Showing posts with label ခင်အောင်အေး. Show all posts
Showing posts with label ခင်အောင်အေး. Show all posts

ဂေါ်ရီသျှန်ကာရ

သံတူကြောင်းကွဲ မှန်အိမ်မီးကို ဖွင့်လို့မို့
အလင်းဟာ ဘယ်ဘက်ကို ယိမ်းရမယ် မသိသလို
ငြိမ့်ငြိမ့် လှုပ်လှုပ်နဲ့

'မေ့သွားပြီးပြီ'
အဲဒီတံဆိပ်နဲ့ မုန့်

ပြုံးပြလိုက်တဲ့အထဲမှာ
အကုန်လုံး ပါသွားပါပြီဗျာ
အလွန် သဘောကောင်းသည့် ဆရာဝန်နှင့် ကြုံကြိုက်နေသည်
များစွာနောင်တရခြင်းနှင့် ဖိမိနေသည်
'ဗက်စကာရယ်...ရှင့် အလှည့်လည်း ၀ဋ်လည်ပေဦးမပေါ့'

'ကိုရင့် ပါးမုန်းမွေးတွေ ရှည်လှပါပြီ'
မျက်စိကလေး ပေကလပ် ပေကလပ်နဲ့
သူ၏ ဇနီးမှာ ချိယန်ကူအိုသခင်မ ဖြစ်သည်
မြေနှင့် စပ်သမျှ အရာတို့ကို ဂရုဓမ္မပြုသည်
ထိုမှ အသာလေး လှည့်ထွက်ခဲ့ပြီး
ဦးဝိစာရအ၀ိုင်းမှ ကွေ့ပတ်ကာ
'၀မ်းသာပါတယ်...'
'တွေ့ရတာ အများကြီးဝမ်းသာပါတယ်..'
လက်ဆွဲနှုတ်ဆက်ခြင်းများ ပွအူသွားတော့တယ် ။

ခင်အောင်အေး
၆၊ ဒီဇင်ဘာ၊ ၂၀၁၃၊ ၀ါဝါ၀င်းကွက်၊ ရန်ကင်း၊ ၂၂း၃၃ နာရီ

ဘီအာရ်


ချစ်တယ်လို့
ပြောဖို့ရာ
ကိုယ့်တစ်ယောက်တည်း ပြောနေရတာ
မလုံလောက်ဘူး

လာ
ကူ
ပြော
လှည့် ။

ခင်အောင်အေး

ဘီအာရ်


အဲဒီ မျက်နှာစာအုပ်နဲ့
သွယ်တန်းနေမှုကို ကိုက်ညှပ်လိုက်တယ်
ချစ်ခင်မြတ်နိုးခြင်းပာာ ချေးညှော်တွေနဲ့
မလိမ်းကျံအပ်ပေဘူး

စိတ်ကို ခိုင်ခိုင်ထားတယ်
ပြီးတော့ အားတင်းပြီး ပြုံးပြမယ်
မသိမသာ တုန်ယင်နေမှုကိုတော့
မင်း မမြင်ချင်ယောင်ဆောင်ပေးပါ။

ခင်အောင်အေး

ဘီအာရ်


မနေ့က လူကြုံပါးလိုက်တဲ့
ဗျိုင်းတွေ ပြန်လာကြတယ်

အပြုံးပန်းတွေချည့်
၉၆၈၄၅ ပွင့်တောင် ပြန်ပါလာတယ်

ကျေးဇူး ။

ခင်အောင်အေး

ဘီအာရ်……


ဆိုင် မဆိုင်တော့
မသိဘူး

မင်းကို
ပြောဖို့ လို မလိုလည်း
မသိဘူး

( ကိုယ်
နေမကောင်းဘူး  )

အဲဒါ
အဲဒါ လှမ်းပြောတာပါ

ခင်အောင်အေး