21 September, 2017

ရထားေပၚက ျမင္ကြင္း

ျပတင္းေပါက္ေပၚ
မ်က္ေတာင္ေကာ့ ေန႔အတုေတြ
ျဖတ္ေလွ်ာက္သြား
သစ္ပင္၊ အိမ္၊ တုိက္တာေတြက
ဖ်ပ္ခနဲ သူတုိ႔မ်က္ေတာင္
ဖြင့္လုိက္ ပိတ္လုိက္
က်ီစယ္ၾက
ေရွ႕မွာ ငါ့ၿမိဳ႕ကေလး
ကြ်ဲတစ္ေကာင္ေပၚ
အႏူကြက္ေတြ တက္အိပ္ေနတယ္ထင္ရ
ၿမိဳ႕ထိပ္မွာ ထြက္ျပဴေပါ့
သံဆူးစူး ၾကက္သြန္ဥနဲ႔
အေရာင္မဲ့ ၾကယ္လတစ္စုံ။

ေငြယံဦး
ရုပ္ရွင္ေတးကဗ်ာ ၊ ၁၉၇၅


[Unicode Version]

ရထားပေါ်က မြင်ကွင်း

ပြတင်းပေါက်ပေါ်
မျက်တောင်ကော့ နေ့အတုတွေ
ဖြတ်လျှောက်သွား
သစ်ပင်၊ အိမ်၊ တိုက်တာတွေက
ဖျပ်ခနဲ သူတို့မျက်တောင်
ဖွင့်လိုက် ပိတ်လိုက်
ကျီစယ်ကြ
ရှေ့မှာ ငါ့မြို့ကလေး
ကျွဲတစ်ကောင်ပေါ်
အနူကွက်တွေ တက်အိပ်နေတယ်ထင်ရ
မြို့ထိပ်မှာ ထွက်ပြူပေါ့
သံဆူးစူး ကြက်သွန်ဥနဲ့
အရောင်မဲ့ ကြယ်လတစ်စုံ။

ငွေယံဦး
ရုပ်ရှင်တေးကဗျာ ၊ ၁၉၇၅

Labels:

ရုပ္ရွင္ရုံနဲ႔ၿမိဳ႕

ႏွစ္ေတြဟာ
ငါ့လက္ေပၚမွာပဲ ႀကီးလာတယ္။

မိုးေစြငွက္ကေလးကုိေတာ့
သမင္လည္ျပန္ေငးၾကည္ဖုိ႔
ငါ့မွာ အေတာင္ပံတစ္စုံ မရိွခဲ့ဘူး။

ေရႊတူးသမားေတြလည္း
ေရႊကုိပဲ ဆက္တူးၾကပါေစ
ငါ့အိပ္မက္ကုိ မတူးေဖာ္ေလနဲ႔။

ရုံ၀င္ခမေတာင္းခဲ့တာ
အကေကာင္းတဲ့ ျမက္ေတြေပါ့
ေနမင္းေရ
ငါ့ကုိ ဒီတစ္ေႏြေတာ့ ဆက္ေဖ်ာ္ေျဖခြင့္ျပဳပါ
အေမ့ေအာ္သံေတြ
ငါ ပုံမွန္ဖုန္သုတ္ရဦးမယ္။

တစ္ၿမိဳ႕လုံး
ေက်ာကုန္းေတြ ပိတ္ကားျဖစ္ခဲ့ၿပီ။

မုိဃ္းေဇာ္
ရုပ္ရွင္ေတးကဗ်ာ ၊ ၁၉၇၅


[Unicode Version]

ရုပ်ရှင်ရုံနဲ့မြို့

နှစ်တွေဟာ
ငါ့လက်ပေါ်မှာပဲ ကြီးလာတယ်။

မိုးစွေငှက်ကလေးကိုတော့
သမင်လည်ပြန်ငေးကြည်ဖို့
ငါ့မှာ အတောင်ပံတစ်စုံ မရှိခဲ့ဘူး။

ရွှေတူးသမားတွေလည်း
ရွှေကိုပဲ ဆက်တူးကြပါစေ
ငါ့အိပ်မက်ကို မတူးဖော်လေနဲ့။

ရုံ၀င်ခမတောင်းခဲ့တာ
အကကောင်းတဲ့ မြက်တွေပေါ့
နေမင်းရေ
ငါ့ကို ဒီတစ်နွေတော့ ဆက်ဖျော်ဖြေခွင့်ပြုပါ
အမေ့အော်သံတွေ
ငါ ပုံမှန်ဖုန်သုတ်ရဦးမယ်။

တစ်မြို့လုံး
ကျောကုန်းတွေ ပိတ်ကားဖြစ်ခဲ့ပြီ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ ၊ ၁၉၇၅

Labels:

ဘီးတပ္ကုလားထုိင္

ပုံစံခြက္ထဲက
ဆြဲထုတ္လုိက္တဲ့
ငုတ္တုတ္ထုိင္ သက္ရိွရုပ္ထုတစ္ခု
ၿငိတြယ္ေနတဲ့ အသံလိႈင္းမ်ားရယ္
ကမ္းစပ္ကုိ ျဖည္းျဖည္းအိအိ
လိွမ့္ဆင္းလာခဲ့ၿပီ။

ခန္းဆီး
ျပတင္း
၀ရန္တာ
ၾကမ္းျပင္
တြဲလြဲခ်ိတ္ပန္းအိုးမ်ား
ထုိအရာအားလုံးနဲ႔ အေဆြခင္ပြန္းဖြဲ႕လုိ႔
ဒါ
သူ ေနထုိင္ရာ ကမာၻပဲေပါ့။

ထြက္ေျပးမူ၀ါဒကလည္း
အထီးက်န္ျခင္းနဲ႔ ပဋိပကၡျဖစ္လုိ႔
ႏြံနစ္ေနသူပါ။

ေနာက္ဆုံး
မ်က္ႏွာက်က္
ေကာင္းကင္
နံရံေတြကလည္း
သူ႔အသည္းကုိ မခြဲရက္ေတာ့ပါ။

လက္ခနဲ
ေတာက္ပသြားတဲ့ အလင္းေရာင္နဲ႔အတူ
ဘ၀ကုိ
ထုိင္လ်က္ ေရြ႕လ်ားေစတတ္ၿပီ။

သြယ္ေအာင္
ရုပ္ရွင္ေတးကဗ်ာ ၊ ၁၉၇၅


[Unicode Version]


ဘီးတပ်ကုလားထိုင်

ပုံစံခွက်ထဲက
ဆွဲထုတ်လိုက်တဲ့
ငုတ်တုတ်ထိုင် သက်ရှိရုပ်ထုတစ်ခု
ငြိတွယ်နေတဲ့ အသံလှိုင်းများရယ်
ကမ်းစပ်ကို ဖြည်းဖြည်းအိအိ
လှိမ့်ဆင်းလာခဲ့ပြီ။

ခန်းဆီး
ပြတင်း
၀ရန်တာ
ကြမ်းပြင်
တွဲလွဲချိတ်ပန်းအိုးများ
ထိုအရာအားလုံးနဲ့ အဆွေခင်ပွန်းဖွဲ့လို့
ဒါ
သူ နေထိုင်ရာ ကမ္ဘာပဲပေါ့။

ထွက်ပြေးမူဝါဒကလည်း
အထီးကျန်ခြင်းနဲ့ ပဋိပက္ခဖြစ်လို့
နွံနစ်နေသူပါ။

နောက်ဆုံး
မျက်နှာကျက်
ကောင်းကင်
နံရံတွေကလည်း
သူ့အသည်းကို မခွဲရက်တော့ပါ။

လက်ခနဲ
တောက်ပသွားတဲ့ အလင်းရောင်နဲ့အတူ
ဘ၀ကို
ထိုင်လျက် ရွေ့လျားစေတတ်ပြီ။

သွယ်အောင်
ရုပ်ရှင်တေးကဗျာ ၊ ၁၉၇၅

Labels:

အိမ္

မုိးရာသီမွာဆုိ
ေရမစိုတဲ့
ထီးအုိ သုံးေလးလက္ ရိွတယ္။

ေဆာင္းရာသီမွာဆုိ
မီးဖုိတစ္ခုရိွတယ္
သားေမြးလုိလို ကုတ္အက်ီ ၤေတြရိွတယ္။

ေႏြဦးရာသီ ေရာက္လာပါၿပီ
နံရံမွာ
ေၾကြသြားရွာတဲ့ ေဖေဖ့ ဓာတ္ပုံတစ္ပုံ
ေနာက္
ေမေမရယ္
ကြ်န္ေတာ္ရယ္
ညီေလးရယ္
ညီမေလးရယ္
ကြက္လပ္ေတြရယ္။

တံခါးဖြင့္လုိက္တယ္
ျပတင္းေပါက္ေတြ ဖြင့္လုိက္တယ္
ပထမဆုံး
မိတ္ေဆြဟာ
ေလညင္းကေလးပါ ေမေမ။

ေမာင္သင္းပန္
စာေပဂ်ာနယ္ ၊ ေမ ၊ ၁၉၉၅


[Unicode Version]


အိမ်

မိုးရာသီမှာဆို
ရေမစိုတဲ့
ထီးအို သုံးလေးလက် ရှိတယ်။

ဆောင်းရာသီမှာဆို
မီးဖိုတစ်ခုရှိတယ်
သားမွေးလိုလို ကုတ်အကျီ ၤတွေရှိတယ်။

နွေဦးရာသီ ရောက်လာပါပြီ
နံရံမှာ
ကြွေသွားရှာတဲ့ ဖေဖေ့ ဓာတ်ပုံတစ်ပုံ
နောက်
မေမေရယ်
ကျွန်တော်ရယ်
ညီလေးရယ်
ညီမလေးရယ်
ကွက်လပ်တွေရယ်။

တံခါးဖွင့်လိုက်တယ်
ပြတင်းပေါက်တွေ ဖွင့်လိုက်တယ်
ပထမဆုံး
မိတ်ဆွေဟာ
လေညင်းကလေးပါ မေမေ။

မောင်သင်းပန်
စာပေဂျာနယ် ၊ မေ ၊ ၁၉၉၅

Labels:

နိမိတ္သံုးပါး

မီးကို မီးနဲ႔တားၿပီးမွ
ျပာအေၾကာင္း ဆက္ေျပာၾကတာေပါ့
ဆံုးရံႈးမႈက ပိုင္ဆိုင္တယ္လို႔ ထင္ကတည္းက
လက္လႊတ္ရၿပီးပါၿပီ
အသစ္လား
ေနာက္တစ္ေၾကာင္းကူးလိုက္တာနဲ႔ ေဟာင္းသြားၿပီ
အိုသြားၿပီ
ဒဏ္ရာသာ ေသခ်ာပေလ့ေစ
အခ်ိန္တန္ နာလာမွာပါ
ေသတဲ့သူက မငိုေတာ့တဲ့အေၾကာင္း
ငိုယိုၿပီး ေျပာေနၾက အဲဒီ အသုဘမွာ
ေစာလြန္းျခင္း ေနာက္က်ျခင္းက
ပါဝင္ပတ္သက္ေနမႈအတြင္း၌သာတည္ေနတာ
တစ္ရက္ခ်င္း
တစ္ရြက္ခ်င္း လွန္ဖတ္ေနရတဲ့ စာမ်က္ႏွာ
သိပ္မ်ားမ်ား မက်န္ေတာ့ဘူး
လူ႔သက္တမ္းနဲ႔တြက္ၾကည့္ရင္...
ဒီလို စကားလံုးအႀကီးႀကီးေတြနဲ႔​ေျပာ​ေတာ့
နား​ေထာင္​ရတာ နားနဲ႔ေတာင္မဆံ့
မ်က္ႏွာျပရတာကိုက မ်က္ႏွာပ်က္စရာ
ေသခ်င္ေစာ္နံပါတယ္
ဒီအေၾကာင္းဆက္ေျပာမယ္ဆိုရင္
ဝါက်တည္ေဆာက္ပံု မွန္တယ္
ပုဒ္အထားအသို ေနရာမလြဲဘူး
သံသရာက ပုဒ္မ ခ်မထားေတာ့
လည္တယ္...

လင္းမိုးေစြ
၂၉.၁.၂၀၁၇
ပိေတာက္ပြင့္သစ္ မဂၢဇင္း
ဇြန္လ၊၂၀၁၇



[Unicode Version]

နိမိတ်သုံးပါး

မီးကို မီးနဲ့တားပြီးမှ
ပြာအကြောင်း ဆက်ပြောကြတာပေါ့
ဆုံးရှုံးမှုက ပိုင်ဆိုင်တယ်လို့ ထင်ကတည်းက
လက်လွှတ်ရပြီးပါပြီ
အသစ်လား
နောက်တစ်ကြောင်းကူးလိုက်တာနဲ့ ဟောင်းသွားပြီ
အိုသွားပြီ
ဒဏ်ရာသာ သေချာပလေ့စေ
အချိန်တန် နာလာမှာပါ
သေတဲ့သူက မငိုတော့တဲ့အကြောင်း
ငိုယိုပြီး ပြောနေကြ အဲဒီ အသုဘမှာ
စောလွန်းခြင်း နောက်ကျခြင်းက
ပါဝင်ပတ်သက်နေမှုအတွင်း၌သာတည်နေတာ
တစ်ရက်ချင်း
တစ်ရွက်ချင်း လှန်ဖတ်နေရတဲ့ စာမျက်နှာ
သိပ်များများ မကျန်တော့ဘူး
လူ့သက်တမ်းနဲ့တွက်ကြည့်ရင်...
ဒီလို စကားလုံးအကြီးကြီးတွေနဲ့​ပြော​တော့
နား​ထောင်​ရတာ နားနဲ့တောင်မဆံ့
မျက်နှာပြရတာကိုက မျက်နှာပျက်စရာ
သေချင်စော်နံပါတယ်
ဒီအကြောင်းဆက်ပြောမယ်ဆိုရင်
ဝါကျတည်ဆောက်ပုံ မှန်တယ်
ပုဒ်အထားအသို နေရာမလွဲဘူး
သံသရာက ပုဒ်မ ချမထားတော့
လည်တယ်...

လင်းမိုးစွေ
၂၉.၁.၂၀၁၇
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ဇွန်လ၊၂၀၁၇

Labels:

19 September, 2017

ေရႀကီးခ်ိန္

ဖားျဖစ္ေၾကာင္း
အသံျပာေအာင္ေတာင္ မေအာ္လိုက္ရဘူး
ေအာင္ျမင္မႈေတြနဲ႔ ျမဴးလို႔
ဘဝ မေမ့တဲ့ပံုပဲ
ဖားေလာင္းေလးလို ကူးလို႔...။

လင္းမိုးေစြ

[Unicode Version]

ရေကြီးချိန်

ဖားဖြစ်ကြောင်း
အသံပြာအောင်တောင် မအော်လိုက်ရဘူး
အောင်မြင်မှုတွေနဲ့ မြူးလို့
ဘဝ မမေ့တဲ့ပုံပဲ
ဖားလောင်းလေးလို ကူးလို့...။

လင်းမိုးစွေ

Labels:

ရတနာ႔ဂူ

ယံုၾကည္မႈက ေခါက္တုံ႔ေခါက္ျပန္
ငွက္သမၺန္ေလွကေလးေတြ
ေျမလမ္းထက္ ေရလမ္းျဖဴးခဲ့
အယူအစြဲကို ပဲ့နဲ႔ထိမ္းထားသလို
တစ္နွစ္တစ္ခာ ပြဲေတာ္
နတ္ဒိုးသံ နားထဲ မေပ်ာ္မခ်င္း
ၾကည့္ကြဲ႔ ၾကည့္ကြဲ႔
ငွက္သံလား ေရသံလား မသဲမကြဲ
အိပြဲ႔ အိပြဲ႔
ေသာေသာညံခဲ့တယ္။

လင္းမိုးေစြ
၂.၇.၂၀၁၇

[ Unicode Version ]


ရတနာ႔ဂူ

ယုံကြည်မှုက ခေါက်တုံ့ခေါက်ပြန်
ငှက်သမ္ဗန်လှေကလေးတွေ
မြေလမ်းထက် ရေလမ်းဖြူးခဲ့
အယူအစွဲကို ပဲ့နဲ့ထိမ်းထားသလို
တစ်နှစ်တစ်ခာ ပွဲတော်
နတ်ဒိုးသံ နားထဲ မပျော်မချင်း
ကြည့်ကွဲ့ ကြည့်ကွဲ့
ငှက်သံလား ရေသံလား မသဲမကွဲ
အိပွဲ့ အိပွဲ့
သောသောညံခဲ့တယ်။

လင်းမိုးစွေ
၂.၇.၂၀၁၇

Labels:

ကဗ်ာ

မၾကာခင္ေရာက္လာမယ့္ အေရးအသားက
မင္းလွန္ၾကည့္မွ ျမင္ရတဲ့ တစ္ဘက္ စာမ်က္ႏွာမွာပါ
ကြယ္ေနရင္ မျမင္ရဘူး။

လင္းမိုးေစြ

[ Unicode Version ]

ကဗျာ

မကြာခင်ရောက်လာမယ့် အရေးအသားက
မင်းလှန်ကြည့်မှ မြင်ရတဲ့ တစ်ဘက် စာမျက်နှာမှာပါ
ကွယ်နေရင် မမြင်ရဘူး။

လင်းမိုးစွေ

Labels:

ေတာင္ေပၚ အညာ

လူမ်ိဳး မခြဲဘူး
လူမ်ိဳး စြဲ
ေဒသစြဲ ေတြနဲ႔
႐ွမ္း အညာ...။
႐ိုးရာမပ်က္တဲ့ေျမမွာ
လမ္းေတြလည္း ႐ိုးလြန္းေတာ့
သြားပါမ်ားေပမယ့္
ခရီး "အ"ခဲ့ရၿပီ။
ေသနတ္သံေတြနဲ႔
ဝါးပိုးဝါး ေခါက္သံေတြနဲ႔
အျမဲလိုလို တပ္လွန္႔ ေနရလို႔
အညိဳေရာင္နယ္ေျမက အခ်ိန္မေရြး
အမည္းေရာင္နယ္ေျမ ေျပာင္းသြားႏိုင္ပါတယ္၊
လမ္းေပၚမွာ အသြားအလာမရိွ
လူသံေတြ တိတ္လို႔ အေၾကာက္တရားက ဆိတ္ပါ့မလား။
ၿမိဳ႕တံခါးေတြ မပိတ္ေသးဘူး
အေနာက္ဘက္ ေတာင္ၾကားမွာ
ေနက ဝင္သြားၿပီ။
ၿမိဳ႕ကေလးကို ေပြ႔ခ်ီထားတဲ့ "နမ့္ယြမ္း”ေခ်ာင္း
ဘယ္ေတာ့မွ မေညာင္းဘူး
စီးျမဲ စီးေနတယ္။
ေဘးပတ္ပတ္လည္က ေတာင္ေတြ
ေမာ့ မၾကည့္မိဘူးဆိုရင္
ဇီး(ဆီး)နဲ႔ မန္က်ည္းနဲ႔
အုန္းနဲ႔ ထန္းနဲ႔
သနပ္ခါးနဲ႔
ေတာ္ဝင္ပိေတာက္ပန္းနဲ႔
ေျမျပန္႔က အညာအလား
ေတာင္ေပၚ အညာ။
ေစ်းဝယ္​ လာတာလား လို႔မေမးဘူး
ေစ်းလည္ လာတာလား တဲ့
ဪ...ေစ်းေန႔
တစ္ေန႔မွ မေမ့။
ေတာင္ေနၾကာေတြလို
ေတာင္ေပၚ အေနၾကာခဲ့ၿပီမို႔
"နန္း"ကို ခ်စ္မိမွေတာ့
ပဲပုပ္ကိုလည္း ခ်စ္ရမွာေပါ့။
အနံ႔ ၾကားရတယ္လို႔ ေျပာေလ့ရိွတာမို႔
"နန္း" ေျပာတဲ့စကားက ပန္းစကားပဲ။
ေမႊးတယ္ ဆိုတဲ့စကားလံုး ဘယ္ေနရာ သံုးမွာလဲ
သနပ္ခါးမွာလား
ပါးမွာလား။
ျပန္ေတာ့မယ္ ဆိုေတာ့
"ျဖည္းျဖည္း" တဲ့
ေဒသိယစကားေပမယ့္
ေျခလွမ္းေတြ
ေလးလို႔
ေျခလွမ္းေတြ
ေႏွးလို႔...၊
သြားပါမ်ားေပမယ့္
ခရီး"အ"ခဲ့ရၿပီ။

