေ​တာ့ ​ခ​ပ်ေ​ဟာ​င်းေ​ဟာ​င်းေ​စာ​င်​တ​စ်​ထ​ည်
ဝ​ယ်ြ​ခုံေ​န​မ​ယ်​ကွ​ယ်။ ။
နေမျိုး
Labels:
အတူတကွ
မိုးချုပ်သွားတဲ့ အထိ
ပန်းခြံ ခုံတန်းလျားမှာ
ငုတ်တုတ် ထိုင်ခဲ့မိတယ်
အရှေ့အလယ်ပိုင်း စစ်ရယ်
အစာအိမ်ရယ်
ဝိညာဉ်ရယ်
အတူတကွ ငုတ်တုတ် ထိုင်နေမိတယ်
ထွန်းဝေမြင့်
Labels: