လက္ဖက္ရည္ဆုိင္တစ္ဆုိင္ရဲ႕ ဂီတ
ၾကားလိုက္တယ္
မီးခဏခဏ ေသေနတဲ့
ေဆးေပါ့လိပ္တစ္လိပ္ရဲ႕ အသံ။
ၾကားလုိက္တယ္
ဘီးခဏခဏ ခြင္ေနတဲ့
စက္ဘီးတစ္စီးရဲ႕ အသံ။
ၾကားလုိက္တယ္
ဗိုက္ခဏခဏဆာေနတဲ့
ေရေႏြးၾကမ္းတစ္အိုးရဲ႕ အသံ။
မြန္းတည့္မြန္းလြဲ
အခ်ိန္မမွန္တာသာရိွမယ္
သံသရာရထားႀကီးကေတာ့
ဆုိက္ကပ္စရာ
ဒီဘူတာတစ္ခုပဲ ရိွထင္ရဲ႕။
မသိက်ိဳးႏြံ ျပဳမႈထဲမွာ
လက္ထပ္စာခ်ဳပ္တစ္ခု ပါသြားတယ္
ကက္ဆက္သီခ်င္းတစ္ပုဒ္ ပါသြားတယ္။
မိုးလင္းလုိ႔သာ ဆုိင္ဖြင့္လိုက္ရ
မိုးခ်ဳပ္သြားျပန္ေတာ့လည္း
ပြဲသိမ္းသီခ်င္း မဆိုႏိုင္ေသးဘူး။
စာမ်က္ႏွာေတြရဲ႕
သဘာ၀အရဆုိ
ျဖစ္သလုိေနထုိင္ သြားရမယ္
အာရုံရသမွ်ဟာ
ဒီဘ၀ အာဟာရေပါ့။
မိုးေ၀း
ရုပ္ရွင္ေတးကဗ်ာမဂၢဇင္း
[Unicode Version]
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ဂီတ
ကြားလိုက်တယ်
မီးခဏခဏ သေနေတဲ့
ဆေးပေါ့လိပ်တစ်လိပ်ရဲ့ အသံ။
ကြားလိုက်တယ်
ဘီးခဏခဏ ခွင်နေတဲ့
စက်ဘီးတစ်စီးရဲ့ အသံ။
ကြားလိုက်တယ်
ဗိုက်ခဏခဏဆာနေတဲ့
ရေနွေးကြမ်းတစ်အိုးရဲ့ အသံ။
မွန်းတည့်မွန်းလွဲ
အချိန်မမှန်တာသာရှိမယ်
သံသရာရထားကြီးကတော့
ဆိုက်ကပ်စရာ
ဒီဘူတာတစ်ခုပဲ ရှိထင်ရဲ့။
မသိကျိုးနွံ ပြုမှုထဲမှာ
လက်ထပ်စာချုပ်တစ်ခု ပါသွားတယ်
ကက်ဆက်သီချင်းတစ်ပုဒ် ပါသွားတယ်။
မိုးလင်းလို့သာ ဆိုင်ဖွင့်လိုက်ရ
မိုးချုပ်သွားပြန်တော့လည်း
ပွဲသိမ်းသီချင်း မဆိုနိုင်သေးဘူး။
စာမျက်နှာတွေရဲ့
သဘာ၀အရဆို
ဖြစ်သလိုနေထိုင် သွားရမယ်
အာရုံရသမျှဟာ
ဒီဘ၀ အာဟာရပေါ့။
မိုးေ၀း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
Labels: မိုးေဝး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home