လင္းမိုးေစြ
၄/၈/၂၀၁၆
(ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၁၆၃၀ သာရိွတဲ့
ေတာင္ေပၚအညာၿမိဳ႕ကေလး ေမာက္မယ္...သို႔)

[Unicode Version]


တောင်ပေါ် အညာ

လူမျိုး မခွဲဘူး
လူမျိုး စွဲ
ဒေသစွဲ တွေနဲ့
ရှမ်း အညာ...။
ရိုးရာမပျက်တဲ့မြေမှာ
လမ်းတွေလည်း ရိုးလွန်းတော့
သွားပါများပေမယ့်
ခရီး "အ"ခဲ့ရပြီ။
သေနတ်သံတွေနဲ့
ဝါးပိုးဝါး ခေါက်သံတွေနဲ့
အမြဲလိုလို တပ်လှန့် နေရလို့
အညိုရောင်နယ်မြေက အချိန်မရွေး
အမည်းရောင်နယ်မြေ ပြောင်းသွားနိုင်ပါတယ်၊
လမ်းပေါ်မှာ အသွားအလာမရှိ
လူသံတွေ တိတ်လို့ အကြောက်တရားက ဆိတ်ပါ့မလား။
မြို့တံခါးတွေ မပိတ်သေးဘူး
အနောက်ဘက် တောင်ကြားမှာ
နေက ဝင်သွားပြီ။
မြို့ကလေးကို ပွေ့ချီထားတဲ့ "နမ့်ယွမ်း”ချောင်း
ဘယ်တော့မှ မညောင်းဘူး
စီးမြဲ စီးနေတယ်။
ဘေးပတ်ပတ်လည်က တောင်တွေ
မော့ မကြည့်မိဘူးဆိုရင်
ဇီး(ဆီး)နဲ့ မန်ကျည်းနဲ့
အုန်းနဲ့ ထန်းနဲ့
သနပ်ခါးနဲ့
တော်ဝင်ပိတောက်ပန်းနဲ့
မြေပြန့်က အညာအလား
တောင်ပေါ် အညာ။
ဈေးဝယ်​ လာတာလား လို့မမေးဘူး
ဈေးလည် လာတာလား တဲ့
ဪ...ဈေးနေ့
တစ်နေ့မှ မမေ့။
တောင်နေကြာတွေလို
တောင်ပေါ် အနေကြာခဲ့ပြီမို့
"နန်း"ကို ချစ်မိမှတော့
ပဲပုပ်ကိုလည်း ချစ်ရမှာပေါ့။
အနံ့ ကြားရတယ်လို့ ပြောလေ့ရှိတာမို့
"နန်း" ပြောတဲ့စကားက ပန်းစကားပဲ။
မွှေးတယ် ဆိုတဲ့စကားလုံး ဘယ်နေရာ သုံးမှာလဲ
သနပ်ခါးမှာလား
ပါးမှာလား။
ပြန်တော့မယ် ဆိုတော့
"ဖြည်းဖြည်း" တဲ့
ဒေသိယစကားပေမယ့်
ခြေလှမ်းတွေ
လေးလို့
ခြေလှမ်းတွေ
နှေးလို့...၊
သွားပါများပေမယ့်
ခရီး"အ"ခဲ့ရပြီ။

လင်းမိုးစွေ
၄/၈/၂၀၁၆
(ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၃၀ သာရှိတဲ့
တောင်ပေါ်အညာမြို့ကလေး မောက်မယ်...သို့)

Labels:

ေတာင္ၿပဳံး

ဘုရားျဖစ္မယ့္အုတ္ေတြထဲ
တ႐ုတ္ျပည္က ျပန္လာတဲ့
ကုလားေလးႏွစ္ေယာက္ မပါခဲ့ဘူး
သူတို႔ေနရာ
လူအမ်ားက ဖယ္ခဲ့တယ္...။

လင္းမိုးေစြ

[ Unicode Version ]


တောင်ပြုံး

ဘုရားဖြစ်မယ့်အုတ်တွေထဲ
တရုတ်ပြည်က ပြန်လာတဲ့
ကုလားလေးနှစ်ယောက် မပါခဲ့ဘူး
သူတို့နေရာ
လူအများက ဖယ်ခဲ့တယ်...။

လင်းမိုးစွေ

Labels:

ေတာင္ျပံဳး

ယံုၾကည္မႈက မွားတယ္လို႔ဆိုရင္
ယဥ္ေက်းမႈ အစဥ္အလာက
မမွားပါဘူး
ဒီေန႔အထိ
စည္စည္ကားကား ...။

လင္းမိုးေစြ

[Unicode Version]

တောင်ပြုံး

ယုံကြည်မှုက မှားတယ်လို့ဆိုရင်
ယဉ်ကျေးမှု အစဉ်အလာက
မမှားပါဘူး
ဒီနေ့အထိ
စည်စည်ကားကား ...။

လင်းမိုးစွေ

Labels:

မေရာက္ဘူးလို႔ အေရာက္ဖူးခဲ့တယ္

ဘုရားေစာင္းတန္းကအတက္
ဖိနပ္အပ္လက္ခံတဲ့အံဆြဲထဲမွာ
ဖိနပ္ႏွစ္ရံက လက္မထပ္ဘဲ အတူေနတယ္။
အတူတူ
ေလွကားထစ္ေတြေရၿပီး တက္တက္
ဓာတ္ေလွကားကပဲ တက္တက္
ဘယ္လိုပဲ အျမင့္ဆံုးထိေရာက္ေအာင္ တက္ခဲ့တက္ခဲ့
ေရာက္တဲ့အျမင့္ဆံုးက ရင္ျပင္ေတာ္ထက္မပို
ဘယ္သူမဆို...။
ၾကီးမားထည္ဝါလွတဲ့ဘုရားႀကီးကို ၾကည့္ၿပီး
ကိုယ့္ရဲ႕ဂုဏ္ရိွန္ဝါ ေမွးမိန္ေပ်ာက္ကြယ္သြားတာ
ဘုရားတမိၾကမွာပါ
ဘယ္လူမဆို...။
ျဖစ္ႏိုင္ရင္
ေန႔နံဘုရားကိုေရသပၸါယ္သလို
ေစတီေတာ္ႀကီးတစ္ဆူလံုး ေရသပၸါယ္ခ်င္တာ...။
ျဖစ္ႏိုင္ရင္
ေနေရာင္ျခည္နဲ႔ မဝင္းပေစလိုပါ
ဆလိုက္မီးေတြနဲ႔ မေတာက္ပေစလိုပါ
မိုးစက္မိုးပြင္႔ကေလးေတြနဲ႔
ေအးျမေစခ်င္တာ...။
ဘုရားေစာင္းတန္းကအဆင္း
လမ္းမေပၚထြက္လိုက္ေတာ့
သူစိမ္း
ဆိုင္ထဲဝင္လိုက္ေတာ့
ဧည့္စိမ္း
သူ႔မသိကိုယ့္မသိ အရိွတရားက
ျမစ္ႀကီးတစ္စင္းလို လူေတြ စီးေနတယ္။
ေန႔စဥ္ နိစၥဓူဝကိစၥေတြနဲ႔လူေတြ
စက္႐ုပ္ေတြနဲ႔တူလာၿပီ
လူက လူလိုမေနရေတာ့
အမိႈက္က
ေနာက္ေဖးလမ္းၾကားမွာအမိႈက္လို ေန ေနၿပီ။
ေန႔စားအလုပ္သမား
ေန႔စားဆႏၵျပသမား
မေနႏိုင္လို႔ လမ္းေဘးေသးေပါက္တာကအစ
ဆႏၵျပတာပဲမဟုတ္လား
ေန႔ခ်င္းညခ်င္း ကမာၻေက်ာ္ႏိုင္ပါတယ္။
အသားခ်င္းထိတာ ပြန္းပဲ့ပါမသြားေပမယ့္
မလံုျခံဳမႈက YBSဘတ္စ္ကားထဲမွာ...
သူ႔အသက္႐ွဴသံ ကိုယ့္အသက္႐ွဴသံၾကားရေတာ့
အလိုရမၼက္ေတြ မေသခင္ငရဲက်ေနသလို
အလိုဆႏၵေတြ ယဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ကုန္တယ္။
ေရႊတိဂံုဘုရား ဖူးရံုကလြဲလို႔
ရန္ကုန္...။

လင္းမိုးေစြ
၆.၃.၂၀၁၇
ကဗ်ာေလာက
စုစည္းမႈ _ ၇

[Unicode Version]



မရောက်ဘူးလို့ အရောက်ဖူးခဲ့တယ်

ဘုရားစောင်းတန်းကအတက်
ဖိနပ်အပ်လက်ခံတဲ့အံဆွဲထဲမှာ
ဖိနပ်နှစ်ရံက လက်မထပ်ဘဲ အတူနေတယ်။
အတူတူ
လှေကားထစ်တွေရေပြီး တက်တက်
ဓာတ်လှေကားကပဲ တက်တက်
ဘယ်လိုပဲ အမြင့်ဆုံးထိရောက်အောင် တက်ခဲ့တက်ခဲ့
ရောက်တဲ့အမြင့်ဆုံးက ရင်ပြင်တော်ထက်မပို
ဘယ်သူမဆို...။
ကြီးမားထည်ဝါလှတဲ့ဘုရားကြီးကို ကြည့်ပြီး
ကိုယ့်ရဲ့ဂုဏ်ရှိန်ဝါ မှေးမိန်ပျောက်ကွယ်သွားတာ
ဘုရားတမိကြမှာပါ
ဘယ်လူမဆို...။
ဖြစ်နိုင်ရင်
နေ့နံဘုရားကိုရေသပ္ပါယ်သလို
စေတီတော်ကြီးတစ်ဆူလုံး ရေသပ္ပါယ်ချင်တာ...။
ဖြစ်နိုင်ရင်
နေရောင်ခြည်နဲ့ မဝင်းပစေလိုပါ
ဆလိုက်မီးတွေနဲ့ မတောက်ပစေလိုပါ
မိုးစက်မိုးပွင့်ကလေးတွေနဲ့
အေးမြစေချင်တာ...။
ဘုရားစောင်းတန်းကအဆင်း
လမ်းမပေါ်ထွက်လိုက်တော့
သူစိမ်း
ဆိုင်ထဲဝင်လိုက်တော့
ဧည့်စိမ်း
သူ့မသိကိုယ့်မသိ အရှိတရားက
မြစ်ကြီးတစ်စင်းလို လူတွေ စီးနေတယ်။
နေ့စဉ် နိစ္စဓူဝကိစ္စတွေနဲ့လူတွေ
စက်ရုပ်တွေနဲ့တူလာပြီ
လူက လူလိုမနေရတော့
အမှိုက်က
နောက်ဖေးလမ်းကြားမှာအမှိုက်လို နေ နေပြီ။
နေ့စားအလုပ်သမား
နေ့စားဆန္ဒပြသမား
မနေနိုင်လို့ လမ်းဘေးသေးပေါက်တာကအစ
ဆန္ဒပြတာပဲမဟုတ်လား
နေ့ချင်းညချင်း ကမ္ဘာကျော်နိုင်ပါတယ်။
အသားချင်းထိတာ ပွန်းပဲ့ပါမသွားပေမယ့်
မလုံခြုံမှုက YBSဘတ်စ်ကားထဲမှာ...
သူ့အသက်ရှူသံ ကိုယ့်အသက်ရှူသံကြားရတော့
အလိုရမ္မက်တွေ မသေခင်ငရဲကျနေသလို
အလိုဆန္ဒတွေ ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်တယ်။
ရွှေတိဂုံဘုရား ဖူးရုံကလွဲလို့
ရန်ကုန်...။

လင်းမိုးစွေ
၆.၃.၂၀၁၇
ကဗျာလောက
စုစည်းမှု _ ၇

Labels:

ေလာကနႏၵာ

ဘယ္ေစာင္းတန္းကပဲ တက္တက္
ဘုရားဖူးေတာ့ အတူတူ။
ဘုရားစူးပါေစရဲ႕
" ဘုရားေလးေတြ ဘုရားေလးေတြ
တစ္ေထာင္ေနာ္ တစ္ေထာင္ ”
ကိုယ္ၾကားသလို အယူျခားသူၾကားသြားမွာ
စိုးရိမ္လိုက္တာ...
သူတို႔ျမင္သလို အုတ္ပံုႀကီးလို႔ ျမင္လာမွာလား...၊
ေမာ့ၾကည့္လိုက္ေတာ့
ဆည္းလည္းသံက ဘဝအေမာကိုလန္းေစၿပီး
ေရႊအတိခ်ထားတဲ့ ၾကည္ညိဳစိတ္က
ေနေရာင္မွာ ေရာင္ျပန္ဟပ္တယ္။
ဘုရား၊တရား လိုက္စားတာလား
ဘုရား၊တရား အလိုက္မမွားေအာင္လား
မသိက်ိဳးကြၽန္ျပဳလို႔
ရင့္က်က္သူပီပီ
ဧရာဝတီက ေအးေအးေဆးေဆးစီးျမဲစီးေန၊
ဆယ္(လ္)ဖီကို ဘုရားေရာ ပါေအာင္ဆြဲလို႔
ဘုရားကို ေက်ာေပး
ေနဝင္ခ်ိန္ကို ေငးၾကည့္ေနၾကတယ္။
ေစာင္းတန္းေပၚက အဆင္း
ခ်ိတ္ထားတဲ့ စိပ္ပုတီးကုံးေလး ပ်က္က်သြားသလို
ပုတီးလံုးေလးေတြ လိမ့္ဆင္းသြားၾကတယ္
အပါယ္တံခါးမပိတ္ခင္
ကိုယ့္အိမ္ ကိုယ့္ယာဆီ...။

᠌᠌᠌᠌᠌᠌လင္းမိုးေစြ


[Unicode Version]


လောကနန္ဒာ

ဘယ်စောင်းတန်းကပဲ တက်တက်
ဘုရားဖူးတော့ အတူတူ။
ဘုရားစူးပါစေရဲ့
" ဘုရားလေးတွေ ဘုရားလေးတွေ
တစ်ထောင်နော် တစ်ထောင် ”
ကိုယ်ကြားသလို အယူခြားသူကြားသွားမှာ
စိုးရိမ်လိုက်တာ...
သူတို့မြင်သလို အုတ်ပုံကြီးလို့ မြင်လာမှာလား...၊
မော့ကြည့်လိုက်တော့
ဆည်းလည်းသံက ဘဝအမောကိုလန်းစေပြီး
ရွှေအတိချထားတဲ့ ကြည်ညိုစိတ်က
နေရောင်မှာ ရောင်ပြန်ဟပ်တယ်။
ဘုရား၊တရား လိုက်စားတာလား
ဘုရား၊တရား အလိုက်မမှားအောင်လား
မသိကျိုးကျွန်ပြုလို့
ရင့်ကျက်သူပီပီ
ဧရာဝတီက အေးအေးဆေးဆေးစီးမြဲစီးနေ၊
ဆယ်(လ်)ဖီကို ဘုရားရော ပါအောင်ဆွဲလို့
ဘုရားကို ကျောပေး
နေဝင်ချိန်ကို ငေးကြည့်နေကြတယ်။
စောင်းတန်းပေါ်က အဆင်း
ချိတ်ထားတဲ့ စိပ်ပုတီးကုံးလေး ပျက်ကျသွားသလို
ပုတီးလုံးလေးတွေ လိမ့်ဆင်းသွားကြတယ်
အပါယ်တံခါးမပိတ်ခင်
ကိုယ့်အိမ် ကိုယ့်ယာဆီ...။

᠌᠌᠌᠌᠌᠌လင်းမိုးစွေ

Labels:

တစ္ေန႔

ႀကိဳးစားမွ ေအာင္ျမင္မယ္
ႀကိဳးစားရင္ ဘုရားေတာင္ျဖစ္တယ္
႐ိုး႐ိုးသားသား ႀကိဳးႀကိဳးစားစား။

ႀကိဳးဆြဲခ် မေသလည္း
ေသျခင္းမွာ လူတိုင္း ေအာင္ျမင္ပါတယ္...။

လင္းမိုးေစြ
၇.၈.၂၀၁၇

[Unicode Version]


တစ်နေ့

ကြိုးစားမှ အောင်မြင်မယ်
ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်
ရိုးရိုးသားသား ကြိုးကြိုးစားစား။

ကြိုးဆွဲချ မသေလည်း
သေခြင်းမှာ လူတိုင်း အောင်မြင်ပါတယ်...။

လင်းမိုးစွေ
၇.၈.၂၀၁၇

Labels:

လြန္ခဲ့ေသာအေရးအခင္း

သူလည္း
တစ္သက္နဲ႔ တစ္ကိုယ္။

ကိုယ္လည္း
တစ္သက္နဲ႔ တစ္ကိုယ္။

သရဲတေစၧဇာတ္ကားထဲကလို ေခါင္းျပတ္ႀကီး
အ႐ွင္လတ္လတ္ျမင္ဖူးခဲ့တာေတာ့ မဟုတ္ဘူး
အေသ။

လင္းမိုးေစြ

[Unicode Version]

လွန်ခဲ့သောအရေးအခင်း

သူလည်း
တစ်သက်နဲ့ တစ်ကိုယ်။

ကိုယ်လည်း
တစ်သက်နဲ့ တစ်ကိုယ်။

သရဲတစေၧဇာတ်ကားထဲကလို ခေါင်းပြတ်ကြီး
အရှင်လတ်လတ်မြင်ဖူးခဲ့တာတော့ မဟုတ်ဘူး
အသေ။

လင်းမိုးစွေ

Labels:

ေရတံခြန္


အျမင့္က က်တာပဲ မနာဘဲ ရိွမလား
အျမင့္က က်တာပဲ မလွဘဲ ရိွမလား

လင္းမိုးေစြ

[Unicode Version]


ရေတံခွန်

အမြင့်က ကျတာပဲ မနာဘဲ ရှိမလား
အမြင့်က ကျတာပဲ မလှဘဲ ရှိမလား

လင်းမိုးစွေ


Labels:

သစ္စိမ္းက်ိဳး

အျဖစ္အပ်က္က ေန၀င္ေစာတုန္း
ေဒါက္ေထာက္ထားရတဲ့ စက္ဘီးတစ္စီး
ဘုိင္းခနဲ
ျပန္ထူလုိ႔မရေတာ့ဘူး
သံလမ္းေဘးအရက္ျဖဴဆုိင္ထဲမွာ
ဂစ္တာသံဟာ ႀကိတ္ဖတ္ေတြထြက္က်အလာ
ေကာက္ယူသူမဲ့လိုက္တာ
မင္းပါေနက် ရထားေခါင္းလွည့္သြားေတာ့
ပုံျပင္တစ္ပုဒ္ထဲ ပိတ္မိသြားတာ ငါ
ေအးစက္ေလာင္ကြ်မ္း
၀ါေဖ်ာ့ေနတဲ့သစ္ရြက္ေတြ ဘူတာရုံေလးေပၚမွာ
အေမွာင္ရဲ႕ စြတ္စိုမႈ။

