လေကို ရှူရှိုက်ခြင်းဒုတိယပုံစံ
အဲသလိုနဲ့
သန်းပေါင်းလေးထောင်ထဲမှာ….
ခင်ဗျားဟာနံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ
လောကမှာ…
လူတွေများတယ်
ဖိနပ်တွေများတယ်
ကာဘွန်ဒိုင်အောက်ဆိုဒ်တွေများတယ်
လူဆိုတာ…
ဘောင်းဘီဝတ်တယ်
အမဲသားစားတယ်
အိမ်ထောင်ပြုတယ်
စီးကရက်သောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာသတင်းစာဖတ်တယ်
ပိရမစ်ဆောက်တယ်
စပါးစိုက်တယ်
အာကာသထဲမှာလမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာ..
အကုသိုလ်ကိုအကြွေးဝယ်နိုင်တယ်
လေခွန်မဆောင်ရဘူး
သေရင်သင်္ချိုင်းရှိတယ်
သင်ဟာ
အောက်စီဂျင်နဲ့ ထိုက်တန်ပါရဲ့ လား။
သစ္စာနီ
ဂီတပဒေသာ ၁၉၈၄
Labels: သစ္စာနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home