08 June, 2015

သိပ်ကို ရောမန္တိကဆန်ချင်တဲ့ ဖဲချပ်


အသက်ကယ်သွေးကြောတွေက တယ်လီဖုန်းထဲကနေ ပျံသန်းလာကြတယ်
ဒီဘ၀မှာမှ ဒီ ပန်းကလေးကို ရူးသွပ်စွာ နမ်းမရှိုက်ရဘူးဆိုရင်
ဘယ် သံသရာတိုင်အောင် ဘယ်လောက်တောင် အော်ခေါ်နေရမှာလည်း
တကယ်တော့ ရင်ခုန်တယ်ဆိုတာ စိတ်ကြွဆေးဝါးတစ်မျိုးပါ
သေမင်းရဲ့ အာခံတွင်းကို စောင့်ကန်ပြီး ပန်းကလေးကို နမ်းခဲ့ရတာပေါ့
ဘယ်လိုပြောပြော တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေဖို့ လိုအပ်တယ်
ဘာပဲဖြစ်ဖြစ် တစ်ယောက်နေ့စဉ်ဘ၀ထဲ တစ်ယောက် မိုးကြိုးပစ်လိုက်ချင်တယ်
ငါ ကိုယ်ပူနေတာကို သူ့အနမ်းက လွဲပြီး မကုစားချင်တော့ဘူး
တစ်ရက်ပြီး တစ်ရက် ငါ တယ်လီဖုန်းကြိုးတွေကြားထဲ လမ်းသလားပျံသန်းပြီး
အချစ်ဆိုတာ စိတ်ကူးနဲ့ ခိုးခိုးနမ်းနေရတဲ့ အသစ်လွင်ဆုံးကမ္ဘာစစ်ပေါ့ ။

ဒီဝသုန်ခက်
22Apr2015
0345pm

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home