ရန်ကုန်


ခေါင်မိုးပေါ်က ကြည့်တော့လည်း
ခေါင်မိုးတွေပဲ ပြန်မြင်ရတယ်
အဲဒီနေ့
မီးခိုးမဆုံး မိုးမဆုံး အ၀ါရောင်
အဲဒီနေ့က
သင်္ဘောပျက်ကို တွေ့ရှိခဲ့သူ ရေငုတ်သမားနှယ်
အရာရာဟာ
ရွှေနှင့် ယိုးမှားဖွယ် ။


ကြည်ဇော်အေး

No comments:

Post a Comment