ေဇာ္လူစိမ္း
ပိေတာက္ပြင့္သစ္ ၊ ဧၿပီ ၊ ၂၀၀၇


[Unicode Version]

သစ်စိမ်းကျိုး

အဖြစ်အပျက်က နေ၀င်စောတုန်း
ဒေါက်ထောက်ထားရတဲ့ စက်ဘီးတစ်စီး
ဘိုင်းခနဲ
ပြန်ထူလို့မရတော့ဘူး
သံလမ်းဘေးအရက်ဖြူဆိုင်ထဲမှာ
ဂစ်တာသံဟာ ကြိတ်ဖတ်တွေထွက်ကျအလာ
ကောက်ယူသူမဲ့လိုက်တာ
မင်းပါနေကျ ရထားခေါင်းလှည့်သွားတော့
ပုံပြင်တစ်ပုဒ်ထဲ ပိတ်မိသွားတာ ငါ
အေးစက်လောင်ကျွမ်း
ဝါဖျော့နေတဲ့သစ်ရွက်တွေ ဘူတာရုံလေးပေါ်မှာ
အမှောင်ရဲ့ စွတ်စိုမှု။

ဇော်လူစိမ်း
ပိတောက်ပွင့်သစ် ၊ ဧပြီ ၊ ၂၀၀၇

Labels:

လူျမင္သူျမင္အတြင္းေၾက

ရင္နာစရာကုိ
ဘာေၾကာင့္ ဥပမာ ေပးေနရမလဲ။

ဆီအိုးေပါက္
ဖန္ေျပာင္းကြဲ မီးအိမ္ေဟာင္းကုိ
ေရာင္းမယ္
က်ကြဲသြားတဲ့ လမင္းကုိ
ေလ်ာ္ေၾကးေပးမယ္
ဒီလုိ ရမလား ေတြးတယ္
ဒီလုိ မရဘူးလား ေတြးတယ္။

ေအးေပါ့
အေတြးထဲမွာ
အေတြးကုိ ျငင္းခုန္ေနတုန္း
ျငင္းစရာ ေပ်ာက္သြားတယ္

ေပးပါ
ငါ့လိပ္စာနဲ႔႔ လာတဲ့ ပဲ့တင္သံ။

ေပးပါ
ငါ့လိပ္စာနဲ႔ လာတဲ့ ေဒါသ။

ေပးပါ
ငါ့ကုိ ေပးလုိက္သမွ်ကေတာ့
ငါ့ရင္ထဲမွာ အေငြ႕ဖြဲ႔ကာရယ္
ငါ့စိတ္လုိလုိ တစ္ခုတည္း
(ခပ္ဖြဖြ)
ခြဲထြက္သြားျပန္ဦးေတာ့မယ္
ခြဲထြက္သြားျပန္ဦးေတာ့မယ္။

ေမာင္ယဥ္ႏိုင္(မုံရြာ)
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း


[Unicode Version]

လူမြင်သူမြင်အတွင်းကြေ

ရင်နာစရာကို
ဘာကြောင့် ဥပမာ ပေးနေရမလဲ။

ဆီအိုးပေါက်
ဖန်ပြောင်းကွဲ မီးအိမ်ဟောင်းကို
ရောင်းမယ်
ကျကွဲသွားတဲ့ လမင်းကို
လျော်ကြေးပေးမယ်
ဒီလို ရမလား တွေးတယ်
ဒီလို မရဘူးလား တွေးတယ်။

အေးပေါ့
အတွေးထဲမှာ
အတွေးကို ငြင်းခုန်နေတုန်း
ငြင်းစရာ ပျောက်သွားတယ်

ပေးပါ
ငါ့လိပ်စာနဲ့့ လာတဲ့ ပဲ့တင်သံ။

ပေးပါ
ငါ့လိပ်စာနဲ့ လာတဲ့ ဒေါသ။

ပေးပါ
ငါ့ကို ပေးလိုက်သမျှကတော့
ငါ့ရင်ထဲမှာ အငွေ့ဖွဲ့ကာရယ်
ငါ့စိတ်လိုလို တစ်ခုတည်း
(ခပ်ဖွဖွ)
ခွဲထွက်သွားပြန်ဦးတော့မယ်
ခွဲထွက်သွားပြန်ဦးတော့မယ်။

မောင်ယဉ်နိုင်(မုံရွာ)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

လက္ဖက္ရည္ဆုိင္တစ္ဆုိင္ရဲ႕ ဂီတ

ၾကားလိုက္တယ္
မီးခဏခဏ ေသေနတဲ့
ေဆးေပါ့လိပ္တစ္လိပ္ရဲ႕ အသံ။

ၾကားလုိက္တယ္
ဘီးခဏခဏ ခြင္ေနတဲ့
စက္ဘီးတစ္စီးရဲ႕ အသံ။

ၾကားလုိက္တယ္
ဗိုက္ခဏခဏဆာေနတဲ့
ေရေႏြးၾကမ္းတစ္အိုးရဲ႕ အသံ။

မြန္းတည့္မြန္းလြဲ
အခ်ိန္မမွန္တာသာရိွမယ္
သံသရာရထားႀကီးကေတာ့
ဆုိက္ကပ္စရာ
ဒီဘူတာတစ္ခုပဲ ရိွထင္ရဲ႕။

မသိက်ိဳးႏြံ ျပဳမႈထဲမွာ
လက္ထပ္စာခ်ဳပ္တစ္ခု ပါသြားတယ္
ကက္ဆက္သီခ်င္းတစ္ပုဒ္ ပါသြားတယ္။

မိုးလင္းလုိ႔သာ ဆုိင္ဖြင့္လိုက္ရ
မိုးခ်ဳပ္သြားျပန္ေတာ့လည္း
ပြဲသိမ္းသီခ်င္း မဆိုႏိုင္ေသးဘူး။

စာမ်က္ႏွာေတြရဲ႕
သဘာ၀အရဆုိ
ျဖစ္သလုိေနထုိင္ သြားရမယ္
အာရုံရသမွ်ဟာ
ဒီဘ၀ အာဟာရေပါ့။

မိုးေ၀း
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း


[Unicode Version]

လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ဂီတ

ကြားလိုက်တယ်
မီးခဏခဏ သေနေတဲ့
ဆေးပေါ့လိပ်တစ်လိပ်ရဲ့ အသံ။

ကြားလိုက်တယ်
ဘီးခဏခဏ ခွင်နေတဲ့
စက်ဘီးတစ်စီးရဲ့ အသံ။

ကြားလိုက်တယ်
ဗိုက်ခဏခဏဆာနေတဲ့
ရေနွေးကြမ်းတစ်အိုးရဲ့ အသံ။

မွန်းတည့်မွန်းလွဲ
အချိန်မမှန်တာသာရှိမယ်
သံသရာရထားကြီးကတော့
ဆိုက်ကပ်စရာ
ဒီဘူတာတစ်ခုပဲ ရှိထင်ရဲ့။

မသိကျိုးနွံ ပြုမှုထဲမှာ
လက်ထပ်စာချုပ်တစ်ခု ပါသွားတယ်
ကက်ဆက်သီချင်းတစ်ပုဒ် ပါသွားတယ်။

မိုးလင်းလို့သာ ဆိုင်ဖွင့်လိုက်ရ
မိုးချုပ်သွားပြန်တော့လည်း
ပွဲသိမ်းသီချင်း မဆိုနိုင်သေးဘူး။

စာမျက်နှာတွေရဲ့
သဘာ၀အရဆို
ဖြစ်သလိုနေထိုင် သွားရမယ်
အာရုံရသမျှဟာ
ဒီဘ၀ အာဟာရပေါ့။

မိုးေ၀း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

မုဆိုးမ

ရင္ထဲမွာလည္း ဘာမွမရိွ
အိမ္ထဲမွာလည္း ဘာမွ မရိွေတာ့
သူ႔ကုိၾကည့္ရတာ
သူ႔ေယာက္်ားရဲ႕ ပန္းပဲဖိုေလးထဲက
မီးေသြးခဲနဲ႔တူရဲ႕။
တဆိတ္!
တိတ္တိတ္ကေလးေနၾကစမ္းပါ။
ထုတ္တန္းေပၚမွာ ၾကြက္ပိန္တာေတြ
ေယာက္ယက္ခတ္ေန
တံစက္ၿမိတ္ေအာက္က
ကုန္စုံဆုိင္ေလးမွာ
ေရာင္စုံမုန္႔ထုပ္ေတြ လႈပ္ယမ္းေန
ေနာက္ေဖးစတုိခန္းထဲမွာ
သူ႔ေယာက္်ားရဲ႕ ဓားေတြ သံေခ်းတက္ေန
ထင္းရႈးေသတၱာထဲမွာ
အသံမဲ႔ေရဒီယိုတစ္လုံး ပိုးက်ေန
ညေန
ေလးနာရီထိုးတဲ့အခါ
သူ႔ကေလးေတြ ေက်ာင္းက
ျပန္လာၾကတယ္။
လြယ္အိတ္ အစုတ္ေလးေတြနဲ႔
ေျခေထာက္ေတြမွာ
အနာကေလးေတြနဲ႔။

ေမာင္ရွင္ေစာ
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း

[Unicode Version]

မုဆိုးမ

ရင်ထဲမှာလည်း ဘာမှမရှိ
အိမ်ထဲမှာလည်း ဘာမှ မရှိတော့
သူ့ကိုကြည့်ရတာ
သူ့ယောက်ျားရဲ့ ပန်းပဲဖိုလေးထဲက
မီးသွေးခဲနဲ့တူရဲ့။
တဆိတ်!
တိတ်တိတ်ကလေးနေကြစမ်းပါ။
ထုတ်တန်းပေါ်မှာ ကြွက်ပိန်တာတွေ
ယောက်ယက်ခတ်နေ
တံစက်မြိတ်အောက်က
ကုန်စုံဆိုင်လေးမှာ
ရောင်စုံမုန့်ထုပ်တွေ လှုပ်ယမ်းနေ
နောက်ဖေးစတိုခန်းထဲမှာ
သူ့ယောက်ျားရဲ့ ဓားတွေ သံချေးတက်နေ
ထင်းရှုးသေတ္တာထဲမှာ
အသံမဲ့ရေဒီယိုတစ်လုံး ပိုးကျနေ
ညနေ
လေးနာရီထိုးတဲ့အခါ
သူ့ကလေးတွေ ကျောင်းက
ပြန်လာကြတယ်။
လွယ်အိတ် အစုတ်လေးတွေနဲ့
ခြေထောက်တွေမှာ
အနာကလေးတွေနဲ့။

မောင်ရှင်စော
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

ခရီးထြက္ျခင္း

ငါတုိ႔
ဘုရားဖူး သြားေနၾကတာလားလုိ႔
ေတာအုပ္ေတာင္တန္းေတြက
ေမးေနတယ္။

ရာသီေတြဟာ
ေခ်ာကလက္လုိ ခ်ိဳအီေနတယ္။

ေနမင္းဟာ
၀ိုင္အရက္လုိ ျပင္းရွေနတယ္။

ေကာင္းကင္ဟာ
ေရခဲျပင္လုိ ေအးျမေနတယ္။

လမင္းဟာ
အ၀ါေရာင္ဖရဲသီးမွည့္လုိ
ရႊန္းစိုေနတယ္။

ဒါေၾကာင့္
ငါတုိ႔
ဘုရားဖူးသြားေနၾကတာ ဟုတ္ မဟုတ္
ေတာအုပ္ေတာင္တန္းေတြ
ေတြးၾကည့္ဖို႔ေကာင္းတယ္။

သြယ္ေအာင္
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း


[Unicode Version]

ခရီးထွက်ခြင်း

ငါတို့
ဘုရားဖူး သွားနေကြတာလားလို့
တောအုပ်တောင်တန်းတွေက
မေးနေတယ်။

ရာသီတွေဟာ
ချောကလက်လို ချိုအီနေတယ်။

နေမင်းဟာ
၀ိုင်အရက်လို ပြင်းရှနေတယ်။

ကောင်းကင်ဟာ
ရေခဲပြင်လို အေးမြနေတယ်။

လမင်းဟာ
အဝါရောင်ဖရဲသီးမှည့်လို
ရွှန်းစိုနေတယ်။

ဒါကြောင့်
ငါတို့
ဘုရားဖူးသွားနေကြတာ ဟုတ် မဟုတ်
တောအုပ်တောင်တန်းတွေ
တွေးကြည့်ဖို့ကောင်းတယ်။

သွယ်အောင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

အလြမ္းရႈခင္း

ၾကယ္ပြင့္ေတြနဲ႔
ပန္းပြင့္ေတြ
ပြင့္ပုံႏွစ္ခု။

စိတ္ကူးေတြနဲ႔
မိုးတိမ္ေတြ
လြင့္ပုံႏွစ္ခု။

"ပညတ္ေတာ္ ၁၀ပါး" မွာလုိ
ပင္လယ္ခြဲသြားၾက။

မိုးဖြဲဖြဲေန႔ေလးတစ္ေန႔
ကမာၻေျမရဲ႕ အလဲထုိးကြက္ထဲကေန
ထႏိုင္ခဲ့ျပန္တယ္။

သုခမိန္လိႈင္
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း


[Unicode Version]


အလွမ်းရှုခင်း

ကြယ်ပွင့်တွေနဲ့
ပန်းပွင့်တွေ
ပွင့်ပုံနှစ်ခု။

စိတ်ကူးတွေနဲ့
မိုးတိမ်တွေ
လွင့်ပုံနှစ်ခု။

"ပညတ်တော် ၁၀ပါး" မှာလို
ပင်လယ်ခွဲသွားကြ။

မိုးဖွဲဖွဲနေ့လေးတစ်နေ့
ကမ္ဘာမြေရဲ့ အလဲထိုးကွက်ထဲကနေ
ထနိုင်ခဲ့ပြန်တယ်။

သုခမိန်လှိုင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

ေပ်ာ္ရႊင္ရည္

ဒါက
အခ်စ္နည္းနည္းနဲ႔
ေရာစပ္ေဖ်ာ္ထားတဲ့
အရည္က်ဲက်ဲ "ေပ်ာ္ရႊင္ရည္"ျဖစ္တယ္။

အဲဒီထဲမွာ
မင္းနဲ႔ငါ ပါတယ္
အခ်ိန္ကေတာ့
တစိမ့္စိမ့္ ေသာက္သုံးသူျဖစ္ၿပီး
ကုန္ခမ္းသြားတာကေတာ့
ငါတုိ႔ရဲ႕ အျပံဳးမ်ား ျဖစ္တယ္။

ကုိဘခုိင္(ေရဦး)
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း


[Unicode Version]

ပျော်ရွှင်ရည်

ဒါက
အချစ်နည်းနည်းနဲ့
ရောစပ်ဖျော်ထားတဲ့
အရည်ကျဲကျဲ "ပျော်ရွှင်ရည်"ဖြစ်တယ်။

အဲဒီထဲမှာ
မင်းနဲ့ငါ ပါတယ်
အချိန်ကတော့
တစိမ့်စိမ့် သောက်သုံးသူဖြစ်ပြီး
ကုန်ခမ်းသွားတာကတော့
ငါတို့ရဲ့ အပြုံးများ ဖြစ်တယ်။

ကိုဘခိုင်(ရေဦး)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

Labels:

15 September, 2017

မင္းသူ႕ကုိ မွတ္မိလား



မင္းသူ႕ကုိ မွတ္မိလား
မင္းနဲ႔ေဂြလိမ့္ဖက္ ရန္ျဖစ္္ဖက္
ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြမုိ႔လား

ေက်ာင္းနံရံကပ္စာေစာင္မွာ
သူ႔ကဗ်ာကုိ မင္း ဖတ္ဖူးတယ္မုိ႔လား
ဖဲကစားရင္ သူအၿမဲရႈံၿပီး
စစ္တုရင္ကစားရင္ သူ အၿမဲႏိုင္တယ္
ဗိုက္ျပည့္ေနရင္ စိတ္ေကာင္းရိွၿပီး
ဗိုက္ဆာေနရင္ စိတ္တိုေနတတ္တယ္
မင္းတုိ႔ႏွစ္ေယာက္လုံး ပိုက္ဆံျပတ္တုိင္း
ေလာ္ဂရစ္သမ္အိုး က်ကြဲၾကတာေလ
တစ္ခါက သူ႔ေလ့က်င့္ခန္းစာအုပ္ထဲမွာ
ေပါက္ကရေတြ ေရးထည့္ေပးလိုက္တာ
သူ စိတ္ဆိုးၿပီး ေဒါသထြက္ေနခဲ့တာေလ
သူ႔ရဲ႕နာမည္ေျပာင္က
မွန္ေၾကာင္မုိ႔လား
သူ႔မ်က္မွန္ကုိ မင္းဖြက္ထားေတာ့
"အရူးေတြ အရူးေတြ
ငါ ဘာမွမျမင္ရေတာ့ဘူး ေခြးမသားေတြ"လုိ႔
အားလုံးကုိ သူဆဲဆိုေနခဲ့တာေလ။
တနဂၤေႏြေန႔ေတြမွာ
မင္းတုိ႔ ငါးမွ်ားထြက္ၾကေတာ့
သူက ငါးေတြမိၿပီး
မင္းက တစ္ေကာင္မွ မမိေတာ့
မင္းတုိ႔ ဟိုဟာသေျပာၿပီး ရယ္ေသးတယ္မုိ႔လား
မင္းတုိ႔ႏွစ္ေယာက္ တစ္ဖက္သက္ႀကိဳက္ေနတဲ့
ေကာင္မေလး လင္ေနာက္လုိက္သြားေတာ့
မင္းတုိ႔ႏွစ္ေယာက္လုံး အရက္ေတြမူးၿပီး
ေကြးေနေအာင္ ကၾကတာေလ။

ဒုကၡနဲ႔မေအာင္ျမင္မႈကုိ ဖြဲ႕ႏြဲ႕မွ
အႏုပညာေျမာက္မယ္ဆုိရင္
အဲဒီကဗ်ာ တစ္သက္လုံးမေရးေတာ့ဘူးလုိ႔ သူေျပာခဲ့တာ
မင္း ရယ္ေနခဲ့တာ

သူ႕ဆံပင္ေတြဘယ္သူမွ အကိုင္မခံတာ
ဘာျဖစ္လုိ႔လဲလုိ႔ မင္း ေမးေတာ့
ရြံလုိ႔တဲ့
သူ ခပ္တည္တည္ေျဖခဲ့တာ
တစ္ခုခုျဖစ္ရင္
"မတရားဘူး... မတရားဘူး"လုိ႔
အၿမဲတမ္းေျပာတာ

မင္းတုိ႔ႏွစ္ေယာက္
ဂ်င္းေဘာင္းဘီကုိ အုတ္နီခဲနဲ႔တုိက္၀တ္ခဲ့တာ
စာအုပ္ေတြထဲမွာ မင္နီေတြ ရႊြဲေနခဲ့တာ
သူ႔အက်ီ ၤမီးေလာင္ေပါက္ေတြကုိ ၾကည့္ၿပီး
သူ႔ဘာသာ သေဘာက်လုိ႔
တျဖည္းျဖည္း
သူ စကားနည္းနည္းလာတယ္
တစ္ခါတစ္ေလ အၾကာႀကီး ေတြေနတတ္တယ္
သူ႕အခန္းမွာ
မင္းနဲ႔မသိတဲ့ အေပါင္းအသင္းေတြ
၀င္ထြက္ေနၾကတာ မင္းမွတ္မိလား
သူ ႏွစ္ညသုံးည ေပ်ာက္ေပ်ာက္သြားတယ္
ေနာက္
တစ္ခါတည္း ေပ်ာက္သြားတယ္

