21 September, 2017

ရုပ္ရွင္ရုံနဲ႔ၿမိဳ႕

ႏွစ္ေတြဟာ
ငါ့လက္ေပၚမွာပဲ ႀကီးလာတယ္။

မိုးေစြငွက္ကေလးကုိေတာ့
သမင္လည္ျပန္ေငးၾကည္ဖုိ႔
ငါ့မွာ အေတာင္ပံတစ္စုံ မရိွခဲ့ဘူး။

ေရႊတူးသမားေတြလည္း
ေရႊကုိပဲ ဆက္တူးၾကပါေစ
ငါ့အိပ္မက္ကုိ မတူးေဖာ္ေလနဲ႔။

ရုံ၀င္ခမေတာင္းခဲ့တာ
အကေကာင္းတဲ့ ျမက္ေတြေပါ့
ေနမင္းေရ
ငါ့ကုိ ဒီတစ္ေႏြေတာ့ ဆက္ေဖ်ာ္ေျဖခြင့္ျပဳပါ
အေမ့ေအာ္သံေတြ
ငါ ပုံမွန္ဖုန္သုတ္ရဦးမယ္။

တစ္ၿမိဳ႕လုံး
ေက်ာကုန္းေတြ ပိတ္ကားျဖစ္ခဲ့ၿပီ။

မုိဃ္းေဇာ္
ရုပ္ရွင္ေတးကဗ်ာ ၊ ၁၉၇၅


[Unicode Version]

ရုပ်ရှင်ရုံနဲ့မြို့

နှစ်တွေဟာ
ငါ့လက်ပေါ်မှာပဲ ကြီးလာတယ်။

မိုးစွေငှက်ကလေးကိုတော့
သမင်လည်ပြန်ငေးကြည်ဖို့
ငါ့မှာ အတောင်ပံတစ်စုံ မရှိခဲ့ဘူး။

ရွှေတူးသမားတွေလည်း
ရွှေကိုပဲ ဆက်တူးကြပါစေ
ငါ့အိပ်မက်ကို မတူးဖော်လေနဲ့။

ရုံ၀င်ခမတောင်းခဲ့တာ
အကကောင်းတဲ့ မြက်တွေပေါ့
နေမင်းရေ
ငါ့ကို ဒီတစ်နွေတော့ ဆက်ဖျော်ဖြေခွင့်ပြုပါ
အမေ့အော်သံတွေ
ငါ ပုံမှန်ဖုန်သုတ်ရဦးမယ်။

တစ်မြို့လုံး
ကျောကုန်းတွေ ပိတ်ကားဖြစ်ခဲ့ပြီ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ ၊ ၁၉၇၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home