အဲဒီအဖြစ်အပျက်များ
ကိုယ့်မျက်နှာကို
လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲ ဝင်ငိုခဲ့
ရှိုက်ကြီးတငင်။
ငိုသံကို အပြင်လူကြားမှာ စိုးတာနဲ့
ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။
ပါးပြင်မှာ ပူနွေးနွေး
ရေသံမှာ တစ်စက်ကလေးမှ ခံစားချက်မရှိဘူး။
လူဖြစ်လျက်နဲ့လုံးလုံး
အဆုံးအရှုံးကြီးခဲ့ပါတယ် ဘဝရယ်
ကိုယ်မမြင်ရတဲ့ တောင်စွယ်မှာ
နှင်းတွေ ဝေတုန်းမို့လား။ ။
မိုဃ်းဇော်
Labels: မိုဃ်းဇော်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home