သူ႕အေၾကာင္းလာေမးသမွ်
မင္းက ရွင္းျပရတယ္
အဓိပၸာယ္က ဘယ္ေရာက္လုိ႔ ဘယ္ေရာက္မွန္းမသိ
အကုန္လုံး အိတ္သြန္ဖာေမွာက္
ဓာတုေဗဒအဓိကနဲ႔ ေက်ာင္းၿပီးေတာ့
မင္း သေဘၤာသားျဖစ္သြားတာ သူ သိမွာေပါ့
ခုိးရာပါပစၥည္းလက္သင့္ခံမႈနဲ႔ ေထာင္က်သြားတဲ့
သူ႔သူငယ္ခ်င္းရဲ႕ ေကာင္မေလးနဲ႔ လက္ထပ္လုိက္ၾကတာ
မင္း သိမွာေပါ့
အဲဒီေကာင္မေလးမွာ
ကိုယ္၀န္သုံးလ ပါလာတာလည္း မင္း သိမွာေပါ့
သူ႕ ဘႀကီးေသေတာ့
သူ အေမြေတြအမ်ားႀကီးရလုိက္တာ မင္း သိမွာေပါ့
သူ႔အႀကံကုိ မင္း မသိေပမယ့္
သူ႔ အသံကိုေတာ့ မင္း ၾကားမွာေပါ့
သူ႔အေၾကာင္းေျပာရတာ
အႏၱရာယ္ရိွမွန္း မင္း သိမွာပါ
မင္းကအခု လုိက္ပြဲနဲ႔
ဗိုက္ရႊဲလုိ႔
ေသြးေပါင္မွန္မွန္ခ်ိန္ရဲ႕လား
ေျမြတစ္ေကာင္မွာ
အဆိပ္နဲ႔အေရခြံကုိပဲ လူေတြတန္ဖုိးထားၾကတာ
မင္းတုိ႔ႏွစ္ေယာက္ဟာ အဆိပ္နဲ႔ အေရခြံ

မင္းမွာ ေငြေတြအထပ္လုိက္
သူ႔မွာ ေတာေတြေတာင္ေတြ အထပ္လုိက္
မင္းက လက္မွတ္ေတြထိုးတယ္
သူက ေန႔စဥ္မီးကြင္းေတြထဲ ကြ်မ္းထိုးလုိ႔

ႏွင္းေတြ ထူထူထဲထဲ က်ဆင္းေနတဲ့
ေန႔ေတြကုိ လြန္ေျမာက္လုိ႔
ေနေရာင္ျခည္ဟာ ၀င္းပလာၿပီဆုိရင္
မင္းအိမ္တံခါးကုိ အရင္ဆုံးလာေခါက္မယ့္ လူဟာ
သူပဲ
မင္း သူ႔ကုိ မွတ္မိလား။

ၾကည္ေဇာ္ေအး


[Unicode Version]



မင်းသူ့ကို မှတ်မိလား

မင်းသူ့ကို မှတ်မိလား
မင်းနဲ့ဂွေလိမ့်ဖက် ရန်ဖြစ််ဖက်
ကျောင်းနေဖက် သူငယ်ချင်းတွေမို့လား

ကျောင်းနံရံကပ်စာစောင်မှာ
သူ့ကဗျာကို မင်း ဖတ်ဖူးတယ်မို့လား
ဖဲကစားရင် သူအမြဲရှုံပြီး
စစ်တုရင်ကစားရင် သူ အမြဲနိုင်တယ်
ဗိုက်ပြည့်နေရင် စိတ်ကောင်းရှိပြီး
ဗိုက်ဆာနေရင် စိတ်တိုနေတတ်တယ်
မင်းတို့နှစ်ယောက်လုံး ပိုက်ဆံပြတ်တိုင်း
လော်ဂရစ်သမ်အိုး ကျကွဲကြတာလေ
တစ်ခါက သူ့လေ့ကျင့်ခန်းစာအုပ်ထဲမှာ
ပေါက်ကရတွေ ရေးထည့်ပေးလိုက်တာ
သူ စိတ်ဆိုးပြီး ဒေါသထွက်နေခဲ့တာလေ
သူ့ရဲ့နာမည်ပြောင်က
မှန်ကြောင်မို့လား
သူ့မျက်မှန်ကို မင်းဖွက်ထားတော့
"အရူးတွေ အရူးတွေ
ငါ ဘာမှမမြင်ရတော့ဘူး ခွေးမသားတွေ"လို့
အားလုံးကို သူဆဲဆိုနေခဲ့တာလေ။
တနင်္ဂနွေနေ့တွေမှာ
မင်းတို့ ငါးမျှားထွက်ကြတော့
သူက ငါးတွေမိပြီး
မင်းက တစ်ကောင်မှ မမိတော့
မင်းတို့ ဟိုဟာသပြောပြီး ရယ်သေးတယ်မို့လား
မင်းတို့နှစ်ယောက် တစ်ဖက်သက်ကြိုက်နေတဲ့
ကောင်မလေး လင်နောက်လိုက်သွားတော့
မင်းတို့နှစ်ယောက်လုံး အရက်တွေမူးပြီး
ကွေးနေအောင် ကကြတာလေ။

ဒုက္ခနဲ့မအောင်မြင်မှုကို ဖွဲ့နွဲ့မှ
အနုပညာမြောက်မယ်ဆိုရင်
အဲဒီကဗျာ တစ်သက်လုံးမရေးတော့ဘူးလို့ သူပြောခဲ့တာ
မင်း ရယ်နေခဲ့တာ

သူ့ဆံပင်တွေဘယ်သူမှ အကိုင်မခံတာ
ဘာဖြစ်လို့လဲလို့ မင်း မေးတော့
ရွံလို့တဲ့
သူ ခပ်တည်တည်ဖြေခဲ့တာ
တစ်ခုခုဖြစ်ရင်
"မတရားဘူး... မတရားဘူး"လို့
အမြဲတမ်းပြောတာ

မင်းတို့နှစ်ယောက်
ဂျင်းဘောင်းဘီကို အုတ်နီခဲနဲ့တိုက်၀တ်ခဲ့တာ
စာအုပ်တွေထဲမှာ မင်နီတွေ ရွှွဲနေခဲ့တာ
သူ့အကျီ ၤမီးလောင်ပေါက်တွေကို ကြည့်ပြီး
သူ့ဘာသာ သဘောကျလို့
တဖြည်းဖြည်း
သူ စကားနည်းနည်းလာတယ်
တစ်ခါတစ်လေ အကြာကြီး တွေနေတတ်တယ်
သူ့အခန်းမှာ
မင်းနဲ့မသိတဲ့ အပေါင်းအသင်းတွေ
၀င်ထွက်နေကြတာ မင်းမှတ်မိလား
သူ နှစ်ညသုံးည ပျောက်ပျောက်သွားတယ်
နောက်
တစ်ခါတည်း ပျောက်သွားတယ်

သူ့အကြောင်းလာမေးသမျှ
မင်းက ရှင်းပြရတယ်
အဓိပ္ပာယ်က ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ
အကုန်လုံး အိတ်သွန်ဖာမှောက်
ဓာတုဗေဒအဓိကနဲ့ ကျောင်းပြီးတော့
မင်း သငေ်္ဘာသားဖြစ်သွားတာ သူ သိမှာပေါ့
ခိုးရာပါပစ္စည်းလက်သင့်ခံမှုနဲ့ ထောင်ကျသွားတဲ့
သူ့သူငယ်ချင်းရဲ့ ကောင်မလေးနဲ့ လက်ထပ်လိုက်ကြတာ
မင်း သိမှာပေါ့
အဲဒီကောင်မလေးမှာ
ကိုယ်၀န်သုံးလ ပါလာတာလည်း မင်း သိမှာပေါ့
သူ့ ဘကြီးသေတော့
သူ အမွေတွေအများကြီးရလိုက်တာ မင်း သိမှာပေါ့
သူ့အကြံကို မင်း မသိပေမယ့်
သူ့ အသံကိုတော့ မင်း ကြားမှာပေါ့
သူ့အကြောင်းပြောရတာ
အန္တရာယ်ရှိမှန်း မင်း သိမှာပါ
မင်းကအခု လိုက်ပွဲနဲ့
ဗိုက်ရွှဲလို့
သွေးပေါင်မှန်မှန်ချိန်ရဲ့လား
မြွေတစ်ကောင်မှာ
အဆိပ်နဲ့အရေခွံကိုပဲ လူတွေတန်ဖိုးထားကြတာ
မင်းတို့နှစ်ယောက်ဟာ အဆိပ်နဲ့ အရေခွံ

မင်းမှာ ငွေတွေအထပ်လိုက်
သူ့မှာ တောတွေတောင်တွေ အထပ်လိုက်
မင်းက လက်မှတ်တွေထိုးတယ်
သူက နေ့စဉ်မီးကွင်းတွေထဲ ကျွမ်းထိုးလို့

နှင်းတွေ ထူထူထဲထဲ ကျဆင်းနေတဲ့
နေ့တွေကို လွန်မြောက်လို့
နေရောင်ခြည်ဟာ ၀င်းပလာပြီဆိုရင်
မင်းအိမ်တံခါးကို အရင်ဆုံးလာခေါက်မယ့် လူဟာ
သူပဲ
မင်း သူ့ကို မှတ်မိလား။

ကြည်ဇော်အေး

Labels:

ကိုယ့္ကဗ်ာ ကိုယ္ဆက္ေရး



ပင္ပန္းစြာ
တုန္ခါစြာ
အဆင္မေျပေတာ့မွ အေျပးအလႊား သတိရမိတဲ့ ဒီကဗ်ာ
အဆင္မေျပေတာ့မွ သူမ်ားစိတ္မေကာင္းေအာင္
ေရးမိတဲ့ ဒီကဗ်ာ
မတတ္ႏိုင္ ဆက္သာေရး
ကိုယ္ အဆင္မေျပလည္း
သူမ်ား အဆင္ေျပေအာင္ ဆက္ေရး
သူမ်ား အဆင္မေျပလည္း
ကိုယ္ အဆင္ေျပေအာင္ ဆက္ေရး
ပ်က္က်သြားတဲ့ အာကာသယာဥ္လုိ
ပ်က္က်သြားတဲ့ စာသားေတြ
လႊင့္တင္ထားတဲ့ အလံလုိ
လႊင့္တင္ထားတဲ့ စိတ္ကူးေတြ
ဆက္ေရး
၀မ္းေျမာက္ေၾကာင္း သ၀ဏ္လႊာေတြ
၀မ္းနည္းေၾကာင္း သ၀ဏ္လႊာေတြ ဆက္ေရး
အက္တန္ေတြ ပရိုတြန္ေတြ ႏ်ဳထြန္ေတြ ဆက္ေရး
မေအာင္ျမင္တဲ့ စမ္းသပ္မႈေတြ ဆက္ေရး
လက္ဖက္ရည္ဆုိင္ေတြ
အရက္ဆုိင္ေတြ
စိတ္ကူးတည့္ရာေတြ
စပ္မိစပ္ရာေတြ
ဆက္ေရး
ပ်င္းစရာေကာင္းတဲ့ သင္တန္းေတြ
ပ်င္းစရာေကာင္းတဲ့ အယူအဆေတြ
ပ်င္းစရာေကာင္းတဲ့ အေပါင္းအသင္းေတြ
ဆက္ေရး
ျပင္လုိက္ ဖ်က္လုိက္
စီလုိက္ စဥ္လုိက္
လုိတိုး ပိုေလွ်ာ့ ဆက္ေရး
ေခတ္ေတြ အလ်င္စလုိ ေရႊ႕လ်ား
တစ္၀မ္းတစ္ခါးေတြ ဆန္းျပား
ကိုယ္နဲ႔မဆုိင္တာေတြ မ်ားျပား
ကိုယ့္တရုတ္မေလးမွာ မ်က္ရစ္မရိွ
ကိုယ့္အိတ္ေထာင္ထဲမွာ ပိုက္ဆံမရိွ
ဘာမဆုိ မီးကုန္ ယမ္းကုန္
ဘာမဆုိ ေသေကာင္းေပါင္းလဲ
ဘာမဆိုေစ်းႀကီးႀကီး ေပး၀ယ္ယူရစၿမဲ
ဆက္ေရး
ေက်ာင္းသား
ဆိပ္ကမ္း ကုန္တင္ကုန္ခ်
ေရနံတြင္းတူး
ညေစာင့္
ဘဏ္စာေရး
ကိုယ့္ရဲ႕ အႏွစ္သုံးဆယ္မွာ အစစအရာရာ
ကိုယ့္ရဲ႕ ငယ္ဘ၀မွာ အစစအရာရာ
ေလွ်ာက္ေျပာလုိက္
ေလွ်ာက္လုပ္လိုက္
ဆက္ေရး
သမုိင္းနိဂုံး ခ်ဳပ္သြားပလား
နည္းပညာေခတ္ဟာ ေရာက္လာပလား
ကမာၻႀကီးဟာ ျပားသြားပလား
ကမာၻႀကီးဟာ က်ဥ္းသြားပလား
ဆက္ေရး
ငါးရွဥ့္ေသြးေသာက္သူ
တီေကာင္ကုိ ဆားနဲ႔တုိ႔သူ
အ၀ီစိတြင္းတူးသူ
အဂၤါၿဂိဳလ္ေလ့လာစူးစမ္းသူ
တရားစခန္း၀င္သူ
အလုပ္စခန္းမွ ျပန္လာသူ
အေထြေထြ အျပားျပား ဆက္ေရး
မီးျခစ္ကေလးတစ္လုံးအေၾကာင္းျဖစ္ျဖစ္
စာအုပ္ကေလးတစ္အုပ္အေၾကာင္းျဖစ္ျဖစ္
ကြ်န္းကေလးတစ္ကြ်န္းအေၾကာင္းျဖစ္ျဖစ္
ပန္းျခံကေလးတစ္ခုအေၾကာင္းျဖစ္ျဖစ္
ေဘာင္းဘီေလးတစ္ထည္အေၾကာင္းျဖစ္ျဖစ္
ကိုယ့္အေၾကာင္းကိုယ္ပဲျဖစ္ျဖစ္
ဆက္ေရး
ဟိုထဲက နည္းနည္း
ဒီထဲက နည္းနည္း
ဟုိလူ႕ၾသဇာ နည္းနည္း
ဒီလူ႕ၾသဇာ နည္းနည္း
ဆက္ေရး
ျမစ္တစ္ျမစ္မွာ ေရႏွစ္ခါ
ခ်ိဳးလုိ႕ရမရ
ျမစ္တစ္ျမစ္မွာ သေဘၤာႏွစ္ႀကိမ္
နစ္ မနစ္
အႀကိမ္ႀကိမ္ အခါခါ
ဆက္ေရး
ေမတၱာမီးအိမ္
ေငြစိန္ေလွေလွာ္ရင္း တက္က်ိဳးျခင္း
မစဥ္းစားျခင္းေသတၱာ
အလင္းေရာင္စၾကၤ ံမ်ား
အေဖျပန္ေရာက္တဲ့ ျပန္ႏိႈးပါ
မွတ္မိသေလာက္ ဆက္ေရး
အမွာစာမလုိ
သရုပ္ေဖာ္ပုံမလုိ
ဘာသာျပန္မလုိ
ကဗ်ာဟာ ကဗ်ာလုိ လြတ္လြတ္ကြ်တ္ကြ်တ္
ဘ၀ဟာ ဘ၀လုိ လြတ္လြတ္ကြ်တ္ကြ်တ္
ေမြးေန႔မွာ ငွက္ေတြ လႊတ္သလုိ
ငါးေတြ သက္ေစ့လႊတ္လုိ႔
ခ်စ္စကား လြတ္လြတ္ကြ်တ္ကြ်တ္
ႀကိဳက္စကား လြတ္လြတ္ကြ်တ္ကြ်တ္
စာေမးပြဲေအာင္သလုိ လြတ္လြတ္ကြ်တ္ကြ်တ္
ဆက္ေရး
လြယ္လြယ္ကူကူ
ေ၀့ကာ၀ိုက္ကာလည္း မလုပ္
တိမ္းကာ ယိမ္းကာလည္း မလုပ္
ဘယ္ကုိမွ မရည္ရြယ္ ဘာကုိမွ မရည္ရြယ္
မည္မည္ရရ ဘာမွမရိွ ဆက္ေရး
အေႏွာင့္လြတ္လြတ္ အသြားလြတ္လြတ္
အေႏွာင့္မလြတ္
အသြားမလြတ္
ဆက္ေရး
အခုလို ဆက္ေရးေနတာကုိလည္း ဆက္ေရး
လက္ဆင့္ကမ္းေျပးသလုိ
လက္ဆင့္ကမ္း ဆက္ေရး
တစ္ေယာက္ၿပီး တစ္ေယာက္
တစ္လက္ၿပီး တစ္လက္
ရက္ရက္စက္စက္ ဆက္ေရး
မုိးလည္း မၿပိဳေစနဲ႔
ေျမလည္း မမ်ိဳေစနဲ႔
သတိ၀ီရိယရိွရိွ ဆက္ေရး
မရြဲ႕ေစနဲ႔
မေစာင္းေစနဲ႔
ဆက္ေရး
ကိုယ္လည္း ေပ်ာ္ရႊင္ေအာင္
သူမ်ားလည္း ေပ်ာ္ရႊင္ေအာင္ ဆက္ေရး
ဆက္ေရးလုိ႔မရရင္ အဆုံးသတ္လုိက္
ကိုယ့္ကဗ်ာကုိယ္ အဆုံးစီရင္ပစ္လုိက္
အခုလုိ ။

ၾကည္ေဇာ္ေအး


[Unicode Version]

