ပြင်ပအသွင်အပြင်များကို တင်ပြရုံသက်သက်
ကုတင်တစ်လုံး
သစ်သားကုတင်တစ်လုံး
သစ်သား နှစ်ယောက်အိပ် ကုတင်တစ်လုံး
နှစ်လက်မထူ မွေ့ယာ
စောင်နှစ်ထည် တစ်ထည်သပ်သပ်ရပ်ရပ် ခေါက်သိမ်း
တစ်ထည် ဖရိုဖရဲ ကစဉ့်ကလျား
ခေါင်းအုံးသုံးလုံး နှစ်လုံးဆင့် ညာဘက်
ဘယ်ဘက်မှာ တစ်လုံးတည်း အိပ်ရာ မပေါ်
ခြင်ထောင် အမိုးပေါ် ဘေးသားတွေ ပစ်တင်ထား
လူယောက်ျားတစ်ယောက်
ကုတင်ပေါ် လှဲပြီး ဗလာစာအုပ်ထဲ
စာတွေ ရေးနေတယ်
ဘယ်ဘက်က ကွက်လပ်ကိုကြည့်လိုက်
စာတွေ ရေးလိုက် ကြည့်လိုက်
လမ်းမကြီးပေါ်က ဘတ်စ် ကားသံတွေ
ကားဟွန်းသံတွေ အော်သံတွေ အိပ်ခန်းထဲ ၀င်ဝင်လာပြီး
ထွက်ထွက်သွားတယ်
ထမင်း ဟင်းချက်သံ အိုးခွက် ပန်းကန်ဆေးသံ
တိတ်ဆိတ်
အဲဒီ တိတ်ဆိတ်သံကို သူ နားစွန့်နေတယ်
ဒီ ကဗျာထဲမှာ သူ ထည့်ရေးတယ်
သူ့ကိုသူ မပါတာ သူ ထည့်ရေးတယ် . . . . . . . ။
ဇေယျာလင်း
ပထမဆုံးလိပ်စာမှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment