အစစ် အမှန်

နာကျင်မှုပိုးမွှားကလေးများဟာ
ရှင်းသန့်တဲ့ လေထဲမှာ
အံခဲတွန့်လိမ်ဆဲပါ
တုန်လှုပ်မှုဟာ ချုပ်ငြိမ်းသေဆုံးခဲ့ပြီ
ကျွန်တော်တို့ထဲက တချို့အရာများဟာ
ခွဲစိတ်ခန်းစားပွဲနဲ့ ပတ်သတ်ရင်
ပြတင်းတံခါးနဲ့ ပတ်သတ်ရင်
နေရာနဲ့ ပတ်သတ်ရင်
အသွား(၇)ဖက်ရှိတဲ့ သံမဏိနဲ့ ပတ်သတ်ရင်
သိမ်ငယ်ဦးခိုက်ရဆဲပဲ

ငြိမ်သက်မှုကတော့
မှန်သားမျက်နှာပြင်လို
တည်ကြည်ခိုင်မာနေခဲ့ပြီ

သို့ပေမဲ့
သွေးတွေဟာ ဘယ်မှာ စီးဆင်းနေခဲ့သလဲဆိုတာနဲ့
သင်ကော သေဆုံးဆဲပဲလားဆိုတာ
ကျွန်ုပ်တို့ မေးစမ်းချင်ပါတယ် အချစ်

မြေချစ်သူ
( Miroslay Holub - Reality )

No comments:

Post a Comment