ကိုယ့်ကဗျာ ကိုယ်ဆက်ရေး

ပင်ပန်းစွာ
တုန်ခါစွာ
အဆင်မပြေတော့မှ အပြေးအလွှား သတိရမိတဲ့ ဒီကဗျာ
အဆင်မပြေတော့မှ သူများစိတ်မကောင်းအောင်
ရေးမိတဲ့ ဒီကဗျာ
မတတ်နိုင် ဆက်သာရေး
ကိုယ် အဆင်မပြေလည်း
သူများ အဆင်ပြေအောင် ဆက်ရေး
သူများ အဆင်မပြေလည်း
ကိုယ် အဆင်ပြေအောင် ဆက်ရေး
ပျက်ကျသွားတဲ့ အာကာသယာဉ်လို
ပျက်ကျသွားတဲ့ စာသားတွေ
လွှင့်တင်ထားတဲ့ အလံလို
လွှင့်တင်ထားတဲ့ စိတ်ကူးတွေ
ဆက်ရေး
၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတွေ
၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေ ဆက်ရေး
အက်တန်တွေ ပရိုတွန်တွေ နျုထွန်တွေ ဆက်ရေး
မအောင်မြင်တဲ့ စမ်းသပ်မှုတွေ ဆက်ရေး
လက်ဖက်ရည်ဆိုင်တွေ
အရက်ဆိုင်တွေ
စိတ်ကူးတည့်ရာတွေ
စပ်မိစပ်ရာတွေ
ဆက်ရေး
ပျင်းစရာကောင်းတဲ့ သင်တန်းတွေ
ပျင်းစရာကောင်းတဲ့ အယူအဆတွေ
ပျင်းစရာကောင်းတဲ့ အပေါင်းအသင်းတွေ
ဆက်ရေး
ပြင်လိုက် ဖျက်လိုက်
စီလိုက် စဉ်လိုက်
လိုတိုး ပိုလျှော့ ဆက်ရေး
ခေတ်တွေ အလျင်စလို ရွှေ့လျား
တစ်၀မ်းတစ်ခါးတွေ ဆန်းပြား
ကိုယ်နဲ့မဆိုင်တာတွေ များပြား
ကိုယ့်တရုတ်မလေးမှာ မျက်ရစ်မရှိ
ကိုယ့်အိတ်ထောင်ထဲမှာ ပိုက်ဆံမရှိ
ဘာမဆို မီးကုန် ယမ်းကုန်
ဘာမဆို သေကောင်းပေါင်းလဲ
ဘာမဆိုဈေးကြီးကြီး ပေး၀ယ်ယူရစမြဲ
ဆက်ရေး
ကျောင်းသား
ဆိပ်ကမ်း ကုန်တင်ကုန်ချ
ရေနံတွင်းတူး
ညစောင့်
ဘဏ်စာရေး
ကိုယ့်ရဲ့ အနှစ်သုံးဆယ်မှာ အစစအရာရာ
ကိုယ့်ရဲ့ ငယ်ဘ၀မှာ အစစအရာရာ
လျှောက်ပြောလိုက်
လျှောက်လုပ်လိုက်
ဆက်ရေး
သမိုင်းနိဂုံး ချုပ်သွားပလား
နည်းပညာခေတ်ဟာ ရောက်လာပလား
ကမ္ဘာကြီးဟာ ပြားသွားပလား
ကမ္ဘာကြီးဟာ ကျဉ်းသွားပလား
ဆက်ရေး
ငါးရှဥ့်သွေးသောက်သူ
တီကောင်ကို ဆားနဲ့တို့သူ
အ၀ီစိတွင်းတူးသူ
အင်္ဂါဂြိုလ်လေ့လာစူးစမ်းသူ
တရားစခန်း၀င်သူ
အလုပ်စခန်းမှ ပြန်လာသူ
အထွေထွေ အပြားပြား ဆက်ရေး
မီးခြစ်ကလေးတစ်လုံးအကြောင်းဖြစ်ဖြစ်
စာအုပ်ကလေးတစ်အုပ်အကြောင်းဖြစ်ဖြစ်
ကျွန်းကလေးတစ်ကျွန်းအကြောင်းဖြစ်ဖြစ်
ပန်းခြံကလေးတစ်ခုအကြောင်းဖြစ်ဖြစ်
ဘောင်းဘီလေးတစ်ထည်အကြောင်းဖြစ်ဖြစ်
ကိုယ့်အကြောင်းကိုယ်ပဲဖြစ်ဖြစ်
ဆက်ရေး
ဟိုထဲက နည်းနည်း
ဒီထဲက နည်းနည်း
ဟိုလူ့သြဇာ နည်းနည်း
ဒီလူ့သြဇာ နည်းနည်း
ဆက်ရေး
မြစ်တစ်မြစ်မှာ ရေနှစ်ခါ
ချိုးလို့ရမရ
မြစ်တစ်မြစ်မှာ သငေ်္ဘာနှစ်ကြိမ်
နစ် မနစ်
အကြိမ်ကြိမ် အခါခါ
ဆက်ရေး
မေတ္တာမီးအိမ်
ငွေစိန်လှေလှော်ရင်း တက်ကျိုးခြင်း
မစဉ်းစားခြင်းသေတ္တာ
အလင်းရောင်စင်္ကြ ံများ
အဖေပြန်ရောက်တဲ့ ပြန်နှိုးပါ
မှတ်မိသလောက် ဆက်ရေး
အမှာစာမလို
သရုပ်ဖော်ပုံမလို
ဘာသာပြန်မလို
ကဗျာဟာ ကဗျာလို လွတ်လွတ်ကျွတ်ကျွတ်
ဘ၀ဟာ ဘ၀လို လွတ်လွတ်ကျွတ်ကျွတ်
မွေးနေ့မှာ ငှက်တွေ လွှတ်သလို
ငါးတွေ သက်စေ့လွှတ်လို့
ချစ်စကား လွတ်လွတ်ကျွတ်ကျွတ်
ကြိုက်စကား လွတ်လွတ်ကျွတ်ကျွတ်
စာမေးပွဲအောင်သလို လွတ်လွတ်ကျွတ်ကျွတ်
ဆက်ရေး
လွယ်လွယ်ကူကူ
ေ၀့ကာ၀ိုက်ကာလည်း မလုပ်
တိမ်းကာ ယိမ်းကာလည်း မလုပ်
ဘယ်ကိုမှ မရည်ရွယ် ဘာကိုမှ မရည်ရွယ်
မည်မည်ရရ ဘာမှမရှိ ဆက်ရေး
အနှောင့်လွတ်လွတ် အသွားလွတ်လွတ်
အနှောင့်မလွတ်
အသွားမလွတ်
ဆက်ရေး
အခုလို ဆက်ရေးနေတာကိုလည်း ဆက်ရေး
လက်ဆင့်ကမ်းပြေးသလို
လက်ဆင့်ကမ်း ဆက်ရေး
တစ်ယောက်ပြီး တစ်ယောက်
တစ်လက်ပြီး တစ်လက်
ရက်ရက်စက်စက် ဆက်ရေး
မိုးလည်း မပြိုစေနဲ့
မြေလည်း မမျိုစေနဲ့
သတိ၀ီရိယရှိရှိ ဆက်ရေး
မရွဲ့စေနဲ့
မစောင်းစေနဲ့
ဆက်ရေး
ကိုယ်လည်း ပျော်ရွှင်အောင်
သူများလည်း ပျော်ရွှင်အောင် ဆက်ရေး
ဆက်ရေးလို့မရရင် အဆုံးသတ်လိုက်
ကိုယ့်ကဗျာကိုယ် အဆုံးစီရင်ပစ်လိုက်
အခုလို ။

ကြည်ဇော်အေး

Labels:

မိုးနည္းရပ္၀န္းေဒသ



မျမင္ရတဲ့ေလကုိ ရွဴ၍
မျမင္ရတဲ့ အခ်စ္ကုိ ျပက္ရယ္ျပဳ၍

ကာဗြန္ဒုိင္ေအာက္ဆုိဒ္ေတြနဲ႔
ေပါက္ၿပဲေနတဲ့ ၀ါယာေတြနဲ႔
အျငင္းသန္တဲ့ သူငယ္ခ်င္းေတြနဲ႔။

"စာနာမႈလုံး၀မရိွတဲ့ လူယဥ္ေက်းေတြ"အစ
"ၿငႇိမ္းလုိ႔မရတဲ့မီးေတြ
ၿငိႇမ္းလုိ႔မရတဲ့မီးေတြ"သီခ်င္းအထိ
အာေခါင္ျခစ္ေအာ္လုိ႔
"တုိ႔ဘ၀တုိ႔ကမာၻ"ကုိ ခါးၾကားထုိးလုိ႔

ေပ်ာ္ရႊင္မႈဟာ
မီးပြင့္ေအာင္ ေသြးယူရတဲ့ ဓားပဲလုိ႔
အဆိုးဘက္က ျမင္တယ္
ဘာမွမဆုိင္ဘဲ
အနိဠာရုံေတြနဲ႔တြဲၿပီး
သူ႔အေၾကာင္းကိုမွ ေတြးမိတယ္
ေတြးမိတုိင္းလည္း
ဓားအမႊမ္းခံထားရတဲ့ စာရြက္အလြတ္ေတြ။

မင္းကုိငါခ်စ္တယ္ဆုိေတာ့
အဲဒီႏိုင္ငံေရးမပါေၾကးတဲ့
မ်က္ႏွာေလးမွ မျမင္ရရင္
လဲေသေတာ့မတတ္
မ်က္ႏွာေလး ျမင္ရရင္ဘဲ
လဲေသလို႔ရပါၿပီဆုိလား

အလုပ္မႀကိဳးစားခ်င္တဲ့ လူငယ္ေလးတစ္ေယာက္
ဇယားေတြ ရႈပ္လုိ႔
ဇယားေတြေလွ်ာက္ ေရႊ႕လုိ႔။

ငရဲမႀကီးဘူးထင္လုိ႔
ေန႔စဥ္ျပစ္မွားမိတယ္
က်က္သေရမရိွတဲ့ ညေနခင္းေတြ။

ပုပ္ေနတဲ့ ငါး
ေဆြးေနတဲ့ အစ
ရြဲေနတဲ့ မိန္းမ
သဘာ၀ဓာတ္ေငြ႕သုံး ေမာ္ေတာ္ကားေတြလုိ။

ျမစ္ေရႀကီးျခင္းသတိေပးခ်က္ေတြလည္း
ေမ့လုိ႔
ခုခံေခ်ပခြင့္ေတြလည္းေမ့လုိ႔
စိတ္ကူးသမွ် စီမံကိန္းေတြ
လုံးလုံးေမ့လုိ႔။

ေခါင္းထဲက ထြက္လာတာက
အေခါင္းထဲက ထြက္က်လာတဲ့ အေလာင္းလုိ
မေကာင္းတဲ့ဘက္က ေတြးေတာ့လည္း
မေကာင္းတဲ့ဘက္က ရတယ္
ေကာင္းတဲ့ဘက္က ေတြးေတာ့လည္း
မေကာင္းတဲ့ဘက္က ရတယ္
ကဲ
ေကာင္းတာ ဘာရိွေသးလဲ။

အႏုပညာကလြဲရင္
အားလုံးအဆင္ေျပပါတယ္ဆိုတဲ့ လက္ဖက္ရည္ဆုိင္
အႏုပညာကလြဲရင္
အကုန္ရႏိုင္ပါတယ္ဆိုတဲ့ အရက္ဆုိင္
တစ္ေယာက္က
ပတ္ၾကားအပ္လုိ႔
တစ္ေယာက္က
ေရငတ္လုိ႔
တစ္ေယာက္က
မိုးစုန္းစုန္းခ်ဳပ္လုိ႔
အကုန္လုံး စာမ်က္ႏွာအခက္အခဲေတြနဲ႔
တစ္ကိုယ္လုံး အကိုက္အခဲေတြနဲ႔။

ကိုယ့္ျပႆနာကိုယ္ရွာရင္း
ကိုယ့္လွ်ာကုိယ္ျပန္ျပန္ကုိက္မိ
ကိုယ့္အသက္ကုိ
ကိုယ့္အသက္နဲ႔ ျပန္ထုပ္လုိ႔
မေအာင္ျမင္တဲ့ စစ္တလင္းမွာ
ေရာက္လာမယ့္ သတင္းကုိ
ရင္ဖြင့္ၿပီးေစာင့္ေနတယ္
က်ားကုတ္က်ားခဲ ေဆြးစိတ္ေတြ။

မီးစက္သံေတြ ဆူညံေနတဲ့လမ္းၾကားေတြထဲမွာ
မီးလုိ ေမွ်ာ္လုိ႔
ပူေလာင္ေနတဲ့အခန္းထဲက ထြက္လာၿပီး
ပူေလာင္ေနတဲ့ ဆုိင္ကေလးထဲ
ေငြ႕ရည္ဖြဲ႕လုိ႔။

ေလေၾကာင့္
တံခါးရြက္ေတြ ျပဳတ္ထြက္ကုန္တယ္
လာမယ့္သေဘၤာက
ဆက္သြယ္မႈဧရိယာျပင္ပ ေရာက္ေနတယ္။

ေရခဲေသတၱာထဲမွာ
ပန္းသီးတစ္လုံးကုိ
အေရးေပၚ ေသြးသြင္းထားရတယ္။

ကုန္ကူးေနတဲ့လိပ္ျပာက
ပင့္ကူအိမ္နဲ႔ ၿငိေနတယ္။

ၾကြက္တစ္ေကာင္ဟာ
တစ္ခန္း၀င္ တစ္ခန္းထြက္
တစ္ခန္းၿပီး တစ္ခန္း
အဆင္ေျပမယ့္လမ္းကုိ လုိက္ရွာေနတယ္

ဒီမွာ
ဒါက မီးေတာင္အေသ
ဒီမွာ
ဒါက ေကာေနတဲ့ေျမ
ဆုိေတာ့
ေကာေနတဲ့ေျမေပၚက မီးေတာင္အေသ
ေျပာၾကဦးမယ္
အေရးေပၚအရာေရာက္တယ္လုိ႔
စြန္တစ္ခု ျပတ္က်လာတာနဲ႔
ေလယာဥ္တစ္စင္း ပ်က္က်လာတာနဲ႔
ဂစ္တာတစ္လက္ ႀကိဳးျပတ္သြားတာနဲ႔
ေသနတ္တစ္လက္ က်ည္ဆံကုန္သြားတာနဲ႔
ဆပ္ျပာပူေဖာင္းတစ္လုံး ေပါက္ကြဲသြားတာနဲ႔
ေျမျမဳႇပ္မိုင္းတစ္လုံး ေပါက္ကြဲသြားတာနဲ႔
ဖိနပ္တစ္ဖက္ ကြ်တ္ထြက္သြားတာနဲ႔
မ်က္လုံးတစ္ဖက္ ကြ်တ္ထြက္သြားတာနဲ႔။

စိတ္ကူးေတြ
ေသြးရူးေသြးတန္း ေျပးလႊားလုိ႔။

ေန႔စဥ္ဘ၀ရဲ႕ ပုံျပမ်ဥ္းေတြ
ေျဗာင္းတိေျဗာင္းဆံ၀ါက်ေတြ
အမည္မသိဆဲ(လ္)ေတြ
အမည္မသိဆဲ(လ္)ေတြနဲ႔အတူ
ေသြးက်ေဆးျပားေတြ
ေသြးက်ေဆးျပားေတြနဲ႔အတူ
ဘုိင္အုိရစ္သမ္မွန္မွန္လည္ပတ္ေရးေတြ
ဘုိင္အုိရစ္သမ္မွန္မွန္လည္ပတ္ေရးေတြနဲ႔အတူ
သံေခ်းတက္ ကိရိယာတန္ဆာပလာေတြ
သံေခ်းတတ္ ကိရိယာတန္ဆာပလာေတြနဲ႔အတူ
ဖြင့္လုိ႔ပိတ္လုိ႔ရတဲ့ခလုတ္ေတြ
ခလုတ္ေတြနဲ႔အတူ
ပလိပ္ေရာဂါႏွင့္ေနသားက်သြားၾကသူမ်ား ဆိုတဲ့ေခါင္းစဥ္
အဲဒီေခါင္းစဥ္ကုိ မ်ဥ္းသားမိမွေတာ့
ေခတ္နဲ႔အတူ ေနသားက်လုိ႔။

ေလွ်ာသားကုိ
ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီ
သဘာ၀သမုိင္းျပတုိက္မွာ
ဒိုင္ႏိုေဆာအရိုးစုဟာ အသက္ျပန္၀င္လာၿပီ။

ေဆာက္လက္စအေဆာက္အအုံေပၚက
ယင္တစ္ေလာင္းေလာင္း ေလွကားထစ္ေတြလည္း
တဖ်စ္ဖ်စ္ျမည္လုိ႔။

ေနာက္ဆုံးက လူကလည္း
ေရွ႕ဂြ်မ္းေတြထိုးလုိ႔။

ေရွ႕ဆုံးကလူကလည္း
ေနာက္ဂြ်မ္းေတြထုိးလုိ႔။

ဘယ္သူမွ မၾကားမွေတာ့
ဘယ္သူ႔ကုိ လွမ္းေအာ္ေနဦးမွာလဲ
ေအာ္သံသာ အဖတ္တင္ခံလုိ႔။

လက္ထိုးအန္လည္း
ျပန္ရမွာက ခ်ဥ္စူးစူးသက္ျပင္းေတြ
ေလာက္လန္းလုိ အစြဲအလန္းေတြ။

လူငယ္ဘ၀ကို
မသကၤာမႈနဲ႔ အေလာင္းျပန္ေဖာ္ၾကည့္ေတာ့
ေဆြးေနတဲ့အရိုးက
လက္သီးက်စ္က်စ္ဆုပ္ထားဆဲ
အမွန္တရားသည္လည္း
တန္းဆင္းဇုံမွာ ရုန္းကန္ေနရဆဲ။

ၾကည္ေဇာ္ေအး





[Unicode Version]

မိုးနည်းရပ်၀န်းဒေသ

မမြင်ရတဲ့လေကို ရှူ၍
မမြင်ရတဲ့ အချစ်ကို ပြက်ရယ်ပြု၍

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့
ပေါက်ပြဲနေတဲ့ ဝါယာတွေနဲ့
အငြင်းသန်တဲ့ သူငယ်ချင်းတွေနဲ့။

"စာနာမှုလုံး၀မရှိတဲ့ လူယဉ်ကျေးတွေ"အစ
"ငြှိမ်းလို့မရတဲ့မီးတွေ
ငြှိမ်းလို့မရတဲ့မီးတွေ"သီချင်းအထိ
အာခေါင်ခြစ်အော်လို့
"တို့ဘ၀တို့ကမ္ဘာ"ကို ခါးကြားထိုးလို့

ပျော်ရွှင်မှုဟာ
မီးပွင့်အောင် သွေးယူရတဲ့ ဓားပဲလို့
အဆိုးဘက်က မြင်တယ်
ဘာမှမဆိုင်ဘဲ
အနိဠာရုံတွေနဲ့တွဲပြီး
သူ့အကြောင်းကိုမှ တွေးမိတယ်
တွေးမိတိုင်းလည်း
ဓားအမွှမ်းခံထားရတဲ့ စာရွက်အလွတ်တွေ။

မင်းကိုငါချစ်တယ်ဆိုတော့
အဲဒီနိုင်ငံရေးမပါကြေးတဲ့
မျက်နှာလေးမှ မမြင်ရရင်
လဲသေတော့မတတ်
မျက်နှာလေး မြင်ရရင်ဘဲ
လဲသေလို့ရပါပြီဆိုလား

အလုပ်မကြိုးစားချင်တဲ့ လူငယ်လေးတစ်ယောက်
ဇယားတွေ ရှုပ်လို့
ဇယားတွေလျှောက် ရွှေ့လို့။

ငရဲမကြီးဘူးထင်လို့
နေ့စဉ်ပြစ်မှားမိတယ်
ကျက်သရေမရှိတဲ့ ညနေခင်းတွေ။

ပုပ်နေတဲ့ ငါး
ဆွေးနေတဲ့ အစ
ရွဲနေတဲ့ မိန်းမ
သဘာ၀ဓာတ်ငွေ့သုံး မော်တော်ကားတွေလို။

မြစ်ရေကြီးခြင်းသတိပေးချက်တွေလည်း
မေ့လို့
ခုခံချေပခွင့်တွေလည်းမေ့လို့
စိတ်ကူးသမျှ စီမံကိန်းတွေ
လုံးလုံးမေ့လို့။

ခေါင်းထဲက ထွက်လာတာက
အခေါင်းထဲက ထွက်ကျလာတဲ့ အလောင်းလို
မကောင်းတဲ့ဘက်က တွေးတော့လည်း
မကောင်းတဲ့ဘက်က ရတယ်
ကောင်းတဲ့ဘက်က တွေးတော့လည်း
မကောင်းတဲ့ဘက်က ရတယ်
ကဲ
ကောင်းတာ ဘာရှိသေးလဲ။

အနုပညာကလွဲရင်
အားလုံးအဆင်ပြေပါတယ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်
အနုပညာကလွဲရင်
အကုန်ရနိုင်ပါတယ်ဆိုတဲ့ အရက်ဆိုင်
တစ်ယောက်က
ပတ်ကြားအပ်လို့
တစ်ယောက်က
ရေငတ်လို့
တစ်ယောက်က
မိုးစုန်းစုန်းချုပ်လို့
အကုန်လုံး စာမျက်နှာအခက်အခဲတွေနဲ့
တစ်ကိုယ်လုံး အကိုက်အခဲတွေနဲ့။

ကိုယ့်ပြဿနာကိုယ်ရှာရင်း
ကိုယ့်လျှာကိုယ်ပြန်ပြန်ကိုက်မိ
ကိုယ့်အသက်ကို
ကိုယ့်အသက်နဲ့ ပြန်ထုပ်လို့
မအောင်မြင်တဲ့ စစ်တလင်းမှာ
ရောက်လာမယ့် သတင်းကို
ရင်ဖွင့်ပြီးစောင့်နေတယ်
ကျားကုတ်ကျားခဲ ဆွေးစိတ်တွေ။

