ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇ၀ါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖျောက်ဖျောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်
မဖြောင့်ဖြူးခြင်း အချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ ငါ စောင့်ခဲ့တယ် ။ ။
အောင်ချိမ့်
No comments:
Post a Comment