19 September, 2017

မေရာက္ဘူးလို႔ အေရာက္ဖူးခဲ့တယ္

ဘုရားေစာင္းတန္းကအတက္
ဖိနပ္အပ္လက္ခံတဲ့အံဆြဲထဲမွာ
ဖိနပ္ႏွစ္ရံက လက္မထပ္ဘဲ အတူေနတယ္။
အတူတူ
ေလွကားထစ္ေတြေရၿပီး တက္တက္
ဓာတ္ေလွကားကပဲ တက္တက္
ဘယ္လိုပဲ အျမင့္ဆံုးထိေရာက္ေအာင္ တက္ခဲ့တက္ခဲ့
ေရာက္တဲ့အျမင့္ဆံုးက ရင္ျပင္ေတာ္ထက္မပို
ဘယ္သူမဆို...။
ၾကီးမားထည္ဝါလွတဲ့ဘုရားႀကီးကို ၾကည့္ၿပီး
ကိုယ့္ရဲ႕ဂုဏ္ရိွန္ဝါ ေမွးမိန္ေပ်ာက္ကြယ္သြားတာ
ဘုရားတမိၾကမွာပါ
ဘယ္လူမဆို...။
ျဖစ္ႏိုင္ရင္
ေန႔နံဘုရားကိုေရသပၸါယ္သလို
ေစတီေတာ္ႀကီးတစ္ဆူလံုး ေရသပၸါယ္ခ်င္တာ...။
ျဖစ္ႏိုင္ရင္
ေနေရာင္ျခည္နဲ႔ မဝင္းပေစလိုပါ
ဆလိုက္မီးေတြနဲ႔ မေတာက္ပေစလိုပါ
မိုးစက္မိုးပြင္႔ကေလးေတြနဲ႔
ေအးျမေစခ်င္တာ...။
ဘုရားေစာင္းတန္းကအဆင္း
လမ္းမေပၚထြက္လိုက္ေတာ့
သူစိမ္း
ဆိုင္ထဲဝင္လိုက္ေတာ့
ဧည့္စိမ္း
သူ႔မသိကိုယ့္မသိ အရိွတရားက
ျမစ္ႀကီးတစ္စင္းလို လူေတြ စီးေနတယ္။
ေန႔စဥ္ နိစၥဓူဝကိစၥေတြနဲ႔လူေတြ
စက္႐ုပ္ေတြနဲ႔တူလာၿပီ
လူက လူလိုမေနရေတာ့
အမိႈက္က
ေနာက္ေဖးလမ္းၾကားမွာအမိႈက္လို ေန ေနၿပီ။
ေန႔စားအလုပ္သမား
ေန႔စားဆႏၵျပသမား
မေနႏိုင္လို႔ လမ္းေဘးေသးေပါက္တာကအစ
ဆႏၵျပတာပဲမဟုတ္လား
ေန႔ခ်င္းညခ်င္း ကမာၻေက်ာ္ႏိုင္ပါတယ္။
အသားခ်င္းထိတာ ပြန္းပဲ့ပါမသြားေပမယ့္
မလံုျခံဳမႈက YBSဘတ္စ္ကားထဲမွာ...
သူ႔အသက္႐ွဴသံ ကိုယ့္အသက္႐ွဴသံၾကားရေတာ့
အလိုရမၼက္ေတြ မေသခင္ငရဲက်ေနသလို
အလိုဆႏၵေတြ ယဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ကုန္တယ္။
ေရႊတိဂံုဘုရား ဖူးရံုကလြဲလို႔
ရန္ကုန္...။

လင္းမိုးေစြ
၆.၃.၂၀၁၇
ကဗ်ာေလာက
စုစည္းမႈ _ ၇

[Unicode Version]



မရောက်ဘူးလို့ အရောက်ဖူးခဲ့တယ်

ဘုရားစောင်းတန်းကအတက်
ဖိနပ်အပ်လက်ခံတဲ့အံဆွဲထဲမှာ
ဖိနပ်နှစ်ရံက လက်မထပ်ဘဲ အတူနေတယ်။
အတူတူ
လှေကားထစ်တွေရေပြီး တက်တက်
ဓာတ်လှေကားကပဲ တက်တက်
ဘယ်လိုပဲ အမြင့်ဆုံးထိရောက်အောင် တက်ခဲ့တက်ခဲ့
ရောက်တဲ့အမြင့်ဆုံးက ရင်ပြင်တော်ထက်မပို
ဘယ်သူမဆို...။
ကြီးမားထည်ဝါလှတဲ့ဘုရားကြီးကို ကြည့်ပြီး
ကိုယ့်ရဲ့ဂုဏ်ရှိန်ဝါ မှေးမိန်ပျောက်ကွယ်သွားတာ
ဘုရားတမိကြမှာပါ
ဘယ်လူမဆို...။
ဖြစ်နိုင်ရင်
နေ့နံဘုရားကိုရေသပ္ပါယ်သလို
စေတီတော်ကြီးတစ်ဆူလုံး ရေသပ္ပါယ်ချင်တာ...။
ဖြစ်နိုင်ရင်
နေရောင်ခြည်နဲ့ မဝင်းပစေလိုပါ
ဆလိုက်မီးတွေနဲ့ မတောက်ပစေလိုပါ
မိုးစက်မိုးပွင့်ကလေးတွေနဲ့
အေးမြစေချင်တာ...။
ဘုရားစောင်းတန်းကအဆင်း
လမ်းမပေါ်ထွက်လိုက်တော့
သူစိမ်း
ဆိုင်ထဲဝင်လိုက်တော့
ဧည့်စိမ်း
သူ့မသိကိုယ့်မသိ အရှိတရားက
မြစ်ကြီးတစ်စင်းလို လူတွေ စီးနေတယ်။
နေ့စဉ် နိစ္စဓူဝကိစ္စတွေနဲ့လူတွေ
စက်ရုပ်တွေနဲ့တူလာပြီ
လူက လူလိုမနေရတော့
အမှိုက်က
နောက်ဖေးလမ်းကြားမှာအမှိုက်လို နေ နေပြီ။
နေ့စားအလုပ်သမား
နေ့စားဆန္ဒပြသမား
မနေနိုင်လို့ လမ်းဘေးသေးပေါက်တာကအစ
ဆန္ဒပြတာပဲမဟုတ်လား
နေ့ချင်းညချင်း ကမ္ဘာကျော်နိုင်ပါတယ်။
အသားချင်းထိတာ ပွန်းပဲ့ပါမသွားပေမယ့်
မလုံခြုံမှုက YBSဘတ်စ်ကားထဲမှာ...
သူ့အသက်ရှူသံ ကိုယ့်အသက်ရှူသံကြားရတော့
အလိုရမ္မက်တွေ မသေခင်ငရဲကျနေသလို
အလိုဆန္ဒတွေ ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်တယ်။
ရွှေတိဂုံဘုရား ဖူးရုံကလွဲလို့
ရန်ကုန်...။

လင်းမိုးစွေ
၆.၃.၂၀၁၇
ကဗျာလောက
စုစည်းမှု _ ၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home