မီးစက်သံတွေ ဆူညံနေတဲ့လမ်းကြားတွေထဲမှာ
မီးလို မျှော်လို့
ပူလောင်နေတဲ့အခန်းထဲက ထွက်လာပြီး
ပူလောင်နေတဲ့ ဆိုင်ကလေးထဲ
ငွေ့ရည်ဖွဲ့လို့။

လေကြောင့်
တံခါးရွက်တွေ ပြုတ်ထွက်ကုန်တယ်
လာမယ့်သငေ်္ဘာက
ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ်။

ရေခဲသေတ္တာထဲမှာ
ပန်းသီးတစ်လုံးကို
အရေးပေါ် သွေးသွင်းထားရတယ်။

ကုန်ကူးနေတဲ့လိပ်ပြာက
ပင့်ကူအိမ်နဲ့ ငြိနေတယ်။

ကြွက်တစ်ကောင်ဟာ
တစ်ခန်း၀င် တစ်ခန်းထွက်
တစ်ခန်းပြီး တစ်ခန်း
အဆင်ပြေမယ့်လမ်းကို လိုက်ရှာနေတယ်

ဒီမှာ
ဒါက မီးတောင်အသေ
ဒီမှာ
ဒါက ကောနေတဲ့မြေ
ဆိုတော့
ကောနေတဲ့မြေပေါ်က မီးတောင်အသေ
ပြောကြဦးမယ်
အရေးပေါ်အရာရောက်တယ်လို့
စွန်တစ်ခု ပြတ်ကျလာတာနဲ့
လေယာဉ်တစ်စင်း ပျက်ကျလာတာနဲ့
ဂစ်တာတစ်လက် ကြိုးပြတ်သွားတာနဲ့
သေနတ်တစ်လက် ကျည်ဆံကုန်သွားတာနဲ့
ဆပ်ပြာပူဖောင်းတစ်လုံး ပေါက်ကွဲသွားတာနဲ့
မြေမြုှပ်မိုင်းတစ်လုံး ပေါက်ကွဲသွားတာနဲ့
ဖိနပ်တစ်ဖက် ကျွတ်ထွက်သွားတာနဲ့
မျက်လုံးတစ်ဖက် ကျွတ်ထွက်သွားတာနဲ့။

စိတ်ကူးတွေ
သွေးရူးသွေးတန်း ပြေးလွှားလို့။

နေ့စဉ်ဘ၀ရဲ့ ပုံပြမျဉ်းတွေ
ဗြောင်းတိဗြောင်းဆံဝါကျတွေ
အမည်မသိဆဲ(လ်)တွေ
အမည်မသိဆဲ(လ်)တွေနဲ့အတူ
သွေးကျဆေးပြားတွေ
သွေးကျဆေးပြားတွေနဲ့အတူ
ဘိုင်အိုရစ်သမ်မှန်မှန်လည်ပတ်ရေးတွေ
ဘိုင်အိုရစ်သမ်မှန်မှန်လည်ပတ်ရေးတွေနဲ့အတူ
သံချေးတက် ကိရိယာတန်ဆာပလာတွေ
သံချေးတတ် ကိရိယာတန်ဆာပလာတွေနဲ့အတူ
ဖွင့်လို့ပိတ်လို့ရတဲ့ခလုတ်တွေ
ခလုတ်တွေနဲ့အတူ
ပလိပ်ရောဂါနှင့်နေသားကျသွားကြသူများ ဆိုတဲ့ခေါင်းစဉ်
အဲဒီခေါင်းစဉ်ကို မျဉ်းသားမိမှတော့
ခေတ်နဲ့အတူ နေသားကျလို့။

လျှောသားကို
အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီ
သဘာ၀သမိုင်းပြတိုက်မှာ
ဒိုင်နိုဆောအရိုးစုဟာ အသက်ပြန်၀င်လာပြီ။

ဆောက်လက်စအဆောက်အအုံပေါ်က
ယင်တစ်လောင်းလောင်း လှေကားထစ်တွေလည်း
တဖျစ်ဖျစ်မြည်လို့။

နောက်ဆုံးက လူကလည်း
ရှေ့ဂျွမ်းတွေထိုးလို့။

ရှေ့ဆုံးကလူကလည်း
နောက်ဂျွမ်းတွေထိုးလို့။

ဘယ်သူမှ မကြားမှတော့
ဘယ်သူ့ကို လှမ်းအော်နေဦးမှာလဲ
အော်သံသာ အဖတ်တင်ခံလို့။

လက်ထိုးအန်လည်း
ပြန်ရမှာက ချဉ်စူးစူးသက်ပြင်းတွေ
လောက်လန်းလို အစွဲအလန်းတွေ။

လူငယ်ဘ၀ကို
မသင်္ကာမှုနဲ့ အလောင်းပြန်ဖော်ကြည့်တော့
ဆွေးနေတဲ့အရိုးက
လက်သီးကျစ်ကျစ်ဆုပ်ထားဆဲ
အမှန်တရားသည်လည်း
တန်းဆင်းဇုံမှာ ရုန်းကန်နေရဆဲ။

ကြည်ဇော်အေး


Labels:

ရန္ကုန္ၿမိဳ႕မွာ ေနထုိင္ျခင္း


နယူးေယာက္
လန္ဒန္
ဆစ္ဒနီ
ပါရီ
ဘာစီလုိနာ
ဂ်ကာတာ
တုိင္ေပ
ဘန္ေကာက္နဲ႔ ဆုိးလ္ၿမိဳ႕ႀကီးမ်ားမွာလုိ
ကြ်န္ေတာ္ဟာ ရန္ကုန္ၿမိဳ႕မွာ ေနထုိင္ပါတယ္။
ေရႊေတာင္ၾကားရပ္ကြက္အမည္ရိွ
ၿခံအမွတ္(၁၂)မွာ ေနထုိင္ပါတယ္။
ေတာအရပ္မွာ ေနရတာပ်င္းစရာေကာင္းလုိ႔
ရန္ကုန္မွာ ေပ်ာ္ရႊင္စြာေနထုိင္လ်က္ရိွပါတယ္။
ဓာတ္ခဲနာရီ
ေခြးမေလး "ေပ်ာ္ရႊင္မႈ"နဲ႔
တရုတ္ေရဒီယုိေလးတစ္လုံးဟာ
ကြ်န္ေတာ့္ပိုင္ဆုိင္မႈအစုစုေတြပါ
ထုိ႔ေနာက္
ကြ်န္ေတာ္ဟာ ကဗ်ာစပ္
စိတ္ညစ္
ေနာက္ကြ်မ္းပစ္၊ ရန္ျဖစ္
ဘုရားရိွခိုး၊ ေကာ္ဖီေသာက္
သတင္းစာဖတ္၊ တယ္လီဗီးရွင္းၾကည့္
တစ္ခါတစ္ရံ
သီခ်င္းေတြ ေအာ္ဟစ္သီဆုိလုိ႔ေပါ့ေလ။
သို႔ေပမယ့္
၀မ္းနည္းစရာေကာင္းတာက
ကြ်န္ေတာ္ဟာ ပိုက္ဆံမရွာတတ္ပါဘူး
ေလယာဥ္ပ်ံမေမာင္းတတ္ပါဘူး
ရည္ရြယ္ခ်က္ႀကီးႀကီးမားမားမရိွပါဘူး
စကားေျပာမေကာင္းပါဘူး
အဆိုးဆုံးကေတာ့
ကြ်န္ေတာ္လိမ္ညာမေျပာတတ္ပါဘူး
ကြ်န္ေတာ္ဟာ
အာရွပစိဖိတ္ေဒသက အျခားေသာ လူငယ္မ်ားလုိ
သာမန္လူငယ္ေလးတစ္ဦးပါပဲ။
ေရႊဆုိင္ေတြ
ေရွာ့ပင္းစင္တာေတြ
ညစာစားပြဲေတြနဲ႔
ညစာမစားရေသးလုိ႔
ကြ်န္ေတာ့္ညစာေပါင္မုန္႔ကုိ လာစားၾကတဲ့ ၾကြက္ေတြ
ဘာပဲျဖစ္ျဖစ္
ကြ်န္ေတာ္ရန္ကုန္မွာေပ်ာ္ပါတယ္
လူေတြမ်ားတဲ့
လမ္းေတြမ်ားတဲ့
မိုးေတြမ်ားတဲ့ ရန္ကုန္မွာေပ်ာ္ပါတယ္။
ဘာျဖစ္လုိ႔လဲဆုိေတာ့
ရန္ကုန္ဟာ ကြ်န္ေတာ့္အတြက္
စီးကရက္ေတြ ယူလာေပးပါတယ္
အသားကင္ေတြ ယူလာေပးပါတယ္
မိန္းမလွေတြ ယူလာေပးပါတယ္
ဟြန္းသံကင္းမဲ့ဇုံေတြ ယူလာေပးပါတယ္
လမ္းေဘးေစ်းသည္
ေစ်းမေရာင္းရနယ္ေျမေတြ ယူလာေပးပါတယ္
ေနာက္ၿပီး
ခင္ထားျမင့္ကုိလည္း ယူလာေပးပါတယ္
ေတာ္တီလာဖလက္ရပ္ကြက္မွာ
ပီလြန္ဟာ
သူငယ္ခ်င္းဒင္နီအတြက္
၀ိုင္တစ္ဂါလံယူလာေပးသလုိေပါ့
ရန္ကုန္ဟာ ကြ်န္ေတာ့္အတြက္
အဖုံးတြင္းကံစမ္းမဲပါတဲ့
၀ီစကီေတြလည္း ယူလာေပးပါတယ္။
အထက္အညာမွ
ေအာက္ျပည္အေၾကရပ္သုိ႔
စုန္ဆင္းခဲ့ေသာ ကြ်န္ေတာ္ဟာ
ခုဆုိ
ပင္လယ္ငါးလည္းစားဖူးပါၿပီ
ေမြးျမဴေရးငါးလည္းစားဖူးပါၿပီ
အင္တာနက္ကေဖးလည္း ေရာက္ဖူးပါၿပီ
ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္လည္း ေရာက္ဖူးပါၿပီ
အဆင့္ျမင့္ရုပ္ရွင္ရုံေတြလည္း ေရာက္ဖူးပါၿပီ
ကုလားကားေတြလည္း ၾကည့္ဖူးပါၿပီ
တုိက္အျမင့္ႀကီးေတြေပၚလည္းတက္ခဲ့ဖူးပါၿပီ
ေရႊတိဂုံေစတီေတာ္လည္း ဖူးခဲ့ၿပီးပါၿပီ
အထူးေျပာလုိတာက
ေခါင္မိုးေပၚကၾကည့္ေတာ့လည္း
ေခါင္မုိးေတြပဲျပန္ျမင္ရတယ္
ဆုိေတာ့
လူဆိုတာ
ၿမိဳ႕တစ္ၿမိဳ႕လုိပဲ ယူဆရေလမလား
လက္ရိွ
ကြ်န္ေတာ္ဖတ္ေနတဲ့ စာအုပ္ဟာ
"လစၥဘြန္းမွာတစ္ည"လုိ႔ အမည္ရပါတယ္
လက္ရိွ
ကြ်န္ေတာ္စီးေနတဲ့ဖိနပ္ဟာ
"ေရာမ"လုိ႔ အမည္ရပါတယ္
လက္ရိွ
ကြ်န္ေတာ္ေရးေနတဲ့ ဒီကဗ်ာဟာ
"ရန္ကုန္ၿမိဳ႕မွာေနထုိင္ျခင္း"လုိ႔ အမည္ရပါတယ္။
ဒါကုိ ရွဥ့္လိုေလွ်ာက္ေျပးၿပီး
ေလွ်ာက္ေရးလုိက္တဲ့ကဗ်ာမဟုတ္ပါ
ဒါဟာ "ညမအိပ္ေသာၿမိဳ႕ႀကီးမ်ား" ရုပ္သံအစီအစဥ္မဟုတ္ပါ
ဒါဟာ
အေရွ႕ေတာင္အာရွၿမိဳ႕တစ္ၿမိဳ႕ကုိ
ဂုဏ္ျပဳအပ္တဲ့ကဗ်ာျဖစ္ပါတယ္
ဒါဟာ
ၿမိဳ႕တစ္ၿမိဳ႕ကို ေမ့ေနမွာစိုးလုိ႔
သတိေပးလုိက္တဲ့ ကဗ်ာျဖစ္ပါတယ္
သိၾကပါ။

ၾကည္ေဇာ္ေအး


[Unicode Version]



ရန်ကုန်မြို့မှာ နေထိုင်ခြင်း

နယူးယောက်
လန်ဒန်
ဆစ်ဒနီ
ပါရီ
ဘာစီလိုနာ
ဂျကာတာ
တိုင်ပေ
ဘန်ကောက်နဲ့ ဆိုးလ်မြို့ကြီးများမှာလို
ကျွန်တော်ဟာ ရန်ကုန်မြို့မှာ နေထိုင်ပါတယ်။
ရွှေတောင်ကြားရပ်ကွက်အမည်ရှိ
ခြံအမှတ်(၁၂)မှာ နေထိုင်ပါတယ်။
တောအရပ်မှာ နေရတာပျင်းစရာကောင်းလို့
ရန်ကုန်မှာ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။
ဓာတ်ခဲနာရီ
ခွေးမလေး "ပျော်ရွှင်မှု"နဲ့
တရုတ်ရေဒီယိုလေးတစ်လုံးဟာ
ကျွန်တော့်ပိုင်ဆိုင်မှုအစုစုတွေပါ
ထို့နောက်
ကျွန်တော်ဟာ ကဗျာစပ်
စိတ်ညစ်
နောက်ကျွမ်းပစ်၊ ရန်ဖြစ်
ဘုရားရှိခိုး၊ ကော်ဖီသောက်
သတင်းစာဖတ်၊ တယ်လီဗီးရှင်းကြည့်
တစ်ခါတစ်ရံ
သီချင်းတွေ အော်ဟစ်သီဆိုလို့ပေါ့လေ။
သို့ပေမယ့်
၀မ်းနည်းစရာကောင်းတာက
ကျွန်တော်ဟာ ပိုက်ဆံမရှာတတ်ပါဘူး
လေယာဉ်ပျံမမောင်းတတ်ပါဘူး
ရည်ရွယ်ချက်ကြီးကြီးမားမားမရှိပါဘူး
စကားပြောမကောင်းပါဘူး
အဆိုးဆုံးကတော့
ကျွန်တော်လိမ်ညာမပြောတတ်ပါဘူး
ကျွန်တော်ဟာ
အာရှပစိဖိတ်ဒေသက အခြားသော လူငယ်များလို
သာမန်လူငယ်လေးတစ်ဦးပါပဲ။
ရွှေဆိုင်တွေ
ရှော့ပင်းစင်တာတွေ
ညစာစားပွဲတွေနဲ့
ညစာမစားရသေးလို့
ကျွန်တော့်ညစာပေါင်မုန့်ကို လာစားကြတဲ့ ကြွက်တွေ
ဘာပဲဖြစ်ဖြစ်
ကျွန်တော်ရန်ကုန်မှာပျော်ပါတယ်
လူတွေများတဲ့
လမ်းတွေများတဲ့
မိုးတွေများတဲ့ ရန်ကုန်မှာပျော်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
ရန်ကုန်ဟာ ကျွန်တော့်အတွက်
စီးကရက်တွေ ယူလာပေးပါတယ်
အသားကင်တွေ ယူလာပေးပါတယ်
မိန်းမလှတွေ ယူလာပေးပါတယ်
ဟွန်းသံကင်းမဲ့ဇုံတွေ ယူလာပေးပါတယ်
လမ်းဘေးဈေးသည်
ဈေးမရောင်းရနယ်မြေတွေ ယူလာပေးပါတယ်
နောက်ပြီး
ခင်ထားမြင့်ကိုလည်း ယူလာပေးပါတယ်
တော်တီလာဖလက်ရပ်ကွက်မှာ
ပီလွန်ဟာ
သူငယ်ချင်းဒင်နီအတွက်
၀ိုင်တစ်ဂါလံယူလာပေးသလိုပေါ့
ရန်ကုန်ဟာ ကျွန်တော့်အတွက်
အဖုံးတွင်းကံစမ်းမဲပါတဲ့
၀ီစကီတွေလည်း ယူလာပေးပါတယ်။
အထက်အညာမှ
အောက်ပြည်အကြေရပ်သို့
စုန်ဆင်းခဲ့သော ကျွန်တော်ဟာ
ခုဆို
ပင်လယ်ငါးလည်းစားဖူးပါပြီ
မွေးမြူရေးငါးလည်းစားဖူးပါပြီ
အင်တာနက်ကဖေးလည်း ရောက်ဖူးပါပြီ
ယုဇနဥယျာဉ်မြို့တော်လည်း ရောက်ဖူးပါပြီ
အဆင့်မြင့်ရုပ်ရှင်ရုံတွေလည်း ရောက်ဖူးပါပြီ
ကုလားကားတွေလည်း ကြည့်ဖူးပါပြီ
တိုက်အမြင့်ကြီးတွေပေါ်လည်းတက်ခဲ့ဖူးပါပြီ
ရွှေတိဂုံစေတီတော်လည်း ဖူးခဲ့ပြီးပါပြီ
အထူးပြောလိုတာက
ခေါင်မိုးပေါ်ကကြည့်တော့လည်း
ခေါင်မိုးတွေပဲပြန်မြင်ရတယ်
ဆိုတော့
လူဆိုတာ
မြို့တစ်မြို့လိုပဲ ယူဆရလေမလား
လက်ရှိ
ကျွန်တော်ဖတ်နေတဲ့ စာအုပ်ဟာ
"လစ္စဘွန်းမှာတစ်ည"လို့ အမည်ရပါတယ်
လက်ရှိ
ကျွန်တော်စီးနေတဲ့ဖိနပ်ဟာ
"ရောမ"လို့ အမည်ရပါတယ်
လက်ရှိ
ကျွန်တော်ရေးနေတဲ့ ဒီကဗျာဟာ
"ရန်ကုန်မြို့မှာနေထိုင်ခြင်း"လို့ အမည်ရပါတယ်။
ဒါကို ရှဥ့်လိုလျှောက်ပြေးပြီး
လျှောက်ရေးလိုက်တဲ့ကဗျာမဟုတ်ပါ
ဒါဟာ "ညမအိပ်သောမြို့ကြီးများ" ရုပ်သံအစီအစဉ်မဟုတ်ပါ
ဒါဟာ
အရှေ့တောင်အာရှမြို့တစ်မြို့ကို
ဂုဏ်ပြုအပ်တဲ့ကဗျာဖြစ်ပါတယ်
ဒါဟာ
မြို့တစ်မြို့ကို မေ့နေမှာစိုးလို့
သတိပေးလိုက်တဲ့ ကဗျာဖြစ်ပါတယ်
သိကြပါ။

ကြည်ဇော်အေး

Labels:

၀မ္းနည္းမွတ္တမ္းေတြ

တြားသြားအစာရွာတဲ့ေျမြ
လမ္းေလွ်ာက္ပိုက္ဆံရွာတဲ့လူ
မေသဖုိ႔ပဲ အေရးႀကီးတယ္။

ပန္းအလွျပင္တာလည္း အႏုပညာ
အေလာင္းအလွျပင္တာလည္း အႏုပညာ။

ေရကူးသင္ ျပရတဲ့ဘ၀
ေရစုန္ေမွ်ာ ျပရတဲ့ဘ၀
တူမလား
မတူႏိုင္
ဟို ေၾကာ္ျငာလုိ
ျမင္ရုံနဲ႔ သန္႔တယ္ မေျပာႏိုင္
ဟုိစာအုပ္လုိ
ခဏခဏဖတ္လည္း မရိုးႏိုင္။

