Showing posts with label အိုင်းဒီး. Show all posts
Showing posts with label အိုင်းဒီး. Show all posts

အချစ် (၄)


အေးစက်နေတယ်
ဆောင်းမနက်စောစောရဲ့
ကြမ်းခင်းတွေလို

အေးစက်နေတယ်
အဘွားရဲ့ မီးဖိုချောင်လိုမျိုး
မနွေးထွေးဘူး

အခန်းရဲ့ ပြတင်းတံခါးကို
နေရောင်ကျတဲ့ အခါ
ရွှံ့မီးဖိုဆီက ကိုယ်ယောင်ဖျောက် မီးခိုးတွေ
ကိုယ်ထင်ပြမယ်

နေ့ ချဉ်းကပ်လာတဲ့ အခါ
မနက်ခင်း အိမ်ကပြင်မှာ
ဖြာကျတဲ့ နေခြည်လို
နွေးထွေးလာလိမ့်မယ်

မဟုတ်ဘူးလား

အိုင်းဒီး
၂၈ ၁၁ ၂၀၁၃

အချစ် (၃)


မြဲမြံကျစ်လစ် ၊ သိပ်သည်းစွာ
ချည်နှောင်ထားတဲ့
ပျော့ညံ့ကြိုးနွယ်
မဖြတ်တောက်ရက်တယ်

စွန့်ခွာပစ် ၊ လမ်းလွှဲလည်း မရပါလား
ထိတွေ့ရှိုက်နမ်းမရတဲ့
ကျွန်မရဲ့ မည်းနက်အရိပ်

အိုင်းဒီး
၂၄ ၁၀ ၂၀၁၃

အချစ် (၂)


နက်ရှိုင်း ၊ မည်းမှောင် ၊ ပိန်းပိတ်
တိတ်ဆိတ် ၊ အေးစက်
တွင်းနက်

ကြိုးတစ်ချောင်း ချပေးပါလား
သနား ကရုဏာစိတ်လေးနဲ့
ကြိုးချည်းသက်သက်မဟုတ်ဘဲ
ကြိုးတစ်ချောင်း ချပေးပါလား

အိုင်းဒီး
၁၀ ၉ ၂၀၁၁