သစ္စိမ္းက်ိဳး
အျဖစ္အပ်က္က ေန၀င္ေစာတုန္း
ေဒါက္ေထာက္ထားရတဲ့ စက္ဘီးတစ္စီး
ဘုိင္းခနဲ
ျပန္ထူလုိ႔မရေတာ့ဘူး
သံလမ္းေဘးအရက္ျဖဴဆုိင္ထဲမွာ
ဂစ္တာသံဟာ ႀကိတ္ဖတ္ေတြထြက္က်အလာ
ေကာက္ယူသူမဲ့လိုက္တာ
မင္းပါေနက် ရထားေခါင္းလွည့္သြားေတာ့
ပုံျပင္တစ္ပုဒ္ထဲ ပိတ္မိသြားတာ ငါ
ေအးစက္ေလာင္ကြ်မ္း
၀ါေဖ်ာ့ေနတဲ့သစ္ရြက္ေတြ ဘူတာရုံေလးေပၚမွာ
အေမွာင္ရဲ႕ စြတ္စိုမႈ။
ေဇာ္လူစိမ္း
ပိေတာက္ပြင့္သစ္ ၊ ဧၿပီ ၊ ၂၀၀၇
[Unicode Version]
သစ်စိမ်းကျိုး
အဖြစ်အပျက်က နေ၀င်စောတုန်း
ဒေါက်ထောက်ထားရတဲ့ စက်ဘီးတစ်စီး
ဘိုင်းခနဲ
ပြန်ထူလို့မရတော့ဘူး
သံလမ်းဘေးအရက်ဖြူဆိုင်ထဲမှာ
ဂစ်တာသံဟာ ကြိတ်ဖတ်တွေထွက်ကျအလာ
ကောက်ယူသူမဲ့လိုက်တာ
မင်းပါနေကျ ရထားခေါင်းလှည့်သွားတော့
ပုံပြင်တစ်ပုဒ်ထဲ ပိတ်မိသွားတာ ငါ
အေးစက်လောင်ကျွမ်း
ဝါဖျော့နေတဲ့သစ်ရွက်တွေ ဘူတာရုံလေးပေါ်မှာ
အမှောင်ရဲ့ စွတ်စိုမှု။
ဇော်လူစိမ်း
ပိတောက်ပွင့်သစ် ၊ ဧပြီ ၊ ၂၀၀၇
Labels: ေဇာ္လူစိမ္း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home