စြယ္စုံက်မ္းတမွ်
အစစ အရာရာေတြ
သိသမွ်ေျပာေနလုိ႔ ျဖစ္မလား။

စက္ရုံေတြရဲ႕ အသုံး၀င္မႈ
စက္ရုပ္ေတြရဲ႕ အသုံး၀င္မႈ
တူပါ့မလား။

ျမက္ခင္းတစ္ခင္းရဲ႕ အသုံး၀င္မႈ
ဂ်ံဳခင္းတစ္ခင္းရဲ႕ အသုံး၀င္မႈ
တူပါ့မလား။

ဘဏ္သူေဌးေတြ ပိုက္ဆံမကိုင္ခ်င္တာနဲ႔
ဘဏ္စာေရးေတြ ပိုက္ဆံမကုိင္ခ်င္တာနဲ႔
တူပါ့မလား။

ေပးစာျဖစ္ျဖစ္
ျပန္စာျဖစ္ျဖစ္
လိပ္စာမပါရင္ ဘယ္မွမေရာက္ႏိုင္။

ကမ္းကခြာသြားတုိင္း
ကုန္စည္အျပည့္နဲ႔ ျပန္လာမယ္ထင္သလား။

ေလယာဥ္ပ်ံေတြဟာ
လုိရာကုိေရာက္ၾကတယ္ထင္သလား။

တစ္ခုခုေတြ႕ရမယ္အထင္နဲ႔
ဘာမွ သြားမရွာနဲ႔
အေၾကြမရိွလုိ႔ ျပန္အမ္းလုိက္တဲ့
သၾကားလုံးမ်ားလုိ
ရယ္စရာပဲ။

ဥပမာ
နာမည္မေပးရေသးတဲ့ ကြ်န္းေတြေရာက္ဖူးလား

ဥပမာ
က်ိန္စာမပါတဲ့ ေက်ာက္စာဖတ္ဖူးလား။

ဥပမာ
ေရႊမထြက္တဲ့
ေရႊတြင္းေတြ ေတြ႕ဖူးလား။

ဆရာ၀န္လက္မွတ္ မပါဘဲ
ေဆးျပားေတြ ၀ယ္လုိ႔မရဘူး။

အလယ္ေခတ္မွာ
အေလာင္းခြဲလုိ႔မရဘူး။

လမ္းေတြဟာ
ပန္းေတြရဲ႕ နာမည္ေတြနဲ႔ဆုိေတာ့
ေမႊးသလား။

အရက္ပုလင္းေတြဟာ
ျမစ္ေတြၿမိဳ႕ေတြရဲ႕ နာမည္ေတြနဲ႔ဆုိေတာ့
ဘယ္လုိလုပ္မလဲ။

ေမးလည္းမေျဖႏိုင္
လူမရိွတဲ့ အိမ္
အိမ္မရိွတဲ့ လူ
လိုင္စင္မဲ့ ယာဥ္မ်ား
လိုင္စင္မဲ့ လူမ်ား။

ထုိ႔ေနာက္
လူငယ္တစ္ေယာက္ဟာ
ေၾကးနန္းတစ္ေစာင္ကုိ ေစာင့္ေမွ်ာ္ေန။

ေထာင္ေခ်ာက္တစ္ခုဟာ
ၾကြက္တစ္ေကာင္ကုိ ေစာင့္ေမွ်ာ္ေန။

အသက္တစ္ေခ်ာင္းဟာ
ကိတ္မုန္႔တစ္လုံးကုိ ေစာင့္ေမွ်ာ္ေန။

ေမာင္းခ်ဓားတစ္ေခ်ာင္းဟာ
က်ားေခ်ာင္းသလို ေခ်ာင္းလုိ႔။

အမိႈက္က စ ရေတာ့မွာပဲ
အမိႈက္ကုိ
ေရႊျဖစ္ေအာင္ လုပ္ရမယ္။

သဘာ၀ ေဘးအႏၱရာယ္မ်ားနဲ႔ ကမာၻမွာ
အစားအစာ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
ေရာဂါ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
လက္နက္ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
စုန္းလုိလုိ
ကေ၀လိုလို
ေသြးစုပ္ဖုတ္ေကာင္ ဇာတ္လမ္းမ်ား
ရုံျပည့္လုိ႔။

သြားၾကားညပ္ရုံနဲ႔
သြားေတြကုိ ႏႈတ္ပစ္ရမယ္ မေတြးနဲ႔။

နာနာက်င္က်င္ ေဆာင့္ရုန္းလည္း
ခ်ည္တိုင္က ၿမဲၿမံလို႔။

"၀ုန္း"ခနဲ
လူစင္စစ္က
ေမ်ာက္ျပန္ျဖစ္လုိ႔
အၿမဲတမ္း ေနာက္က်ေလ့ရိွသူ ဟိုေကာင္
ေပၚေတာ္မူ မလာေသးဘူးလား။

ၾကည္ေဇာ္ေအး



[Unicode Version]


၀မ်းနည်းမှတ်တမ်းတွေ

တွားသွားအစာရှာတဲ့မြွေ
လမ်းလျှောက်ပိုက်ဆံရှာတဲ့လူ
မသေဖို့ပဲ အရေးကြီးတယ်။

ပန်းအလှပြင်တာလည်း အနုပညာ
အလောင်းအလှပြင်တာလည်း အနုပညာ။

ရေကူးသင် ပြရတဲ့ဘ၀
ရေစုန်မျှော ပြရတဲ့ဘ၀
တူမလား
မတူနိုင်
ဟို ကြော်ငြာလို
မြင်ရုံနဲ့ သန့်တယ် မပြောနိုင်
ဟိုစာအုပ်လို
ခဏခဏဖတ်လည်း မရိုးနိုင်။

စွယ်စုံကျမ်းတမျှ
အစစ အရာရာတွေ
သိသမျှပြောနေလို့ ဖြစ်မလား။

စက်ရုံတွေရဲ့ အသုံး၀င်မှု
စက်ရုပ်တွေရဲ့ အသုံး၀င်မှု
တူပါ့မလား။

မြက်ခင်းတစ်ခင်းရဲ့ အသုံး၀င်မှု
ဂျုံခင်းတစ်ခင်းရဲ့ အသုံး၀င်မှု
တူပါ့မလား။

ဘဏ်သူဌေးတွေ ပိုက်ဆံမကိုင်ချင်တာနဲ့
ဘဏ်စာရေးတွေ ပိုက်ဆံမကိုင်ချင်တာနဲ့
တူပါ့မလား။

ပေးစာဖြစ်ဖြစ်
ပြန်စာဖြစ်ဖြစ်
လိပ်စာမပါရင် ဘယ်မှမရောက်နိုင်။

ကမ်းကခွာသွားတိုင်း
ကုန်စည်အပြည့်နဲ့ ပြန်လာမယ်ထင်သလား။

လေယာဉ်ပျံတွေဟာ
လိုရာကိုရောက်ကြတယ်ထင်သလား။

တစ်ခုခုတွေ့ရမယ်အထင်နဲ့
ဘာမှ သွားမရှာနဲ့
အကြွေမရှိလို့ ပြန်အမ်းလိုက်တဲ့
သကြားလုံးများလို
ရယ်စရာပဲ။

ဥပမာ
နာမည်မပေးရသေးတဲ့ ကျွန်းတွေရောက်ဖူးလား

ဥပမာ
ကျိန်စာမပါတဲ့ ကျောက်စာဖတ်ဖူးလား။

ဥပမာ
ရွှေမထွက်တဲ့
ရွှေတွင်းတွေ တွေ့ဖူးလား။

ဆရာ၀န်လက်မှတ် မပါဘဲ
ဆေးပြားတွေ ၀ယ်လို့မရဘူး။

အလယ်ခေတ်မှာ
အလောင်းခွဲလို့မရဘူး။

လမ်းတွေဟာ
ပန်းတွေရဲ့ နာမည်တွေနဲ့ဆိုတော့
မွှေးသလား။

အရက်ပုလင်းတွေဟာ
မြစ်တွေမြို့တွေရဲ့ နာမည်တွေနဲ့ဆိုတော့
ဘယ်လိုလုပ်မလဲ။

မေးလည်းမဖြေနိုင်
လူမရှိတဲ့ အိမ်
အိမ်မရှိတဲ့ လူ
လိုင်စင်မဲ့ ယာဉ်များ
လိုင်စင်မဲ့ လူများ။

ထို့နောက်
လူငယ်တစ်ယောက်ဟာ
ကြေးနန်းတစ်စောင်ကို စောင့်မျှော်နေ။

ထောင်ချောက်တစ်ခုဟာ
ကြွက်တစ်ကောင်ကို စောင့်မျှော်နေ။

အသက်တစ်ချောင်းဟာ
ကိတ်မုန့်တစ်လုံးကို စောင့်မျှော်နေ။

မောင်းချဓားတစ်ချောင်းဟာ
ကျားချောင်းသလို ချောင်းလို့။

အမှိုက်က စ ရတော့မှာပဲ
အမှိုက်ကို
ရွှေဖြစ်အောင် လုပ်ရမယ်။

သဘာ၀ ဘေးအန္တရာယ်များနဲ့ ကမ္ဘာမှာ
အစားအစာ အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
ရောဂါ အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
လက်နက် အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
စုန်းလိုလို
ကေ၀လိုလို
သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများ
ရုံပြည့်လို့။

သွားကြားညပ်ရုံနဲ့
သွားတွေကို နှုတ်ပစ်ရမယ် မတွေးနဲ့။

နာနာကျင်ကျင် ဆောင့်ရုန်းလည်း
ချည်တိုင်က မြဲမြံလို့။

"၀ုန်း"ခနဲ
လူစင်စစ်က
မျောက်ပြန်ဖြစ်လို့
အမြဲတမ်း နောက်ကျလေ့ရှိသူ ဟိုကောင်
ပေါ်တော်မူ မလာသေးဘူးလား။

ကြည်ဇော်အေး

Labels:

ငါ့နာမည္ဂုဏ္သေရရွိ

ဒီအခ်ိန္ကစ
ဒီေနရာကစ
အခုခ်ိန္ကစၿပီး
ငါ့နာမည္ "ဂုဏ္သေရရွိ"ျဖစ္တယ္
ငါ့နာမည္ "ဂုဏ္သေရရွိ"
ဘ၀အဆက္ဆက္က ငါ့နာမည္ေတြ
လက္ထုိးအန္ပစ္ရမယ္
ငါ့နာမည္ "ဂုဏ္သေရရွိ"
အခုလုိ
ငါ့နာမည္ကုိ
"ဂုဏ္သေရရွိ"လုိ႔ ေခၚဆုိရမည့္အေၾကာင္း
ငါ့အေပါင္း ငါ့အသင္းေတြကုိ ေျပာေတာ့
ဒင္းတုိ႔က သေဘာမတူၾကသလုိ
ငါက ခ်စ္သေလာက္
ငါ့ကုိ ျပန္မခ်စ္ႏုိင္တဲ့
ငါ့ခ်စ္သူကလည္း ငါ့ကုိ မၾကည္ဘူး
ထား
ခုၾကည့္
ငါ့အေမကလည္း တငုိငုိတယုိယုိ
နာမည္ဆုိတာ တည္ေဆာက္ယူရတယ္
နာမည္မရွိရင္ ဘာမွမရွိ
နာမည္ရွိမွ
လူတစ္လုံးသူတစ္လုံးျဖစ္ေသာ
လူတစ္လုံးသူတစ္လုံးမ်ားၾကား
နာမည္မရွိရင္ ေသႏုိင္တယ္ ။
ဘယ္လုိလုပ္မလဲ
လြယ္ပါတယ္
နာမည္ဆုိတာ
ၿမဳိ႕ေတြထဲမွာရွာၾကည့္
"မက္ဒရစ္"တဲ့
နာမည္ဆုိတာ
ျမစ္ေတြထဲမွာရွာၾကည့္
"ေဗာ္လဂါ"တဲ့
နာမည္ဆုိတာ
ေတာင္တန္းေတြထဲမွာရွာၾကည့္
"ကီလီမန္ဂ်ာရုိး"တဲ့
နာမည္ဆုိတာ
လမ္းေတြထဲမွာရွာၾကည့္
"ေရွာင္ေဆလီေဆး"တဲ့
နာမည္ဆုိတာ
"ငါ့ကုိျမန္ျမန္နမ္းပါ" ဆုိတဲ့
ပန္းကေလးေတြမွာေတာင္ ရွိေနတာပဲ ။
အားလုံး
နာမည္ကုိယ္စီကုိယ္ငွနဲ႔ လွလုိ႔
နာမည္ဆုိတာ လွဖုိ႔လည္းလုိအပ္တယ္
ငါ့နာမည္ "ဂုဏ္သေရရွိ"လုိ
လွဖုိ႔လည္းလုိအပ္တယ္
ငါ့ဥာဏ္နဲ႔ လက္လွမ္းမီသ၍
ုငါ့ႏွလုံးသားနဲ႔ လက္လွမ္းမီသ၍
လွတဲ့နာမည္ေတြ ငါခ်ေရးလုိက္တယ္ ။
ေဖာ္ေ၀း
ေျမခ်စ္သူ
ေမာင္ေခ်ာႏြယ္
အလန္ဂ်င္းစဘတ္
ဆီ(လ္)ဗီရာပလပ္သ္
မီေရာဆလတ္ဟိုးလုပ္
ရာေရာဆလတ္ဆိုက္ဖတ္
ေ၀ါေလ့စတီဗင္
ဗာစကုိပုိပါ
အက္ဇင္ဘာဂ်ာ
စသျဖင့္
နာမည္ေတြ …
လွတယ္။
နာမည္ဆုိတာ
လွဖုိ႔လည္းလုိအပ္တယ္
ငါ့နာမည္ "ဂုဏ္သေရရွိ"လုိ
လွဖုိ႔လည္းလုိအပ္တယ္ ။
ေရာမဆုိထင္ရဲ႕
အဲဒီအရပ္သားေတြကေတာင္
ငါ့နာမည္ "ဂုဏ္သေရရွိ"အမည္နဲ႔
အင္ပါရာ အသစ္ထူေထာင္ခ်င္ေၾကာင္း
ငါ့ထံမွာ ခြင့္ပန္ဖူးတယ္
ယုံပါေလ။
အခု
ဒီကမၻာႀကီးမွာ
နာမည္ေတြကုိ ၿမဳိ ႔တည္ၾကတယ္
နာမည္ေတြကုိ စီးကရက္လုပ္ေသာက္ၾကတယ္
နာမည္ေတြကုိ အရက္လုပ္ေသာက္ၾကတယ္
နာမည္ေတြကုိ အျမည္းလုပ္စားၾကတယ္
နာမည္ေတြကုိ အေလးျပဳၾကတယ္
နာမည္ေတြကုိ လက္ဆဲြႏႈတ္ဆက္ၾကတယ္
ၿပီး ၊ နာမည္ေတြနဲ႔ စစ္ျဖစ္ၾကတယ္
နာမည္ေတြနဲ႔ စစ္ေျပၿငိမ္းၾကတယ္
နာမည္ဆုိတာ
နာမည္တစ္လုံးပါပဲ
နာမည္ဆုိတာ
ငါ့နာမည္ "ဂုဏ္သေရရွိ" လုိ
နာမည္တစ္လုံးပါပဲ။
ငါ့နာမည္ "ဂုဏ္သေရရွိ" ဆုိတာ
ဘယ္ေတာ့မွ ေကာင္းကင္ကုိ ေမာ္မၾကည့္
ကမၻာေျမကုိလည္း ငုံ႔မၾကည့္
အရွိကုိ အရွိအတုိင္း
အရွိတရားကုိပဲ အသိအမွတ္ျပဳတယ္
အမွန္တရားကုိပဲ အသိအမွတ္ျပဳတယ္
အမွန္တရားကုိပဲ ဦးညြတ္တယ္
အထက္ပါ ငါ့နာမည္ "ဂုဏ္သေရရွိ" ဟာ
လူအျဖစ္ကုိ ရရွိျခင္း
လူအျဖစ္ကုိ မရရွိျခင္းၾကားမွာ
မွ်တစြာ က်င့္ႀကံေနထုိင္တတ္သူလည္းျဖစ္တယ္ ။
စစ္ပဲြမ်ား
တရားေဒသနာမ်ား
အလုိဆႏၵမ်ား
ျခင္မ်ား
ၾကြက္မ်ား
တစ္ေယာက္ကုိတစ္ေယာက္
အလုိမရွိဘဲ ဖယ္လွဲတကင္းျဖစ္ရျခင္းမ်ား
နာမည္ဆုိတာ
ႏုိ႔ဆာလုိ႔ ေအာ္ငုိလုိက္သလုိ
ဒီအသက္ဒီအရြယ္က်မွ
ကေလးဆန္လုိ႔လည္း မရေတာ့။
ၿမိဳ႕မၿငိမ္းဟာ
ၿမဳိ႕မၿငိမ္းပဲ
ကတ္ကုိဘိန္းဟာ
ကတ္ကုိဘိန္းပဲ
မာယာေကာ့(ဖ)စကီးဟာ
မာယာေကာ့(ဖ)စကီးပဲ
ငါ့နာမည္ "ဂုဏ္သေရရွိ"ဟာ
ငါ့နာမည္ "ဂုဏ္သေရရွိ"ပဲ ။
ဒီလုိ စိတ္ႀကီး၀င္
အခုလုိ ႀကီးက်ယ္ျမင့္ျမတ္ၿပီး၊
ရင္းရင္းႏွီးႏွီး
ငယ္ေပါင္းႀကီးေဖာ္ေတြလုိ
ဘုရားသခင္ကုိ
လက္ဆဲြၿပီး ႏႈတ္ဆက္ဖူးသလား
ငါ့နာမည္ "ဂုဏ္သေရရွိ"ပါ
ေသြးနဲ႔
သားနဲ႔
အသက္နဲ႔
အရြယ္နဲ႔
အက်ိဳးနဲ႔
အေၾကာင္းနဲ႔
အမွန္နဲ႔
အမွားနဲ႔
ဒါေပမယ့္
ခုိလုိ
တညည္းညည္းတညဴညဴ ျဖစ္လုိ႔
ဒါေပမယ့္
အခုလုိ
ငါ့နာမည္ "ဂုဏ္သေရရွိ"ျဖစ္ေၾကာင္း ဖြင့္ဆုိလုိ႔
အဲဒီလုိ
အထက္ပါ ငါ့နာမည္ "ဂုဏ္သေရရွိ" ဟာ
လက္မထိပ္အပ္စုိက္၍
မုိက္မုိက္မဲမဲ သူရဲေကာင္းမ်ိဳးျဖစ္ခဲ့ဖူးပါၿပီ
ထုိ႔ေနာက္
မထင္မရွား
ျပက္ရယ္ျပဳခံခဲ့ဖူးပါၿပီ
ထုိ႔ေနာက္
ငါ့နာမည္ ဂုဏ္သေရရွိခဲ့ဖူးပါၿပီ ။
သူငယ္ခ်င္းတို႔....

