ဇရပ်လို ငါသာ
တသီးပုဂ္ဂလ လဲကျန်ခဲ့ခြင်းမှာ
ဒီလောကဟာ
အနှောင်အဖွဲ့တွေ များတယ်
တန်ဖိုးက
ရေစိုရင် စုတ်ပြဲသွားမှာလား။
လူမရှိတဲ့အရပ်မှာ
မီးတွေလင်းနေတော့
မနေ့က အကြောင်းတွေ
ရင်ထဲ ထွန်းမထားချင်တော့။
ကျိန်စာလို ငါ နေလို့ မဖြစ်တဲ့အခါ
သတ္တဝါလို ငါ နေတယ်။
ဖိနပ်ချွတ်မှာ ချွတ်လို့ ထားခဲ့တာတွေ
ကြောင်လိမ်လှေကားလို ပြန်ယူသွားခဲ့တာတွေ
လက်ထဲမှာ လေတွေကို တိုးတိုက်မိ ။
ဝင်းမြင့်
No comments:
Post a Comment