ၾကည္ေဇာ္ေအး




[Unicode Version]

ငါ့နာမည်ဂုဏ်သရေရှိ

ဒီအချိန်ကစ
ဒီနေရာကစ
အခုချိန်ကစပြီး
ငါ့နာမည် "ဂုဏ်သရေရှိ"ဖြစ်တယ်
ငါ့နာမည် "ဂုဏ်သရေရှိ"
ဘ၀အဆက်ဆက်က ငါ့နာမည်တွေ
လက်ထိုးအန်ပစ်ရမယ်
ငါ့နာမည် "ဂုဏ်သရေရှိ"
အခုလို
ငါ့နာမည်ကို
"ဂုဏ်သရေရှိ"လို့ ခေါ်ဆိုရမည့်အကြောင်း
ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့
ဒင်းတို့က သဘောမတူကြသလို
ငါက ချစ်သလောက်
ငါ့ကို ပြန်မချစ်နိုင်တဲ့
ငါ့ချစ်သူကလည်း ငါ့ကို မကြည်ဘူး
ထား
ခုကြည့်
ငါ့အမေကလည်း တငိုငိုတယိုယို
နာမည်ဆိုတာ တည်ဆောက်ယူရတယ်
နာမည်မရှိရင် ဘာမှမရှိ
နာမည်ရှိမှ
လူတစ်လုံးသူတစ်လုံးဖြစ်သော
လူတစ်လုံးသူတစ်လုံးများကြား
နာမည်မရှိရင် သေနိုင်တယ် ။
ဘယ်လိုလုပ်မလဲ
လွယ်ပါတယ်
နာမည်ဆိုတာ
မြို့တွေထဲမှာရှာကြည့်
"မက်ဒရစ်"တဲ့
နာမည်ဆိုတာ
မြစ်တွေထဲမှာရှာကြည့်
"ဗော်လဂါ"တဲ့
နာမည်ဆိုတာ
တောင်တန်းတွေထဲမှာရှာကြည့်
"ကီလီမန်ဂျာရိုး"တဲ့
နာမည်ဆိုတာ
လမ်းတွေထဲမှာရှာကြည့်
"ရှောင်ဆေလီဆေး"တဲ့
နာမည်ဆိုတာ
"ငါ့ကိုမြန်မြန်နမ်းပါ" ဆိုတဲ့
ပန်းကလေးတွေမှာတောင် ရှိနေတာပဲ ။
အားလုံး
နာမည်ကိုယ်စီကိုယ်ငှနဲ့ လှလို့
နာမည်ဆိုတာ လှဖို့လည်းလိုအပ်တယ်
ငါ့နာမည် "ဂုဏ်သရေရှိ"လို
လှဖို့လည်းလိုအပ်တယ်
ငါ့ဉာဏ်နဲ့ လက်လှမ်းမီသ၍
ုငါ့နှလုံးသားနဲ့ လက်လှမ်းမီသ၍
လှတဲ့နာမည်တွေ ငါချရေးလိုက်တယ် ။
ဖော်ေ၀း
မြေချစ်သူ
မောင်ချောနွယ်
အလန်ဂျင်းစဘတ်
ဆီ(လ်)ဗီရာပလပ်သ်
မီရောဆလတ်ဟိုးလုပ်
ရာရောဆလတ်ဆိုက်ဖတ်
ေဝါလေ့စတီဗင်
ဗာစကိုပိုပါ
အက်ဇင်ဘာဂျာ
စသဖြင့်
နာမည်တွေ …
လှတယ်။
နာမည်ဆိုတာ
လှဖို့လည်းလိုအပ်တယ်
ငါ့နာမည် "ဂုဏ်သရေရှိ"လို
လှဖို့လည်းလိုအပ်တယ် ။
ရောမဆိုထင်ရဲ့
အဲဒီအရပ်သားတွေကတောင်
ငါ့နာမည် "ဂုဏ်သရေရှိ"အမည်နဲ့
အင်ပါရာ အသစ်ထူထောင်ချင်ကြောင်း
ငါ့ထံမှာ ခွင့်ပန်ဖူးတယ်
ယုံပါလေ။
အခု
ဒီကမ္ဘာကြီးမှာ
နာမည်တွေကို မြို ့တည်ကြတယ်
နာမည်တွေကို စီးကရက်လုပ်သောက်ကြတယ်
နာမည်တွေကို အရက်လုပ်သောက်ကြတယ်
နာမည်တွေကို အမြည်းလုပ်စားကြတယ်
နာမည်တွေကို အလေးပြုကြတယ်
နာမည်တွေကို လက်ဆွဲနှုတ်ဆက်ကြတယ်
ပြီး ၊ နာမည်တွေနဲ့ စစ်ဖြစ်ကြတယ်
နာမည်တွေနဲ့ စစ်ပြေငြိမ်းကြတယ်
နာမည်ဆိုတာ
နာမည်တစ်လုံးပါပဲ
နာမည်ဆိုတာ
ငါ့နာမည် "ဂုဏ်သရေရှိ" လို
နာမည်တစ်လုံးပါပဲ။
ငါ့နာမည် "ဂုဏ်သရေရှိ" ဆိုတာ
ဘယ်တော့မှ ကောင်းကင်ကို မော်မကြည့်
ကမ္ဘာမြေကိုလည်း ငုံ့မကြည့်
အရှိကို အရှိအတိုင်း
အရှိတရားကိုပဲ အသိအမှတ်ပြုတယ်
အမှန်တရားကိုပဲ အသိအမှတ်ပြုတယ်
အမှန်တရားကိုပဲ ဦးညွတ်တယ်
အထက်ပါ ငါ့နာမည် "ဂုဏ်သရေရှိ" ဟာ
လူအဖြစ်ကို ရရှိခြင်း
လူအဖြစ်ကို မရရှိခြင်းကြားမှာ
မျှတစွာ ကျင့်ကြံနေထိုင်တတ်သူလည်းဖြစ်တယ် ။
စစ်ပွဲများ
တရားဒေသနာများ
အလိုဆန္ဒများ
ခြင်များ
ကြွက်များ
တစ်ယောက်ကိုတစ်ယောက်
အလိုမရှိဘဲ ဖယ်လှဲတကင်းဖြစ်ရခြင်းများ
နာမည်ဆိုတာ
နို့ဆာလို့ အော်ငိုလိုက်သလို
ဒီအသက်ဒီအရွယ်ကျမှ
ကလေးဆန်လို့လည်း မရတော့။
မြို့မငြိမ်းဟာ
မြို့မငြိမ်းပဲ
ကတ်ကိုဘိန်းဟာ
ကတ်ကိုဘိန်းပဲ
မာယာကော့(ဖ)စကီးဟာ
မာယာကော့(ဖ)စကီးပဲ
ငါ့နာမည် "ဂုဏ်သရေရှိ"ဟာ
ငါ့နာမည် "ဂုဏ်သရေရှိ"ပဲ ။
ဒီလို စိတ်ကြီး၀င်
အခုလို ကြီးကျယ်မြင့်မြတ်ပြီး၊
ရင်းရင်းနှီးနှီး
ငယ်ပေါင်းကြီးဖော်တွေလို
ဘုရားသခင်ကို
လက်ဆွဲပြီး နှုတ်ဆက်ဖူးသလား
ငါ့နာမည် "ဂုဏ်သရေရှိ"ပါ
သွေးနဲ့
သားနဲ့
အသက်နဲ့
အရွယ်နဲ့
အကျိုးနဲ့
အကြောင်းနဲ့
အမှန်နဲ့
အမှားနဲ့
ဒါပေမယ့်
ခိုလို
တညည်းညည်းတညူညူ ဖြစ်လို့
ဒါပေမယ့်
အခုလို
ငါ့နာမည် "ဂုဏ်သရေရှိ"ဖြစ်ကြောင်း ဖွင့်ဆိုလို့
အဲဒီလို
အထက်ပါ ငါ့နာမည် "ဂုဏ်သရေရှိ" ဟာ
လက်မထိပ်အပ်စိုက်၍
မိုက်မိုက်မဲမဲ သူရဲကောင်းမျိုးဖြစ်ခဲ့ဖူးပါပြီ
ထို့နောက်
မထင်မရှား
ပြက်ရယ်ပြုခံခဲ့ဖူးပါပြီ
ထို့နောက်
ငါ့နာမည် ဂုဏ်သရေရှိခဲ့ဖူးပါပြီ ။
သူငယ်ချင်းတို့....

ကြည်ဇော်အေး

Labels:

တနလၤာေန႔ ေၾကာင္တစ္ေကာင္ႏွင့္ တရား၀င္ေဆြးေႏြးခန္း

ဒီတစ္ခါေတာ့
ေရငုပ္တာ ေတာ္ေတာ္ၾကာသြားၿပီ။
ေစာင့္ရင္းေစာင့္ရင္းနဲ႔
ေစာင့္ရင္းေစာင့္ရင္း ပ်င္းလာတယ္
ျပင္သင့္တာ ျပင္ထားလုိက္ရေကာင္းမလား။
သံေ၀ဂညည္းခ်င္းေတြ ဆူဆူညံညံနဲ႔
၀င္းထရံမွာ ဆုိင္းဘုတ္ေတြခ်ိတ္ထားၾကတယ္။
"ေၾကာင္မလာရ"တဲ့
ေၾကာင္က ဖတ္မိလုိ႔ထင္ရဲ႕ ျပံဳးတယ္
"ေၾသာ္...လူေတြဆုိတာ
အၾကင္နာတရား ေခါင္းပါးတဲ့ ဆုိင္းဘုတ္ေတြပါလား"
၁၉၉၇ အလည္ေခါင္တည့္တည့္မွာ
လက္ဖက္ရည္ဆုိင္တစ္ဆုိင္ထဲ ေၾကာင္ေရာက္လာေတာ့
"ဒီမွာ ကဗ်ာဆရာရဲ႕ ေခြ်းနဲ႔ေဖ်ာ္တဲ့လက္ဖက္ရည္ရသလား
ၿမိဳ႕နာမည္ေတြမပါတဲ့ စီးကရက္ကုိ ေသာက္ခ်င္တယ္"တဲ့
ဒီေကာင္ ေတာ္ေတာ္ေၾကာင္တဲ့ေကာင္ပဲဆုိၿပီး လူေတြက
အဲဒီေၾကာင္ကုိ ေၾကာင္သြားေအာင္ ရယ္ၾကတယ္
ဒါေပမယ့္ ေၾကာင္က မေၾကာင္ဘူး
လူေတြရဲ႕ မ်က္လုံးကုိ
ပ်က္လုံးတစ္ခုလို သေဘာထားၿပီး ျပန္ထြက္သြားတယ္။
ေနာက္တစ္ေန႔ ထပ္ေတြ႕ျဖစ္ေတာ့မွ
"ကဗ်ာေတြ အပယ္ခံရတယ္ဗ်ာ၊ ရင္နာတယ္
ၾကာေတာ့လည္း အပယ္ခံေၾကာင္ရုပ္ေပါက္ေနၿပီ
အႏုပညာခ်င္းယွက္ဖုိ႔ေတာ့ ၀န္မေလးပါဘူး" တဲ့၊ ေၾကာင္က
ေၾကာင္က... အယ္ဒီတာျဖစ္ခ်င္တယ္တဲ့
ေမွာ္ဓာတ္မစီးတဲ့မီးလုံးေတြ ရိုက္ခြဲပစ္ရမယ္တဲ့
ေၾကာင္က
ေၾကာင္က ဒိုင္လန္ေတာမတ္(စ)နဲ႔ ဟိုးလုဗ္ကုိ ႀကိဳက္တယ္တဲ့
မာယာေကာ့ဖ္စကီးကုိေတာ့ မႀကိဳက္ဘူးတဲ့၊ ေၾကာင္က
ေၾကာင္က ပိုးစိုးပက္စက္ေျပာတယ္
သူ႔ခ်စ္သူက သူ႔ကုိ ေျပာလႊတ္သလုိမ်ိဳး
"ဘာမွသုံးစားလုိ႔ မရတဲ့ဟာေတြ သြားစမ္းကြာ
ေလွကားဆိုတာ လက္ရန္းပါမွ ၾကည့္လုိ႔ေကာင္းတယ္"
ဒီတစ္ခါ
ဘယ္သူနဲ႔မွ မတူတဲ့အသံေၾကာင္ေတြ စုျပံဳထြက္က်လာတယ္
ခက္ေတာ့ခက္ေနပါၿပီ
ကြ်န္ေတာ့္ကုိနားလည္ေပးပါဗ်ာဆိုတဲ့စကားဟာ
ပုထုဇဥ္အခ်င္းခ်င္းေတာင္းဆုိလြန္းရာ ေရာက္မေနဘူးလား
မိုးေတြေလေတြထဲမွာ ဆုိျပန္ေတာ့
ဒါေတြဟာ မျဖစ္သင့္ဘူးလုိ႔လည္း ေျပာမထြက္ဘူး
အင္းေလ..
ဒင္းက ေၾကာင္ေပပဲကိုးဆုိၿပီး ေျဖရတယ္၊ မဆိုးပါဘူး
ဒီလုိဆိုေတာ့လည္း သေဘာေပါက္လြယ္သားပဲ
ကြ်န္ေတာ့္ကုိ ျပန္နားလည္ေပးရွာတယ္
(ကြ်န္ေတာ္နားလည္ေပးဖုိ႔ မလြယ္ခဲ့တာကုိ
သူက ျပန္ၿပီး နားလည္ေပးခဲ့တယ္)
သိစိတ္အလြန္ေရးနည္း
ျဖစ္တည္မႈ ပဓာန၀ါဒ
ဒုတိယလိင္မွသည္ တတိယလိႈင္းအထိ နားလည္သြားၾကတယ္
ဆုိပါေတာ့ ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉...။
ဒီလုိနဲ႔ ညေနေစာင္းေတာ့
ေၾကာင္က သူ႔ေဆးလိပ္တုိကုိ မီးျပန္ညိႇတယ္
ရယ္ျပတယ္
ေဘးမွာခ်ထားတဲ့ လြယ္အိတ္ကုိ ျပန္လြယ္တယ္၊ ၿပီး
"အခုလုိ ေအးေအးေဆးေဆး
ေနာက္တစ္ႀကိမ္ေလာက္ ထပ္ဆုံခ်င္ေသးတယ္ဗ်ာ"တဲ့
ေပ်ာ့စိစိ ေပ်ာ့ဖတ္ဖတ္သီခ်င္းကုိ ဆုိၿပီး ျပန္သြားတယ္။
ညေနကလည္း အပ်ိဳရည္ပ်က္သြားတယ္
ကြ်န္ေတာ္လည္း သူ ျပန္သြားမွ စဥ္းစားလုိက္မိတာက
တစ္ေန႔လုံးလုံး
အဲဒီေၾကာင္နဲ႔ ကြ်န္ေတာ္ စကားမေျပာျဖစ္ခဲ့ၾကဘူး။

ၾကည္ေဇာ္ေအး


[Unicode Version]


တနင်္လာနေ့ ကြောင်တစ်ကောင်နှင့် တရား၀င်ဆွေးနွေးခန်း

ဒီတစ်ခါတော့
ရေငုပ်တာ တော်တော်ကြာသွားပြီ။
စောင့်ရင်းစောင့်ရင်းနဲ့
စောင့်ရင်းစောင့်ရင်း ပျင်းလာတယ်
ပြင်သင့်တာ ပြင်ထားလိုက်ရကောင်းမလား။
သံေ၀ဂညည်းချင်းတွေ ဆူဆူညံညံနဲ့
၀င်းထရံမှာ ဆိုင်းဘုတ်တွေချိတ်ထားကြတယ်။
"ကြောင်မလာရ"တဲ့
ကြောင်က ဖတ်မိလို့ထင်ရဲ့ ပြုံးတယ်
"သြော်...လူတွေဆိုတာ
အကြင်နာတရား ခေါင်းပါးတဲ့ ဆိုင်းဘုတ်တွေပါလား"
၁၉၉၇ အလည်ခေါင်တည့်တည့်မှာ
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ ကြောင်ရောက်လာတော့
"ဒီမှာ ကဗျာဆရာရဲ့ ချွေးနဲ့ဖျော်တဲ့လက်ဖက်ရည်ရသလား
မြို့နာမည်တွေမပါတဲ့ စီးကရက်ကို သောက်ချင်တယ်"တဲ့
ဒီကောင် တော်တော်ကြောင်တဲ့ကောင်ပဲဆိုပြီး လူတွေက
အဲဒီကြောင်ကို ကြောင်သွားအောင် ရယ်ကြတယ်
ဒါပေမယ့် ကြောင်က မကြောင်ဘူး
လူတွေရဲ့ မျက်လုံးကို
ပျက်လုံးတစ်ခုလို သဘောထားပြီး ပြန်ထွက်သွားတယ်။
နောက်တစ်နေ့ ထပ်တွေ့ဖြစ်တော့မှ
"ကဗျာတွေ အပယ်ခံရတယ်ဗျာ၊ ရင်နာတယ်
ကြာတော့လည်း အပယ်ခံကြောင်ရုပ်ပေါက်နေပြီ
အနုပညာချင်းယှက်ဖို့တော့ ၀န်မလေးပါဘူး" တဲ့၊ ကြောင်က
ကြောင်က... အယ်ဒီတာဖြစ်ချင်တယ်တဲ့
မှော်ဓာတ်မစီးတဲ့မီးလုံးတွေ ရိုက်ခွဲပစ်ရမယ်တဲ့
ကြောင်က
ကြောင်က ဒိုင်လန်တောမတ်(စ)နဲ့ ဟိုးလုဗ်ကို ကြိုက်တယ်တဲ့
မာယာကော့ဖ်စကီးကိုတော့ မကြိုက်ဘူးတဲ့၊ ကြောင်က
ကြောင်က ပိုးစိုးပက်စက်ပြောတယ်
သူ့ချစ်သူက သူ့ကို ပြောလွှတ်သလိုမျိုး
"ဘာမှသုံးစားလို့ မရတဲ့ဟာတွေ သွားစမ်းကွာ
လှေကားဆိုတာ လက်ရန်းပါမှ ကြည့်လို့ကောင်းတယ်"
ဒီတစ်ခါ
ဘယ်သူနဲ့မှ မတူတဲ့အသံကြောင်တွေ စုပြုံထွက်ကျလာတယ်
ခက်တော့ခက်နေပါပြီ
ကျွန်တော့်ကိုနားလည်ပေးပါဗျာဆိုတဲ့စကားဟာ
ပုထုဇဉ်အချင်းချင်းတောင်းဆိုလွန်းရာ ရောက်မနေဘူးလား
မိုးတွေလေတွေထဲမှာ ဆိုပြန်တော့
ဒါတွေဟာ မဖြစ်သင့်ဘူးလို့လည်း ပြောမထွက်ဘူး
အင်းလေ..
ဒင်းက ကြောင်ပေပဲကိုးဆိုပြီး ဖြေရတယ်၊ မဆိုးပါဘူး
ဒီလိုဆိုတော့လည်း သဘောပေါက်လွယ်သားပဲ
ကျွန်တော့်ကို ပြန်နားလည်ပေးရှာတယ်
(ကျွန်တော်နားလည်ပေးဖို့ မလွယ်ခဲ့တာကို
သူက ပြန်ပြီး နားလည်ပေးခဲ့တယ်)
သိစိတ်အလွန်ရေးနည်း
ဖြစ်တည်မှု ပဓာနဝါဒ
ဒုတိယလိင်မှသည် တတိယလှိုင်းအထိ နားလည်သွားကြတယ်
ဆိုပါတော့ ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉...။
ဒီလိုနဲ့ ညနေစောင်းတော့
ကြောင်က သူ့ဆေးလိပ်တိုကို မီးပြန်ညှိတယ်
ရယ်ပြတယ်
ဘေးမှာချထားတဲ့ လွယ်အိတ်ကို ပြန်လွယ်တယ်၊ ပြီး
"အခုလို အေးအေးဆေးဆေး
နောက်တစ်ကြိမ်လောက် ထပ်ဆုံချင်သေးတယ်ဗျာ"တဲ့
ပျော့စိစိ ပျော့ဖတ်ဖတ်သီချင်းကို ဆိုပြီး ပြန်သွားတယ်။
ညနေကလည်း အပျိုရည်ပျက်သွားတယ်
ကျွန်တော်လည်း သူ ပြန်သွားမှ စဉ်းစားလိုက်မိတာက
တစ်နေ့လုံးလုံး
အဲဒီကြောင်နဲ့ ကျွန်တော် စကားမပြောဖြစ်ခဲ့ကြဘူး။

ကြည်ဇော်အေး

Labels: